05/01/2023
“ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သားသမီးမျက်နှာ ပြုံးပျော်နေတာ တွေ့ရင် ပျော်ရွှင်ကြည်နူးနေတက်သူဟာ အမေပါ။
ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ပညာတက်သည်ဖြစ်စေ၊ ပညာမတက်သည်ဖြစ်စေ အမေဟာအမေပါပဲ။ “
ပြာသိုလပြည့် အမေများနေ့ မှစ၍ အမေများအားလုံး လိမ္မာရေခြားရှိသော သားသမီးများကို ပိုင်ဆိုင်ကာ မိသားစုတစ်စုတစ်တည်း ဥမကွဲသိုက်မပျက်ဖြင့် မတောင့်မတ ချမ်းသာကြွယ်ဝသော ဘဝများကို ပိုင်ဆိုင်ကြပါစေဟု မြန်မာ့ဩဘာမိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျ။