Dhamma Channel

Dhamma Channel ဆရာတော်အရှင်သူမြတ်များ၏ တရားတော်အဆုံးအမမျာ ကိုနာယူကြပြီးမိမိတို့စိတ်ကိုအေးချမ်းအောင်ပြုလုပ်နိုင်ကြပါစ

"စိတ်ဖြူစင်အောင်"စိတ်ဆိုတာ အလွန်လျင်မြန်စွာဖြစ်ပျက်နေတယ်။ စိတ်ကိုဖြူအောင်ထားလို့လည်း ဟောခဲ့တယ်။ ဒီလောက်အလွန်လျင်မြန်စွာ ...
12/05/2026

"စိတ်ဖြူစင်အောင်"
စိတ်ဆိုတာ အလွန်လျင်မြန်စွာဖြစ်ပျက်နေတယ်။ စိတ်ကိုဖြူအောင်ထားလို့လည်း ဟောခဲ့တယ်။ ဒီလောက်အလွန်လျင်မြန်စွာ ဖြစ်ပြီးပျက်သွားတဲ့ စိတ်ကို ဘယ်လိုဖြူစင်အောင်လုပ်မလဲ။

ပျက်သွားတဲ့ စိတ်ကို ဖြူအောင်လုပ်ခိုင်းတာမဟုတ်ဘူး။

စိတ်ဖြစ်ခြင်း အကြောင်းတရားထဲမှာ အတွေးမှားခြင်းဆိုတဲ့ အယောနိသောမနသိကာရ ရှိရင် စိတ်ဟာညစ်ထေးတယ်.... စိတ်ဟာဖြူစင်တယ်။

ဥပမာ- လူတစ်ယောက်ဒေါသဖြစ်နေတယ်။
ဒေါသဖြစ်စရာဘအကြောင်းတွေချည်း တွေးနေရင် ဒေါသဖြစ်မှာပဲ။

အဲ့ဒီ...ဒေါသဖြစ်စရာအကြောင်းကို မေ့ပစ်လိုက်ပြီးတော့ ကျေနပ်စရာအကြောင်းနဲ့အစားထိုးလိုက်ရင် ဒေါသမဖြစ်တော့ဘူး။
ဒေါသမဖြစ်တော့ဘဲ စိတ်ကျေနပ်မှုရသွားတာသည်ပင် စိတ်ဖြူစင်တယ်လို့ပြောတာ..။

( ရတနာသုံးရပ် မြဲဆည်းကပ်သည့် ဥပါသကာ တရားတော်) မှ...ပြန်လည်ကောက်နုတ်ဓမ္မဒါနပြုပါသည်။☸️🙏

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ☸️🙏

#မကောင်းတဲ့စိတ်အညစ်အကြေးတွေကိုကောင်းစိတ်နဲ့အစားထိုးပါ
#မြတ်ဗုဒ္ဓအဆုံးမ
#သတိဟာအရေးကြီးဆုံးပါမမေ့ပါနဲ့

မီးလောင်ရင် လောင်စာကိုဖယ်လိုက်ရင် ငြိမ်းသွားတာပဲ။ကိုယ့်ကို စိတ်ဆိုးအောင်လုပ်တဲ့ 'အာရုံ' ကိုဆက်ပြီး တွေးမနေနဲ့တော့။ဒေါသထွ...
12/05/2026

မီးလောင်ရင် လောင်စာကို
ဖယ်လိုက်ရင် ငြိမ်းသွားတာပဲ။
ကိုယ့်ကို စိတ်ဆိုးအောင်လုပ်တဲ့ 'အာရုံ' ကို
ဆက်ပြီး တွေးမနေနဲ့တော့။

ဒေါသထွက်လာပြီဆိုရင် 'ငါ အခု
ဒေါသထွက်နေပြီ' လို့ ကိုယ့်စိတ်ကို
ကိုယ်ပြန်ကြည့်လိုက်ပါ။
အဲဒီလို 'သတိ' နဲ့ ကြည့်လိုက်တာနဲ့
ဒေါသဟာ ရှက်ပြီး ပြေးသွားလိမ့်မယ်။
ဒေါသထွက်နေတဲ့အချိန်မှာ စကားမပြောပါနဲ့၊
ဘာဆုံးဖြတ်ချက်မှ မချပါနဲ့။
အဲဒါ ဒေါသကို အနိုင်ယူတဲ့ နည်းလမ်းပဲ။"u

ဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏🙏🙏

30/04/2026

လူ့ဘဝဟာ ခဏလေး ဒါကြောင့်စိတ်ကောင်းရှိအောင် ကြိုးစားကြ။

30/04/2026

ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ရက်မှာ ဘာတွေလုပ်သင့်သလဲ

31/12/2025

🙏🙏🙏

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Dhamma Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share