ခရစ်တော်၏သမ္မာတရား

ခရစ်တော်၏သမ္မာတရား ခရစ်ယာန်ကျမ်းစာ၏
အမှန်ကန်ဆုံးသော သွန်သင်ချက်များ

13/09/2023

အောက်၌တင်ထားသည့်သမ္မာကျမ်းစာရုပ်ကားများကို ၂၀၂၃ ခုနှစ်၌ပြန်လည်ပြင်ဆင်ထားသည်။
သခင်ခရစ်တော်၏ကယ်တင်ခြင်းသတင်းစကားများ၊ ဘုရားသခင်၏ နှုတ်ကပတ်သမ္မာကျမ်း၏ အရေးကြီးသည့်သွန်သင်ချက်များကို ပုံနှင့်တကွ၊ ကျမ်းချက်များနှင့်အဓိကကျမ်းချက်များကို ထည့်သွင်း၍ လူတိုင်းလွယ်ကူစွာနားလည်နိုင်ရန် ရေးသားဖော်ပြထားသည်။ ဤကားချပ်များကိုအသုံးပြု၍ ထာဝရအသက် ရှင်ခြင်းတရားများကို လေ့လာနာခံသောသူတိုင်း ထာဝရ၊ ထာဝစဉ်ဘုရားသခင်၏ဘုန်းတော်နှင့်ပျော်ရွှင်ပြည့်ဝသည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်အကျိုးများကို အမွေခံရရှိခံစားနိုင်ရန် ဘုရားသခင် ကောင်းကြီးမင်္ဂလာပေးတော်မူပါ​စေသော်။ အာမင်။

သင်ခန်းစာ (၁) ဘုရားသခင်၏နှုတ်ကပတ်တော် (သမ္မာကျမ်းစာ)ကို ခံယူနည်း။၁။ ဘုရားသခင်၏မှုတ်သွင်း (တိုက်တွန်း)ခြင်းအားဖြင့် ဘုရား...
08/09/2023

သင်ခန်းစာ (၁) ဘုရားသခင်၏နှုတ်ကပတ်တော် (သမ္မာကျမ်းစာ)ကို ခံယူနည်း။

၁။ ဘုရားသခင်၏မှုတ်သွင်း (တိုက်တွန်း)ခြင်းအားဖြင့် ဘုရားသခင်၏သန့်ရှင်းသောပုဂ္ဂိုလ်များက ရေးသားခဲ့ကြသည်။
ခရစ်ယာန်တို့ကိုင်စွဲထားသည့်သမ္မာကျမ်းစာအုပ်(ကျမ်းစောင် ၆၆ ကျမ်းပေါင်းချုပ်)ကို ဘုရားသခင်နှင့်သူ၏သန့်ရှင်းသောသူ ၄ဝ ဦးခန့်တို့သည် ဘုရားသခင်၏တိုက်တွန်းခြင်း၊ ပို့ဆောင်ခြင်း၊ ဖော်ပြခြင်း၊ အိပ်မျက်ပေးခြင်း၊ ရူပါရုံများပေးခြင်းကိုခံကြ၍ ရေးသားခဲ့ကြသည်။ မိမိတို့၏စိတ်ထဲမှအမြင်များကိုကိုယ်တိုင်ထွင်၍ရေးသားကြခြင်းမဟုတ်ပါ။ ရေးသားသူများသည်လူတန်းစားအမျိုးမျိုးမှဖြစ်ကြ၍၊ ဘီစီ ၁၄၀၀ ခန့် မှအေဒီ ၁ဝဝ ခန့်အထိ၊ နှစ်ပေါင်း ၁၅ဝဝ ခန့် အတွင်း‌ ရေးသားခဲ့ကြသော်လည်း ကျမ်းများသည်တစ်ခုနှင့်တစ်ခုလိုက်လျောညီထွေမှုရှိကြသည်။ ရေးသားသည့်သမ္မာတရားများ၏ရည်ရွယ်ချက်သည်လည်းလိုက်လျောညီထွေမှုရှိကြသည်။
ထို့ကြောင့်သမ္မာကျမ်းများအားလုံးသည် ဘုရားသခင်တဆူတည်းထံမှလာကြောင်း ထင်ရှားပါသည်။

သမ္မာကျမ်းများသည် အနန္ဒတန်ခိုး၊ အနန္ဒဥာဏ်နှင့်ပြည့်စုံပြီး၊ ထာဝရအသက်ရှင်တော်မူသောဘုရားသခင်သည်မိမိ၏အလိုတော်နှင့်အညီ၊ အပြစ်ဒုစရိုက်၌ကျဆုံး၍ ၎င်း၌ကျင်လည်နေကြသော လူသားများအား ထာဝရသေကြေပျက်စီးခြင်းမှကယ်တင်ရန် သူ၏မဟာစီမံကိန်းကိုအကောင်အထည်ဖော်နိုင်ရန်နှင့် ၎င်းကိုလူသားများက ရှင်းလင်းစွာ နားလည်သိရှိနိုင်ရန် ဖတ်ရှုလေ့လာဖို့ ဤသမ္မာကျမ်းများကိုရေးသားခိုင်းတော်မူသည်။
ဤသမ္မာကျမ်းတရားများသည်ဘုရားသခင်ထံမှလာသည့်အတွက် လူတို့၏ စိတ်နှလုံးကိုပြောင်းလဲပေးနိုင်ပါသည်။ ဒုစရိုက်အပြစ်သားများကို ကောင်းသောသူ၊ သန့်ရှင်းဖြောင့်မတ်သောသူ၊ အပြစ်ကင်းသောသူ၊ ချစ်ခြင်းမေတ္တာရှိသောသူအဖြစ်သို့ ပြောင်းလဲပေးနိုင်၍၊ ပြောင်းလဲပေးလေ့ရှိသည်။ ကမ္ဘာတစ်ဝှမ်းလုံးနှင်သက်ဆိုင်သည့်အတိတ် ကာလ၊ ပစ္စုပ္ပန်ကာလ၊ အနာဂါတ်ကာလတို့၌ဖြစ်ပျက်ခဲ့ သည့်(ဖြစ်ပျက်ဦးမည့်) အရေးကြီးသောအချက်များကို ကြိုတင်ဖော်ပြပေး၍၊ ပြည့်စုံလျှက်ရှိသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နတ်ကိုးကွယ်သူများ၊ ဘာသာတရားမရှိသူများ၊ ကမ္ဘာ့သိပ္ပံပညာရှင်များတို့သည် သမ္မာကျမ်းစာကို စစ်ဆေး၊ လေ့လာပြီး၊ လက်ခံယုံကြည်ခဲ့ကြသူများ နေ့စဉ် တိုးပွါးလျှက်ရှိသည်။ သမ္မာကျမ်းစာကိုလေးနက်စွာစစ်ဆေးလေ့လာခြင်းမရှိ၊ အတွင်းကျကျ နားလည်ခြင်းမရှိသောသူများသည်ဝေဖန်၊ တိုက်ခိုက်မည်ဖြစ်သော်လည်း၊ အတွင်းကျကျ၊ လေးနက်စွာလေ့လာ၊ နားလည်သူတိုင်း လက်မခံပဲမနေနိုင်ကြပါ။
ကျမ်းစာ၏မကုန်ဆုံးနိုင်သောထူးဆန်းနက်နဲ၊ အံ့ဖွယ်ရာများကို နေ့စဉ်ဖတ်ရှုလေ့လာရာမှရရှိ ခဲ့ကြသည်။ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ စိတ်နှလုံးပြောင်းလဲခြင်းကို အသစ်တဖန်တွေ့ကြုံခံစားစေ လေ့ရှိသည်။ ထို့ကြောင့်ဤသမ္မာကျမ်းစာ၌ပါသော တရားများသည် ယုံကြည်အားကိုးထိုက်သည့်အနန္ဒတန်ခိုးတော်နှင့်ပြည့်စုံသော ဘုရားသခင်ထံမှလာကြောင်း တွက်၊ ကျမ်းစာ၏တရားများသည်မိမိ၏ဘဝအသက်တာအတွက်ဖြစ်ကြောင်း လုံးလုံးလျားလျား ယုံကြည်ကိုးစား၊ လက်ခံသင့်ပါသည်။

၂။ သမ္မာကျမ်းစာသည် တစ်ခုတည်းသော ထာဝရအသက်ကို ပေးနိုင်သည့်ကယ်တင်ခြင်းလမ်းပြစာအုပ်ဖြစ်သည်။
ခရစ်ယာန်သမ္မာကျမ်းစာအုပ် ၆၆ ကျမ်းသာလျှင် လူသားများကို ထာာဝရအသက်ပေးနိုင်သည့် သမ္မာတရားများဖြစ်သည့် ဘုရားသခင်၏အလိုတော်အလုံးစုံကို ဖော်ပြသောတရားများ၊
ဖြောင့်မတ်သန့်ရှင်းခြင်းလမ်းကို သွန်သင်ပေးနိုင်သည့်ကျမ်းများ၊ ကောင်းကင်နိုင်ငံကို ပို့ဆောင်ပေးနိုင်သည့်ကျမ်းများဖြစ်သည်။ ၎င်း ၆၆ ကျမ်းများသာလျှင် ဘုရားသခင်ကိုယုံကြည်သူများအတွက် တွေးခေါ်ကြံစဉ်၊ ပြောဆို၊ စားသောက်၊ ဝတ်ဆင်၊ သွားလာ၊ နေထိုင်၊ လုပ်ကိုင်ခြင်း၌ တစ်မျိုးတည်းသော လမ်းပြစာစောင်များဖြစ်ကြသည်။ ဤ ၆၆ ကျမ်းများမှအပ၊ ထာဝရအသက်ရှင်ရန်လမ်းပြသည့် အခြားစာအုပ်တစ်အုပ်မျှ ကမ္ဘာမှာမရှိတော့ပါ။ ဤ ၆၆ ကျမ်းသည်ပြီးပြည့်စုံသည့်သမ္မာတရားများဖြစ်သည်။ အခြားမည်သည့်လမ်းပြကျမ်းမျှ မလိုအပ်တော့ပါချေ။ (တရားဟော ၃၂း၄၇။ ဆာ ၁၁၉း၁ဝ၅။ ဟေရှာ ၄ဝး၈။ လု ၂၄း၄၄။ ယော ၅း၃၉။ ၁၇း၁၇။ ၂ တိ ၃း၁၅-၁၇)

၃။ ဤသမ္မာကျမ်းစောင် ၆၆ ကျမ်းအပြင်၊ အခြားမည်သည့်ကျမ်းမျှ ထပ်၍အသစ်မသွင်းရ၊ နှုတ်ပယ်ခြင်းလည်းမပြုရပါ။
ဤခရစ်ယာန်ကျမ်းစာ ၆၆ ကျမ်းသည် ထာဝရအသက်ရရန်ကယ်တင်ခြင်းအတွက်သော်လည်းကောင်း၊ ဘုရားသခင်၏အလိုတော်နှင့်အညီအသက်ရှင်ရန်နည်းလမ်းပြအတွက်သော်လည်းကောင်း ပြည့်စုံလုံလောက်ပါသည်။ အကြောင်းမှာ ယင်း ၆၆ ကျမ်းများသည်ဓမ္မဟောင်းခေတ်နှင့်ဓမ္မသစ်ခေတ် အဆက်ဆက်၌ သန့်ရှင်းသောဘုရားသခင်၏လူများအားလုံးသည် လက်ခံ၊ အသုံးပြု၊ ကျင့်သုံးခဲ့သည့်ကျမ်းများဖြစ်ခြင်း၊ ဘုရားသခင်၏သန့်ရှင်းသော လူများ၊ ပရောဖက်များ၊ တမန်တော်များ၊ ရှင်ဘုရင်များတို့၏ရေးသားသောကျမ်းစာစောင်များဖြစ်ခြင်း၊ ယင်းကျမ်းများတို့သည် ကျမ်းတစ်ခုနှင့်တစ်ခုကိုးကားကြခြင်း၊ လိုက်လျောညီထွေမှုရှိကြခြင်း၊ လူ၏အပြစ်ဒုစရိုက်အသက်တာမှ သန့်ရှင်းဖြောင့်မတ်သည့်အသက်တာသို့ပြောင်းလဲပေးခြင်းတို့ကြောင့်ဖြစ်သည်။
ထိုကြောင့် သမ္မာကျမ်း ၆၆ သည် ဘုရားသခင်၏အလိုတော်အပြည့်အစုံရေးသားထားသည့်ကျမ်းများဖြစ်သည့်အတွက် ဤ ၆၆ ကျမ်းမှအပ၊ အခြားကျမ်းများကို ထပ်၍ထည့်သွင်းခြင်း၊ သို့မဟုတ် (၆၆) ကျမ်းထဲမှ တရားစကားတစ်ချို့ကို နှုတ်ပယ်ခြင်းမပြုလုပ်ရန် ဘုရားသခင်သည် သေချာစွာ လူတိုင်းအား သတိပေးခဲ့ပြီးဖြစ်ပါသည်။ (တရားဟော ၄း၂။ သုတ္တံ ၃ဝး၅၊ ၆။ ဂလာ ၁း၈၊ ၉။ ၁ ပေ ၁း၂၂-၂၅။ ၄း၁၁။ ဗျာ ၂၂း၁၈-၁၉)။

၄။ တရားသတင်းစကားတစ်ခုခုကို သမ္မာကျမ်းစာနှင့်သော်လည်းကောင်း၊ ပညတ်တော်နှင့်သော်လည်းကောင်း ကိုက်ညီမှသာ ဘုရားသခင်ထံမှလာသည့်တရားအဖြင့် လက်ခံရမည်။
လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့၏ပြောဆို၊ ဟောပြော၊ သွန်သင်သည့်တရားသည် သမ္မာကျမ်း ၆၆ ကျမ်းနှင့်သော်လည်းကောင်း၊ ပညတ်တော်(၁ဝ)ပါးနှင့်သော်လည်းကောင်း ကိုက်ညီခြင်းမရှိလျှင် ယင်းတရားကို လက်မခံသင့်ပါ။ ၎င်းတရားမျိုးသည် ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်နေသည်ကို သတိချပ်နားလည်ရမည်။ ထိုသို့သောတရားမျိုး၌အလင်းမရှိ၊ လိုက်သူများအတွက် ထာဝရအသက်ဆုံးရှုံးသွားမည်ဖြစ်သည် (ဟေရှာ ၈း၂ဝ။ ၂၈း၁ဝ၊ ၁၃။ ၃၄း၁၆။ မဿဲ ၄း၄-၁ဝ။ တမန် ၄း၁၉။ ၅း၂၉။ ဂလာ ၁း၈၊ ၉။ ၁ သက် ၂း၁၃)။
ထို့ကြောင့်လူပုဂ္ဂိုလ်တစ်ဦးဦး(သို့)အသင်းအဖွဲ့အစည်းတစ်ခုခု၏တရားနှင့်သူတို့၏ဟောပြော၊ သွန်သင်ချက်များသည်သမ္မာကျမ်းစာ ၆၆ ကျမ်း၏သွန်သင်ချက်များနှင့်သော်လည်းကောင်း၊ ပညတ်တော်(၁ဝ)ပါးတို့နှင့်သော်လည်းကောင်း ကိုက်ညီမှုရှိမှသာလိုက်ခံသင့်ပါသည်။ အကယ်၍ထိုကဲ့သို့ကိုက်ညီမှုမရှိလျှင် မိမိ၏မိသားစုနှင့်ဆွေမျိုးတော်စပ်ခြင်း၊ အသင်းအဖွဲ့၏ခင်တွယ်ဆက်သွယ်မှု၊ ကူညီမစမှု၊ ခမ်းနားကြီးကျယ်မှုတွေကို အားနာလိုက်လျောခြင်း၊ ခြိမ်းခြောက်ပြစ်တင်ညှင်းဆဲမှုတွေကို ကြောက်ရွံ့ခြင်းမရှိပဲ၊ ငြင်းပယ်၊ စွန့်ခွါ၊ ကျောခိုင်းဝံ့ရမည်။ ခရစ်တော်က၊ သူ၏နာမကြောင့် မိမိ၏ညီအကိုမောင်နှမ၊ သားသမီး၊ မိဘ၊ ပစ္စည်းဥစ္စာ၊ အိမ်၊ လယ်ယာ၊ အသက်ကိုပါစွန့်ရဲ၍၊ ၎င်းတို့ကိုငြင်းပယ်ခြင်းမရှိသောသူသည် သူ၏နောက်လိုက်၊ တပည့်မဖြစ်နိုင်ကြောင်းပြောခဲ့ပါသည်။ (ထွက် ၃၄း၂၇။ ယေရမိ ၁း၂။ ယေဇ ၁း၃။ ဂလာ ၁း၁၂။ ၂ တိ ၃း၁၆။ ၂ ပေ ၁း၂ဝ၊ ၂၁။ ဗျာ ၁း၁၁၊ ၁၉)။

၅။ သမ္မာတရားများကို စိတ်နှလုံးဖွင့်ပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ကူညီပေးမှသာ နားလည်၊ ကျင့်သုံး၊ လိုက်လျှောက်နိုင်သည်။
ဘုရားသခင်၏နှုတ်ကပတ်တရားများသည်ဘုရားသခင်ထံမှလာသည့်တရားများဖြစ်သလို၊ လူ၏ညာဏ်ပညာ၊ ခွန်အား အားဖြင့် နားလည်၊ လိုက်လျှောက်နိုင်ခြင်းမဖြစ်နိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏အကူအညီဖြင့်သာ ဘုရားသခင်၏တရားများကို နားလည်၊ လိုက်လျှောက်နိုင်သောကြောင့်၊ သူ၏နှုတ်ကပတ်တရားများကိုလေ့လာ၊ ဖတ်ရှုရာ၌နားလည်သဘောပေါက်ရန်နှင့်မျမိအသက်တာ၌တရားတော်များကိုလိုက်လျှောက်၊ ကျင့်သုံးနိုင်ရန် စိတ်နှလုံးအကြွင်းမဲ့ဖြင့်လေ့လာပြီး၊ သန့်ရှင်းသောဝိညာဥ်တော်၏အကူအညီကို တောင်းခံရပါမည်။ ၎င်းတရားများကိုလည်း နားလည်နိုင်ရန်နှင့်လိုက်လျှောက်နိုင်ရန် စိတ်နှလုံးနှိမ့်ချပြီး၊ ဆက်ကပ်ခြင်းရှိရန်လိုအပ်ပါသည် (ဟေရှာ ၅၅း၁ဝ-၁၁။ ယောဟန် ၇း၁၇။ ၁၆း၁၃။ ၁ ကော ၂း၁ဝ-၁၄။ ၂ တိ ၂း၁၅။ ၂ ပေ ၃း၁၅-၁၈)။

၆။ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း (၆၆) ကျမ်းများမှအပ၊ အပိုကရိဖာ(Apocrypha)ကျမ်းများကို လက်မခံသင့်ပါ။ အကြောင်းမှာ-
(၁) အပိုကရီဖာကျမ်းများသည်ဟေဗြဲလူမျိုးတို့လက်ခံသည့်ကျမ်းများထဲတွင်ထည့်သွင်းရေတွက်ခြင်းမရှိပါ။ (၂) ခရစ်တော်နှင့်တမန်တော်များသည်တစ်ခါမျှ ၎င်းကျမ်းများမှကောက်နှုတ်ခြင်းမရှိပါ။
(၃) သမ္မာကျမ်းစာ၏သွန်သင်ချက်များနှင့်ဆန့်ကျင်နေကြသည်။
(၄) သမိုင်းနှင့်ပထဝီဖော်ပြချက်တွေလည်း များများလွဲမှားနေကြသည်။
(၅) ရှေးဦးအသင်းတော်သည် ၎င်းကျမ်းများကိုပယ်ခဲ့သည်။ အေဒီ ၄ဝဝ တိုင်အောင်မည်သည့်ခရစ်ယာန်အသင်းကမျှ လက်ခံခြင်းမရှိခဲ့ပါ။
(၆) ၎င်းကျမ်းများကိုရေးသားသူများ မသိရပါ။
(၇) ၎င်းသွန်သင်ချက်များသည်ဝိညာဉ်ရေးအသက်တာစံနှင့်ကိုက်ညီခြင်းမရှိပါ။
ထို့ကြောင့်သမ္မာကျမ်း ၆၆ ကျမ်း၌တစ်ခုခုနှင့်ဆန့်ကျင်၊ လိုက်လျောညီထွေမှုမရှိသော အပိုခရိဖာ (Apocrypha) ကျမ်းများကို ဘုရားသခင်၏မှုတ်သွင်းသည့်ကျမ်းအဖြင့် လက်ခံရန်မဖြစ်နိုင်ပါချေ။ ၎င်းကျမ်းမျိုးကိုလက်ခံနေရလျှင် ကောင်းကင်နိုင်ငံ၌အသက်ပင်နှင့်အခြားသောထာဝရအကျိုးများကို ဘုရားသခင်နှုတ်ပယ်တော်မူမည်ဖြစ်သည် (ဟေရှာ ၈း၂ဝ။ ဂလာ ၁း၈၊ ၉။ ၂ တိ ၃း၁၅-၁၇။ ၁ ပေ ၁း၂၂၊ ၂၅။ ဗျာ ၂၂း၁၈၊ ၁၉)။

၇။ ဓမ္မကျမ်း (Testament) နှင့် ပဋိညာဉ် (Covenant) မတူကြပါ။ အဓိပ္ပါယ်တခြားစီဖြစ်သည်။
ဓမ္မကျမ်း (Testament)ဆိုသည်မှာ ဘုရားသခင်၏သန့်ရှင်းသောလူများ ရေးသားသည့် မှန်သောသမ္မာတရား(ဓမ္မကျမ်း) ၆၆ ကျမ်းကိုဆိုလိုသည်။
ဓမ္မကျမ်း(သမ္မာကျမ်း)များထဲတွင် အဟောင်းနှင့်အသစ်မရှိပါ၊ သမ္မာကျမ်းစာရေးသားသူများသည်လည်း သမ္မာကျမ်းစာ(အဟောင်းနှင့်အသစ်) ခွဲခြားထားခြင်းမရှိကြပါ။ “ဓမ္မဟောင်းကျမ်း၊” “ဓမ္မသစ်ကျမ်း” ဆိုသည့်စကားစုသည်သမ္မာကျမ်းစာအသင်းမှ တီထွင်ထားသည့်စကားစုများဖြစ်သည်။ ဓမ္မကျမ်းစာ (၆၆) စောင်ထဲတွင် “ဓမ္မဟောင်းကျမ်း” (သို့) “ဓမ္မသစ်ကျမ်း” ဆိုသည့်စကားစု တစ်လုံးမျှမပါရှိပါ။ သမ္မာကျမ်းစောင်(၆၆)ကျမ်းထဲတွင်အဟောင်းနှင့်အသစ်လည်းမရှိပါ။ ထို့ကြောင့်သမ္မာကျမ်း(၆၆)ကျမ်းစလုံးကို ဘုရားသခင်၏နှုတ်ကပတ်တရား(သမ္မာတရား/ဓမ္မတရား)များအဖြစ် လက်ခံအသုံးပြုရမည်ဖြစ်သည်။
ပဋိညာဉ်(Covenant)ဆိုသည်မှာ လူနှစ်ဦး (သို့) အဖွဲ့နှစ်ဖွဲ့အကြား၌ ပြုထားသည့် လေးနက်သောကတိဝန်ခံချက်ပြုခြင်း (solemn promise/covenant) ကိုဆိုလိုသည်။ ဥပမာ- ဘုရားသခင်နှင့်အာဗြဟံအကြားပြုသည့်ကတိ၊ ဘုရားသခင်နှင့်ဣသရေလူများအကြားပြုသည့်ကတိ (ကမ္ဘာ ၁၂း၂။ ဂလာ ၃း၁၆)။
ပဋိညာဉ်(Covenant) မှာမူ ပဋိညာဉ်အဟောင်းနှင့်ပဋိညာဉ်အသစ်ရှိပါသည်။ ပဋိညာဉ်အဟောင်းနှင့်ပဋိညာဉ်အသစ်၏ခြားနားချက်နှင့်တူညီချက်များကိုနားလည်နိုင်ရန် ဆက်လက်လေ့လာကြပါစို့။

၈။ လူတို့နှင့်ပြုခဲ့သည်ဘုရားသခင်၏ ပဋိညာဉ်(လေးနက်သည့်ကတိ)များ။
(၁) အာဗြဟံထံဘုရားသခင်၏ပဋိညာဉ် (ပဋိညာဉ်အဟောင်းနှင့်ပဋိညာဉ်အသစ်) (အချိန်- ဘီစီ ၂ဝဝဝ ခန့်)။
- ဘုရားသခင်၏ပဋိညာဉ်(ကတိ)- “သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ သင်အားဖြင့်လူအပေါင်းတို့သည် ကောင်းကြီးမဂ်လာကိုခံရလိမ့်မည်” (က ၁၂း၂-၃။ ၂၂း၁၆-၁၈။ ဂလာ ၃း၁၆။ ဟေဗြဲ ၆း၁၄-၁၇)။
- အာဗြဟံ၏ တုန့်ပြန်မှု- “အာဗြဟံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏” (က ၁၅း၆။ ရောမ ၄း၃)။ ဘုရားသခင်၏စကားကိုနားထောင်၍ အရေဖျားလှီးသည်။ ဘုရားသခင်၏ပညတ်အမျိုးမျိုးတို့ကို စောင့်ရှောက်ခဲ့သည်။ သူ၏သားကိုလည်း ယဇ်အနေဖြင့်ပူဇော်သည့်တိုင်အောင်ဘုရားကိုယုံကြည်၍နားထောင်ခဲ့သည် (က ၁၂း၁-၅။ ၁၇း၉-၂၆။ ၂၆း၅။ ရောမ ၄း၁၂။ ဟေဗြဲ ၁၁း၈၊ ၁၇။ ယာကုပ် ၂း၂ဝ-၂၆)။ ထို့ကြောင့်ဘုရားသခင်သည်အာဗြဟံအပေါ်ြပုသည့် ဤပဋိညာဉ်(ကတိ)ကိုပြည့်စုံစေခဲ့ပါသည်။ သို့သော်၎င်းပဋိညာဥ်(ကတိ)တော်ကိုအောင်မြင်စေရန် အာဗြဟံ၌ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏စကားကိုနားထောင်ခြင်းရှိရန်လိုအပ်သလို၊ ဘုရားသခင်ကိုယုံကြည်ခြင်းဖြင့်နားထောင်ခဲ့ပါသည်။ ဤအချက်သည်အာဗြဟံ၏အမျိုးမှဣသရေလလူမျိုးကြီး ပေါ်ပေါက်လာခြင်းဖြင့်ပြည့်စုံခဲ့ပါသည်။
သို့သော်ဤပဋိညာဉ်၌ ဟောင်းသွားသည့်အပိုင်းမှာ သင့်ကိုလူမျိုးကြီးဖြစ်စေမည် ဆိုသောအပိုင်းကဏ္ဏဖြစ်သည်။ အကြောင်းမှာ ဣသရေလလူမျိုးတို့သည် ဘုရားသခင်နှင့်ပဋိညာဥ်(ကတိ)ဖွဲ့သည့်အပေါ်၌သစ္စာမရှိပဲ၊ ၎င်းပဋိညာဥ်ကိုချိုးဖောက်၍၊ ယုံကြည်ခြင်းမရှိကြသောကြောင့် သူ၏လူမျိုးကြီးအဖြစ်မှ ပယ်ရှားပစ်ခြင်းခဲ့ကြသည်။ ထို့ကြောင့်ဘုရားသခင်သည်သူတို့ကို မကြည့်ရှုမပြုစုပဲ၊ နေခဲ့သည် (ရောမ ၉း၃ဝ-၃၃။ ဟေဗြဲ ၈း၇-၉၊ ၁၃)။

(၂) ဣသရေလလူတို့နှင့်ဘုရားသခင်၏ပဋိညာဉ်(ဟောင်းသွားသည့်ပဋိညာဉ်) (အချိန်- ဘီစီ ၁၄၄ဝ ခန့်)။
တဖန်၊ ဘုရားသခင်သည်ဣသရေလလူမျိုးနှင့်သိနာ (Sinai)တောင်ခြေတွင် ပဋိညာဥ်ဖွဲ့ခဲ့သည်။
- ဘုရားသခင်၏ပဋိညာဉ်(ကတိစကား)- “သင်တို့သည် ငါ့စကားကိုနားထောင်လျှင် သင်တို့သည်ငါပိုင်သော ဘဏ္ဍာဖြစ်ရမည်” (ထွက် ၁၉း၅-၈)။
- ဣသရေလလူများ၏ပဋိညာဉ်(ကတိစကား)- “ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်” (ထွက် ၁၉း၅-၈။ ၂၄း၃-၈)။
*ဤပဋိညာဉ်(ကတိစကား)ပြည့်စုံအောင်မြင်နိုင်ရန် ဣသရေလလူများသည်ဘုရားသခင်ကိုယုံကြည်ခြင်းနှင့်သူ၏စကားကိုနားထောင်ခြင်းရှိဖို့လိုအပ်ပါသည်။ သို့သော် သူတို့မယုံကြည်ကြ၊ နားမထောင်ကြပါ။ ထို့‌ကြောင့် ၎င်းပဋိညာဉ်ကို ဘုရားသခင်သည်ပြယ်စေတော်မူသည်၊ ဟောင်းသွားစေတော်မူသည် (ရောမ ၉း၃ဝ၊ ၃၁။ ဟေဗြဲ ၈း၆-၁၃)။ ဟောင်းသွားသည့်ပဋိညာဉ်ဆိုသည်မှာ ဤပဋိညာဉ်ပဲဖြစ်သည်။ သမ္မာကျမ်းများ-ကမ္ဘာဦးကျမ်းမှမာလခိကျမ်းများ ဟောင်းသွားသည်မဟုတ်ပါ၊ ဟောင်းသွားကြောင်းသမ္မာကျမ်း၌မရှိပါ၊ သမ္မာကျမ်းစာ (သို့) ပညတ်တော်(၁ဝ)ပါးသည် ဟောင်းသွားခြင်းမရှိပါ။
ဤနေရာတွင်လူတချို့သည် “ကမ္ဘာဦးကျမ်းမှမာလခိကျမ်းအထိ ကျမ်းအားလုံးဟောင်းသွားပြီ၊ ပညတ်တော်(၁ဝ)ပါးလည်းဟောင်းသွားပြီ၊ လက်ဝါးကပ်တိုင်မှာပြီးဆုံးသွားပြီ၊ ပညတ်တော်(၁ဝ)ပါး လည်းစောင့်ဖို့မလိုတော့ဘူး၊” ဟု ထင်မြင်ပြောဆိုတတ်ကြသည်။ ဤသို့ယူဆခြင်းသည် မှားသောယူဆချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်-
* ဓမ္မကျမ်းများ (သို့) ပညတ်တော်(၁ဝ)ပါးသည် ပဋိညာဉ်မဟုတ်ပါ။ ပဋိညာဉ်သည်ဘုရားသခင်၏လေးနက်သောကတိတော်ဖြစ်သည်။ ပဋိညာဉ်(ကတိတော်)ကို ပြည့်စုံစေနိူင်ရန် လိုက်နာရမည့်စည်းမျဉ်း၊ ပညတ်များသာဖြစ်သည်။
အကြောင်းမှာ- အာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သောအားဖြင့်ဖြောင့်မတ်ခြင်းရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း ပညတ်အမျိုးစုံတို့ကို စောင့်ရှောက်ခဲ့သည် (ကမ္ဘာ ၁၇း၁။ ၂၆း၅)။ ပညတ်တော်စောင့်ခြင်းသည်ယုံကြည်ခြင်း၏အသီး၊ ဖြောင့်မတ်သူတို့၏စောင့်ရမည့်ပညတ်ဖြစ်သည်။ သခင်ယေရှုက၊ “ငါ့ကိုချစ်လျှင်ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့” (ယောဟန် ၁၄း၁၅) ဟုပြောခဲ့သလို သူနှင့်ပဋိညာဉ်ပြုသူသည် ပညတ်တော်(၁ဝ)ပါးအပါအဝင်၊ သူ၏အသက်တာစည်းမျဉ်းဥပ‌ဒေများကို စောင့်လျှေက်ရမည်ဖြစ်သည် (ထွက် ၁၉း၅။ ၂၄း၇)။ ထိုနည်းတူ ပဋိညာဉ်အသစ်မှာလည်း ယုံကြည်သူများသည် ပညတ်တော်ကိုကျောက်ပြားပေါ်၌မရေးတော့ပဲ၊ စိတ်နှလုံးအထဲ၌ရေးသားခြင်းခံရသည့်အတွက် (ဟေဗြဲ ၈း၁ဝ။ ၁ဝး၁၆)၊ ချစ်ခြင်းမေတ္တာရှိလျှင် ပညတ်တော်နှင့်အညီအသက်ရှင်ရမည်ဖြစ်သည် (ယော ၁၄း၁၅။ ရော ၁၃း၈-၁ဝ)။
* ဣသရေလလူမျိုးနှင့်ဘုရားသခင်တို့စပ်ကြား၌ဖွဲ့ထားသည့်ပဋိညာဉ် တည်မြဲပြည့်စုံရန် ယုံကြည်ခြင်းနှင့်နားထောင်ခြင်းလိုအပ်ပါသည်။

(၃) ဘုရားသခင်နှင့်လူတိုင်းတို့၏စပ်ကြားတွင်ဖွဲ့ရသည့်ပဋိညာဉ်အသစ် (အေဒီ ၃၁-…)
- ဘုရားသခင်၏ပဋိညာဉ်(ကတိ) - “သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်…” (ယောဟန် ၃း၁၆၊ ၁၈)။ ရောမ ၁ဝး ဧဖက် ၂း၈-၁ဝ။ ဟေဗြဲ ၈း၆-၁၃)။
- လူသားအားလုံး တုန့်ပြန်ရမည့်ပဋိညာဉ် -
“ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း(ဖြောင့်မတ်ရာ)သို့ရောက်ရ၏” (ဧဖက် ၂း၈-၁ဝ။ ဂလာ ၃း၁၆။ ရောမ ၉း၃ဝ)။ ယုံကြည်ခြင်းမရှိလျှင်စိတ်တော်နှင့်မတွေ့နိုင်ပါ (ဟေဗြဲ ၁၁း၆)။
- သို့သော် ယုံကြည်ခြင်းသည်ကောင်းသောအကျင့်ရှိရမည် (ဧဖက် ၂း၁ဝ)။ အသက်ရှင်သည့်ယုံကြည်ခြင်း(အကျင့်ရှိ၍၊ နားထောင်ခြင်းရှိသည့်ယုံကြည်ခြင်း)ဖြစ်ရမည် (ယာကုပ် ၂း၁၄-၂၆)။ တနည်းအားဖြင့်ဆိုသော် ပညတ်တော်ကိုလည်း စောင့်သည့်ယုံကြည်ခြင်းမျိုးဖြစ်ရမည် (ယောဟန် ၁၄း၁၅။ ရောမ ၃း၃၁။ ဧဖက် ၂ဂ၉-၁ဝ။ ဟေဗြဲ ၈း၆-၁၃။ ၁ ယော ၂း၃-၆)။
*ဤပဋိညာဉ်(ကတိ)အသစ်သည်လည်း ပြည့်စုံစေရန် ယုံကြည်ခြင်းနှင့်နားထောင်ခြင်းရှိရမည်။

၉။ လက်ဝါးကပ်တိုင်မှာ ပြီးဆုံးသည့်ပညတ်တရားများနှင့် ဆက်လက်တည်ရှိသည့်ပညတ်တရားများ။
(၁) ကပ်တိုင်၏အရိပ်များ/ကပ်တိုင်မှာပြီးဆုံးသွားသည့်ပညတ်တရားများ။
- တိရစ္ဆာန်ဖြင့်ယဇ်ပူဇော်ခြင်း (ဝတ် ၁-၃။ ဟေဗြဲ ၁ဝး၄-၇)။
- အရေဖျားလှီးခြင်း (က ၁၇◌း၁ဝ-၁၄။ ဝတ် ၂ဝး၁-၃။ ဂလာ ၅း၆။ ၆း၁၅)။
- ပွဲနေ့များ (ဝတ် ၂၃း တော ၂၉း၁-၁၁။ တရားဟော ၁၆း၁-၁၇။ ဂလာ ၄း၁ဝ။ ကော ၂း၁၆၊ ၁၇)။
- လူ၊ နေအိမ်၊ ပစ္စည်းများကို ရေဖြင့်ဆေးကြောသန့်စင်ခြင်း (ဝတ် ၁၂-၁၅။ မာကု ၇◌း၁-၈)။
- ပညတ်တရား လွန်ကျူးသည့်အတိုင်း အပြစ်ဒဏ်ပေးခြင်း (ဝတ် ၂ဝ။ ၂၄း၂၂။ မဿဲ ၅း၃၈-၄၈)။

(၂) ကပ်တိုင်၏အရိပ်မဟုတ်သည့်/ကပ်တိုင်မှာ မပြီးဆုံးသည့်ပညတ်တရားများ။
- ပညတ်တော်ဆယ်ပါး (ထွက် ၂ဝး၃-၇။ မဿဲ ၅း၁၇-၄၈။ ရောမ ၂း၁၁-၁၆။ ၃း၃၁။ ၁၃း၈-၁ဝ)။
- ဆယ်ဖို့တစ်ဖို့နှင့်အလှူပေးကမ်းခြင်း (ဝတ် ၂၇း၃ဝ-၃၂။ မာလ ၃း၈-၁ဝ။ မဿဲ ၂၃း၂၃)။
- မစင်ကြယ်သည့်အသားနှင့်အသွေးမစားရန် (က ၇း၂-၃။ ဝတ် ၇း၂၆။ ၁၁။ ဟေရှာ ၆၆း၁၇။
တမန် ၁၅း၁၉-၂ဝ)။
- မှန်သည့်ချိန်ခွင်/အလေး/အတိုင်းအတာကိုသာသုံးရန် (ဝတ် ၁၉း၃၅-၃၇။ တရား ၂၅း၁၃၊ ၁၄)။
- မှန်ကန်စွာ/မျှတစွာ တရားစီရင်ရန်။ တံစိုးလက်ဆောင်မယူရန် (ထွက် ၂၃း၂၊ ၃၊ ၆-၈)။
- ပြည့်တန်ဆာအလုပ် မလုပ်ရန် (ဝတ် ၁၉း၂၉။ တရား ၂၃း၁၇)။
- လိင်တူလက်ထပ်ခြင်း မပြုရန် (ကမ္ဘာ ၂း၂၄။ ၁၉း၄၊ ၅။ ဝတ် ၁၈း၂၂)။
- ရန်သူကို ချစ်ရန် (ထွက် ၂၃း၄၊ ၅။ ဝတ် ၁၉း၁၃-၁၈၊ ၃၄။ မဿဲ ၅း၄၄)။
- ဗေဒင်/နတ်ဝင်/မှော်/စုန်းများနှင့်မပတ်သက်ရန် (ဝတ် ၁၉း၂၆၊ ၃၁။ တရား ၁၈း၉-၁၄)။

၁ဝ။ သမ္မာကျမ်းစာ၏အနာဂါတ္တိစကားများသည် ရာနှုန်းပြည့် ပြည့်စုံသောကြောင့် သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပတ်တရားအနေနှင့် ယုံကြည်၊ အားကိုလက်ခံသင့်သည်။
ကမ္ဘာကအသိအမှတ်ပြုသည့်ပြည့်စုံခဲ့ကြသောသမ္မာကျမ်းစာ၏အနာဂါတ္တိစကားများစွာထဲမှလေးခုကိုသာ ဤနေရာ၌ဖော်ပြပါမည်။ ကမ္ဘာ့သမိုင်းစာပေများနှင့်အင်တာနက်တွင်လည်းတွေ့မြင်နိုင်ပါသည်။
ရှေးခေတ် အီဂျစ်၊ ဗာဗုလုန်၊ ပါးရ်ရှန်း၊ ဂရိ၊ ရောမ စသည်တို့၏ကျောက်စာပေများမှလည်းသမ္မာ ကျမ်းစာ၏ရေးသားချက်များ မှန်ကန်ကြောင်း လေ့လာသိရှိနိုင်သည်။ (ဥပမာ - Rosetta Stone, Behistun Inscription နှင့် Cuneiform စာပေများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။)

(၁) ဗာဗုလုန်မြို့ပျက်စီးမည့်အကြောင်း ဘီစီ ၇၅ဝ ခန့်၌ ကြိုတင်ဟောထားချက်သည် ဘီစီ ၅၃၈ (နောက်နှစ်ပေါင်း ၂၁၂) တွင်ပြည့်စုံသွားခဲ့သည် (ဟေရှာ ၁၃း၁၉-၂၂။ ယေရမိ ၅၁း၁၊ ၁၁။ ဒံ ၅း၈-၃၁)။
(၂) တုရုမြို့ပျက်စီးမည့်အကြောင်း ဘီစီ ၅၉ဝ ခန့်၌ ကြိုတင်ဟောထားချက်သည် အေဒီ ၁၁၂၄ ခန့် (နှစ်ပေါင်း ၅၃၄) တွင်ပြည့်စုံသွားခဲ့သည်။ (ယေဇ ၂၆း၃-၅)။

(၃) ဂရိအင်ပါယာ ကျဆုံးမည့်အကြောင်း ဘီစီ ၆ဝဝ ခန့်၌ ကြိုတင်ဟောထားချက်သည် ဘီစီ ၁၆၈ (နှစ်ပေါင်း ၄၃၂) တွင် ပြည့်စုံသွားခဲ့သည် (ဒံ ၂း၃၉၊ ၄ဝ။ ၇◌း၆၊ ၇၊ ၁၇။ ၈း၃-၉၊ ၁၉-၂၃)။

(၄) ယေရုဆလင်မြို့ကိုရန်သူများက ဝိုင်းထားမည်ဟု အေဒီ ၃ဝ ခန့်၌ သခင်ယေရှုကိုယ်တိုင် ကြိုတင်ဟောထားခဲ့သလို အေဒီ ၇ဝ ခန့် (နောက်နှစ်ပေါင်း ၄ဝ ခန့်) တွင်ပြည့်စုံခဲ့သည် (မဿဲ ၂၄း၁-၃၊ ၁၅-၂ဝ)။

အထက်ပါအချက်တို့သည် သာဓကအနေဖြင့်အနည်းငယ်သာတင်ပြပေးခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌
အခြားသောအနာဂါတ်ဟောထားချက်များစွာပြည့်စုံခဲ့ကြောင်းတွေ့မြင်နိုင်ပါသေးသည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပတ်သမ္မာတရားများအဖြစ် လက်ခံနိုင်သည်၊ အားကိုနိုင်သည်၊ ထာဝရဘုရားသခင်ကို ယုံကြည်ကိုးကွယ်နိုင်ပါသည်။ ဘုရားသခင်သည်ဤကမ္ဘာကိုဖျက်ဆီးပြီး၊ ထာဝရမပျက်စီးတော့မည့်ကမ္ဘာသစ်ကို ပြန်လည်ထူထောင်လာတော့မည်ဖြစ်သည်။ ၎င်းကမ္ဘာသစ်တွင် အပြစ်ဒုစရိုက်စိုးစီးမျှရှိတော့မည်မဟုတ်ပါ။ အပြစ်ဒုစရိုက်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိတော့ပါ။ ထာဝစဉ်နုပျိုခြင်း၊ ကျန်းမာပကတိရှိခြင်း၊ ချစ်ခြင်းမေတ္တာစိုးမိုးခြင်း၊ အစဉ်ဝမ်းမြောက်ပျော်ရွှင်ခြင်းဖြင့် ထာဝရအသက်ကိုရရှိခံစားရင်း မေတ္တာတော်အရှင်ဘုရားသခင်နှင့်အတူ ဘုန်းတော်ခံစားရမည်ဖြစ်သည်။ ၎င်းအတွက်အဓိကလိုအပ်သည့်အရာမှာ ကယ်တင်ရှင်ယေရှုကို မိမိ၏အရှင်ဘုရားကယ်တင်ရှင်သခင်အဖြစ် လက်ခံယုံကြည်အားကိုးပြီး၊ သူ၏နှုတ်ကပတ်တော်သမ္မာကျမ်းစာအတိုင်း အသက်ရှင်ရန်သာ လိုအပ်ပါသည်။

ဖိတ်ခေါ်ခြင်း။ ဖန်ဆင်းရှင်ဘုရားသခင်၊ သခင်ယေရှုသည် လူသားအားလုံးအတွက် ထာဝရအသက်ကိုပေးနိုင်သူ၊ ကောင်းကင်နိုင်ငံသို့ပို့ဆောင်ပေးနိုင်သူဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တရား၊ သမ္မာကျမ်းစာသည်တစ်ခုတည်းသော ထိုထာဝရအသက်ကိုရရှိစေနိုင်သည့်လမ်းပြစာအုပ်ဖြစ်သည်။ ဘုရားသခင်၊ ယေရှုခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်သခင်အဖြစ်လက်ခံပြီး၊ သူ၏နှုတ်ကပတ်တော် သမ္မာကျမ်းစာ၏သွန်သင်သည့်အတိုင်းသာ ယုံကြည်၊ ပြောဆို၊ ကျင့်ကြံ၊ နေထိုင် အသက်ရှင်ရန်လိုအပ်ပါသည်။
သခင်ယေရှုက၊ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏” (ယောဟန် ၅း၃၉)။ သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့” ဟုမိန့်တော်မူပါသည် (ယော ၁၄း၁၅)။
ထာဝရအသက်ကိုရရှိနိုင်ရန်ယနေ့စိတ်နှလုံးဆက်ကပ်လိုက်ပါ။ ဘုရားသခင်သည်သင့်ကို မစကူညီပါမည်။ သင့်ကိုကောင်းကြီးပေးပါစေ။

**************

17/09/2022

ယနေ့အချိန်ဟာ ကမ္ဘာ့နိဂုံးချုပ်တဲ့အချိန်ဖြစ်လာနေပါပြီ။
သခင်ယေရှုသည် ဘုန်းတော်နှင့်ကောင်းကင်နိုင်ငံမှ ပြန်လည်ကြွဆင်းလာဖို့ နီးကပ်နေပါပြီ။

အခုအချိန်ဟာ လူတိုင်းအတွက် ကောင်းကင်နိုင်ငံတော် မှာ တရားစီရင်လျှက်ရှိနေပါတယ်။ သင်ဟာ ထာဝရသွားရမည့်လမ်းနှစ်သွယ်ထဲမှ လမ်းတစ်ခုခုကို
နေ့စဥ် ရွေးချယ်နေတာကို သိပါသလား?

သင်ဟာဘယ်လမ်းကိုရွေးနေသလဲဆိုတာ သိနိုင်ရန် အောက်မှာဖော်ပြတင်ထားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တရားများကို လေ့လာရန်မေတ္တာစေတနာဖြင့်
သင့်ကိုဖိတ်ခေါ် ပါတယ်မိတ်ဆွေ။

ဤလောကမှာ လူတိုင်းအတွက် အရေးကြီးဆုံးသောအရာမှာ တစ်ခုပဲရှိပါတယ်။ ယင်းအရာမှာ သင်နှင့်သင့်မိသားစုအတွက် ထာဝရပျော်မွေ့နိုင်ရမယ့်နေရာ၊ အပြစ်တရား/မကောင်းသောဒုစရိုက်မျိုးစုံ၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းပြီး၊ ထာဝစဥ်ထာဝရ ချစ်ခြင်းမေတ္တာတရားရှိတဲ့​ရာ၊ နုပျိုလှပခြင်း၊ ကျန်းမာပကတိရှိခြင်း၊ ထာဝရဘုန်းတော်ဖြင့်အသက်ရှင်ခြင်းကိုရရှိခံစားရမယ့် ကောင်းကင်နိုင်ငံတော်နှင့်ကမ္ဘာမြေကြီးသစ်၌ အနန္ဒဘုရားသခင်နှင့်အတူ အစဥ်ပျော်မွေ့၍ ဘုန်းတော်ကို ခံစားရမယ့် နိုနေရာကို အမွေခံနိုင်ရန် မဟုတ်ပေဘူးလား။

ယင်းနေရာမှာရောက်ရှိနိုင်ရန် ဘုရားသခင်၏နှုတ်ကပတ်တရားများကို လေ့လာဆွေးနွေးရန်တစ်ရက်တစ်ချိန်လောက် အချိန်ယူပြီး လေ့လာရန် သင့်နှင့်သင့်မိသားစုကို ကြိုဆို၊ ဖိတ်ခေါ်ပါတယ်။

မိမိကိုယ်တိုင်လေ့လာပြီး မေးစရာမေးခွန်းများရှိလျှင် ဒီ စာမျက်နှာပေါ်မှာ လွတ်လပ်စွာ စိတ်နှလုံဖွင့်၍ မေးမြန်းနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။

သင့်အား ဘုရားသခင်၏သန့်ရှင်းသော ဝိညာဥ်တော်လမ်းပြပါစေ။ သင်နှင့်သင့်မိသားစုအားလုံး ဘုရားသခင် ကောင်းကြီးချပေးပါစေ။

သင်ခန်းစာ (၂) သုံးပါးစည်းလုံးသည့်ဘုရားသခင်- ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်။၁။ ဘုရားသခင်၏ပင်ကိုယ်ဂုဏ်တော်မျာ...
13/09/2022

သင်ခန်းစာ (၂) သုံးပါးစည်းလုံးသည့်ဘုရားသခင်- ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်။
၁။ ဘုရားသခင်၏ပင်ကိုယ်ဂုဏ်တော်များ။ (လူ၌ ဤဂုဏ်တော်မျိုးမရှိပါ။) ဟေရှာ ၄ဝး၁၂-၃၁။ ၄၆း၅-၁၃။
(၁) ထာဝရတည်ရှိ/အသက်ရှင်သူဖြစ်သည် (ထွ ၃း၁၄။ တရားဟော ၃၃း၂၇။ ဟေရှာ ၅ရး၁၅။ ဗျာ ၁း၈)။
(၂) အရာခပ်သိမ်း ဖန်ဆင်း/အသက်ပေးသူဖြစ်သည် (ကမ္ဘာ ၁း၁။ ယောဟန် ၁း၁-၃။ ၃း၁၆။ ရောမ ၆း၂၃)။
(၃) အရာခပ်သိမ်းကို ပိုင်ဆိုင်၊ ထိန်းချုပ်စီရင်ပိုင်သူဖြစ်သည် (တရားဟော ၄း၂၄။ ဆာ ၂၄း၁၊၂။ ဒံ ၄း၁၇၊ ၂၅၊ ၃ဝ)။
(၄) အရာခပ်သိမ်းကို သိကျွမ်း၊ မြင်သူဖြစ်သည် (ယောဘ ၃ရး၁၆။ ဆာ ၁၃၉း၁-၈။ ၁၄ရး၅။ ၁ ယော ၃း၂ဝ)။
(၅) နေရာတိုင်းမှာ ရောက်ရှိနိုင်သူဖြစ်သည် (တရားဟော ၄း၁၉။ ဆာ ၁၃၉း၇-၁၂။ ယောန ၂။ ဟေဗြဲ ၄း၁၂၊ ၁၃)။
၂။ ဘုရားသခင်၏ပင်ကိုယ်ဇာတိတော်။ (လူသားများ၌လည်း ဤဇာတိမျိုးရှိရန် ဘုရားသခင်အလိုတော်ရှိသည်။)
(၁) ချစ်ခြင်းမေတ္တာ (၁ ယော ၄း၇-၁ဝ)။ (၂) ဖြောင့်မတ်ခြင်း (ယော ၁ရး၂၅)။
(၃) ကျေးပြုခြင်း (ဧဖက် ၂း၅-၈)။ (၄) သည်းခံခြင်း (၂ ပေ ၃း၁၅)။
(၅) ခွင့်လွှတ်ခြင်း (၁ ယော ၁း၉)။ (၆) တရားမျှတခြင်း (ဗျာ ၂၂း၁၂)။
(၇) သနားစုံမက်ခြင်း (ဆာ ၁၄၉)။ (၈) သန့်ရှင်းခြင်း (ဆာ ၉၉း၉)။
(၉) သစ္စာရှိခြင်း (၁ ယော ၅း၂ဝ)။ (၁ဝ) နှိမ့်ချခြင်း (ဖိလိ ၂း၅-၁ဝ)။
၃။ ပုဂ္ဂိုလ်သုံးပါးပေါင်းတစ်ဆူဘုရား။ အစိုးရ/ကော်မီတီ/အသင်းတော်၌ လူများစွာရှိသော်လည်း တစ်ဦးကပြုသလို ပြောရသည်။
(၁) ဘုရားသခင် (ဟေဗြဲဘာသာဖြင့်- Elohim) သည် ပုဂ္ဂိုလ်တစ်ပါးထက်များသော “ဘုရားတို့”ကို ဆိုလိုပါသည်။ (ဟေဗြဲကျမ်းစာ အဘိဓာန်- Strong’s Exhaustive Concornance of the Bible)
(၂) ဖန်ဆင်းရှင်ဘုရားတွေတိုင်ပင်ကြသည်၊- “ငါတို့ပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းကြစို့” (ကမ္ဘာ ၁း၂၆)။ ကောင်းကင်တမန်များသည်ဖန်ဆင်းသူများမဟုတ်သောကြောင့် ဖန်ဆင်းခြင်း၌ ဘုရားသခင်သည်သူတို့ကိုတိုင်ပင်တာ မတွေ့ရပါ (က ၁း၂၆၊ ၂၇။ ကော ၁း၁၆။ ဗျာ ၄း၁၁)။
(၃) အာဒံအပြုလုပ်ပြီးလျှင် ဘုရားသခင်က၊ “လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊..” ဟု တိုင်ပင် ဆွေးနွေးကြသည် (ကမ္ဘာ ၃း၅၊ ၂၂)။
(၄) “လာကြ။ ဆင်းကြကုန်အံ့။ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့၊” (ကမ္ဘာ ၁၁း၇)။
(၅) ယေရှုရေနှစ်ခြင်းခံပြီး ဝိညာဉ်တော်ဆင်းလာ၍ ခမည်းတော်စကားပြောသည် (မဿဲ ၃း၁၆)။
(၆) “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့၏နာမ၌ နှစ်ခြင်းပေးကြ..” (မဿဲ ၂၈း၁၉)။
(၇) သခင်ယေရှု၊ ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယရှိဖို့လိုအပ်သည် (၂ ကော ၁၃း၁၄)။
(၈) သားတော်သည် ခမည်းတော်ထံမှ သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိခဲ့သည် (တမန် ၂း၃၂-၃၃)။
၄။ ခမည်းတော်နှင့်သားတော်ယေရှုသည် သီးခြားပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြသည်။
(၁) “ခမည်းတော်/အဘ” ဟု သုံးထားသည့်စကားစုသည် “ယေရှု၏ဘုရားဘုန်းတော်/သူ၏ခမည်းတော်အဖြစ်” ကို ဆိုလိုသည်မဟုတ်ပါ။ ကျမ်းစာမှာ ဤကဲ့သို့ရှင်းပြတာမရှိပါ။ ထိုနည်းတူ၊ “ယေရှု/သားတော်” ဟု သုံးထားသည့်စကားစုသည် “ယေရှု၏လူ့ဇာတိအသွေးအသား”ကို ဆိုလိုသည်မဟုတ်ပါ၊ ကျမ်းစာ၌ဤကဲ့သို့ ရှင်းပြခြင်းမပြုပါ။
သမ္မာကျမ်းစာ၌ သုံးပါးရှိသည့်ဘုရားသခင်အကြောင်းကို ဆွေးနွေးရာတွင် အထူးအနက်ဖွင့်ပြီး၊ ရှင်းပြဖို့မလိုအပ်ပါ။ ကျမ်းစာ၏စကားလုံးအတိုင်းကိုသာ ရေးသားသည့်အတိုင်း လက်ခံရမည်။ သို့မှသာ သမ္မတရား၊ နှုတ်ကပတ်တော်တရားကို မှန်ကန်စွာနားလည်နိုင်မည်ဖြစ်သည် (၂ ပေ ၁း၁၉-၂၁)။
(၂) ခမည်းတော်ကို “အဘ၊” လို့ခေါ်သည်။ “သင့်ကိုဖြစ်စေသော အဘ” လို့
ဖော်ပြသည်။ (တရားဟော ၃၂း၆)၊ ကောင်းကင်ဘုံ၌ရှိတော်မူသော“သင်တို့အဘ” (မဿဲ ၅း၄၈)။ ယေရှုက “အဘ” လို့ခေါ်ပြီး ဆုတောင်းသည်။ (ယောဟန် ၁၇)
(၃) ခမည်းတော်ကလည်း သားတော်ကို “ငါ့သား” လို့ တမန်တော်များနှင့်လူထုရှေ့၊ နားဖြင့်ကြားနိုင်ရန်ပြောသည်။ (မဿဲ ၃း၁၆။ ၂ ပေ ၁း၁၇၊ ၁၈)
(၄) ခမည်းတော်နှင့်သားတော် အသံထွက်၍စကားပြောကြသည်။ (ယောဟန် ၁၂း၂၇-၃ဝ။ ၁ရး၅။ ၂ ပေ ၁း၁၆-၁၈)။ သားတော်၊- “အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါ။” ခမည်းတော်၊- “ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ငါချီးမြှောက်ဦးမည်။”
(၅) ယေရှုက၊ “ငါ၏ခမည်းတော်၊ သင်တို့၏ခမည်းတော်၊” “ငါ၏ဘုရား၊ သင်တို့၏ဘုရား” လို့ပြောသည် (ယောဟန် ၂ဝး၁၇)
(၆) ခမည်းတော်တစ်ပါး၊ ယေရှုလည်းတစ်ပါး နှစ်ပါး တည်ရှိကြသည်။ (ယောဟန် ၈း၁၇-၁၈။ ၁ ကော ၈း၆)
(၇) “ငါ့ခမည်းတော်သည် ငါထက်သာ၍ကြီးမြတ်တော်မူ၏။” ဟု ခရစ်တော်ကိုယ်တိုင်ပြောသည်။ (ယောဟန် ၁၄း၂၈)
(၈) နောက်ဆုံးမှာ သားတော်ကိုယ်တိုင် ခမည်းတော်အုပ်စိုးခြင်းအောက်မှာ နေရဦးမည်။ (၁ ကော ၁၅း၂၄-၂၈)
(၉) “ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။” (၂ ကော ၁း၃)
၅။ သားတော်ဘုရား (ယေရှုခရစ်တော်)
(၁) ယေရှုသည်ဖန်ဆင်းရှင်ဘုရား ဖြစ်သည် (ယော ၁း၁-၃။ ၂ဝး၂၈။ ကော ၁း၁၅။ တိတု ၂း၁၂-၁၃)။
(၂) ယေရှုသည် “ဧမာနွေလ၊” “ငါတို့နှင့်အတူရှိသော ဘုရား” ဖြစ်သည် (မဿဲ ၁း၂၃)။
(၃) ယေရှု၏ နာမတော်တစ်မျိုးမှာ “ဘုရားသခင်၊ ထာဝရအဘ” ဖြစ်သည် (ဟေရှာ ၉း၆)။
(၄) ယောဟန်သည်ထာဝရဘုရား(ယေရှု)၏ သွားရာလမ်းပြင်ဆင်သူဖြစ်သည် (ဟေရှာ ၄ဝး၃။ မာ ၁း၁-၄)။
(၅) ယေရှုသည် ဘုရားသခင်၏သဏ္ဍာန်နှင့်ပြည့်စုံသည် (ဖိလိ ၂း၅၊ ၆။ ကောလော ၂း၉)။
(၆) ယေရှုနှင့်ခမည်းတော်သည် သီးခြားအသက်ရှင်၊ တည်ရှိနေကြသည် (ယောဟန် ၅း၁၉-၂၇)။
(၇) “အို ဘုရားသခင်(ယေရှု)၊ ကိုယ်တော်၏ဘုရား(ခမည်းတော်)သည်...” (ဟေဗြဲ ၁း၉။ ၂ ပေ ၁း၁)။
(၈) ယေရှုက၊ “ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်သည်၊” ဟုပြောသည် (ဗျာ ၁း၁၇၊ ၁၈)။
၆။ ဝိညာဉ်တော်ဘုရား။ (က ၁း၂။ ဆာ ၁ဝ၄း၂၉-၃ဝ။ ဟေရှာ ၄ဝး၁၃-၁၈။ ၆၃း၁ဝ-၁၄)
(၁) ဖန်ဆင်းရှင်၊ အသက်ပေးပိုင်သူဖြစ်သည် (က ၁း၂။ ယောဘ ၃၃း၄။ ယောဟန် ၆း၆၃)။
(၂) သူသည်ဘုရားပုဂ္ဂိုလ်ဖြစ်၍ ချိုးငှက်/လျှာ/မီးကဲ့သို့ ကိုယ်ရောင်ပြခဲ့သည် (ယော ၃း၁၆။ တမန် ၂း၃)။
(၃) ခေတ်အဆက်ဆက် လူတို့ကိုအစွမ်းသတ္တိပေးကမ်း၊ ကူညီ၊ ဆုံးမလေ့ရှိသည် (က ၆း၃။ ထွ ၃၁း၅။ ဆာ ၅၁း၁၁။ ဟေရှာ ၆၃း၁ဝ-၁၄။ ယော ၁၆း၁၃။ တမန် ၂း၄။ ၁ ကော ၁၂)။
(၄) သူ့ကိုပြစ်မှားခြင်းသည် ခမည်းတော်နှင့်သားတော်ကို ပြစ်မှားခြင်းထက် အပြစ်ကြီးပြီး ခွင့်လွှတ်ခြင်းမရနိုင်တော့ပါ (တော ၁၅း၂၇-၃၁။ မ ၁၂း၃၁၊ ၃၂။ တမန် ၅း၃-၄။ ရး၅၁)။
(၅) သူသည် လူတို့အတွက် ဆုတောင်းပေးလေ့ရှိသည်။ စိတ်လည်းနာနိုင်သည် (ရော ၈း၂၆-၂၇။ ဧဖက် ၄း၃ဝ)။ ထို့ကြောင့် တန်ခိုးအစွမ်းသာမက၊ ညာဏ်စွမ်းသတ္တိနှင့်စိတ်နှလုံးအတွေးအခေါ်၊ အာဏာပိုင်သူပုဂ္ဂိုလ်ရှင် ဖြစ်ကြောင်းထင်ရှားပါသည်။ လူ့ပုံသဏ္ဌာန်လိုမပေါ်လာလို့ အစွမ်းတန်ခိုးတုံးဟု မထင်မမှတ်သင့်ပါ။ သမ္မာကျမ်းစာဖွင့်ပြောသည့်အတိုင်းသာ လက်ခံသင့်သည်။ လူ့ညာဏ်ပညာအားဖြင့်ဝိညာဉ်တော်ကိုအထူးအနက်ဖွင့်ရှင်းပြဖို့မလိုပါ၊ မသင့်တော်ပါ။
၇။ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်- သုံးပါးပေါင်းတစ်ဆူ (One God) ဘုရားသခင်။
(၁) မတူကွဲပြားသည့်ဘုရားမျိုးပေါင်းများစွာကိုကမ္ဘာမှာကိုးကွယ်ကြသည့်အတွက် သုံးပါးပေါင်းတလုံးတဝတည်းရှိသည့်ဘုရားစစ်၊ ဘုရားမှန်ရှိကြောင်းကိုလူတို့အားဖော်ပြပေးရန်လိုလာသည်။ ထိုကြောင့် “ငါမှတပါးအခြားသောဘုရားကိုမကိုးကွယ်နှင့်” ပြောပြ၊ ရေးသားခိုင်းခဲ့ပါသည် (ထွ ၂ဝး၃-၇။ ၃ ရာ ၁၁း၃၃။ ယေ ၁၁း၁၃)။
(၂) သုံးပါးတလုံးတဝရှိသည့်ဘုရားသည် အရာခပ်သိမ်းဖန်ဆင်းရှင်၊ အသက်ပေးပိုင်ရှင်၊ ကြည့်ရှုစောင့်ရှောက်ထိန်းသိမ်းသူ၊ တရားစီရင်ပိုင်သူ၊ ကယ်တင်ရှင်ဘုရားသခင် ဖြစ်သည် (မ ၁၂း၃၁-၃၂။ ၂၈း၁၉။ ၁ ကော ၈း၃-၇)။
(၃) ဇနီးမောင်နှံသည်လူနှစ်ဦးဖြစ်သော်လည်း တသွေးတသားတည်းဟုခေါ်သလို၊ ဘုရားသခင်၏အမြင်မှာ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်သည် တလုံးတဝဘုရားသခင် (One God) ဖြစ်သည် (ကမ္ဘာ ၂း၂၄။ မ ၁၉း၄-၆။ မ ၂၈း၁၉ဝ ၂ဝ။ ယော ၁ရး၁-၅၊ ၁၈-၂၆)။
(၄) အသင်းသားများစွာကိုတလုံးတဝတည်းစည်းလုံးသောကြောင့် ကိုယ်တစ်ကိုယ် (one) လိ့ု ခေါ်သည် (၁ ကော ၁၂း၂၇။ ဧဖက် ၄း၄)။ ထိုနည်းတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်သည် တလုံးတဝတည်းရှိကြသည့်ဘုရားသခင်ဖြစ်သောကြောင့် တလုံးတဝရှိသည့်ဘုရားသခင်ဟု ခေါ်သည် (ဧ ၄း၅-၆)။
(၅) တလုံးတဝ (One) လို့ခေါ်သည့်အတွက် ပုဂ္ဂိုလ်တစ်ဦးကိုသာ ဆိုလိုသည်မဟုတ်ပါ။ ကျမ်းစာ၌လည်းမရှိပါ။ တလုံးတဝ (One) ၏အဓိပ္ပါယ်မှာ စိတ်နှလုံး၊ အကြံအစဉ်၊ ရည်ရွယ်ချက်ပန်းတိုင်တူညီစွာ လုပ်ဆောင်ခြင်းကိုဆိုလိုသည် (မ ၂၈း၁၉၊ ၂ဝ။ ယော ၁ရး၂ဝ-၂၃။ ၂ ကော ၁၃း၁၄)။
တောင်းဆိုချက်။ (၂ ယော ၁း၉)- “ခရစ်တော်၏ဒေသနာ၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကို သိ၏။” - “ခမည်းတော်နှင့်သားတော်ကိုသိကျွမ်းခြင်းသည် ထာဝရအသက်ဖြစ်၏” (ယောဟန် ၁ရး၃)။
********

သင်ခန်းစာ (၃) ခရစ်တော်၏ကယ်တင်ခြင်းလမ်းကြောင်းအပြည့်အစုံ။၁။ အပြစ်မပြုမီ (ကယ်တင်ခြင်းမလိုအပ်သေးမီ) လူ၏အခြေအနေ (ကောင်းမွန် ...
13/09/2022

သင်ခန်းစာ (၃) ခရစ်တော်၏ကယ်တင်ခြင်းလမ်းကြောင်းအပြည့်အစုံ။

၁။ အပြစ်မပြုမီ (ကယ်တင်ခြင်းမလိုအပ်သေးမီ) လူ၏အခြေအနေ (ကောင်းမွန်
ပြည့်စုံသည်)။
(၁) ဘုရားကိုချစ်သည်၊ ယုံကြည်ကိုးစားသည်၊ နားထောင်ကြသည် (က
၁း၂၇၊ ၃၁။ ၁ ယော ၄း၆-၈)။ အာဒံနှင့်ဧဝတို့သည်အပြစ်မပြုမီအချိန်ကာလတွင်
ကောင်းမွန်၊ သန့်ရှင်း၊ ဖြောင့်မတ်၊ ပြည့်စုံသည့်အသက်တာဖြင့် အသက်ရှင်ခဲ့
ကြသည်။ အပြစ်မရှိ၊ ပညတ်တော်မလွန်ကျူးသေးပါ။
(၂) သို့သော် ထာဝရအသက်ရှင်ခြင်းနှင့်ထာဝရသေခြင်းအတွက် လမ်းနှစ်လမ်းထဲမှ ကောင်းသောလမ်းကိုအစဉ်အမြဲရွေးချယ်နိုင်ရန်၊ ဘုရားသခင်၏စကားကိုလိုက်နာဖို့ရန် လူကို ရွေးချယ်ပိုင်ခွင့်ပေးထားပါသည် (က ၂း၁၆၊ ၁၇)။ ဘုရားကိုချစ်၍ ယုံကြည်ပြီး၊ သူ၏စကားတော်ကိုအစဉ်နားထောင်လျှင် သူတို့သည်ထာဝစဉ်အသက်ရှင်နိုင်ကြမည်ဖြစ်သည် (က ၂း၁၆-၁၇)။

၂။ အပြစ်ပြု၍ ကယ်တင်ခြင်းလိုအပ်လာခြင်း။
*အပြစ်ဒုစရိုက်သည်ပညတ်တော်လွန်ကျူးခြင်းဖြစ်သည် (၁ ယော ၃း၄။
ရော ၅း၁၃)။ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏စကားကိုမယုံကြည်ပဲ၊
စာတန် ၏စကားကို ယုံကြည်ကြသည့်အတွက် ထာဝရအသက်ဆုံးရှုံးသွားမည့်အခြေအနေမှာ ရောက်သွားကြပါသည် (က ၃း၂၂-၂၄)။ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုစားခြင်းအားဖြင့် ပညတ်တော်(၁ဝ)ပါးကိုကျူးလွန်ခဲ့ကြသည်၊- သူတို့သည်စာတန်ကိုဘုရားနေရာမှာထားကြသည်၊ သူတို့၏မိဘ
ဖြစ်သည့်ဘုရားသခင်၏စကားကိုနားမထောင်ကြပါ၊ အသီးကိုစားခြင်းကြောင့်
သေမည်ဆိုတာသိလျှက်ပင် စားကြသောကြောင့်သူတို့နှင်တကွ၊ လူသားမျိုးအားလုံးကိုသေစေ(သတ်)ကြသည်၊ ခိုးစားကြသည်၊ ဘုရားဖြစ်ချင်စိတ်၊ စားချင်သောတပ်မက်စိတ်တွေရှိကြသလို၊ လက်တွေ့လုပ်ဆောင်သောကြောင့်
အပြစ်ပြု၍၊ ပညတ်တော်ကိုလွန်ကျူးခဲ့ကြသည်။ “ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို
လွန်ကျူးခြင်းဖြစ်သတည်း” (၁ ယော ၃း၄)။
အပြစ်(ပညတ်တော်လွန်ကျူးခြင်း)နှင့်အပြစ်၏အခ-ထာဝရသေခြင်းသို့ လူသားများ ကျရောက်သွားပုံ အဆင့်သုံးဆင့်မှာ၊-
(၁) ဘုရားသခင်ကိုမယုံကြည်ခြင်း။ စိတ်နှလုံးမှဘုရားစကားကိုမယုံကြည်ခြင်း အရင်စတင်လာသည်။ စိတ်နှလုံးနှင့်ယုံကြည်ခြင်းမရှိသည့်အခါ ကိုယ်ခန္ဓာ
နှင့်အပြစ်ကျူးလွန်လေ့ရှိသည် (က ၃း၄-၆။ ရော ၁၄း၂၃) (စိတ်နှလုံးနှင့်ပြစ်မှား
ခြင်း)
(၂) နားမထောင်ခြင်း၊ အပြစ်လွန်ကျူးခြင်း။ လက်တွေ့ကိုယ်ခန္ဓာဖြင့်ပြစ်မှားလာသည်။ တားမြစ်ထားသည့်အသီးကိုယူ၍စားကြတော့သည် (ရော ၅း၁၉။ ရး၇၊ ၈။ ယာ ၄း၁၇) (ကာယနှင့်ပြစ်မှားခြင်း)
(၃) အပြစ်၏အခ သေခြင်း(ထာဝရသေခြင်း)။ အပြစ်ကြောင့်ထာဝရ
သေခြင်းကို ရင်ဆိုင်ကြသည်။ (ရော ၅း၁၂။ ဟေရှာ ၅၉း၁၊၂။ ရော ၆း၂၃။ ရး၁၂-၁၄)။
ဤအချိန်မှာ လူသည်စာတန်၏လက်အောက်၌ကျရောက်သွားသည်။
(ရောမ ၃း၂၃။ ၆း၁၆။ ရး၂၃၊ ၂၄)

၃။ ခရစ်တော်၏ကျေးဇူးတော်နှင့်ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း။
(၁) ကမ္ဘာမတည်မှီ အသေခံရန် ခရစ်တော်ကိုခန့်ထားခဲ့နှင့်ပြီ (၁ ပေ ၁း၂ဝ)။ အာဒံနှင့်ဧဝ၏နားမထောင်ခြင်း(ပညတ်တော်ကိုလွန်ကျူးခြင်း)ကြောင့် လူသားအားလုံးသည်ဘုရားသခင်၏ရန်သူဖြစ်သွားသည်။ သေးငယ်သည့်အပြစ်ဟု လူတွေအနေဖြင့်ထင်ရသော်လည်း ကောင်းမြတ်သန့်ရှင်းဖြူစင်သောဘုရား
သခင်အတွက်သူ၏စကားကိုနားမထောင်ခြင်း(ပညတ်တော်)လွန်ကျူးခြင်း
သည်ထာဝရအတွက် သေလောက်သည့်အပြစ်ဖြစ်သည် (၁ ယော ၃း၄။
ရော ၅း၁၂။ ၆း၂၃)။
ထို့အပြင်၊ ဘုရားသခင်၏ပညတ်တော်(အလိုတော်)သည်အလွန်တည်မြဲ
သောကြောင့် ပြောင်းလဲ၍မရ၊ လွန်ကျူးလျှင်လည်း လွယ်ကူစွာခွင့်လွှတ်၍
လည်းမရ၊ ၎င်းကို လွန်ကျူးသူသည်သေရမည်ဖြစ်သည်။ သို့မဟုတ် ယင်း
ပညတ်လွန်ကျူးသူသေမည့်အစား၊ အစားထိုးသေရမည့်သူလိုအပ်သည်။
သို့သော်အပြစ်ရှိသည့်လူသားအချင်းချင်း အစားထိုးအသေခံရန် မဖြစ်နိုင်ပါ။
ထို့ကြောင့်ပညတ်တော်လွန်ကျူး၍ အပြစ်၌ကျဆုံးသောလူသားများ၏
အပြစ်နှင့်၎င်းအပြစ်၏အခ၊ သေခြင်းမှကယ်တင်ရန်၊ လူတို့သေမည့်အစား
ယေရှုသည်ကမ္ဘာသို့ လာရောက်အသေခံရန် ကမ္ဘာမတည်မှီ စီစဉ်ခွဲခန့်ထားခဲ့ပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်ဘုရားသခင်၏ရန်သူဖြစ်စဉ်ပင် ယေရှုသည်ကျွန်ုပ်တို့အစား လက်ဝါးကပ်တိုင်၌ အသေခံခဲ့ပါသည် (ရော ၅း၈-၁ဝ၊ ၁၅-၂၁)။
၎င်းယေရှု၏အစားထိုးသေခြင်းသည် ကျွန်ုပ်တို့၏တောင်းခံခြင်း၊ ယုံကြည်
ခြင်း၊ ကောင်းသောအကျင့်ကုသိုလ်အားဖြင့်ဖြစ်လာသည်မဟုတ်ပါ။
သူ၏ဂရုဏာ၊ သနားခြင်းကြောင့်သာဖြစ်သည်။ ယင်းသူ၏အခမဲ့အစားထိုးအသေခံခြင်းကို ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းလို့ခေါ်ပါသည် (ဧဖက် ၂း၄-၅။ ရော ၅း၈-၁ဝ။ ၆း၁-၂၊ ၁၅။ ၈း၁-၄)။
(၂) ဤအစားထိုးအသေခံသူ၊ သခင်ခရစ်တော်ကိုမိမိအတွက်အသေခံသူ၊
ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ရပါမည်။ ထို့ကဲ့သို့ အစားထိုးအသေခံသူ
ယေရှုအား မိမိ၏ကယ်တင်ရှင်၊ မိမိ၏ဘုရားသခင်အဖြစ်ယုံကြည်လက်ခံခြင်းကို ယုံကြည်ခြင်းဟုခေါ်ပါသည်။ သို့သော် ယုံကြည်ခြင်းမရှိသောသူအတွက် ကယ်တင်ခြင်းမရနိုင်ပါ။ အကြောင်းမှာ သခင်ယေရှုကိုမယုံကြည်လျှင် ယခုပင်အပြစ်စီရင်ခြင်းကို ခံရသည် (ယော ၃း၁၈)၊ ယုံကြည်ခြင်းမရှိသောသူသည်ဘုရားသခင်၏စိတ်တော်နှင့်လည်း မတွေ့နိုင်ပါ (ဟေဗြဲ ၁၁း၆)။
ထိုကြောင့် ခရစ်တော်၏ကျေးဇူးဂရုဏာတော်အားဖြင့်သာကျွန်ုပ်တို့ကို
သေခြင်းမှကယ်တင်ခဲ့သည်ကို စိတ်နှလုံးဖြင့်ယုံကြည်လက်ခံလျှင် ဘုရား
သခင်သည်ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူအဖြစ် လက်ခံလိုက်သည်။ ၎င်းကို ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းဟု ခေါ်ပါသည်
(ယောဟန် ၁ဝး၁၁၊ ၁၅၊ ၁၈။ ဧဖက် ၁း၅-၈။ ၂း၂-၅။ ၁ ယော ၃း၅။ ၄း၁၉)။
အပြစ်လွန်ကျူးခြင်းနှင့်အပြစ်၏အခ-သေခြင်းမှကယ်တင်ပေးသူ ယေရှုကို စိတ်နှလုံးဖြင့်ယုံကြည်လျှင် ယင်းယုံကြည်ခြင်းကြောင့် ဘုရားသခင်သည်
ကျွန်ုပ်တို့ကို သန့်ရှင်းသူ၊ ဖြောင့်မတ်သူအဖြစ်သတ်မှတ်၊ လက်ခံလိုက်ပါသည်။
(ယော ၃း၁၆-၁၈။ ဧဖက် ၂း၈-၁ဝ။ ဟေဗြဲ ၁ဝး၃၈။ ၁၁း၁၊ ၆)။
မှတ်ချက်၊- သို့သော် ကျေးဇူးတော်ကိုလက်မခံပဲ၊ ယေရှုကိုကယ်တင်ရှင်
အဖြစ်လက်မခံပဲ၊ ငြင်းပယ်လျှင် ထာဝရသေခြင်းကိုရင်ဆိုင်ရမည်ဖြစ်သည် (တော ၁၅း၃ဝ၊ ၃၁။ ယောဟန် ၃း၁၆-၂၁။ ရောမ ၃း၂၃၊ ဂလာ ၂း၁၆။ ၅း၄။
ဟေဗြဲ ၁ဝး၂၆-၃၁)။

(၃) ယုံကြည်ခြင်းအစစ်သည် နားထောင်ခြင်းရှိရမည်။ ကျမ်းစားမှသမ္မတရားများ၊ ပညတ်တော်ကိုစောင့်ရှောက်ပြီး၊ ကောင်းသောအကျင့်များကို ကျင့်တတ်သည့်အသက်တာ ရှိရမည်။ မိမိ၏အသက်တာကို ဘုရားသခင်၏အလိုတော်
နှင့်သင့်မြတ်ပြီး၊ မကောင်းသောအကျင့်များမှနောင်တရပြီး ဝိညာဉ်တော်၏ အကူအညီဖြင့်ဖြူစင်သောအသက်တာကိုရရှိလာသည်။ (ရောမ ၈း၁-၄။
၁ ယော ၁း၉။ တမန်၂း၃၈။ ယာကုပ် ၂း၁၄-၂၆။ ၁ ပေ ၁း၁၃-၁၆။ မ ၁၉း၁၇။
၁ ယော ၃း၅၊ ၆)။
သခင်ယေရှုခရစ်၏အစားထိုးသေခြင်းကို လက်ခံယုံကြည်သောယုံကြည်သူအစစ်အမှန် ဖြစ်လျှင်ထိုသူသည်သခင်ယေရှု၏စကား၊ ပညတ်တရားရှိသမျှကို နားထောင်လိုက်လျှောက်မည် ဖြစ်သည်။ ယေရှုကိုယ်တိုင်က၊ “သမ္မာတရားကိုကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီ
သည် ကိုထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်” (ယော ၃း၂၁)၊ “သခင်၊ သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်
မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်
သောသူသာလျှင်ဝင်ရလိမ့်မည်” (မ ရး၂၁)၊ “ငါ့ကိုချစ်လျှင်ငါ့ပညတ်တို့ကို
စောင့်ရှောက်ကြလော့၊” “ငါ့ကိုချစ်သောသူသည်ငါ့စကားကို နားထောင်လိမ့်
မည်၊” ဟု ပြောခဲ့သည် (ယော ၁၄း၁၅၊ ၂၃။ ၁ ယော )။
ထိုနည်းတူ ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့
ရောက်ရ၏။ အကျင့်အားဖြင့်ရောက်သည်မဟုတ်၊ ကျေးဇူးတော်အားဖြင့်
ရောက်ရ၏။ သို့သော် ကောင်းသောအကျင့်ကိုကျင့်ရန် ကယ်တင်ခြင်းခံရသည်ကို သတိထားရမည် (ဧဖက် ၂း၈-၁ဝ)။ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်း
သည် အသေဖြစ်၏” (ယာ ၂း၁၄-၂၆)။ သို့ဖြစ်သောကြောင့် ယုံကြည်သူသည်
ခရစ်တော်၌ပြုပြင်ခြင်းခံရလျှင် သူ၏ခွန်အားဖြင့် အရာခပ်သိမ်းကို တတ်စွမ်း
နိုင်သွားပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သခင်ခရစ်တော်၏ တန်ခိုးတော်လက်အောက်၌ နေထိုင်သည့်အတွက်ဖြစ်သည် (မ ၁၉း၂၆။ ၂ ကော ၅း၁၇။
ဖိလိ ၄း၁၃။ ဟေဗြဲ ၁၂း၂၊ ၃)။
သို့သော် ကယ်တင်ခြင်းကိုရရှိပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်းရရှိ
ပြီးလျှင်လည်း ဖောက်ပြန်နိုင်သည်၊ ရရှိသည့်ကယ်တင်ခြင်းကိုပြန်လည်ဆုံးရှုံး
နိုင်သည် (ယေဇ ၁၈း၂၁-၃၂။ ၁ ကော ၉း၂၇၊ ၁ဝး၁၁၊ ၁၂။ ဂလာ ၅း၄။
ဟေဗြဲ ၄း၁၁။ ၆း၄-၆။ ၁ဝး၂၆-၃၁၊ ၃၉။ ၁၂း၁၅-၁၇။ ၂ ပေ ၂း၂ဝ-၂၂)။
အဘယ်ကြောင့်ဆိုသော် ရွေးချယ်ခြင်း(ယုံကြည်ခြင်း)သည်နေ့စဉ် ကျွန်ုပ်တို့ကိုယ်တိုင် ဆုံးဖြတ်ရမည့်အရာဖြစ်သောကြောင့်ဖြစ်သည်။

၄။ ကောင်းကင်နိုင်ငံ၏အသစ်သော အသက်တာ။
“သေသည်တိုင်အောင်သစ္စာစောင့်လော့၊ သို့ဖြစ်လျှင်၊ အသက်သရဖူကို
ငါပေးမည်” (ဗျာ၂း၁ဝ)။ သေသည်တိုင်အောင် ယေရှုကိုယုံကြည်ခြင်း၌ သစ္စာ
စောင့်မှသာ ထာဝရအသက်ရမည်ဖြစ်သည်။ ကောင်းကင်နိုင်ငံကိုဝင်မည့်သူများမှာ သန့်ရှင်းသူများသာဖြစ်မည် (၁ ပေ ၁း၁၅၊ ၁၆။ ဗျာ ၂ဝး၆။ ၂၁း၇၊ ၈)။
ကောင်းကင်နိုင်ငံဝင်ထိုက်သောသူများသည် သခင်ယေရှုကိုယုံကြည်၍၊ သူ့ကိုချစ်ပြီး၊ သူ့စကားကိုနားထောင်သူများဖြစ်သလို၊ အပြစ်မဝင်မီ အာဒံနှင့်
ဧဝ၏ဖြောင့်မတ်၊ ကောင်းမြတ်ပြည့်စုံသည့်အသက်တာမျိုးကို ပြန်လည်ရရှိကြ
မည်ဖြစ်သည်။ အပြစ်ဒုစရိုက်အားလုံး ကင်းရှင်းရတော့မည်ဖြစ်သည်။
(၁) ကောင်းကင်သားအားလုံးတို့သည် ဘုရားသခင်ကို ချစ်ခြင်း၊ ယုံကြည်
ခြင်း၊ နားထောင်ခြင်းရှိကြဦးမည်ဖြစ်သည် (ယော ၃း၁၆။ ၁၄း၁၅။
၁ ကော ၁၃း၁၃)။
(၂) ဘုရားသခင်နှင့်အတူ ထာဝရပျော်ရွှင်ဝမ်းမြှောက်ခြင်း မကုန်ဆုံးနိုင်တော့သည့် အသက်တာမျိုးဖြင့်အသက်ရှင်နိုင်ကြမည်ဖြစ်သည် (ယော ၅း၂၈-၂၉။ ဗျာ ၂၂း၁၄-၁၅)။

ဖိတ်ခေါ်ခြင်း၊-“ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းသို့ရောက်ရ၏။ ကောင်းသောအကျင့်ကိုကျင့်ရမည်အကြောင်း...ဖန်ဆင်းတော်
မူရာဖြစ်ကြ၏” (ဧဖက် ၂း၈-၁ဝ)။ ကောင်းကင်နိုင်ငံသို့ဝင်စားနိုင်ရန် သခင်
ခရစ်တော်ယေရှုကို ယုံကြည်လျှက်၊ ကောင်းကင်နိုင်ငံတော်၌ရရှိခံစားမည့်ထာဝရအသက်ကို မကြာမီပျက်စီးသွားမည့် ဤလောက၌တိုတောင်းသည့်
တော့သည့်ချမ်းသာစည်းစိမ်ပျော်မွေ့ခြင်းကိုရရှိခံစားနိုင်ရန် သခင်ခရစ်တော် ၏ချစ်ခြင်းမေတ္တာ၌နေ့စဉ်ကြီးထွားရှင်သန်၊ အသက်ရှင်ကြပါစို့။
(ကော ၃း၁-၁၄။ ၂ ပေ ၁း၅-၁၁။ ၃း၁ဝ-၁၄)။
ချစ်သောမိတ်ဆွေ၊ ကယ်တင်ရှင်သခင်ခရစ်တော်ယေရှုဘုရားရှင်၊ မေတ္တာ
တော်ရှင်ကို မိမိ၏အရှင်ဘုရားအဖြစ် လက်ခံပါ။ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါး
စလုံးကယ်တင်ခြင်းခံရပြီး၊ အပြစ်ဒုစရိုက်၊ နာခြင်း၊ အိုခြင်း၊ သေခြင်းမရှိတော့ပဲ၊ ထာဝရပျော်ရွှင်ဝမ်းမြောက်နိုင်သည့်ကောင်းကင်သစ်၊ မြေကြီးသစ်၊ ဘုရား
သခင် င် ပင်ဆင်ထားသည့်နေရာမှာ သင်နှင့်သင်၏မိသားစုကိုဝင်စားနိုင်ဖို့ လိုအပ်ပါသည်။ ၎င်းနေရာမှာ သင်နှင့်သင့်မိသားစုအားလုံး ဝင်စားနိုင်ရန် အရေး
ကြီးဆုံး၊ အမွန်မြတ်ဆုံး၊ အကောင်းဆုံးသော ဆုံးဖြတ်ချက်ချနိုင်ပါစေ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။ ။

*******

Address

Chanayetharzan
Mandalay

Opening Hours

Monday 06:30 - 16:30
Tuesday 06:30 - 16:30
Wednesday 06:30 - 16:30
Thursday 06:30 - 16:30
Friday 06:30 - 00:00
Saturday 14:15 - 17:00
Sunday 06:30 - 16:30

Website

Alerts

Be the first to know and let us send you an email when ခရစ်တော်၏သမ္မာတရား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ခရစ်တော်၏သမ္မာတရား:

Share