31/08/2026
၂၀၂၇ ခုနှစ် ဟဂျ်
လျှောက်လွှာခေါ်ယူခြင်း
*-*-*-*-*-*-*-*-*-*-*
၂၀၂၇ ခုနှစ်၊ ဟဂျ်ဝတ်ပြုသွားရောက်ခြင်းဆိုင်ရာစိစစ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဟဂျ် ပြုလုပ်လိုသူများသည် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံး၊ (အမှတ်-၁၈၄၊ ၃လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်)နှင့် တိုင်းဒေသကြီး / ပြည်နယ်အစ္စလာမ်ဘာသာရေးအဖွဲ့ခွဲရုံးများတွင် ၃-၉-၂၀၂၆ ရက်မှ ၁၈-၉-၂၀၂၆ ရက်အထိ ရုံးချိန်အတွင်း လျှောက်လွှာပုံစံများကို တစ်ဦးလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရယူဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။
ယခုနှစ် ဟဂျ်အတွက် ကုန်ကျစရိတ်မှာ ဟဂ်ျကာလ ခန့်မှန်ူး ရက်ပေါင်းလေးဆယ်တွင် နံနက်စာထမင်း ညစာတမင်း အပါအဝင် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ(၄၅၀ဝ)ကို ပေးသွင်းရမည်ဖြစ်ပါသည်။
လျှောက်ထားသူများသည် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းရှိသူများဖြစ်ရမည်။
၂၀၂၇ ခုနှစ်၊ ဟဂျ်ဝတ်ပြု
သွားရောက်ခြင်းဆိုင်ရာ
စိစစ်ရေးအဖွဲ့