Buddha's son Brave Patriotic Monk to meeting buddha literature

Buddha's son Brave Patriotic Monk to meeting buddha literature Middle right way is best friendliness.

I live my life happily because life is short and I live with good deeds. I avoid bad deeds because it is good.🙏🙏🙏🤔🧘📚📖📈
28/09/2021

I live my life happily because life is short and I live with good deeds. I avoid bad deeds because it is good.🙏🙏🙏🤔🧘📚📖📈

19/11/2020

သတိပဋ္ဌာန် - Mindfulness Meditation
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🧘🏻‍♂️🧘 ...

ပထမဆုံး ၃မိနစ်ထိုင်မယ်၊ အဲဒီ သုံးမိနစ်ကိုကျတော့ သတိပဋ္ဌာန်ထိုင်မယ်၊ Mindfulness ဆိုတဲ့ သတိပဋ္ဌာန်ထိုင်မယ်။ ဒါက ဘာတုန်းဆိုတော့ judgemental mind ကို နည်းအောင်လို့၊ သတိပဋ္ဌာန်ဆိုတဲ့ mindfulness ရဲ့ အရေးကြီးတဲ့ Quality တစ်ခုကို သုံးမိနစ်အတွင်းမှာ ဘုန်းဘုန်းတို့ လေ့ကျင့်ကြည့်မယ်။

အဲဒီ quality က ဘာတုန်းဆိုတော့ non-judgemental mindfulness, non-judgemental awareness ပဲ ဆိုပါစို့ - အကောင်းအဆိုး မဝေဖန်တဲ့ သတိ။

အကောင်းအဆိုး မဝေဖန်တဲ့သတိကို လေ့ကျင့်တယ်။ လေ့ကျင့်တဲ့နေရာမှာ 3Rs - R သုံးလုံး Register, Release and Return.

Non-Judgemental Mindfulness ဆိုတာက စိတ်လွှင့်သွားတယ်ဆိုရင် လွှင့်သွားတဲ့စိတ်ကို မကောင်းဖူးဆိုပြီးတော့ သွားမဝေဖန်နဲ့တဲ့။ လွှင့်သွားတဲ့စိတ်ကို လွှင့်သွားတဲ့စိတ်ဆိုပြီးတော့ပဲ လက်ခံလိုက်ပါ။

အိုက်တယ်ဆိုရင် အိုက်တာမကောင်းဘူး၊ အရမ်းအိုက်တာပဲ ဆိုပြီးတော့ မပြောနဲ့တဲ့။ အိုက်တယ်ဆိုတဲ့ အတွေ့အကြုံလေးကို သတိရှိရှိ ခံစားပါ။ အကောင်းအဆိုး မဝေဖန်နဲ့။

ထိုင်တာ နည်းနည်း ညောင်းလာပြီဆိုရင် ညောင်းတာလေးကို သွားပြီးတော့ လက်ခံလိုက် register လုပ်လိုက်၊ register လုပ်တယ်ဆိုတာ recognize လုပ်တာ အသိအမှတ်ပြုတာ၊ accept လုပ်တာ။ လက်ခံတာ။

ခန္ဓာကိုယ်က ညောင်းနေတယ်။ ခါးက ညောင်းနေတယ်။ ပေါင်က ညောင်းနေတယ်။ ပခုံးက ညောင်းနေတယ်။ ညောင်းနေတဲ့နေရာကို လုံးလုံးလျားလျား attention ပေးလိုက်ပါ။ 100% attention ပေးလိုက်ပါ။

ညောင်းတာ မကောင်းဘူးဆိုပြီးတော့ အဲဒီ opnion တွေ သွားမလုပ်နဲ့၊ judement တွေ သွားမလုပ်နဲ့။

မညောင်းဘူး ကောင်းလိုက်တာ ဆိုပြီးတော့လည်း သွားမပြောနဲ့၊ အကောင်းအဆိုး မဝေဖန်နဲ့။

ကိုယ်ခံစားနေရတဲ့ ကိုယ့်အသိထဲမှာ (cognition) ထဲမှာပေါ်လာတဲ့ ဒီအတွေ့အကြုံလေးကို အရှိကိုအရှိအတိုင်းပဲ register လုပ်လိုက်ပါ။

မကောင်းဘူးလို့ ပြောရင် ကိုယ်က အဲဒီ ဒုက္ခကို သွားပြီးတော့ top up လုပ်နေတာ၊ သွားပြီးတော့ ဖြည့်ပေးတာ။ Topup မလုပ်နဲ့။ သူ့အရှိကို အရှိအတိုင်းပဲ register လုပ်လိုက်။

ပြီးရင် စိတ်ကို ဘာလုပ်ရမှာတုန်း ဘာ train လုပ်ရမှာတုန်း။ Release လုပ်ပါ၊ release လုပ်တယ်ဆိုတာက လွတ်လိုက်တာ။ ဒီလို training မလုပ်ဘူးဆိုရင် စိတ်က မလွတ်တတ်ဘူးဆိုရင် အဲဒီနားမှာပဲ သူက တဝဲလည်လည်လုပ်နေတာ။

အဲဒီလို release လုပ်ပြီ‌တော့ ဘာလုပ်ရမှာတုန်း။ Return ဆိုတာ ဝင်လေထွက်လေဆီပြန်လာရမယ်။ Return အိမ်ပြန်ရမယ်၊ ဝင်လေထွက်လေကို အိမ်လုပ်ထားတာ။ မိုးကုတ်ဆရာ‌တော်ဘုရားကြီး ဝင်လေထွက်လေကို အိမ်သည်ဆိုပြီးတော့ ခေါ်ထားတယ်၊ host consciousness, host mindfulness, host လုပ်တာ၊ အိမ်သည်။

ရောက်လာတဲ့ဧည့်သည်၊ ဧည့်သည်ဆိုတာ ဥပမာ အတွေးတွေ - emotion တွေ၊ ညောင်းတယ်ညာတယ် - sensation တွေ ၊ သူတို့ကို ဧည့်သည်အနေနဲ့ သဘောထားပြီးတော့ register လုပ်လိုက်ပါ။

ဘယ်သူဝင်လာတယ်၊ ထွက်သွားတယ်ဆိုတာ အိမ်ရှင်က သိမှဖြစ်တာ။ ဒါကြောင့် register လုပ်ပါ။ Register လုပ်ပြီးရင် release လုပ်ပါ။ ကိုယ့်ရဲ့ အိမ်ဖြစ်တဲ့ ဝင်လေထွက်လေဆီ ပြန်လာပါ။

ဝင်လေထွက်လေက အိမ် - center, center focus၊ ကျန်တဲ့အာရုံတွေကျတော့ secondary object သူ့ကို register လုပ်ရုံပဲလုပ်မယ်။ ပြီးရင် Release လုပ်မယ်။ ထွက်လေဝင်လေဆီ ပြန်လာမယ်။

ကျကျနနထိုင်ပါ၊ နောက်ကျ မှီချင်လည်းရပါတယ်။ ခန္ဓာကိုယ်ကို လျော့ထားပါ၊ muscle တွေကို လျော့ထားပါ။ ပြီးတော့ ဝင်လေထွက်လေ ရှူရှိုက်တဲ့အခါမှာ ခန္ဓာကိုယ်ကို သနားတဲ့အနေနဲ့ ခန္ဓာကိုယ်မှာ ကရုဏာထားပြီးတော့ ရှူရှိုက်ပါ။

ဒီခန္ဓာကိုယ်ကြီးက အောက်ဆီဂျင်လိုအပ်ပါတယ်။ အောက်ဆီဂျင်မရှိရင် ဒီခန္ဓာကိုယ်ကြီး ဒုက္ခရောက်တယ်။ ဒါကြောင့် ဒီခန္ဓာကိုယ်ကို သနားတဲ့အနေနဲ့ အောက်ဆီဂျင် ရှူရှိုက်ပေးပါ။

ဝင်လေရှူတဲ့အခါမှာ ၁ ၂ ၃ ရေတွက်ပေးပါ။

ထွက်လေရှူထုတ်တဲ့အခါ ၁ ၂ ၃ ရေတွက်ပေးပါ။

ဒီကြားထဲမှာ အတွေးတွေ အော်တို အတွေးတွေပေါ်လာတယ်ဆိုရင်လည်း အော်တို တွေးနေပြီ။ အော်တိုတွေးနေတယ် အဲဒီလို သုံးကြိမ် လေးကြိမ် register လုပ်ပြီးရင် ဝင်လေထွက်လေဆီ ပြန်သွားပါ။

အဲဒီ အော်တိုအတွေးကို release လုပ်လိုက်ပါ။

Slow and gentle breathing…
Slow and gentle breathing...


(တရားရှုမှတ်နေပါ)

🧘🏻‍♂️🧘

၃-မိနစ်ပြည့်ပါပြီ။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
May all living be peaceful and happy.

With smile for perfect
18/11/2019

With smile for perfect

02/11/2019
သင်ရွေးချယ်လိုက်တဲ့အရာတိုင်းဟာမှန်ကန်ဖို့တောလိုတယ်
23/08/2019

သင်ရွေးချယ်လိုက်တဲ့အရာ
တိုင်းဟာမှန်ကန်ဖို့တောလိုတယ်

သင့်အောင်မြင်မှုလမ်းမှာ တွေ့ကြုံရမယ့် လူ ၂၈ မျိုး
=============================

အောင်မြင်မှုလမ်းဆိုတာ ပန်းခင်းလမ်း မဟုတ်ပါဘူး။ လူတွေ ပြသနာတွေပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ သင်က သင့်ရဲ့ ဘဝကို ခုမှ စလျှောက်မှာ ဖြစ်လို့ အရှေ့မှာလာမယ့်ခရီးကြမ်းအတွက် ကြိုတင်ပြင်ဆင်ရမယ့် အချိန်ပါပဲ။ ဒီမှာက အဲဒီလမ်းမှာ သင်တွေ့ရမယ့်လူ ၂၈ ယောက်ပါ။ တချို့က လူဆိုး၊ တချို့က လူကောင်း၊ ဒါပေမယ့် အားလုံးက သင့်ကို ဘဝ သင်ခန်းစာတွေ သင်ကြားပေးသွားမှာပါ။

၁. သင့် ရွေးချယ်ချက်တွေကြောင့် စိတ်ပျက်ရမယ့်လူမျိုး။ ဒါပေမယ့် သင့်အိပ်မက်နောက် လိုက်တာကို အတင်းအကျပ် မရပ်ခိုင်းပါဘူး။ နားလည်ပေးပါတယ်။

၂. သင့်ကို အမှိုက်လို ဆက်ဆံမယ့်သူ။ ဘယ်တော့မှ အဲလိုလူတွေအတွက် စိတ်အားမငယ်ပါနဲ့။

၃. ရုန်းကန်နေရတုန် ဂရုမစိုက်ပဲ အောင်မြင်လာမှ လာကပ်သူ။ အဲလို လူမျိုးကို ကြပ်ကြပ် သတိထားပါ။ သင် နိမ့်ကျသွားတာနဲ့ စွန့်ခွာသွားမယ့် သူတွေပါ။

၎. သူတို့မလုပ်နိုင်လို့ သင့်ကို မဖြစ်နိုင်ဘူးပြောသူ။ သူတို့ကို နားမထောင်ပါနဲ့။ ကိုယ့်ဘာသာ ကြိုးစားပါ။

၅. သင် သူတို့ကို မဖြတ်ကျော်ခင်လေးပဲ သင့်ကို အားပေးမယ့်သူ။ အရူးလုပ်မခံပါနဲ့။

၆. သင့်ကို အမြဲ အားပေးနေသူ။ သင့်အကျိုးလိုလားသူ။ ကျေးဇူးတင်ပါ။ သူတို့က သင်တွေ့ဖူးသမျှထဲမှာ အဖိုးတန်ဆုံးသူပါ။

၇. သင့်ကို အသေ မြှောက်ပေးမယ့်သူ။ မြောက်မသွားပါနဲ့။ ကိုယ့်ဘာသာ ကိုယ် သိပါ။

၈. သူတို့ပါမှ သင့်ပန်းတိုင်ရောက်မယ်လို့ ဖြားယောင်းနေသူ။ မယုံပါနဲ့။ သူတို့က တစ်ဝက်လောက်တောင် အသုံးမဝင်ပါဘူး။

၉. အကျိုး အကြောင်း ရှင်းပြမယ့်သူ။ သင့်လမ်းသင်ထွင်ဖို့ အားမလျော့ပါနဲ့။

၁၀. တော်သူတွေပဲ ရှေ့ရောက်တဲ့ သဘောကို လက်မခံသူတွေ။ သင် အဲဒါကို မြန်မြန် နားလည်လေလေ သင်ပျော်လေလေပါပဲ။ ကိုယ့်အကောင်းဆုံးကိုပဲ လုပ်ဆောင်နေလိုက်ပါ။

၁၁. သင့်ကို ဆုံးမပေးမယ့် သူ။ ခဏလေးတွေ့လိုက်ရပေမယ့် သူ့ပို့ချချက်တွေဟာ တစ်သက်လုံး သင့်ကို လမ်းညွှန်ပေးနိုင်သူ။ သူ့ကို တန်ဖိုးထားပါ။ နောက်တစ်ခေါက် တွေ့ရဖို့ မသေချာပါဘူး။ သင့် ခရီးလမ်းမှအရေးကြီးဆုံးလူပါ။

၁၂. သင့် ဘဝ ခံယူချက်ကို စကားတစ်ခွန်းနဲ့ ပြောင်းလဲ ပေးမယ့်သူ။ သင် ထင်မထားတဲ့ လမ်းတွေ လျှောက်လှမ်းနိုင်အောင် ကူညီပေးပါတယ်။

၁၃. တစ်သက် မမေ့နိုင်မဲ့ အောင်မြင်မှုရဲ့ တန်ဖိုးကို သင်ကြားပေးမယ့်သူ။

၁၄. သင် အရှုံးပေးသည့်တိုင်အောင် မကောင်းပြောနေမယ့်သူ။ သူ့ကို ဂရုမစိုက်ပါနဲ့။

၁၅. သင့် စိတ်အားထက်သန်မှုကို နားမလည်တဲ့သူ။ ရှင်းပြရင်း အချိန်ကုန်မခံပါနဲ့။ သင်ကိုယ်တိုင် နားလည်ဖို့ ပိုအရေးကြီးပါတယ်။

၁၆. သင့်ကို အမြဲယှဉ်ပြိုင်နေသူ။ မမုန်းပါနဲ့။ သူတို့က သင့်ကို အလုပ်ပိုလုပ်အောင် တွန်းအားပေးနေတာပါ။

၁၇. သင့်အိပ်မက်တွေကို လက်မခံသူ။ သင့်အိပ်မက်တွေကို ဖော်ဆောင်တာ တစ်ကိုယ်ကောင်းမန်ေပါဘူး။ လုပ်ပါ။

၁၈. သင့်လောက် မတော်လို့ သင့်ကို ဆွဲထားသလို ဖြစ်နေမယ့်သူ။ သူတို့ကသင့်ကို တခြားသူတွေနဲ့ အလုပ်တွဲလုပ်တတ်အောင် သင်ပေးမှာပါ။

၁၉. သင့်ထက်တော်တဲ့သူ။ အများကြီးတွေ့ရမှာပါ။ ကြိုးစားရင် သင်က သူတို့ရှေ့ ရောက်မှာပါ။

၂၀. သင်လုပ်သမျှ ဘေးထိုင်ဘုပြောနေမယ့်သူ။ စိုးရိမ်စရာ မလိုပါဘူး။

၂၁. သင့်အရည်အချင်းကို သူတို့အတွက် အသုံးချချင်သူ။ ကာလတို အခွင့်အရေးလေးတွေကို သွားရည်ကျပြီး သင့်အိပ်မက်နဲ့ မလဲလိုက်ပါနဲ့။

၂၂. သင့်ကို ပုံမှန်ပဲ နေစေချင်သူ။ ကြီးကြီး မျှော်မှန်းထားရင် ကြီးကြီး နေရမှာပါ။

၂၃. သင့်ကို တွန်းအားပေးသူ။ သူတို့နဲ့ ကပ်နေပါ။

၂၄. စိတ်ညစ်စရာကောင်းတဲ့ Boss တွေ။ သူတို့က သင့်ကို အများဆုံး သင်ကြားပေးမှာပါ။ ဘာမှ မသင်နိုင်ရင်တောင် ဘယ်လိုကောင်မျိုး မဖြစ်ရဘူးဆိုတာ သင်ပေးမှာပါ။

၂၅. အရေးကြီးချိန်မှာ သင့်ဘေးက မခွာမယ့်သူ။

၂၆. ဘာဖြစ်နေနေ သင့်အတွက် နေပေးမယ့် သူငယ်ချင်းကောင်းတစ်ဦး။ သင့်အတွက် အလုပ်မှာ မကူညီနိုင်ပေမယ့် ဘဝမှာတော့ အကောင်းဆုံး ကူညီပေးနိုင်သူပါ။ တန်ဖိုးထားပါ။ အဲလိုလူမျိုး သင့်မှာ အများကြီး မရှိပါဘူး။

၂၇. သင့်ထက် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ သင့်နေရာကို ရောက်လာနိုင်သူတွေ။ သူတို့လုပ်နိုင်ရင် သင်လဲ လုပ်နိုင်ရမှာပါ။

၂၈.အဲဒိခရီးစဉ် တစ်နေရာရာမှာ သင်ရှာဖွေနေတဲ့ အရေးကြီးဆုံးလူကို ရှာတွေ့ပါလိမ့်မယ်။ သင့်ကိုယ်သင်ပါ။ သင့်ကိုယ်သင် သိတဲ့နေ့ဟာ သင် အောင်မြင်တဲ့ နေ့ပါပဲ။

ခင်ဗျားတို့ရော ဘယ်လို လူတွေနဲ့
တွေ့ဖူးပြီးသွားပြီလဲ.......

For target truths
14/08/2019

For target truths

25/06/2019

Address

Magway

Website

Alerts

Be the first to know and let us send you an email when Buddha's son Brave Patriotic Monk to meeting buddha literature posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Buddha's son Brave Patriotic Monk to meeting buddha literature:

Share