𝐀𝐋-𝐇𝐀𝐀𝐃𝐈 𝐂𝐄𝐍𝐓𝐄𝐑, 𝐌𝐘𝐀𝐍𝐌𝐀𝐑 လမ်းပြသူဗဟို-မြန်မာ

  • Home
  • Myanmar
  • Mandalay
  • 𝐀𝐋-𝐇𝐀𝐀𝐃𝐈 𝐂𝐄𝐍𝐓𝐄𝐑, 𝐌𝐘𝐀𝐍𝐌𝐀𝐑 လမ်းပြသူဗဟို-မြန်မာ

𝐀𝐋-𝐇𝐀𝐀𝐃𝐈 𝐂𝐄𝐍𝐓𝐄𝐑, 𝐌𝐘𝐀𝐍𝐌𝐀𝐑 လမ်းပြသူဗဟို-မြန်မာ လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီး

ဝမ်းမြောက်ဖွယ်ရာ                            ရက်စွဲ။      ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်အတ်စလာမုအလိုင်းကွန်မ်း ဝရဟ်မသွလ်လာဟိ...
30/04/2026

ဝမ်းမြောက်ဖွယ်ရာ

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်
အတ်စလာမုအလိုင်းကွန်မ်း ဝရဟ်မသွလ်လာဟိ ဝဗရကားသုဟူ
AL-HAADI Center Myanmar လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီးထံ ၃၇လမ်း ၇၅လမ်းတွင်နေထိုင်သူ ကာယကံရှင်အမျိုးသမီးကြီး၏ ဆန္ဒအရ အစ္စလာမ်ဘာသာအား သက်ဝင်ယုံကြည် အီမာန်ယူလိုကြောင်းနှင့် ကျန်ရှိသက်တမ်းအား မွတ်ဆလင်မ်အဖြစ်နေထိုင်ပြီး ကွယ်လွန်သေဆုံးလျှင် အီမာန်ရှင်အဖြစ်သေဆုံးလိုကြောင်းနှင့် အီမာန်ရှင်များကသာ မိမိအား ဂျနာဇာဖတ်၍ ကဗရ်စတန်ပို့ဆောင်ပြီး ဒဖန်လုပ်ပေးပါရန်အတွက် အကူအညီတောင်းခံသည့်ကိစ္စအား အသင်းအဖွဲ့ကြီးထံသို့ ယခင်ပြန်ကြားရေးမှူး ကိုစိုးကိုကို (တော်ဝင်သဇင် စားသောက်ကုန်လုပ်ငန်း)မှတဆင့် ဆက်သွယ်အသိပေးလာပါသည်။ ထို့အတွက် အသင်းအဖွဲ့ကြီးမှ ဥက္ကဌ ဟာဂျီဦးအောင်ကျော်လတ်၊ ဒု-ဥက္ကဌ မော်လဝီဇော်ဇော်၊ အတွင်းရေးမှူး မောင်လာနာဟိုဆိုက်ဖွားတို့သွားရောက်မေးမြန်းကြရာ သူမ၏ ခင်ပွန်းမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး သူမသည် သား/သမီး ၅ဦးရှိပါကြောင်း၊ သား ၂ ယောက်၊ သမီး ၃ ယောက်ရှိပြီး အားလုံးအရွယ်ရောက်ပြီး အိမ်ထောင်ကျသူများရှိသလို သားသမီး (၄) ဦးမှာ ၎င်းနေအိမ်တွင်ရှိနေပြီး ခုနေအိမ်တွင်ရောက်ရှိနေသည့်အတွက် သားအကြီးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး မလေးရှားနိုင်ငံနေသားအငယ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အပြင် အခုရှိနေသည့် သမီး ၃ ဦးနှင့် သူမသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ကြပါသည်။

အဆိုပါအမျိုးသမီးသည် ယခုကျွန်မကိုးကွယ်ခဲ့သည့် ဗုဒ္ဓဘာသာအား စွန့်လွှတ်လိုက်ပြီး အစ္စလာမ်ဘာသာကိုသာ သက်ဝင် ယုံကြည် အီမာန်ယူလိုကြောင်းနှင့် ကျန်ရှိသက်တမ်းအား မွတ်ဆလင်မ်အဖြစ်နေထိုင်ပြီး ကွယ်လွန်သေဆုံးလျှင် အီမာန်ရှင်အဖြစ်သေလိုကြောင်းနှင့် အီမာန်ရှင်များကသာ မိမိအား ဂျနာဇာဖတ် ကဗရ်စတန်ပို့ဆောင်ပြီး ဒဖန်လုပ်ပေးပါရန် ပြောကြားခဲ့သည့်အပြင် အတူရှိနေကြသော အိမ်ထောင်သည် ဗုဒ္ဓဘာသာဝင် သမီး ၃ ဦးကလည်း အမေ့ဆန္ဒအတိုင်း ကူညီပေးပါ၊ ကျွန်မတို့ကိုယ်တိုင်ကလည်း အမေစိတ်ချမ်းသာစေရန် ဘာသာပြောင်းခြင်းအပေါ် လက်ခံသဘောတူကြပါသည်။၎င်းနောက် မလေးရှားနိုင်ငံနေ ဗုဒ္ဓဘာသာဝင်မောင်လေးကလည်း သဘောတူလက်ခံသည့်အကြောင်းပြောကြားထားသည့်အပြင် ဆရာတို့လာရောက်ပြီး အမေ့ကို ကလေမာဟ်တိုင်ပေးခြင်း၊ အီမာန့်ရှင်ဖြစ်အောင် သင်ကြားပို့ချပေးခြင်းအား Videro Call ခေါ်ပေးပါ၊ဂသူကိုယ်တိုင်လည်း ကြည့်ရှု့မြင်တွေ့လိုကြောင်းတင်ပြထား၍ အခုခေါ်လိုက်မည်ဟုပြောဆိုခဲ့ကြပါသည်။
AL-HAADI Center Myanmar (လမ်းပြသူဗဟို-မြန်မာ)အသင်းအဖွဲ့ကြီး၏ ဥက္ကဌမှ အခြားသိလိုသည်များကို မေးမြန်းပြီး ဒု-ဥက္ကဌ မော်လဝီဇော်ဇော်မှ ကလေးမာဟ်တိုင်ပေးခဲ့ပါသည်။ ထို့နောက်တဆက်တည်း ကလေမာဟ် ၏အဓိပ္ပါယ်နှင့် အကျိုးဖဇီလသ်များကို ရှင်းပြပေးခဲ့သည့်အပြင် အီမာန်ရှင် အမျိုးသမီးကြီးနှင့် သူမ၏ ခင်ပွန်းသည်တို့အား သား/သမီများနှင့် အိမ် အနီးအနားမိတ်ဆွေများရှေ့တွင် အစ္စလာမ့်နည်းလမ်းစဉ် အတိုင်းနေကာဟ်ဖတ်ပေးခဲ့ပြီး မိသားစုမှ ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

အလ္လာဟ်အရှင် အဆိုပါအမျိုးသမီး၏ ကျန်းမာရေးကို ကောင်းမွန်သက်သာပါစေကြောင်းနှင့် ကျန်ရှိသက်တမ်းကို ဗရ်ကသ်၊ စလာမသ်၊ ရဟ်််မသ် ရပါစေကြောင်း ဆုမွန်ဒုအာပြုပါသည်။

29/04/2026

Al-Haadi Center Myanmar (လမ်းပြသူ ဗဟို-မြန်မာ အသင်းအဖွဲ့ကြီး) မှ ကမကထပြုလုပ်သော အိမ်၊ ခြံ၊ မြေ နှင့် မြေအသုံးချမှုဆိုင်ရာ ဥပဒေအကြောင်းရ ပိုင်ရေးဆိုင်ခွင့်နှင့်ပတ်သတ်သော ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားပေးပါသော

❤️အလ်ဟာဂ်ျ မောင်လာနာ မုဖ်သီ မုဟမ္မဒ် ရှကီးလ် အဗ်ဒုလ်ခါလစ်က် (မြေနီကုန်း)❤️
🌹B.Sc(Phys), AGTI(Civil), Dip in Islamic Astronomy🌹

#ရုပ်သံမှတ်တမ်း(၁၃)

20/04/2026

Al-Haadi Center Myanmar (လမ်းပြသူ ဗဟို-မြန်မာ အသင်းအဖွဲ့ကြီး) မှ ကမကထပြုလုပ်သော အိမ်၊ ခြံ၊ မြေ နှင့် မြေအသုံးချမှုဆိုင်ရာ ဥပဒေအကြောင်းရ ပိုင်ရေးဆိုင်ခွင့်နှင့်ပတ်သတ်သော ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားပေးပါသော

❤️အလ်ဟဂျ် ဦးမြင့်ရွှေ(ညွှန်ကြားရေးမှူ-ငြိမ်း)❤️
🌹တိုင်းဒေသကြီး စာရင်းစစ်ချုပ်🌹

#ရုပ်သံမှတ်တမ်း(၁၂)

အတ်စလာမုအလိုင်းကွန်မ်း ဝရဟ်မသွလ္လာဟိ ဝဗရကားသုဟူချစ်ခင်လေးစားရပါသော အသင်းအဖွဲ့ဝင် မိသားစုဝင်များခင်ဗျာ...​ကျွန်တော်တို့ရဲ...
17/04/2026

အတ်စလာမုအလိုင်းကွန်မ်း ဝရဟ်မသွလ္လာဟိ ဝဗရကားသုဟူ

ချစ်ခင်လေးစားရပါသော အသင်းအဖွဲ့ဝင် မိသားစုဝင်များခင်ဗျာ...

​ကျွန်တော်တို့ရဲ့ မိတ်ဆွေ၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေးမှူးဖြစ်သူ " Muhammaled Anas Patel @ #မောင်ကျော်ဇင်အေး " ဟာဆိုရင်ဖြင့် မကြာသေးမီကမှ မင်္ဂလာရှိလှတဲ့ " #နေကာဟ်" (Nikah) အခမ်းအနားကို မိသားစုအသိုင်းအဝိုင်းနဲ့အတူ အောင်မြင်စွာ ဟင်ဒွတ်စ်သာနီဗလီကြီးပေါ်တွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

​အခုအခါမှာတော့ နိကာဟ်ပြီးမြောက်ကြောင်း ဝမ်းမြောက်စရာသတင်းကို မျှဝေရင်း၊ မင်္ဂလာဧည့်ခံပွဲအတွက် အသင်းဝင်မိတ်ဆွေတွေကို နွေးနွေးထွေးထွေး ဖိတ်ကြားလိုပါတယ်။

​သင်္ကြန်ကာလအတွင်း အားလပ်ရက်များဖြစ်နေတာကြောင့် #လူကိုယ်တိုင် #ဖိတ်စာလာရောက်မပို့ဆောင်နိုင်ခဲ့တာကို နားလည်ပေးကြဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ဒါကြောင့် ဒီ Post လေးကနေတစ်ဆင့် ဖိတ်ကြားချက်ကို လက်ခံပေးကြဖို့ ဆန္ဒပြုပါတယ်။

#​မင်္ဂလာဧည့်ခံပွဲ အစီအစဉ်

#​နေ့ရက် - (၁၇-၄-၂၀၂၆)ရက်၊ သောကြာနေ့။

#​အချိန် - ညနေ (၀၄:၀၀) နာရီမှ (၀၇:၀၀) နာရီထိ။

#​နေရာ - Utopia မင်္ဂလာခမ်းမ၊
၂၂ လမ်း၊ ၈၂×၈၃ လမ်းကြား၊ မန္တလေးမြို့။

​မိတ်ဆွေများအားလုံး တက်ရောက်ချီးမြှင့်ပေးခြင်းဖြင့် သတို့သား၊ သတို့သမီးတို့ရဲ့ မင်္ဂလာခရီးလမ်းအတွက် ဆုမွန်ကောင်း တောင်းပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

14/04/2026

Al-Haadi Center Myanmar (လမ်းပြသူ ဗဟို-မြန်မာ အသင်းအဖွဲ့ကြီး) မှ ကမကထပြုလုပ်သော အိမ်၊ ခြံ၊ မြေ နှင့် မြေအသုံးချမှုဆိုင်ရာ ဥပဒေအကြောင်းရ ပိုင်ရေးဆိုင်ခွင့်နှင့်ပတ်သတ်သော ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနား၌ ဆွေးနွေးမျှဝေပေးသော
ရန်ကုန်ုမြို့မှကြွရောက်လာသော အထူးဧည့်သည်တော်

❤️ ဆရာကြီး ဦးမြ၏တပည့် ❤️
🌹ဆရာဦးလှစိုး🌹

#ရုပ်သံမှတ်တမ်း(၁၁) တတိယပိုင်း

အပြင်းအထန် ရှုံ့ချကြောင်းနှင့် ဥပဒေဘောင်အတွင်းက လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန်ကြေညာခြင်း‎   ...
12/04/2026

အပြင်းအထန် ရှုံ့ချကြောင်းနှင့် ဥပဒေဘောင်အတွင်းက လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန်ကြေညာခြင်း
‎ ⊰᯽⊱—•••••❊•••••—⊰᯽⊱
​ ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၂) ရက်

​လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ - - -

​အစ္စလာမ်သာသနာသည် #ငြိမ်းချမ်းမှုကိုအခြေခံတည်ဆောက်ထားပြီး အဓိကအားဖြင့် ဘာသာဝင်များကို ငြိမ်းချမ်းရေးတရားများသာ သင်ကြားပို့ချပြသပေးသော သာသနာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှေးယခင် မြန်မာဘုရင်များ လက်ထက်ကတည်းမှ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များသည် ငြိမ်းချမ်းစွာဖြင့် #အတူယှဉ်တွဲနေထိုင်ကာ နိုင်ငံတာဝန်များကို #အသက်စတေးကာကွယ်ထမ်းရွက်ခဲ့သူများရှိသလို မင်းမှုထမ်းများ အဖြစ် #ဘုရင့်အမိန့်တော်များကိုဦးဆွေးဆံမြေ့ထမ်းရွက်ခဲ့ကြသူများ မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့ကြပါသည်။ ယခုမျက်မှောက်ခေတ်တွင်လည်း #နိုင်ငံတာဝန်များကိုဝန်ထမ်းကောင်းပီသစွာဖြင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်လျက် ရှိကြပါသည်။ သဟဇာတကျစွာဖြင့် အတူယှဉ်တွဲ နေထိုင်ကြသော အများပြည်သူကြားတွင် ဘာသာရေးအခြေခံသော အမုန်းတရားနှင့် ပြဿနာများ ဖန်တီးသော လူတန်းစားတစ်ရပ်သည် ဘာသာတိုင်းတွင် မိမိကိုးကွယ်ရာဘာသာ၏ ပုံရိပ်ဖျက်ဆီးသူများရှိကြပါသည်။

​မကြာသေးမီအချိန်တွင် online ဆိုရှယ်မီဒီယာ တဆင့် (Pu Tuu Ko Ko 969)နှင့် (Ko Ko PuTuuLay) အကောင့်ဖြင့် Tik Tok လူမှုစာမျက်နှာမှ Live လွှင့်ပြီး အစ္စလာမ်ဘာသာဝင်များ နေ့စဉ် စုပေါင်းဝတ်ပြုရန် ဦးဆောင် ဖိတ်ခေါ်သည့် #အာဇာန်သံနှင့် #ယုံကြည်ကိုးကွယ်ရာ(အလ္လာဟ်) နာမတော်တို့နှင့် ပတ်သက်၍ ရည်ရွယ်ချက် ရှိရှိနှင့် နှိမ့်ချကာ #မိုက်ရိုင်းစွာ #စော်ကားပြောဆိုမှုများ အီလက်ထရောနစ် လူမှုစာမျက်နှာပေါ်ရေးသား နေခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များ လွန်စွာ စိတ်မကောင်းဖြစ်ခဲ့ကြပါသည်။ ထို့မျှမကသေးဘဲ ထပ်ဆင့်၍ မိမိတို့၏ #အိမ်မွေးခွေးအမည်အား အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ရာဖြစ်သော ဖန်ဆင်းရှင်၏ #အမည်နာမတော်ထားထားကြောင်း လူသိရှင်ကြား Live လွှင့်ပြောကြားခဲ့ရာ အစ္စလာမ်ဘာသာဝင်များ စိတ်ဆိုး ဒေါသ ထွက်သည်အထိ နာကျဉ်ခံစားခဲ့ရပါသည်။

​အစ္စလာမ် ဘာသာဝင်များ အနေဖြင့်လည်း ဖန်ဆင်းရှင်နှင့် အစ္စလာမ့် အထိမ်းအမှတ်များကို အကြည်ညိုပျက်အောင် ကြံရွယ်လုပ်ဆောင်ခြင်း၊ အသရေဖျက်ခြင်း၊ စော်ကားခြင်းများကို ဘာသာဝင်များဖြစ်စေ၊ ဘာသာခြားများကဖြစ်စေ ပြုလုပ်လာပါက မိမိနေထိုင်ရာနိုင်ငံ၏ တရားဥပဒေနှင့်အညီ တားမြစ်ရန် နောက်နောင် မပြုလုပ်ရန် တရားသော နည်းလမ်းများဖြင့် တားဆီးရန် တာဝန်ရှိသည်။ လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီး အနေဖြင့်လည်း အထက်ပါစော်ကားမှုအတွက် အပြင်းအထန် ရှုံ့ချသည့်အပြင် အထက်ပါကိစ္စနှင့် ပတ်သက်၍ #အသင်းကြီး၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ #ဥပဒေအထောက်အကူပြုအဖွဲ့ရှေ့နေကြီးများနှင့် #ဘာသာရေးဆရာတော်ကြီးများတိုင်ပင်ပြီး လိုအပ်သလို ဆက်လက်၍ #အဆင့်ဆင့် #အရေးယူဆောင်ရွက်မှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း အများပြည်သူ သိစေရန် ကြေညာအပ်ပါသည်။

​ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
AL-HAADI Center Myanmar
လမ်းပြသူဗဟို-မြန်မာ (အသင်းအဖွဲ့ကြီး)

သာသနာ့ဝန်ထမ်းများအားထောက်ပံ့ကူညီရန်အတွက်သက်သေခံစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများ သိရှိစေရန် ထပ်မံကြေညာခြင်း‎          ...
11/04/2026

သာသနာ့ဝန်ထမ်းများအားထောက်ပံ့ကူညီရန်အတွက်သက်သေခံစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများ သိရှိစေရန် ထပ်မံကြေညာခြင်း
‎ ⊰᯽⊱—•••••❊•••••—⊰᯽⊱

ရက်ဆွဲ။ ။(၂၀၂၆)ခုနှစ် ဧပြီလ ၁၁ ရက်။

AL-HAADI Center Myanmar (လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီးထံ (၄-၄-၂၀၂၄) နေ့တွင် သာသနာ့ဝန်ထမ်းများအား ထောက်ပံ့ကူညီရန်အတွက် အဆိုပြုလွှာဖြင့် အထောက်အထားများပြည့်စုံစွာတင်ပြခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ် မေဃသီရိရပ်ကွက်နေ မော်လဝီ ဟာဖီဇ် တပါးအား အလ်ဟာဒီအသင်းမှ သာသနာ့ဝန်ထမ်းများအား ထောက်ပံ့ကူညီနိုင်ရန် အဆိုပြု လျှောက်ထားလွှာအပေါ် ထောက်ပံ့ကူညီနိုင်ရန် သက်သေခံစိစစ်ရေးကတ်ပြားအား ကတ်ပြား အမှတ် (၀၁၂၈) သက်​သခံစိစစ်ရေးကတ်ပြား အဝါရောင်ကတ်အား လေစာတံစိပ်ရိုက်နှိပ်ပြီး ထုတ်ပေးခဲ့ပါသည်။

ထိုသက်သေခံကတ်ပြား ထုတ်ပေးပြီးနောက်ပိုင်း အလ်ဟာဒီအသင်းမှ (၂)ကြိမ်တိုင်တိုင် ၅ လ၊ ၆ လ ခြားစီး ဖုန်းဖြင့်ဆက်သွယ်ပြီး သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူအားလုံးအား မိမိတို့၏ သတ်​သေခံကတ်ပြားများကို #မိမိိိခန္ဓာကိုယ်နှင့်တပါတည်းယူဆောင်သွားကြပါရန် အသိပေး အကြောင်းကြားထားပြီး ဖြစ်သည့်အပြင် နိုင်ငံတော် အာလင်မ်၊ မော်လဝီ၊ ဟာဖီဇ်များအား စစ်မှုထမ်း ပြင်ဆင်ဥပဒေ အသစ်ထွက်ရှိပြီး အာလင်မ်၊ မော်လဝီ၊ ဟာဖီဇ်များအား ကင်းလွတ်ခွင့်ပြုကြောင်း ဧပြီလ (၂)ရက်နေ့၌ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည့်နောက်ပိုင်း (၃-၄-၂၀၂၆)ရက်နေ့တွင် AL-HAADI Center Myanmar (လမ်းပြသူဗဟို-မြန်မာ)အသင်းအဖွဲ့ကြီးမှ Facebook တွင် post တင်ပြီး Social Media မှတဆင့် သာသနာ့ဝန်ထမ်း စိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူများသည် သွားလေရာ မိမိတို့ကတ်ပြားများကို တပါတည်းယူဆောင်သွားကြပါရန်နှင့် #ယူဆောင်သွားခြင်းမရှိသူများအားအသင်းဘက်မှကူညီနိုင်မည်မဟုတ်ကြောင်း (မိမိတို့ကို အလ်ဟာဒီအသင်းမှ ထုတ်ပေးထားသော ကတ်အား မိမိတို့သွားလေရာ ခန္ဓာကိုယ်၌ တပါးတည်း ယူဆောင်သွားမှသာလျှင် အသင်းဘက်မှ လိုအပ်သလို ကူညီစောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း) ရေးသားပြီး အသိပေးကြေညာထားပြီး ဖြစ်ပါသည်။
အောက်ပါ link ကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1DnUWwX36u/

သို့သော် ယနေ့ (၁၁-၄-၂၀၂၆) ရက်နေ့တွင် အဆိုပါ အောင်မြေသာစံမြို့နယ်၊ မေဃသီရိရပ်ကွက်နေ မော်လဝီ၊ ဟာဖီဇ် အလ်ဟာဒီမှ ထုတ်ပေးထားသော သာသနာ့ဝန်ထမ်းများ ထောက်ပံ့ကူညီရန် စိစစ်​ရေးကတ်ပြား အမှတ်(၀၁၂၈) ကိုင်ဆောင်သူအား စစ်မှုထမ်းရန်အတွက် သက်ဆိုင်ရာမှ လာရောက်ဖမ်းစီးခေါ်ဆောင်သွားခဲ့ကြောင်း အလ်ဟာဒီအသင်းရုံးခန်းသို့ သူ၏ မိသားစုမှ လာရောက်တင်ပြရာ သက်သေခံပြား ကိုင်ဆောင်ထားခြင်း ရှိ/မရှိ မေးမြန်းသော်အခါ ၎င်းနှင့်တပါတည်း ကိုင်ဆောင်ထားကြောင်း ပြောကြားသည့်အပေါ်သက်ဆိုင်ရာ လူကြီးများထံ အသင်းဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ အတက်နိုင်ဆုံးဆက်သွယ်ဆောင်ရွက်ပြီး Data အထောက်အထားများ ပေးပို့ခဲ့ရာ ခရိုင်အကြီးအကဲများနှင့် တိုင်းတာဝန်ရှိသူများမှ စိစစ်ခဲ့ပြီးနောက်ဆုံးတွင် သက်သေခံစိစစ်ရေးကတ်ပြား ပြသနိုင်ခြင်းမရှိပါ။ ထိုသက်သေခံကတ် (အလ်ဟာဒီမှ ထုတ်ပေးသော သာသနာ့ဝန်ထမ်းများ ထောက်ပံ့ကူညီနိုင်ရန်စိစစ်ရေးကတ်ပြား) ၎င်းထံတွင်မရှိပဲ #ပျောက်ဆုံးနေသည်မှာ တနှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရပြီး သက်ဆိုင်ရာမှ ကတ်ပြားရှိပါက #ချက်ချင်းပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အဖြေပြန်လည်ရရှိခဲ့ကာကတ်ပြားပျောက်ဆုံးနေသည်မှာ တနှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ကာယကံရှင်မှပြောကြားခဲ့သဖြင့်မိသားစုမှာ အဖြစ်မှန်မသိရှိပဲ အသင်းသို့ လာရောက်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍အသင်းဘက်မှ ချက်ချင်းလွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။

ယခုရုံးပိတ်ရက်များဖြစ်နေပြီး ရုံးပြန်ဖွင့်သည့်နေ့မှသာ အထောက်အထားများနှင့်တကွ ပြန်လည်တင်ပြပြီး တောင်းဆိုပေးနိုင်မည်ဖြစ်၍ ကတ်ပြားရယူထားသူများသည် ကတ်ပြားကိုင်ဆောင်ထားခြင်းမရှိပါက ယခုလို နစ်နာမှုမျိုး ထပ်မံကြုံတွေ့လာရနိုင်သည့်အတွက် မိမိတို့၏ သက်သေခံကတ်ပြားများကို ကိုင်ဆောင်ထားပြီး မိမိခန္ဓာကိုယ်နှင့် သွားလေရာ တပါတည်းယူဆောင်သွားကြပါရန်နှင့် ကတ်ပြားပျောက်ဆုံးခြင်း၊ သို့မဟုတ် ကတ်ပြားမရှိသူများသည် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးများဖြစ်သော-

( #အိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ့ချုပ်၊

#အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊

#မြန်မာမွတ်စလင်လူငယ်များ(သာသနာရေး)အဖွဲ့၊ မ - မ - လ ဌာနချုပ်၊

#မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မ - အ - ဖဌာနချုပ်)

၎င်းအဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက် ရယူထားကြပါရန် အသိပေးကြေညာအပ်ပါသည်။

08/04/2026

အစ္စလာမ်ဘာသာ သာနာနှင့် ပတ်သတ််််ပြီး သွေးတိုးစမ်းမှု စော်ကားမှု နစ်နာမှုများအတွက် ဥပဒေကြောင်းအရ ကာကကွယ်နိုင်ရန် ဥပဒေပညာရှင်များနှင့် ဓမ္မသတ်ပညာရှင်များ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းအစည်းအဝေးတွင် AL-HAADI Center Myanmar (လမ်းပြသူဗဟို-မြန်မာ)အသင်းအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်ကြီး အလ်ဟဂျ် မောင်လာနာ ဟာဖီဇ် အစ္စမာအီးလ်(ဆွာဟိဗ်)၏ မိန့်ကြားချက်များ

08/04/2026

Al-Haadi Center Myanmar (လမ်းပြသူ ဗဟို-မြန်မာ အသင်းအဖွဲ့ကြီး) မှ ကမကထပြုလုပ်သော အိမ်၊ ခြံ၊ မြေ နှင့် မြေအသုံးချမှုဆိုင်ရာ ဥပဒေအကြောင်းရ ပိုင်ရေးဆိုင်ခွင့်နှင့်ပတ်သတ်သော ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနား၌ ဆွေးနွေးမျှဝေပေးသော
ရန်ကုန်ုမြို့မှကြွရောက်လာသော အထူးဧည့်သည်တော်

❤️ ဆရာကြီး ဦးမြ၏တပည့် ❤️
🌹ဆရာဦးလှစိုး🌹

#ရုပ်သံမှတ်တမ်း(၉) ဒုတိယပိုင်း

ပြည်သူ့စစ်မှုထမ်းပြင်ဆင်သည့်ဥပဒေ (၂-၄-၂၀၂၆) ရက်စွဲဖြင့် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်း အတည်ပြုကြေညာချက် ထွက်ရှိပြီးနောက် ယခင...
08/04/2026

ပြည်သူ့စစ်မှုထမ်းပြင်ဆင်သည့်ဥပဒေ (၂-၄-၂၀၂၆) ရက်စွဲဖြင့် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်း အတည်ပြုကြေညာချက် ထွက်ရှိပြီးနောက် ယခင်လို
သာသနာ့ဝန်ထမ်းများအားထောက်ပံ့ကူညီရန်အတွက်သက်သေခံစိစစ်ရေးကတ်ပြား ဆက်လက်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ အစည်းအဝေးနှင့် ဆုံးဖြတ်ချက်

​ ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဧပြီလ ( ၈ ) ရက်

​၁။ ၂၀၂၃ခုနှစ်တွင် နိုင်ငံတော်မှထုတ်ပြန်ခဲ့သောစစ်မှုထမ်းဥပဒေပြဌာန်းကြေညာခြင်းနှင့် နည်းဥပဒေများထွက်ရှိလာရာတွင် အစ္စလာမ်ဘာသာဝင် ဘာသာရေးခေါင်းဆောင် မော်လဝီဆရာများနှင့် ဘာသာရေး ကျောင်းဆရာများ၊ အစ္စလာမ်ဘာသာဝင်သာသနာ့ပညာရှင်များနှင့်ပတ်သက်ပြီး (ကင်းလွတ်ခွင့်မပါရှိ) ပါ ဘာသာရေးဆိုင်ရာ ကင်းလွတ်ခွင့်တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ သာသနာ့တာဝန် ထမ်းဆောင်နေသူများကို ကူညီ ထောက်ပံ့နိုင်ရန်အတွက် (သာသနာ့ဝန်ထမ်းများအားကူညီထောက်ပံ့ရန်အတွက်သက်သေခံစိစစ်ရေးကတ်ပြား) ကတ်များကို ထုတ်ပေးနိုင်ရန်အတွက် ဦးဆောင်ဆရာတော်ကြီးများ၊ ပညာရေးတာဝန်ခံများ၊ နာယကဆရာတော်ကြီးများ၊ ဓမ္မသတ်ဌာနမှမုဖ်သီဆဟဗ်များ၊ ဥပဒေပညာရှင်များ၊ ကျန်းမာရေးတာဝန်ခံများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်သော AL-HADDI Center Myanmar လမ်းပြသူဗဟိုမြန်မာ အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူများ သောကဖြစ်ပြီး အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်ပြီး (၃၀- ၃- ၂၀၂၄)ရက်နေ့မှစပြီး စိစစ်ထုတ်ပေးခဲ့သည်မှာ သာသနာ့ကတ်ပြား (၂၂၅၂) ကတ်တိတိကိုထုတ်ပေးခဲ့ပြီးလိုအပ်သောထောက်ပံ့ကူညီပေးနိုင်ခဲ့ပါသည်။

​၂။ ၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲပြင်ဆင်ဥပဒေများ ထွက်ပေါ်လာရာတွင် အစ္စလာမ်သာသနာဝင် သာသနာ့ပညာရှင်များကို သာသနာ့ဝန်ထမ်းများ အဖြစ် သတ်မှတ်ကာ မဲပေးခွင့်မပြုခဲ့ခြင်းနှင့် စစ်မှုထမ်းကိစ္စတွင် ကင်းလွတ်ခွင့် မပြုခြင်းတို့တွေ့ရှိခဲ့ရပြီး (နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ရပိုင်ခွင့်ရှိသော မဲပေးခွင့် ဆုံးရှုံးခဲ့ရပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ပေးအပ်မှုတွင် ပါဝင်နေခြင်း)ကို အသင်းအဖွဲ့ကြီး၏ ဥက္ကဌ ဦးအောင်ကျော်လတ်မှ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဗဟို အိုလမာသာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဥပဒေပညာ ရှင်ဖြစ်သော တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်ငြိမ်း (မောင်တောသီ)ဆရာကြီးထံဖုန်းဆက်ပြီး အာလင်မ်သာသနာ့ ပညာရှင်များနှင့်ပတ်သက်ပြီးရွေးကောက်ပွဲဆိုင်ရာပြင်ဆင်ဥပဒေအရ နိုင်ငံသားအခွင့်အရေးဆုံးရှုံးရပြီးနိုင်ငံသား တာဝန်ပေးအပ်ရမည့်သဘောဖြစ်နေသည့်အပေါ် ရပိုင်ခွင့် ဆုံးရှုံးလျှင် ပေးရန်တာဝန်လည်း ကင်းလွတ်ခွင့် ပြုသင့် သည်ဟု ရွေးကောက်ပွဲဥပဒေနှင့် စစ်မှုထမ်းဥပဒေ နှစ်ရပ် ညီမျှခြင်းမရှိသည်ကို နိုင်ငံတော်အကြီးအကဲများထံ ပြင်ဆင်တည်းမတ်ပေးပါရန်အတွက် AL-HADDI Center Myanmar လမ်းပြသူဗဟို မြန်မာ အသင်းအဖွဲ့ အနေဖြင့် သဘောရိုးဖြင့်တင်ပြသွားရန်ရှိသည့်အတွက်အကြံပြုပေးပါရန် ဖုန်းဖြင့်တင်ပြခဲ့သည့်အပေါ် တရားလွှတ် တော်ရှေ့နေကြီးဦးကျော်ငြိမ်း(မောင်တောသီ)ဆရာကြီးမှ အကြံပြုချက်များပေးခဲ့သည့် အပြင် အသင်းအဖွဲ့ဥပဒေ ပညာရှင်များနှင့် အစည်းအဝေးပြုလုပ်ပြီး တင်ပြမည့်စာကိုရေးသား၍ viberမှ တဆင့် ပြသပေးပါ လိုအပ်သော စာရေးသားမှုအားပြင်ဆင်အတည်ပြုပေးမည်ဖြစ်ကြောင်းပြတင်ခဲ့ပါသည်။
​၃။ တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်ငြိမ်း(ဖောင်တော်သီ)ဆရာကြီးမှ viber က AL-HADDI Center Myanmar အသင်းဘက်က တင်ပြလိုက်သည့်အပေါ် နိုင်ငံတော်၏ ပြည်ထောင်စုဝန်ကြီးများမှ လိုအပ်လျှင်ဖြစ်စေ အစ္စလာမ်ဘာသာရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်လျှင်ဖြစ်စေ နိုင်ငံတော်မှ တရားဝင်ဆက်သွယ်ဆောင်ရွက်ရန် အသိအမှတ်ပြုထားသော အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကိုသာ ဆက်သွယ်ဆောင်ရွက်လေ့ရှိသည့်အတွက် ထိုသို့ဆက်သွယ်လာလျှင်လည်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဘက်မှ ခင်ဗျားတို့ တင်ပြစာအပေါ် ဆက်လက်ထောက်ခံ တောင်းဆိုပေးသွားမည့်အကြောင်းနှင့် မိမိတို့နိုင်ငံရှိ ဘက်မှ အများအတွက် ပြုလုပ်သင့်သည့်ကိစ္စကို လုပ်ကိုင်ခြင်းဖြစ်၍ ဆရာဦးကျော်ငြိမ်းမှ ကူညီပေးရန်အသင့်ဖြစ်သည်ဟု ပြောကြားခဲ့သည့်အပြင် ဥက္ကဌ ဦးအောင်ကျော်လတ်မှ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဟာဂျီဦးကျော်ခင်၊ ဟာဂျီဦးဝဏ္ဏရွှေတို့အားလည်း ဖုန်းဖြင့် တင်ပြတိုင်ပင်ဆွေးနွေးခဲ့ပြီးနောက် (၈ - ၈ - ၂၀၂၅)ရက် သောကြာနေ့တွင် ဥပဒေလမ်းကြောင်းအရ မဲပေးခွင့်နှင့် စစ်မှုထမ်းဥပဒေစနစ်မှာ ကွဲလွဲနေသည်ကိစ္စအပေါ် အသင်းအဖွဲ့ကြီးတွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဥပဒေအထောက်အကူပြုကော်မတီအဖွဲ့ဝင် ၂၅ဦးမှ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (စစ်မှုထမ်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကို အသနားခံစာတင်ပြရန်) အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။ အသင်းအဖွဲ့ကြီး၏ LetterHead ဖြင့် တင်ပြသွားမည့်ကိစ္စအပေါ် AL-HADDI Center Myanmar လမ်းပြသူဗဟိုမြန်မာ အသင်းအဖွဲ့ကြီး၏ EC အစည်းအဝေး ဆုံးဖြတ်ချက်ရယူသွားရန်သာ ဆုံးဖြတ်ခဲ့ကြပါသည်။

​၄။ (၁၀ - ၈ - ၂၀၂၅)ရက်နေ့တွင် ပြုလုပ်ခဲ့သော AL-HADDI Center Myanmar လမ်းပြသူဗဟိုမြန်မာ အသင်းအဖွဲ့ကြီး၏ ဗဟိုအလုပ်အမှုဆောင် EC အစည်းအဝေးတွင် တင်ပြခဲ့ပြီး အသင်းအဖွဲ့ကြီး၏ LetterHead ဖြင့် တင်ပြသွားရန် အတည်ပြုဆုံးဖြတ်ချက်ရရှိပြီး ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ရက်စွဲဖြင့် အသင်းအဖွဲ့ကြီး၏စာအမှတ် - လပသ(ဗဟို)အစရ ၀၁၇/၂၀၂၅ အရ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများထံ (စစ်မှုထမ်းနှင့်ပတ်သက်ပြီး အသနားခံစာများကို အသင်းအဖွဲ့ကြီး၏ ဥက္ကဌ ဦးအောင်ကျော်လတ်မှ လက်မှတ်ရေးထိုး တင်ပြပေးပို့ခဲ့ပါသည်။ ထိုသို့တင်ပြခဲ့ပြီးနောက် သက်ဆိုင်ရာအကြီးအကဲများမှ လိုအပ်သော ခေါ်ယူမေးမြန်းမှုများကို ပြုလုပ်ခဲ့ရာတွင် ဥက္ကဌ၊ ဥပဒေပညာရှင်၊ ဘာသာရေးဆရာမော်လဝီများမှ သွားရောက်ရှင်းပြခဲ့ကြပြီး ပြည်ထောင်စုသာသနာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ နိုင်ငံတော်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ (အိုလမာ - အစ္စလာမ်သာသနာပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး)အဖွဲ့၊ မ - မ - လ ဌာနချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်၊ မ - အ - ဖ ဌာနချုပ်) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရပ်ရပ်အား ၂၀၂၆ခုနှစ်၊ ဧပြီ ၂ရက်နေ့ရက်စွဲဖြင့် တရားဝင် အစ္စလာမ်ဘာသာဝင် မော်လဝီ၊ ဟာဖစ်ဇ်အီမာမ်များအပါအဝင် သက်ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အသိအမှတ်ပြု လက်မှတ်ကိုင်ဆောင် ထားသည့် အစ္စလာမ်သာသနာဝင် သာသနာ့ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ကင်းလွတ်ခွင့် ပြုသည်ဆိုသည့် ပြင်ဆင်ချက် ထွက်ပေါ်လာပါသည်။ ယခုလို ပြင်ဆင်ချက် ဥပဒေမထွက်ခင် အချိန်ထိ အလ်ဟာဒီစင်တာမြန်မာ အသင်းမှ သာသနာ့ဝန်ထမ်းကူညီထောက်ပံ့ရေးကတ်များ (၂၂၅၂) ခန့်ထုတ်ပေးပြီး ဖြစ်ပါ၍ ယခု ဆက်လက်ပြီး သာသနာ့ဝန်ထမ်းကူညီထောက်ပံ့ရေးကတ်များထုတ်ပေးခြင်းလုပ်ငန်း (ဆောင်ရွက်မည် / မဆောင်ရွက်မည်ကို) ဆွေးနွေးဆုံးဖြတ်အတည်ပြုသွားရန်ဖြစ်ပါသည်။

​၅။ AL-HADDI Center Myanmar လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီးမူအရ မည်သည့် ကိစ္စမည်သည့် နစ်နာမှုကိုမဆို ရှရီအသ်နှင့်အညီ တည်ဆဲဥပဒေဘောင်အတွင်းက လိုအပ်သလို ကာကွယ်ကူညီ ဆောင်ရွက် သွားရန်နှင့် အသင်းကြီး၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော အသင်းအဖွဲ့တစ်ခုခုက လုပ်ကိုင်ခြင်းမရှိတဲ့ ကျန်ရှိပြီး အများအတွက် လိုအပ်သော အလုပ်များ(လိုအပ်ချက်များ) အား ကွက်လပ်ဖြည့်ရန် ရည်ရွယ်ချက်မူ အတိုင်း ၂၀၁၉ခုနှစ်မှ စတင်ပေါ်ပေါက်လာသော အသင်းအဖွဲ့ကြီးဖြစ်ပြီး အသင်းအဖွဲ့ကြီး၏ သမိုင်းတွင်လည်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အခြားသောအဖွဲ့အစည်းများ (လုံးဝ)ပြုလုပ်ခြင်းမရှိသော အများလိုအပ်ချက် များကို ဦးဆောင်အရာတော်၊ နာယက ဆရာတော်ကြီးများ ဓမ္မသတ်ဌာန မုဖ်သီများ၊ ဥပဒေအထောက်အကူပြုကော်မတီမှ ဥပဒေပညာရှင်များ၊ ကျန်းမာရေးဆရာဝန်ကြီးများကို အလုပ်အမှုဆောင်အသီးသီးတို့၏ လမ်းညွှန်မှု အစည်း အဝေးဆုံးဖြတ်ချက်နှင့်အညီ တစ်ကြိမ်တစ်ခါမျှ ဆောင်ရွက်ယုံခြင်းမရှိသေးကိစ္စများကို အစည်းအဝေးဆုံးဖြတ်ချက် ဖြင့် လုပ်ကိုင်ရမည့် မူဘောင်များ၊ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးပြီး ထိုဘောင်အတွင်းကသာ မြေပြင် ဆောင်ရွက်သော အလ်ဟာဒီစင်တာမြန်မာ EC အဖွဲ့ကြီးများ၊ အဖွဲ့ဝင်လူငယ်များနှင့် Volunteer လုပ်အားပေး ပါဝင်သူများက သတ်မှတ်ပေးထားသော ဘောင်အတွင်းကသာ ဆောင်ရွက်လေ့ရှိပါသည်။ ဥပမာအဖြစ်တင်ပြ ရလျှင် - - - -

​(က) ပြင်သစ်နိုင်ငံမှ တမန်တော်မြတ်(ဆွ)အား စော်ကားသည့်ကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ အာလင်မ်အိုလမာများ၊ မန္တလေးမြို့ပေါ်ရှိအာလင်မ်များနှင့် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်ခရိုင်၊ ယင်းတော်၊ သာစည်၊ မိတ္ထီလာ၊ ပျဉ်းမနား၊ ပြင်ဦးလွင်တို့မှ အာလင်မ်အိုလမာများနှင့် ဥပဒေပညာရှင်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အစ္စလာမ်ဘာသာဝင် များကိုယ်တိုင် အလ်ဟာဒီစင်တာမြန်မာရုံးတွင် လာရောက် လက်မှတ်ရေးထိုးပြီး ပြင်သစ်သံရုံးသို့ ကန့်ကွက်လွှာများပေးပို့ဆောင်ရွက်ခဲ့ကြသည်။

​(ခ) တနင်္သာရီတိုင်းဒေသကြီးအတွင်း ကလေးငယ်များဝတ်ဆင်သော ကျောင်းဝတ်စုံများပေါ်တွင် ကလေးမဟ်ဗာသာရေးစာသားပါဝင်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု သာသနာရေးဌာနပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများသို့ တရားဝင်တားဆီးပေးနိုင်ရေး တင်ပြခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ထိုနယ်မြေတွင် တင်သွင်းရောင်းချသူများထံမှ ပစ္စည်းများကို နိုင်ငံတော်အစီအစဉ်ဖြင့် တရားဝင်သိမ်းဆည်းခြင်း၊ ပြုလုပ်ဆောင်ရွက်သူများအား ဝန်ခံကတိပြုချက် လက်မှတ်ရေးထိုးပြီး ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

​(ဂ) ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကိစ္စများအား ဌာနမှူး၊ သမားတော်၊ ပါမောက္ခကြီးများ ဦးဆောင်ပြီး ဗလီဝတ်ကျောင်းတော် ရင်ပြင်၌ နိုင်ငံတော်ကျန်းမာရေးအဖွဲ့များ၏ အကူအညီဖြင့် ဆေးထိုးခြင်းလုပ်ငန်းများ၊ အာရဗီကျောင်းများတွင် ဆေးထိုးခြင်းလုပ်ငန်းများကို အစ္စလာမ်ဘာသာဝင်များအပြင် သာသနာပေါင်းစုံ ပြည်သူအများအပြားအား သတ်မှတ်ရည်ရွယ်ချက် ပြည့်မီသည်အထိ ဆောင်ရွက်ခဲ့ပါသည်။

​(ဃ) စီးပွားရေးကျပ်တည်းသောကာလများတွင် စားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း၊ ဆန်(၁)ပြည် ၁၀၀၀ ကျပ် သတ်မှတ်ပြီး နေရာအများအပြား၌ ဘာသာပေါင်းစုံ ပြည်သူများ၏ အခက်အခဲ ဖြေရှင်းဆောင်ရွက်ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

​(င) လူငယ်လူရွယ်များ အခမဲ့ပညာသင်ယူဆည်းပူးနိုင်ရန်နှင့် အလုပ်အကိုင်ရရှိစေရန်အတွက် -

(ကက) စာရင်းအင်းနှင့် စာရင်းကိုင်ပညာ အခမဲ့သင်တန်းများ သင်ကြားပေးခြင်း

(ခခ) Smart phone (hard ware/soft ware) ပြုပြင်ခြင်း အခမဲ့ပညာသင်တန်းများစွာ ဆောင်ရွက်ပေးခဲ့ခြင်း။

(ဂဂ) အမျိုးသားကွန်ပျူတာသင်တန်းများ၊ အမျိုးသမီးကွန်ပျူတာသင်တန်းများ အခမဲ့သင်ကြားပေးခြင်း

(ဃဃ) English စကားပြောသင်တန်းများ အခမဲ့သင်ကြားပေးခြင်း စဖြင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အခမဲ့သင်တန်းများ။

​(စ) အလ်ဟာဒီစင်တာမြန်မာအသင်းအဖွဲ့မှ အခမဲ့သင်တန်းများ တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသား/သူများ အလုပ်အကိုင်ရရှိလိုသူများအား လုပ်ငန်းခွင်အရောက် အလုပ်ရှင်နှင့် အသင်းမှ တတ်မြောက်အောင်မြင်သော သင်တန်းဆင်းလက်မှတ်များအား အာမခံပြီး သတ်မှတ်လစာအပြည့်အဝရရှိပြီး အလုပ်ခန့်အပ်ခြင်းရရှိရန် ဆောင်ရွက်ပေးခဲ့ပါသည်။

​(ဆ) မှတ်ပုံတင် လုံးဝမလုပ်ရသေးသူများအား ရပ်ကွက်အလိုက် လိုက်လံစာရင်းကောက်ယူပြုစုပြီး သက်​ဆိုင်ရာအစိုးရအဖွဲ့မြို့နယ်ခရိုင်လ.ဝ.က၊ တိုင်းလ.ဝ.က အကြီးအကဲများနှင့် တွေ့ဆုံညှိနှိုင်းတိုင်ပင်ပြီး ဖြေလျှော့သင့်သည်များကို ဖြေလျှော့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တကြိမ်တစ်ခါမျှ ကိုင်ဆောင်ဖူးခြင်း မရှိသော နိုင်ငံသားများအား မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးနိုင်သည့်အပြင် ယခုအသင်းရုံးနှင့် နယ်မြေအေးချမ်းသာယာရေးအသင်းများနှင့် ပူးပေါင်းပြီး မှတ်ပုံတင်အသစ် လျှောက်ထားခြင်း၊ မှတ်ပုံတင်အပျောက်၊ အပျက်လျှောက်ထားခြင်း၊ မှတ်ပုံတင် (၁၈နှစ်ပြည့်၊ ၂၀ပြည့်၊ ၄၅နှစ်ပြည့်) လဲလှယ်ခြင်းများ စုစုပေါင်း လူဦးရေ(၁၀၀၀)ကျော်အား သင်္ကြန်ပိတ်ရက်ပြီးနောက်ပိုင်း သက်ဆိုင်ရာမြို့နယ် လ.ဝ.ကများတွင် တင်ပြရန် တစ်ဦးစီ၏ အထောက်အထားဖောင်များ ပြည့်စုံစွာ ရေးသွင်းထားပြီး ဖြစ်သည့်အပြင် ရပ်ကွက်ထောက်ခံစာ/ရဲစခန်းထောက်ခံစာများ ရယူပြီးဖြစ်၍ ရုံးဖွင့်ရက်တွင် မြို့နယ် လ.ဝ.ကရုံးသို့ တင်ရန် အဆင့်သင့်ဖြစ်ပါသည်။

​(ဇ) အလ်ဟာဒီစင်တာ မြန်မာအသင်းအဖွဲ့ကြီးထံ တင်ပြလာကြသည့် ဥပဒေဆိုင်ရာ ကိစ္စများနှင့် ဥပဒေရေးရာ အထက်အကျရလိုသော အကူအညီတောင်းခံမှုများ တစ်နှစ်လျှင် ဝင်စာ(၁၀၀)ကျော်ရှိခဲ့ပြီး ဥပဒေပညာရှင်များ ဦးဆောင်မှုဖြင့် မန္တလေးမြို့အပါအဝင် နေရာစုံမှ တင်ပြလာသည့် အချိန်သော အမှုများအား တွေ့ဆုံညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့သလို အချို့သော နစ်နာမှုများအတွက် ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ခြင်း၊ တရားစွဲဆောင်ရွက်ခြင်းများနှင့် တရားရုံးအဆင့်ဆင့် လူထုအတွက် ဥပဒေဘောင်အတွင်း တောင်းဆိုဆောင်ရွက်ခဲ့ရုံမကဘဲ နစ်နာမှုများအား ပြန်လည်အဆင်ပြေစေရန် ကုစားပေးနိုင်ခဲ့ပါသည်။ ၂၀၂၅ခုနှစ်တွင် တင်ပြစာ (၁၀၀)ကျော်တွင် အမှုများအားလုံးအား သက်ဆိုင်ရာသို့ အမှန်အတိုင်းဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာအဆင့်ဆင့် စုံစမ်းစစ်ဆေးခဲ့ပြီး ပြန်လည်ဖြေလျှော့ခြင်း၊ အမှုပိတ်သိမ်းခြင်း၊ ဝန်ခံကတိရေးထိုးပြီး အမှုများ ပယ်ဖျက်ပေးခဲ့ခြင်းနှင့် တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်၍ နစ်နာသူများ အနိုင်ရရှိပြီးဖြစ်ပါသည်။ (၃)မှုမှာ အောင်မြင်မှုမရဘဲ ရှုံးနိမ့်ခဲ့ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ပလီတလုံးနှင့် သက်ဆိုင်သော အမှု၊ ဘာသာရေးစာသင်ကျောင်းနှင့် သက်ဆိုင်သော အမှု၊ ထို(၂)မှုမှာ တရားရုံးတွင် စစ်ဆေးဆဲဖြစ်ပြီး ပြီးပြတ်ခြင်းမရှိဘဲ ကျန်ရှိနေပါသည်။

​(ဈ) မန္တလေးမြို့တွင် ၂၀၂၅ခုနှစ်၊ မတ်လ(၂၀)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲကြောင့် ပြိုကျပျက်စီးသွားသော ကန်ထရိုက်တိုက် အဆောက်အအုံများ၏ တိုက်ခန်းဝယ်ယူပိုင်ဆိုင်ထားသူများနှင့် မြေရှင်ဆိုသော အမည်ပေါက်ပိုင်ဆိုင်သူ/အမွေဆက်ခံသူများကြား ဖြေရှင်းမရ အငြင်းပွားဖွယ် ဥပဒေပြဿနာများနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဓမ္မသတ်ဌာနမှ ဝိသေသီများ၏ လမ်းညွှန်ချက်များနှင့်အညီ အောင်မြေသာစံခရိုင် အိမ်ခြံမြေအသင်း​ကြီးနှင့် အလ်ဟာဒီစင်တာ (လမ်းပြသူဗဟို - မြန်မာ) အသင်းတို့ပူးပေါင်းပြီး သာသနာရေးအဖွဲ့ကြီး ဗဟိုမှ တရားလွှတ်တော်ရှေ့နေဦးကျော်ငြိမ်းအကြံပြုချက်ဖြင့် အစ္စလာမ်ဘာသာရေးအဖွဲ့၊ မန္တလေး ရှေ့ဆောင်ကြီးများဦးဆောင်ပြီး ဝါရင့်ဥပဒေပညာရှင်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် စိတ်ဝင်စားသောပြည်သူများ တက်ရောက်သော ဥပဒေဆိုင်ရာဆွေးနွေးမှု ဝေခြမ်းအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားမှ ထွက်ရှိလာသောဆွေးနွေးချက်များဖြင့် ယခုပေါ်ပေါက်လာမည့်လွှတ်တော်မှ နစ်နာသူများနှင့် မြေရှင်များကြားဥပဒေတရပ်အတည်ပြုထုတ်ပြန်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

​(ည) နှစ်စဉ်နှစ်တိုင်း အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လတွင် အိုးဘိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းအချုပ်ကျနေသော အစ္စလာမ်ဘာသာဝင် အမျိုးသား/သမီးများ ဝဲလ်ရီနှင့် အသ်သာရီရရှိစေပြီး ဥပုသ်သီလဆောက်တည်နိုင်ရန် နေ့စဉ်ရက်စက်လွန်ခဲ့သော နှစ်ပေါင်း ၂၅နှစ်ကတည်းက စဉ်ဆက်မပျက် ဆောင်ရွက်ခဲ့သောလုပ်ငန်းအား အသင်းပေါ်ပေါက်လာပြီးနောက် မူလဆောင်ရွက်ခဲ့သောသူများမှ အသင်းသို့လွှဲပြောင်းတာဝန်ပေးအပ်ခဲ့သည့်အတွက် အသင်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အစဉ်ဆောင်ရွက်ခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။

​(ဋ) စီရသ်ရေးဖြေပြိုင်ပွဲကျင်းပခြင်း၊ စီရသ်အခမ်းအနားကျင်းပခြင်း၊ ပလီရှေ့ဆောင်ဆရာ အာလင်မ်များကို ထောက်ပံ့ငွေ ဟဒီယာပေးအပ်ခဲ့ခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိပါသည်။

​သာသနာ့ဝန်ထမ်းများအား ထောက်ပံ့ကူညီရန်အတွက် သက်သေခံစိစစ်ရေးကတ်ပြား ဆက်လက်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ အစည်းအဝေးဆုံးဖြတ်ချက်မှာ -

​အသင်းအဖွဲ့ကြီး စတင်ပေါ်ပေါက်ကတည်းက ယနေ့တိုင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နှင့်မှ ယှဉ်ပြိုင်ရန်၊ တိုက်ခိုက်ရန် ပေါ်ပေါက်ခဲ့သော အသင်းအဖွဲ့မဟုတ်သလို ဆောင်ရွက်လုပ်ကိုင်ပြီးသော အဆိုပါလုပ်ငန်းများသည်လည်း မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကမှ စတင်လုပ်ကိုင်ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော အများအတွက် အမှန်တကယ်လိုအပ်သည့် အလုပ်များအား ကွက်လပ်ဖြည့်ရန် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည့်အတွက် ယခုအခါ နိုင်ငံတော်မှ ကြေညာထားသည့် အာလင်မ် (အစ္စလာမ်ဘာသာအတွက်ဖြစ်လျှင် မော်လဝီ၊ ဟာဖီဇ်၊ အီမာန်အပါအဝင် သက်ဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အသိအမှတ်ပြုလက်မှတ်ကိုင်ဆောင်ထားသည့် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်း) များဖြစ်၍ စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် ပြင်ဆင်ဥပဒေ ထွက်ရှိလာပြီဖြစ်၍ ကျွန်တော်တို့ AL-HADDI Center Myanmar
လမ်းပြသူဗဟို - မြန်မာအသင်းအဖွဲ့ကြီးသည် တိုင်းအစိုးရတရားဝင်အသိအမှတ်ပြုထားသော အသင်းဖြစ်သော်လည်း အစ္စလာမ်သာသနာရေးအဖွဲ့ကြီးသည် နိုင်ငံတော်မှတရားဝင်နိုင်ငံတော်ကိုယ်စားပြုအဖွဲ့အဖြစ် ဆောင်ရွက်လုပ်ကိုင်နေခြင်းနှင့် ၎င်းအဖွဲ့များမှလည်း သာသနာ့ ကတ်များကို တစ်ဖွဲ့စီအလိုက်ဖြစ်စေ စုပေါင်း၍ဖြစ်စေ ထုတ်ပေးနေသည် / ထုတ်ပေးသွားမည်ဟု သိရှိရသည့်အတွက် မူလ AL-HADDI Center Myanmar လမ်းပြသူဗဟို - မြန်မာ အသင်းအဖွဲ့ကြီး၏ ရည်ရွယ်ချက်အတိုင်း အခြားအဖွဲ့အစည်းများလုပ်ကိုင်နေသည့် လုပ်ငန်းအလုပ်များကို ယခင်မလုပ်ခင်ကအတိုင်း ဆက်လက်လုပ်မည်ဆိုပါက အသင်းအဖွဲ့အချင်းချင်း ယှဉ်ပြိုင်သလို အမြင်စောင်းခြင်းများ ထင်ကြေးပေးပြောဆိုခြင်းများ အပြင် အသင်းကြီး၏ ရည်ရွယ်ချက်ကိုလည်း ဆန့်ကျင်ရာဖြစ်သည့်အတွက် အသင်းအဖွဲ့ကြီးမှ ရည်ရွယ်ချက်ကို ကျော်လွန်၍ ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ကြောင်း အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ချက်မှတ်လိုက်ပါသည်။

​သို့ဖြစ်ပါ၍ အာလင်မ် သာသနာ့ပညာရှင်များသည် အဖွဲ့ကြီးမှ (၄)ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ပြီး သာသနာ့ကတ်များရယူကြပါရန် အသိပေးကြေညာအပ်ပါသည်။ ရယူရန် အခက်အခဲ ရှိသူများအနေဖြင့် အသင်းရုံးချိန်အတွင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။ အခက်အခဲရှိသူများအတွက် အသင်းအဖွဲ့တာဝန်ရှိသူများမှ အစ္စလာမ်သာသနာရေးအဖွဲ့ကြီးလက်ရှိ (အိုလမာ - အစ္စလာမ်သာသနာပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်လူငယ်များ(သာသနာရေး)အဖွဲ့၊ မ - မ - လ ဌာနချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မ - အ - ဖဌာနချုပ်) တို့ထံဆက်သွယ် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။



​ အလ်ဟာဂျ်မော်လာနာဟာဖိဇ်အစ္စမာအီးလ်(ဆွာဟီဗ်)
ဦးဆောင်ဆရာတော်ကြီး
Al-Haadi Center Myanmar
လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီး
----------------------------------------------

အတ်စလာမုအလိုင်းကွန်းမ်ဝရဟ်မသွလ္လာဟိ ဝဗရကားသုဟူ
ယနေ့ အစ္စလာမ်ဘာသာနှင့်ပတ်သက်ပြီး သွေးထိုးခြင်း၊ စော်ကားခြင်းများနှင့် ပတ်သက်ပြီး အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် (၁:၃၀)နာရီကြာ အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဥပဒေပညာရှင်များရှေ့နေကြီးများ၊ ဓမ္မသတ်ပညာရှင်များ အကြိတ်အနယ်ဆွေးနွေးပြီး အောက်ပါအတိုင်းဆုံးဖြတ််််ချက်ချမှတ်ခဲ့ပါသည်။
၁။ ပြည်ထောင်စုသာသနာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို AL-HAADI Center Myanmar (လမ်းပြသူဗဟို-မြန်မာ)အသင်းအဖွဲ့ကြီးမှ တရားဝင် Letter Head ဖြင့် ထိုကိစ္စနှင့်ပတ်သတ်၍ အရေးယူပေးပါရန် စာတင်ပြသွားပါမည်။

၂။ ဤလုပ်ရပ်နှင့်ပတ်သက်ပြီး လုံးဝ လက်ခံနိုင်ခြင်းမရှိကြောင်း၊ အာဇာန်အသံကိုသာ စော်ကားရုံမဟုတ်ဘဲ အလ္လဟ်အရှင်မြတ်သခင်၏ နာမတော်ကိုပါ စော်ကားလာသည့်လုပ်ရပ်အား AL-HAADI Center Myanmar (လမ်းပြသူဗဟို-မြန်မာ)အသင်းအဖွဲ့ကြီးအနေနှင့် အစ္စလာမ်ဘာသာဝင်လူထုကိုယ်စား လုံးဝ လက်မခံနိုင်ကြောင်း၊ ရှုံ့ချကြောင်း ကြေညာချက် statement ထုတ်မည်ဖြစ်ကြောင်း

၃။ သွေးထိုးစော်ကားသော ပုဂ္ဂိုလ်များထံ အရောက် ဥပဒေအထောက်အကူပြုကော်မတီဝင် ရှေ့နေကြီးများမှတဆင့် နို့တစ်စာ (အကြောင်းကြားစာ) ပေးပို့သွားဖြစ်ကြောင်း

ပထမခြေလှမ်းအဖြစ် ဤ လုပ်ငန်းစဉ် (၃)ရပ်အား လုပိဆောင်သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူအားလုံး အယောက်(၄၀)ကျော်၏ သဘောထားဆန္ဒများအတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါသည်။
အထက်ပါ လုပ်ငန်းစဉ်များနောက်ပိုင်း စောင့်ကြည့်ကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

✍️✍️ ပြန်ကြားရေးအဖွဲ့ ✍️✍️
🌟🌟 AL-HAADI CENTER Myanmar 🌟 🌟

----------------------------------------------

🌟

အစ္စလာမ်ဘာသာ သာသနာနှင့် ပတ်သက်ပြီး သွေးတိုးစမ်းမှု၊ စော်ကားမှု၊ နစ်နာမှုများအတွက် ဥအဒေကြောင်းအရ ကာကွယ်နိုင်ရန် ဥပဒေပညာရှ...
08/04/2026

အစ္စလာမ်ဘာသာ သာသနာနှင့် ပတ်သက်ပြီး သွေးတိုးစမ်းမှု၊ စော်ကားမှု၊ နစ်နာမှုများအတွက် ဥအဒေကြောင်းအရ ကာကွယ်နိုင်ရန် ဥပဒေပညာရှင်များနှင့် ဓမ္မသတ်ပညာရှင်များ ဆွေးနွေးအဖြေရှာခြင်း အစည်းအဝေးစတင်
အင်န်ရှာအလ္လာဟ် မကြာမှီ အစည်းအဝေးဆုံးဖြတ်ချက်များ တင်ပြပေးသွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လိုသူများ AL HAADI Center Myanmar (လမ်းပြသူ ဗဟို-မြန်မာ)အသင်းအဖွဲ့ကြီးသို့ ဆက်သွယ်ပါဝင်နိုင်ပါသည်။

AL-HAADI Center Myanmar  လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီထံမှ အကူအညီရယူလိုသူများအားလုံးအား သိရှိလိုက်နာစေရန်အသိပေးကြေညာ...
05/04/2026

AL-HAADI Center Myanmar လမ်းပြသူဗဟို-မြန်မာ အသင်းအဖွဲ့ကြီထံမှ အကူအညီရယူလိုသူများအားလုံးအား သိရှိလိုက်နာစေရန်အသိပေးကြေညာခြင်း

၁။ #တရားဝင်တင်ပြအကူအညီတောင်းခံစာအား

သို့/
ဥက္ကဌ
လမ်းပြသူဗဟို-မြန်မာ
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

#ရက်စွဲပါရှိရမည်။

#အကြောင်းအရာတွင် ဘာကိစ္စ အကူအညီတောင်းပါသည်လို့ရေးရမည်။

#အပိုဒ်၁တွင် အကူအညီတောင်းခံသူ၏ နေရပ်လိပ်စာအတိအကျ၊ အပြည့်အစုံနှင့် စာတင်သူ၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်များပြည့်စုံစွာရေးသားဖော်ပြပေးရမည်။

#အပိုဒ်၂တွင် အကူအညီတောင်းခံလိုသောပြသနာဖြစ်စဥ်များ

လင်မယားကိစ္စဆိုလျှင် မည်သူမည်ဝါနှင့် မည်သည့်အချိန်က လပ်ထပ်ခဲ့ပြီး ဖြစ်စဉ်များ (ဘာတွေဖြစ်တယ် ဘယ်နှစ်ကြိမ်ဖြစ်တယ် ဘယ်လိုတွေညှိတယ် ဘယ်လိုအဆင်မပြေဖြစ်နေတယ်ဆိုတာဖော်ပြခြင်း)

အမွေကိစ္စဆိုလျှင် (အမွေဆိုင်များ အားလုံးအကြောင်း-နေရပ်လိပ်စာအပြည်အစုံနှင့် #ဖြစ်စဥ်များ #ဖုန်းနံပါတ်များပါပြည့်စုံအောင်ရေးသားပေးပို့ရမည့်အပြင်
ထိုအမွေကိစ္စနှင့်ပက်သက်ပြီး ဆောင်ရွက်ထားသောအကြိမ်အရေ အချက်အလက်များနှင့် ဖသ်ဝါမေးမြန်မှုများပါအပြည့်အစုံပါရှိရပါမည်)။

#အပိုဒ်၃တွင် စာတင်ပြသူမှ ဤပြသနာဖြစ်စဥ်အပေါ် ဘာဘယ်လိုလုပ်ပေးစေချင်တာလဲ အသင်းဘက်ကဘယ်လိုအကူအညီရချင်တာလဲပြည့်စုံစွားရေးသားပြီး

အောက်တွင် #ကိုယ်နဲ့အဆင်မပြေကြသော #တစ်ဖက်အလူအားလုံး၏ အမည်၊ လိပ်စာ၊ ဖုန်နံပါတ်များ အသင်းမှ ထိုလူများကို ခေါ်ယူမေးမြန်လိုလျှင် ခေါ်လို့ရနိုင်သော လိပ်စာ အပြည့်အစုံရေးသားပါရှိရပါမည်။

နောက်ဆုံးတွင် ယခုစာတင်သူ တစ်ဦးဖြစ်စေ ၃/၄ဦးဖြစ်စေ စာတင်သူတစ်ဦးစီ၏

(လက်မှတ်/လက်ဗွေ)
အမည်
မှတ်ပုံတင်အမှတ်
ဖုန်းနံပတ်

စာတင်သူအားလုံး ရေးသားပြီးလက်မှတ်ထိုး လက်ဗွေနိုပ်ရမည်။

မှတ်ချက်။ ။AL-HAADI Center Myanmar အသင်းသို့ စာတင်ပြအကူညီတောင်းခံသူများသည် မိမိတို့စာအခြေနေနှင့်ပတ်သတ်၍ အသင်းရုံးသို့ စာတင်ပြီး (၃)ရက်နေပြီးနောက် မိမိစာအခြေနေအား စုံစမ်းမေးမြန်းရပါမည်။ စာတင်သည့်နေ့မှစ၍ (၆)လအတွင်း ပြီးပြတ်အောင် ဆက်သွယ် ဆောင်ရွက်ခြင်းမရှိသော တင်ပြအကူညီတောင်းခံစာများအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Address

81st Street, Between 20th And 21st Street
Mandalay
05011

Opening Hours

Monday 09:00 - 14:00
Tuesday 09:00 - 14:00
Wednesday 09:00 - 14:00
Thursday 09:00 - 14:00
Saturday 09:00 - 14:00
Sunday 09:00 - 14:00

Telephone

+959970840000

Website

Alerts

Be the first to know and let us send you an email when 𝐀𝐋-𝐇𝐀𝐀𝐃𝐈 𝐂𝐄𝐍𝐓𝐄𝐑, 𝐌𝐘𝐀𝐍𝐌𝐀𝐑 လမ်းပြသူဗဟို-မြန်မာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to 𝐀𝐋-𝐇𝐀𝐀𝐃𝐈 𝐂𝐄𝐍𝐓𝐄𝐑, 𝐌𝐘𝐀𝐍𝐌𝐀𝐑 လမ်းပြသူဗဟို-မြန်မာ:

Share