St. Francis Xavier Parish - Mandalay

St. Francis Xavier Parish - Mandalay Religious

📢 ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အကြို စုပေါင်းသန့်ရှင်းရေး ဖိတ်ကြားခြင်း 🙏🌿(ဆက်ကပ်လိုသော စိန်ဇေးဗီးယား သာသနာ အုပ်စု ...
22/08/2026

📢 ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အကြို စုပေါင်းသန့်ရှင်းရေး ဖိတ်ကြားခြင်း 🙏🌿

(ဆက်ကပ်လိုသော စိန်ဇေးဗီးယား သာသနာ အုပ်စု အတွင်း ရှိ အဖွဲ့အစည်း အသီးမှ လူကြီး လူငယ်များ အားလုံး)
ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲတော်ကြီးကို သန့်ရှင်းသပ်ရပ်စွာ ကြိုဆိုနိုင်ရန်အတွက် ဘုရားကျောင်းဝင်းတစ်ခုလုံး စုပေါင်းသန့်ရှင်းရေး ပြုလုပ်သွားမည်ဖြစ်ပါသည်။

ထို့ကြောင့် အုပ်စုအသီးသီးမှ မယ်တော် ကို ချစ်သော မယ်တော် ကို အားကိုးအားထားပြုသော ဘာသာဝင် သားသမီးများ အားလုံး မိမိတို့၏အချိန်ကို ပေးဆပ်ကာ စုပေါင်းပါဝင်ပေးကြရန် ချစ်ခင်စွာ ဖိတ်ခေါ်အပ်ပါသည်။ ❤️

🤝 ဘာသာဝင်တို့၏ စည်းလုံးညီညွတ်မှုဖြင့်
🌿 ဘုရားကျောင်းဝင်းကို သန့်ရှင်းလှပစွာ ပြင်ဆင်ကြပါစို့။
🙏 မယ်တော်၏ပွဲတော်အတွက် အတူတကွ ဝန်ဆောင်မှုပြုကြပါစို့။

📅 နေ့ရက် — ၂၃.၈.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန် — မနက် ၉:၀၀ နာရီ (မစ္ဆားတော်မြတ်ပြီးနောက်)
📍 နေရာ — စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်းဝင်း၊ မန္တလေး
အုပ်စုအသီးသီးမှ လူငယ်များအားလုံး မပျက်မကွက် ပါဝင်ပေးကြပါရန် မေတ္တာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ 🙏❤️

Faith • Unity • Service
#𝐦𝐝𝐲 #𝐕𝐞𝐥𝐚𝐧𝐤𝐚𝐧𝐧𝐢

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများအဖြစ် မုဒ်ဦးအဝင်ဆိုင်းဘုတ်အား ပြင်ဆင်မှုများပြုလုပ်ခြင်း၊ မယ်...
19/08/2026

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများအဖြစ် မုဒ်ဦးအဝင်ဆိုင်းဘုတ်အား ပြင်ဆင်မှုများပြုလုပ်ခြင်း၊ မယ်တော်ဂူတွင် သန့်ရှင်းမွမ်းမံမှုများပြုလုပ်ခြင်းစသည်တို့ကို စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်းတွင် ယနေ့ ပြုလုပ်ခဲ့

ဩဂုတ် ၁၉၊ ၂၀၂၆

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်းတွင် လာမည့် ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပမည့် ကျင်းပမည့် ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အတွက်ကြိုတင်ပြင်ဆင်မှုများအဖြစ် ယနေ့တွင် ဘုရားကျောင်းမုဒ်ဦးအဝင်ဝတွင် တပ်ဆပ်မြည့် ဆိုင်းဘုတ်ကို ပြင်ဆင်မှုများပြုလုပ်ခြင်း၊ မယ်တော်ဂူကို သန့်ရှင်းမွမ်းမံမှုများပြုလုပ်ခြင်း စသည်တို့ကို ဘုရားကျောင်း တာဝန်ရှိသူများ၊ လူငယ်တာဝန်ခံများ အားတက်သရောလုပ်ဆောင်ခဲ့ကြပါသည်။

ကျန်းမာခြင်း ဗယ်လန်ကန်နီမယ်တော်ပွဲတွင် ယုံကြည်သူများမှ လာရောက် ဖူးမြှော်နိုင်ရန် ကြိုးစားအားထုတ်ခြင်းသည် မယ်တော်ကို ချစ်မြတ်နိုးခြင်း၊ ယုံကြည်ခြင်းနှင့် စေတနာအမှုတော်ဆောင်ခြင်းဖြစ်ကြောင်း လှပသော သက်သေတစ်ရပ် ဖြစ်ပါသည်။ မန္တလေး ကက်သလစ်သာသနာမှု ဘာသာတူလူကြီးလူငယ်များအားလည်း မိမိတို့စွမ်းနိုင်သမျှ အမှုတော်ဆောင်ကြရန်၊ လုပ်အားပေးကြပါရန် စိန်ဖရန်စစ်ဇေးဗီးယားလူငယ်များမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ❤️

🌹 Our Lady of Health Velankanni, Pray for Us.
🙏 မယ်တော်၏ ကျေးဇူးတော်နှင့် ကာကွယ်စောင့်ရှောက်မှုအောက်တွင် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ပါစေရေး အတွက် ဆုတောင်း ပေးကြပါစို့ ။

#𝐦𝐝𝐲 #𝐕𝐞𝐥𝐚𝐧𝐤𝐚𝐧𝐧𝐢

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများအဖြစ် မယ်တော်ဂူဆေးသုတ်ခြင်း၊ အလံတိုင်ဆေးသုတ်ခြင်းတို့ကို စိန်...
17/08/2026

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများအဖြစ် မယ်တော်ဂူဆေးသုတ်ခြင်း၊ အလံတိုင်ဆေးသုတ်ခြင်းတို့ကို စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်းတွင် ယနေ့ ပြုလုပ်ခဲ့

ဩဂုတ် ၁၇၊ ၂၀၂၆

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်းတွင် လာမည့် ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပမည့် ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အတွက်ကြိုတင်ပြင်ဆင်မှုများအဖြစ် ယနေ့တွင် မယ်တော်ဂူအား ဆေးသုတ်ခြင်း၊ အလံတိုင်ဆေးသုတ်ခြင်းစသည်တို့ကို ဘုရားကျောင်း တာဝန်ရှိသူများ၊ လူငယ်တာဝန်ခံများမှ အားတက်သရောလုပ်ဆောင်ခဲ့ကြပါသည်။

ကျန်းမာခြင်း ဗယ်လန်ကန်နီမယ်တော်ပွဲတွင် ယုံကြည်သူများမှ လာရောက် ဖူးမြှော်နိုင်ရန် ကြိုးစားအားထုတ်ခြင်းသည် မယ်တော်ကို ချစ်မြတ်နိုးခြင်း၊ ယုံကြည်ခြင်းနှင့် စေတနာအမှုတော်ဆောင်ခြင်းဖြစ်ကြောင်း လှပသော သက်သေတစ်ရပ် ဖြစ်ပါသည်။ မန္တလေး ကက်သလစ်သာသနာမှု ဘာသာတူလူကြီးလူငယ်များအားလည်း မိမိတို့စွမ်းနိုင်သမျှ အမှုတော်ဆောင်ကြရန်၊ လုပ်အားပေးကြပါရန် စိန်ဖရန်စစ်ဇေးဗီးယားလူငယ်များမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ❤️

🌹 Our Lady of Health Velankanni, Pray for Us.
🙏 မယ်တော်၏ ကျေးဇူးတော်နှင့် ကာကွယ်စောင့်ရှောက်မှုအောက်တွင် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ပါစေရေး အတွက် ဆုတောင်း ပေးကြပါစို့ ။

#𝐦𝐝𝐲

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက် အဝင်မုခ်ဦး ပြင်ဆင်နေခြင်း 🙏🌹၁၆. သြဂုတ်လ ၊ ၂၀၂၆ ။စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်...
16/08/2026

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက် အဝင်မုခ်ဦး ပြင်ဆင်နေခြင်း 🙏🌹
၁၆. သြဂုတ်လ ၊ ၂၀၂၆ ။

စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်း၊ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ကျင်းပမည့် ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အတွက် ဘုရားကျောင်းအဝင် မုခ်ဦးနှင့် ပွဲတော်အလှဆင်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်လျက်ရှိပါသည်။

ပွဲတော်လာရောက်ကြမည့် ဘုရားဖူးဧည့်သည်တော်များအတွက် အဝင်မုခ်ဦးကို သပ်ရပ်လှပစွာ ပြင်ဆင်ပေးနေကြသည့် လုပ်အားပေးသူများ၏ ကြိုးပမ်းမှုများဟာ မယ်တော်ကို ချစ်မြတ်နိုးခြင်း၊ ယုံကြည်ခြင်းနှင့် စေတနာအမှုတော်ဆောင်ခြင်းတို့၏ လှပသော သက်သေတစ်ရပ် ဖြစ်ပါသည်။ ❤️

🌹 Our Lady of Health Velankanni, Pray for Us.
🙏 မယ်တော်၏ ကျေးဇူးတော်နှင့် ကာကွယ်စောင့်ရှောက်မှုအောက်တွင် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ပါစေရေး အတွက် ဆုတောင်း ပေးကြပါစို့ ။

✨ မယ်တော်ပွဲအကြို ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ✨၁၅. သြဂုတ်လ ၊ ၂၀၂၆စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်း၊ မန္တလေး...
15/08/2026

✨ မယ်တော်ပွဲအကြို ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ✨
၁၅. သြဂုတ်လ ၊ ၂၀၂၆

စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်း၊ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အား သဒ္ဓါတရားပြည့်ဝစွာ ကျင်းပနိုင်ရန်အတွက် ပွဲအကြို ပြင်ဆင်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။

🌹 မယ်တော်ဂူရှိ Lightbox များအား ပြန်လည်ပြုပြင်မွမ်းမံခြင်း
💡 မယ်တော်ဂူအတွင်းရှိ မီးလိုင်းများနှင့် လျှပ်စစ်စနစ်များအား စစ်ဆေးခြင်း
🛠️ ပွဲတော်အတွက် လိုအပ်သည့် ပြင်ဆင်ရေးလုပ်ငန်းများကိုလည်း အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။

မယ်တော်၏ မေတ္တာနှင့် ကောင်းချီးတော်အောက်တွင် ပွဲတော်ကြီးကို စည်းလုံးညီညွတ်စွာ၊ သပ်ရပ်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပါဝင်ကူညီပေးကြသော ဘုန်းတော်ကြီးများ၊ ဘာသာသူများနှင့် လုပ်အားပေးလူငယ်များအား အထူးကျေးဇူးတင်ရှိပါသည်။ 🙏❤️

“Our Lady of Health ,Vellankanni Pray for Us.”
🌹 ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးပါ။ 🌹

🌹 ၂၀၂၆ ခုနှစ် ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ 🌹ပွဲတော် အစီအစဉ်
14/08/2026

🌹 ၂၀၂၆ ခုနှစ် ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ 🌹
ပွဲတော် အစီအစဉ်

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ 🙏💙မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ စိန်ဖရန်စစ် ဇေးဗီးယား ဘ...
14/08/2026

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ 🙏💙

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ စိန်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်းမှ ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းတာဝန်များကို စနစ်တကျ စတင်လုပ်ဆောင်နေကြပါပြီ။

မယ်တော်၏ အမေ့မေတ္တာနှင့် ဆုကျေးဇူးတော်အောက်တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပြီး ဘုရားဖူးလာကြသော ညီအစ်ကိုမောင်နှမများအတွက် စည်းလုံးညီညွတ်စွာ ဝန်ဆောင်မှုပေးနိုင်ရန် လူငယ်များ၊ သာသနာ့အဖွဲ့အစည်းများမှ တက်ကြွစွာ ပါဝင်ပြင်ဆင်လျက်ရှိပါသည်။....

“Our Lady of Health Vellenkanni, Pray for Us.”
ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော် — ကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါ။ 🙏🌹

ဗေလန်ကန်နီ  ကျန်းမာခြင်းမယ်တော်ပွဲကျင်းပရေး အကြိုအစည်းအဝေးကို စိန့်ဖရန်စစ်ဇေးဗီးယားတွင် ယနေ့နံနက်က ကျင်းပခဲ့နှစ်စဉ် ဩဂုတ...
09/08/2026

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ပွဲကျင်းပရေး အကြိုအစည်းအဝေးကို စိန့်ဖရန်စစ်ဇေးဗီးယားတွင် ယနေ့နံနက်က ကျင်းပခဲ့

နှစ်စဉ် ဩဂုတ်လ ၂၉ ရက်နေ့တွင်ကျင်းပလေ့ရှိသော ဗယ်လန်ကန်နီ ကျန်းမာခြင်းမယ်တော် ပွဲကျင်းပနိုင်ရေး အကြိုအစည်းအဝေးကို ယနေ့နံနက်က စိန့်ဖရန်စစ်ဇေးဗီးယားလူငယ်များမှဦးဆောင်၍ အစည်းအဝေးကျင်းပခဲ့ပြီး မန္တလေး ကက်သလစ်သာသနာမှ လူငယ်တာဝန်ခံများတက်ရောက်ခဲ့ကာ ပွဲတော်နေ့များအတွက် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်း၊ တာဝန်များအသီးသီးခွဲဝေခြင်း နှင့် ယခင်နှစ်များထက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်ရေး လိုအပ်သည်များကို ပြန်လည်သုံးသပ်အကြုံပြုခြင်း ခဲ့ကြပါသည်။ ကျန်းမာခြင်းမယ်တော်ပွဲ ကျင်းပနိုင်ရေး အကြိုအစည်းအဝေးသို့ မန္တလေးကတ်သလစ်သာသနာ စိန့်ဖရန့်စစ်ဇေးဗီးယား လူငယ်များမှ ဦးဆောင်၍ စိန့်ဂျွန်း၊ စိန့်မိုက်ကယ်၊ဇော်ဂျီ၊ စစ်ကိုင်း တို့မှ လူငယ်တာဝန်ခံများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
(လူငယ်များတာဝန် ယူရမည့် ကဏ္ဍများအား သက်ဆိုင်ရာ အုပ်စု အသီး သီးမှ လူငယ် ဥက္ကဋ္ဌ များထံ ပေးပို့ ပေးပါမည်။)

31/07/2026

မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့ သည်ကျွန်ုပ်တို့ ကျောင်းထိုင် ဘုန်းတော်ကြီး ၏ Feastday ဖြစ်ပါတယ်။

ဘာသာဝင်များ ပါဝင် တက်ရောက်နိုင်ရန် ဖိတ်ကြား ခြင်း
=================

"ချစ်လှစွာသော ဖာသာရ် အာလ်ဖုန်းစ် အောင်ကိုလတ် ခင်ဗျား...

စိန်ဖရန်စစ်ဇေဗီးယားကျောင်းမှ ကျွန်ုပ်တို့အားလုံးရဲ့ အလေးအမြတ်ပြုရာ၊ လေးစားချစ်ခင်ရပါသော ဖာသာရ်ရဲ့ အထူးနေ့မြတ်ဖြစ်တဲ့ Feast Day (ပွဲနေ့) မှာ အစစအရာရာ ပြည့်စုံပျော်ရွှင်ရပါစေလို့ ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဖာသာရ်ရဲ့ သာသနာ့လုပ်ငန်းဆောင်တာတွေ၊ ဝတ်ပြုကိုးကွယ်မှုနဲ့ သိုးထိန်းလုပ်ငန်းတွေအားလုံးမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ ကောင်းကြီးမင်္ဂလာတွေ အတိုးပွားဆုံး ခံစားရပါစေ၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အနာဂတ်ခရီးလမ်းတွေမှာလည်း ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့အတူ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ပါစေလို့ ရိုးသားစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။"

ပျော်ရွှင်ဖွယ်ရာ Feast Day ဖြစ်ပါစေ ဖာသာရ်!
စိန်ဇေးဗီးယား ဘာသာဝင်များ မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။
ဖာသာရ် အား ဂုဏ်ပြု နှုတ်ဆက် ခြင်း
နံနက် မစ္ဆား တရား အပြီး ၇ နာရီ
ဘာသာဝင်များ အားလုံး ပါဝင် တက်ရောက်နိုင်ရန် ဖိတ်ကြား အပ်ပါသည်။
ချစ်ခြင်း အားဖြင့်
သာသနာ့ အကျိူးတော်ဆောင် အဖွဲ့

မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့ သည်ကျွန်ုပ်တို့ ကျောင်းထိုင် ဘုန်းတော်ကြီး ၏ Feastday ဖြစ်ပါတယ်။❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇ဘာသာဝင်များ ပါ...
31/07/2026

မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့ သည်ကျွန်ုပ်တို့ ကျောင်းထိုင် ဘုန်းတော်ကြီး ၏ Feastday ဖြစ်ပါတယ်။
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇
ဘာသာဝင်များ ပါဝင် တက်ရောက်နိုင်ရန် ဖိတ်ကြား ခြင်း
=================
ဘာသာဝင်များ ၏ ဆုတောင်း စကား
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
"ချစ်လှစွာသော ဖာသာရ် အာလ်ဖုန်းစ် အောင်ကိုလတ် ခင်ဗျား...

စိန်ဖရန်စစ်ဇေဗီးယားကျောင်းမှ ကျွန်ုပ်တို့အားလုံးရဲ့ အလေးအမြတ်ပြုရာ၊ လေးစားချစ်ခင်ရပါသော ဖာသာရ်ရဲ့ အထူးနေ့မြတ်ဖြစ်တဲ့ Feast Day (ပွဲနေ့) မှာ အစစအရာရာ ပြည့်စုံပျော်ရွှင်ရပါစေလို့ ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဖာသာရ်ရဲ့ သာသနာ့လုပ်ငန်းဆောင်တာတွေ၊ ဝတ်ပြုကိုးကွယ်မှုနဲ့ သိုးထိန်းလုပ်ငန်းတွေအားလုံးမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ ကောင်းကြီးမင်္ဂလာတွေ အတိုးပွားဆုံး ခံစားရပါစေ၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အနာဂတ်ခရီးလမ်းတွေမှာလည်း ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့အတူ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ပါစေလို့ ရိုးသားစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။"
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ပျော်ရွှင်ဖွယ်ရာ Feast Day ဖြစ်ပါစေ ဖာသာရ်!
စိန်ဇေးဗီးယား ဘာသာဝင်များ မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

ဖာသာရ် အား ဂုဏ်ပြု နှုတ်ဆက် ခြင်း အစီအစဉ်
👉👉 နံနက် မစ္ဆား တရား အပြီး ၇ နာရီ
ဘာသာဝင်များ အားလုံး ပါဝင် တက်ရောက်နိုင်ရန် ဖိတ်ကြား အပ်ပါသည်။

ချစ်ခြင်း အားဖြင့်
သာသနာ့ အကျိူးတော်ဆောင် အဖွဲ့

Address

28 × 29 Bet; 75 Street
Mandalay

Telephone

+959259914197

Website

Alerts

Be the first to know and let us send you an email when St. Francis Xavier Parish - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to St. Francis Xavier Parish - Mandalay:

Shortcuts

Share