26/02/2023
#ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အံ့ဖွယ်မိုအ်ဂျေဇာ
#တကမ္ဘာလုံးအတိုင်းအတာဖြင့်အဖတ်အများဆုံးသော_စာအုပ်
ကျမ်းတော်မြတ်ကုရ်အာန်ကို သုတေသနပြုနေသူတစ်ဦးမှ ဟဇ်ရသ်
မော်လာနာရှိုက်ခ်အဗ်ဒုလ်မန်နားန်ဆွာဟိဗ်ထံ e.mail မှတစ်ဆင့် ၎င်း၏သုတေ
သနပြုတွေ့ရှိမူ့ကို ပေးပို့ခဲ့တယ်။
၎င်းရဲ့တွေ့ရှိမူ့အရ. .
ကုရ်အာန်မှာ ဒွန္နယာလောကအကြောင်း
(၁၁၅)ကြိမ်ပါဝင်ပြီး
အာခေရတ်အကြောင်းလည်း(၁၁၅)ကြိမ်
ပါဝင်ပါတယ်။
ကောင်းကင်တမန်တော်တွေအကြောင်း
(၈၈)ကြိမ်ပါဝင်ပြီး
ရှိုက်သွာန်တွေအကြောင်းလည်း
(၈၈)ကြိမ်ပါဝင်တယ်။
ကုသိုလ်အကျိုးစဝါဗ်အကြောင်း
(၅၀)ကြိမ်ပါဝင်ပြီး
တရားစည်းဖောက်လို့ ကျရောက်မဲ့
ဘေးဒုက္ခအကြောင်းလည်း (၅၀)ကြိမ်
ပါဝင်တယ်။
ကတိသစ္စာအကြောင်း(၅၀)ကြိမ်
ပါဝင်ပြီး
အလွဲသုံးစားလုပ်တဲ့အကြောင်းလည်း
(၅၀)ကြိမ်ပါဝင်တယ်။
အိဗ်လီးစ်အကြောင်း(၁၁)ကြိမ်ပါဝင်ပြီး
အိဗ်လီးစ်ရဲ့ဘေးရန်ကခိုလှုံဖို့
အကြောင်းလည်း(၁၁)ကြိမ်ပါဝင်တယ်။
ကျေးဇူးတရားမသိတတ်ခြင်း(၇၅)ကြိမ်
ပါဝင်ပြီး
ကျေဇူးသိတတ်ခြင်းလည်း (၇၅)ကြိမ်
ပါဝင်တယ်။
ခိုင်ရားသ်အလှူဒါနအကြောင်း(၇၃)ကြိမ်
ပါဝင်ပြီး
ဆွဒ်ကာဟ် အလှူအကျိုးကြောင့်
တည်ငြိမ်အေးချမ်းတဲ့ဘဝ ရရှိမဲ့အကြောင်း(၇၃)ကြိမ်ပါဝင်တယ်။
လမ်းမှားသူတွေအကြောင်း(၁၇)ကြိမ်
ပါဝင်သလို
ဇိက်ရ်မလုပ်ဘဲ နှလုံးသားသေနေသူ
လမ်းလွဲသူတွေအကြောင်းလည်း
(၁၇)ကြိမ်ပါဝင်တယ်။
အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေ
အကြောင်း (၄၁)ကြိမ် ပါဝင်ပြီး
သူတို့ရဲ့ ဘာသာသာသနာ စောင့်ရှောက်ရာမှာ ပါဝင်တဲ့အကြောင်း
လည်း (၄၁)ကြိမ် ပါဝင်တယ်။
ဂျာဒူမှော်ပညာအကြောင်း (၆၀)ကြိမ်
ပါဝင်သလို
လမ်းမှားတဲ့ပြသနာဆိုးတွေအကြောင်း
လည်း (၆၀)ကြိမ်ပါဝင်တယ်။
ဇကားသ်အကြောင်း(၃၂)ကြိမ်ပါသလို
ဇကားသ်တာဝန်မကျခင်က လှူတန်း
ရတဲ့ ဆွဒကာဟ်အကြောင်းလည်း
(၃၂)ကြိမ်ပါဝင်တယ်။
ထိုနည်းတူ အလှူဒါနကြောင့် ဘရ်ကသ်
မင်္ဂလာရမည့်အကြောင်းလည်း
(၃၂)ကြိမ် ပါဝင်တယ်။
အသိဥာဏ်ပညာအကြောင်း
(၄၉)ကြိမ်ပါဝင်ပြီး
ဥာဏ်ပညာရှိသူများ ရရှိတဲ့ ဟေဒါယသ်
တရားလမ်းမှန်ရဲ့ နူရ်လင်းဝင်းမူ့
အကြောင်းလည်း(၄၉)ကြိမ်ပါဝင်တယ်။
နုတ်လျှာအကြောင်း(၂၅)ကြိမ်ပါသလို
စကားပြောဆိုတဲ့အကြောင်းလည်း
(၂၅)ကြိမ်ပါဝင်တယ်။
မကောင်းမူ့အကြောင်း(၈)ကြိမ်ပါသလို
ကြောက်ရွံ့ရမည့်အကြောင်းလည်း
(၈)ကြိမ်ပါဝင်တယ်။
အများသူငှါကို သာသနာ့အသိပို့ချပေး
ဖို့ (၁၈)ကြိမ်ပါဝင်တယ်။
ကြိုးပမ်းအားထုတ်မူ့နဲ့ ခက်ခဲမူ့အကြောင်း (၁၁၄)ကြိမ်ပါဝင်ပြီး
ဆွဗရ်သည်းခံရမဲ့အကြောင်းလည်း
(၁၁၄)ကြိမ်ပါဝင်ပါတယ်။
ဒီသုတေသနတွေ့ရှိချက်ဟာ ဦးနှောဏ်
ဥာဏ်နဲ့မမှီနိုင်အောင်ဖြစ်ရတယ်။
(ဟဇ်ရသ်ရဲ့သုံးသပ်ချက်)
တမန်တော်ရဲ့နာမတော်(၄)ကြိမ်ပါဝင်ပြီး
ကိုယ်တော်ပြသသွားတဲ့ ရှရီအသ်
တရားလမ်းစဉ်ကလည်း(၄)ရပ်ဖြစ်တယ်
ဒါဟာ မဇ်ဟဗ်(၄)ခုကိုညွှန်းခြင်းဖြစ်တယ်
အမျိုးသားအကြောင်း(၂၄)နေရာမှာပါ
သလို အမျိုးသ္မီးအကြောင်းလည်း
(၂၄)နေရာမှာပါဝင်နေတယ်။
ဟဇ်ရသ်ကမိန့်တယ်
'e.mail ရဲ့ နောက်ဆုံးနေရာမှာ ရေးထားတာပိုစိတ်ဝင်စားဖို့ကောင်း
တယ်'
ကုရ်အာန်ကျမ်းတော်မြတ်မှာ ဆွလာသ်
နမာဇ်အကြောင်း(၅)ကြိမ်ဖော်ပြထားပြီး
လ အကြောင်း (၁၂)ကြိမ်
နေ့ အကြောင်း (၃၆၅)ကြိမ် ဖော်ပြထား
တယ်။
ဒါ့ပြင် ကုရ်အာန်မှာ ပင်လယ်သမုဒ္ဒရာရဲ့
အစိတ်အပိုင်းတွေအကြောင်း(၃၂)ကြိမ်
ဖော်ပြထားပြီး မြေပထဝီအကြောင်း
(၁၃)ကြိမ်ဖော်ပြထားတယ်။
သုတေသီက
ထိုနှစ်ခုကိုပေါင်းလိုက်ရင်(၄၅)ကြိမ်
ဖြစ်သွားမယ်။အဲ့ဒီကနေ ပင်လယ်
သမုဒ္ဒရာရဲ့ဧရိယာကို ကုရ်အာန်နဲ့
တွက်လို့ရသွားတယ်။
ပင်လယ်သမုဒ္ဒရာဟာ 71.1% ကုန်းမြေ
ကို လွှမ်းမိုးထားတယ်။ခန့်မှန်းခြေအား
ဖြင့် ကမ္ဘာ့ရဲ့ ၃ပုံ၂ပုံနေရာယူထားတယ်။
ကုန်းမြေဧရိယာဟာ 28.008%ရှိပါတယ်။
ဒါတွေဟာ တိုက်ဆိုင်မူ့ဆိုပြီး ပြောလို့
မရပါဘူး။
အံ့မခန်းဖွယ်ကျမ်းတော်မြတ်ကုရ်အာန်
ဟာ စာရေးစာဖတ်တတ်ခြင်းလုံးဝမရှိတဲ့
တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်
ဟိဝစလ္လာမ်)ရဲ့ နုတ်ကထွက်ခဲ့တယ်
ဆိုတာ အံ့ဖွယ်ဖြစ်တဲ့အပြင် ကုရ်အာန်
မှာပါတဲ့ အကြောင်းအရာတွေကလည်း
အံ့ချီးမခန်းဖြစ်ရတယ်။
ဥာဏ်ကြီးရှင်များ လက်မှိုင်ချရတယ်။
ဒါတွေဟာ ကုရ်အာန်ရဲ့အံ့ဖွယ်တန်ခိုး
တွေပါ။
လူသားအနေနဲ့ ကုရ်အာန်ရဲ့အံ့ဖွယ်
တန်ခိုးအကြောင်း စုံလင်အောင်
ပြောနိုင်စွမ်းမရှိပါဘူး။ကုရ်အာန်လို
အရှင်မြတ်ရဲ့နုတ်ကပတ်တော်ကို
သေးနုတ်တဲ့ လူသားဦးနှောဏ်နဲ့
လိုက်မမှီပါဘူး။
နောက်ဆုံးလူသားဟာ အရှင်မြတ်ရဲ့
နုတ်ကပတ်တော်နှင့်အရှင်မြတ်ရဲ့
ကျမ်းဂန်များအပေါ် သက်ဝင်ယုံကြည်
ပါသည်ဟု ဝန်ခံယုံမှတစ်ပါး အခြားမရှိပေ။
မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။