Loikaw Parish Youth

Call Directions Contact the place of worship

Loikaw Parish Youth Loikaw Parish Youth (a.k.a) LPY is a page to describe activities of Catholic youths from Christ the King Cathedral (Loikaw)...

08/05/2026

Basic Pencil Drawing အတန်းလေး ပြီးဆုံးခဲ့ပါပြီ သင်တန်းအစအလယ်အဆုံး တက်ရောက်ပေးကြတဲ့ သင်တန်းသားတွေ အာလုံးကို ဂုဏ်ယူရင်း ဂုဏ်ပြုရင်းနဲ့ အမှတ်တရ video လေး တင်ပေးလိုက်ပါတယ်
အရမ်းတော် အရမ်းကြိုးစားခဲ့ကြတဲ့ သင်တန်းသူ သင်တန်းသားလေးတွေပါ
May God Bless you Always 😇😇





🎨 နွေရာသီအားလပ်ရက်မှာ အိမ်မှာနေရင်း ပန်းချီပညာရပ်ကို စနစ်တကျ လေ့လာကြရအောင် 🎨လွိုင်ကော်တိုက်နယ်လူငယ်များမှ ဦးစီး၍ လူငယ်မေ...
03/03/2026

🎨 နွေရာသီအားလပ်ရက်မှာ အိမ်မှာနေရင်း ပန်းချီပညာရပ်ကို စနစ်တကျ လေ့လာကြရအောင် 🎨

လွိုင်ကော်တိုက်နယ်လူငယ်များမှ ဦးစီး၍ လူငယ်မောင်မယ်များ နွေရာသီအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ပြီး "အခြေခံ ခဲပန်းချီ (Basic Pencil Drawing) Online သင်တန်း" ကို ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။
အနုပညာဝါသနာပါသူတိုင်းအတွက် အခြေခံကစပြီး စနစ်တကျ သင်ယူနိုင်မယ့် အခွင့်အရေးဖြစ်လို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

📌 သင်တန်းတွင် လေ့လာရမည့်အကြောင်းအရာများ
• Pencil Sketching အခြေခံသဘောတရားများ
• အလင်းအမှောင် (Light & Shade) အသုံးပြုပုံ
• ပုံတူနှင့် အရာဝတ္ထုများ ရေးဆွဲနည်းစနစ်များ

💡 သင်တန်းအသေးစိတ်
• သင်တန်းကာလ - March 10 to April 2026
• သင်တန်းအချိန် - Weekday (Tuesday, Thursday) (7:00 pm to 9:00 pm), (Or) Weekend (Saturday, Sunday) (7:00 pm to 9:00 pm)
• သင်တန်းကြေး - သင်တန်းကြေးသီးသန့် (၈၀,၀၀၀)
• သင်တန်းကြေးနှင့် ပန်းချီပစ္စည်း အပြီး (၁၅၀,၀၀၀)
• သင်တန်းကြေးအတွက် အခက်ခဲ ရှိမယ်ဆိုရင်လဲ page messenger/form ထဲတွင် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။

⚠️ လူဦးရေ အကန့်အသတ်ရှိသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

📥 စာရင်းပေးသွင်းရန် - https://forms.gle/ZxJfYnnotTnVNmno8

All Soul's Day (2.11.2025)   မနက်တိုင်း အလုပ်ကို ရောက်ဖို့ ၁၅လောက် မိနစ်လမ်းလျှောက်ရတယ် 👣👣အစပိုင်းကတော့ ပင်ပန်းတာပေါ့......
02/11/2025

All Soul's Day (2.11.2025)

မနက်တိုင်း အလုပ်ကို ရောက်ဖို့ ၁၅လောက် မိနစ်လမ်းလျှောက်ရတယ် 👣👣
အစပိုင်းကတော့ ပင်ပန်းတာပေါ့...
ဘာလို့ farry မရှိတာလဲ🚍🚍 ဘာလို့ bus ကမရောက်တာလည်း 😤😤
နောက်မကျအောင် မြန်မြန်သွားရတဲ့ အထဲ ခွေးချီးပုံတွေက တစ်မျိုး 💩💩
စတဲ့ စတဲ့... မေးခွန်းတွေနဲ့ အတွေးပေါင်းများစွာနဲ့ ​လျှောက်ခဲ့တာပေါ့ ...
အလုပ်က ၈ နာရီအရောက်သွားရတယ် နေတဲ့နေရာနဲ့ အလုပ်ကဝေးတာ တကြောင်း bus ကားစောင့်ရတာတွေ လူကြပ်တာတွေ (bus ကားတိုးစီးဖူးတဲ့သူတွေပဲ နားလည်မယ့်အရာလေးပေါ့) အဓိက ကတော့ စောစောမထတာပေါ့နော် 😁😁 (သိပေမယ့် မပြောင်းနိုင်သေးတဲ့ အကျင့်လေး)
မနက်ခင်းတိုင်းက stress ရတယ် ပင်ပင်ပန်းပန်းနဲ့ ကျောင်းကိုရောက်တယ်... တစ်နေကုန်နီးပါးက စိတ်မကြည်တော့ဘူး အဲ့လိုတွေပေါ့...
ဒါနဲ့... ပြောင်းလဲကြည့်မယ်ဆိုပြီး တစ်နေ့တော့ စောစောထပြီးသွားတယ် မိနစ်လေး အနည်းငယ်စောလိုက်တာနဲ့ ပြောင်းလဲမှုတွေရှိလာတယ်
Bus ကလူမကြပ်သေးဘူး လမ်းလျှောက်ဖို့ အချိန်ပိုရလာတယ်...
အဲ့ချိန်မှာ ပတ်ဝန်းကျင်ကို သေချာသတိထားမိတယ် အေးချမ်းတိတ်ဆိတ်တဲ့ ရပ်ကွက်လေးပဲ အပင်တွေနဲ့ စိမ်းစိမ်းစိုစိုရှိတယ် တိတ်ဆိတ်တယ်...
ခွေးချီတွေကတော့ များဆဲ 💩💩 သူ့ကိုတော့ သတိနဲ့ ​ရှောင်သွားရတာပေါ့
သတိမထားမိပဲ နင်းမိလိုက်တာ တစ်နေကုန် စိတ်ညစ်လိုက်ရတာလည်း ရှိတာပေါ့

တစ်ညတော့... မိုးတွေ သဲကြီးမဲကြီး ရွာတယ် ဒါပေမယ့်... မနက်လေးကတော့ ခါတိုင်းနဲ့မတူ ပိုပြီးနေလို့ကောင်းသွားတယ်... လေလေးကလည်းအေး နေကလည်း အရမ်းမပူ🌄🌄
အဲ့မှာ သတိထားမိလိုက်တယ် ခွေးချီးတွေ မတွေ့ရတော့ဘူး မိုးနဲ့အကုန်ပါသွားပြီ ထင်ပါရဲ့
အဲ့တာကိုကြည့်ရင်း အတွေးလေးတစ်ခုဝင်လာတယ်...
ဖြတ်သန်းရမယ့် ဘဝဆိုတာ ဒီလိုပါပဲလားပေါ့... ပျော်စရာတွေရှိမယ် စိတ်ညစ်စရာတွေရှိမယ် ဝမ်းနည်းစရာတွေ အမှတ်တရတွေ... တခါတလေမှာ ချီးပုံနဲ့ တူတဲ့သူတွေနဲ့ ကြုံရတာလည်းရှိမယ်
ဒါမယ့် အဓိက ကကိုယ်ချီးပုံကို မနင်းသွားသရွေ့အဆင်ပြေတယ် နင်းမိရင် ကိုယ်ပါစိတ်ညစ်ရရော အချိန်တန်ရင် အဲ့လိုလူတွေက ထွက်သွားကြတာပဲ မုန်တိုင်းလေးလာရင် အချိန်တစ်ခုရောက်လာရင် ဒါတွေက ပျောက်သွားမယ်
ဒါပေမယ့် မရှိတော့တာတော့ မဟုတ်ဘူးပေါ့ ချီးပုံထက်ဆိုးတာတွေလည်း ရှိလာမှာပဲ ဒီအရာကို ကိုယ်က ဘယ်လိုစိတ်နဲ့ ကျော်ဖြတ်မလဲဆိုတာက ပိုအရေးကြီးလားပေါ့...
(ကိုယ်ကိုတိုင်ကကော တစ်ပါးသူအတွက် ချီးပုံဖြစ်နေပြီလားပေါ့.... 😁😁)

မတည်မြဲခြင်းတရားဆိုတာက ပြောင်းလဲလို့မရတဲ့ အရာတစ်ခုပဲလေး
မနက်ဖြန်ဘာဖြစ်မယ်ဆိုတာတောင် ကြိုတင်မသိနိုင်တဲ့ ဒီလိုအချိန်အခါမှာ နေ့မြင်ညပျောက် ဆိုတဲ့ ရုတ်တရက်ဆန်မှုတွေက များလာတယ်
ကိုယ်ချစ်ခင်ရတဲ့သူတွေက ကိုယ်မသိလိုက်ခင်မှာပဲ ထွက်သွားကြတယ်
ယုတ်မာပါတယ် ရက်စက်ပါတယ်ဆိုတဲ့ သူတွေက သက်ဆိုးရှည်ကြပြီး လူကောင်းတွေက အသေစောကြတယ် ဘုရားသခင်က ဘာကြီးလဲ မတရားလိုက်တာဆိုပြီး မေးခွန်းထုတ်မိတယ်
ဒီလိုစိတ်ပျက်စရာကောင်းတဲ့ နိုင်ငံမှာ ဒီအခြေနေကြီးမှာ ငါတို့ရဲ့ ဆုတောင်းသံက အသုံးမဝင်ဘူးလား ငါတို့အသက်ရှင်နေရတာကော အဓိပ္ပါယ်ရှိရဲ့လား ဆိုတဲ့ အတွေးတွေဝင်လာတယ်...

ဒါမယ့်... ဒီမေးခွန်းတွေ အတွေးတွေ မဆုံးခင်မှာ ကိုယ်တော် အဖြေတစ်ခုပြန်ပေးတယ် ...

"အသက်ရှင်သော သူတို့၏ နေရာတွင် ကိုယ်တော်၏ကောင်းမြတ်ခြင်းကို တွေ့ရမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်" ဆာလံ ၂၇

ဒီရက် Nov 2 ရက်နေ့ သေလွန်သောသူတွေအတွက် သတိရ ဆုတောင်းပေးကြတယ်
ဝိညာဥ်ခန္ဓာသေဆုံးသွားသူတွေအတွက် ကျွန်တော်တို့က သတိတရနဲ့ ရည်ရွယ်ချက်တွေထားရှိပြီး ဆုတောင်းပေးကြတယ်
မိုးသက်မုန်တိုင်းတွေကျပြီး နောက်တစ်နေ့ မနက်က အလွန်သာယာတဲ့ မနက်ခင်းတစ်ခုဖြစ်လာတယ်
ဒီလိုပဲ... ကျွန်တော်တို့ ယုံကြည်တဲ့ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ အရာတွေကို ကျွန်တော်တို့ ရှင်သန်တဲ့ ဘဝအသက်တာမှာပဲ မြင်တွေ့နိုင်တယ်

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို သေချာသတိပြုကြရအောင် ပျက်စီးမှုတွေကြား ဆုံးရှုံးမှုတွေကြားမှာ ဘယ်လိုလှပမှုတွေရှိနေလည်း ဆိုတာ ရှာဖွေကြရအောင်...
ကျွန်တော်တို့ရဲ့ ရှင်သန်မှုကလည်း ဘယ်လိုအဓိပ္ပါယ်ရှိတဲ့ ရှင်သန်မှုနဲ့ နေထိုင်မလဲ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြရအောင်....

ကျွန်တော်တို့ယုံကြည်တဲ့ သခင်ခရစ်တော်ဆိုတာ သေခြင်းကိုအောင်နိုင်တဲ့သူဖြစ်တယ်
ဘုရားသခင် မတတ်နိုင်တဲ့ အရာဆိုတာမရှိဘူး ... ဒီစကားလေးနဲ့ အားယူရင်း ကျွန်တော်တို့ရဲ့ ဘဝအသက်တာကို အကောင်းဆုံးရှင်သန်ကြရအောင်....

ကျွန်ုပ်တို့ကို သနားတော်မူသဖြင့် ကျွန်ုပ်တို့၏ တောင်းလျှောက်သံများကို ကိုယ်တော်ရှင် နားညောင်းပေးတော်မူပါ....

သေလွန်သောသူတို့၏ အသက်ဝိညာဥ်သည် သနားတော်မြတ်ခံရ၍ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော်..... အာမင်။

Rest Peacefully In Heaven's Bosom.
အတွေးလေးတစ်ခုမျှသာ...
AlicezowA


7th Oct,2025 (Tuesday)     ဒီနေ့လေးဟာ စိပ်ပုတီးမယ်တော် သခင်မရဲ့ ပွဲနေ့ပဲဖြစ်ပါတယ်သူငယ်ချင်းဆီကို အလည်သွားရင်း ချမ်းသာကုန...
07/10/2025

7th Oct,2025 (Tuesday)

ဒီနေ့လေးဟာ စိပ်ပုတီးမယ်တော် သခင်မရဲ့ ပွဲနေ့ပဲဖြစ်ပါတယ်
သူငယ်ချင်းဆီကို အလည်သွားရင်း ချမ်းသာကုန်း မယ်တော်ပွဲကို ရောက်ဖြစ်ခဲ့တယ်
ဆုတောင်းပြည့် ကိုးရမယ်တော်ဖြစ်တဲ့အတွက်ကြောင့် ဘာသာသူ​ ၅၀၀၀ ကျော်လာရောက် ဖူးမျှော်ဆုတောင်းကြတာကို တွေ့ရတယ် လူတန်းစာအမျိုးမျိုး အသားအရောင်အမျိုးမျိုး မတူညီမှု မျိုးစုံထဲကမှ မယ်တော်ကို အားကိုးယုံကြည်မှု တူတဲ့လူတွေပေါ့
အခုအချိန်ကာလကတော့ အားလုံးကအပူတွေကိုယ်ဆီနဲ့ ရောက်လာကြမှာပဲ
ရာသီဥတု အပူကတမျိုး ရင်ထဲပူလောင်ရတဲ့ အပူကတဖုံ အပူဒဏ်တွေကို နည်းမျိုးစုံနဲ့ ခံစားနေရတဲ့ မယ်တော်ရဲ့သားသမီးတွေဖြစ်နေကြရတယ်
ဒါပေမယ့်....
ဒီလိုအပူတွေကို အံတုရင်း မယ်တော်ထံတော်ကို အားကိုးယုံကြည်စွာ လာရောက်ဆုတောင်းကြတာပေါ့ (ကျွန်တော်လည်း အပါအဝင်ပေါ့)
ယုံကြည်သူတွေက မယ်တော်ကိုသဒ္ဒါကြည်ညိုကြတယ် အားကိုးယုံကြည်ကြတယ် အမေကိုရင်ဖွင့်ပြောပြလို့ ရသလိုမျိုး အမေ့ဆီလာပြီး ရင်ဖွင့်ကြတယ် ဆုတောင်းကြတာပေါ့
ဒါဆို ဘယ်လို ဆုတောင်းကြမှာလဲ ဘယ်လို ဆုတောင်းလို့ရတာလဲ
ဒီရက် ဘုန်းတော်ကြီးရဲ့ သြဝါဒလေးမှာ ပြောသွားတဲ့ အရာလေးနဲ့ ချိတ်ဆက်ပြီး ပြောပြပေးချင်တယ် စိပ်ပုတီးစိပ်ခြင်းအားဖြင့် မယ်တော်ထံဆုတောင်းလို့ ရတဲ့အကြောင်းလေးပေါ့... ကျွန်တော်တို့ ဘာအတွက် စိပ်ပုတီးစိပ်ကြတာလဲပေါ့...
ကျွန်တော်တို့ ပုတီးစိပ်ရင် ဂုဏ်ကျေးဇူးတော်နှင့် မေတ္တာကို အကြိမ်ကြိမ် ရွတ်ဆိုကြတယ် ဒီမေတ္တာက ဘယ်ကလာတာလဲ ဘယ်သူရေးထားတာလဲ ဆိုတာတွေးမိကြဖူးလား???
မယ်တော်သခင်မရဲ့ ဂုဏ်တွေကို ဖော်ကျူးပြီး ရေးဖွဲ့ထားတဲ့ ဒီမေတ္တာလေးက ခမည်းတော်ဘုရားရဲ့ နှုတ်က မြွတ်ကြားခဲ့တဲ့ စကားပဲဖြစ်တယ်လို့ ဆိုတယ်
ဒီမေတ္တာလေးကို ကျွန်တော်တို့ရွတ်ဆိုလိုက်တိုင်း မယ်တော်ရဲ့ ဂုဏ်ကျေးဇူးဟာ ပေါ်ထွက်လာသလို မေတ္တာရဲ့ တန်ဖိုးဟာလည်း ထွက်ပေါ်လာတယ်တဲ့
ဒါကြောင့်မို့ စကားလုံးတစ်လုံးစီတိုင်းကို သေချာထောက်ရှု့ရင်း မယ်တော်သခင်မရဲ့ ဂုဏ်ကျေးဇူးတော်ကို ဖော်ကျူးရင်း စိပ်ပုတီးကို အတူတကွ စိပ်ကြရင်း ယုံကြည်စွာ ဆုတောင်းကြရအောင်....

“ ဂုဏ်ကျေးဇူတော်နှင့်ပြည့်စုံတော်မူသော
မာရီယား သခင်မအား မင်္ဂလာဖြစ်စေသတည်း။
ဘုရားသခင်သည် သခင်မ၌ ကျိန်း၀တ်တော်မူ ၍၊
မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။
သခင်မ၏၀မ်းတော်၌ ပဋိသန္ဓေယူတော်မူသော
ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။
ထာဝရဘုရား၏ မယ်တော်သန့်ရှင်းသောမာရီယား
ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ အကျွန်ုပ်တို့အဖို့ငှာ
ဆုတောင်းပေးတော်မူပါ။" 🙏အာမင်။🙏

စိပ်ပုတီး၏မယ်တော်သခင်မ = ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ....

"ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ စိပ်ပုတီးကို ကိုင်ဆောင်ပြီးဖြတ်ကျော်တဲ့ အချိန်ဟာ
အမိမယ်တော်ရဲ့ လက်ကိုကိုင်ဆွဲပြီး သွားတာနဲ့ တူတူပါပဲ" မာသာရ်ထရေးဇာ

"ကျွန်ုပ်အား မယ်တော်ရဲ့ စိပ်ပုတီး စစ်တပ်ကို ပေးပါ၊ ကျွန်ုပ်ကမ္ဘာကို အောင်နိုင်ပါမယ်။”
“မိမိစိတ်နှလုံး၊ မိမိအိမ်၊ မိမိတိုင်းပြည်မှာ ငြိမ်းချမ်းရေးကို လိုချင်ရင် ညနေတိုင်း စုဝေးပြီး စိပ်ပုတီးရွတ်ဆိုပါ။ မည်မျှပင် အလုပ်များပါစေ၊ ဂရုတစိုက်နှင့် ကြိုးစားအားထုတ်ပြီး စိပ်ပုတီး စိပ်ခြင်းဖြင့် နေ့ရက်ကို ကုန်ဆုံးစေပါ။" Pope Pius IX

အတွေးလေးတစ်ခုမျှသာ...
AlicezowA

😇😇
04/08/2025

😇😇

😇😇
03/08/2025

😇😇

21/04/2025

Pope Francis died on Monday, April 21, 2025, at the age of 88 at his residence in the Vatican's Casa Santa Marta.

Merry CHRISTMAS to you all 🎁🎊🎉
25/12/2024

Merry CHRISTMAS to you all 🎁🎊🎉

24/11/2024
ခရစ်တော်ဘုရင်ပွဲ24th Nov,2024.ဘာလိိုလိုနဲ့ ခရစ်တော်ဘုရင် ဘုရားကျောင်းပွဲကို ကျင်းပခွင့်မရတာ ၂နှစ်ရှိခဲ့ပြီ ... 😔😔အရင်တုန...
23/11/2024

ခရစ်တော်ဘုရင်ပွဲ
24th Nov,2024.

ဘာလိိုလိုနဲ့ ခရစ်တော်ဘုရင် ဘုရားကျောင်းပွဲကို
ကျင်းပခွင့်မရတာ ၂နှစ်ရှိခဲ့ပြီ ... 😔😔
အရင်တုန်းကလိုမျိုး ပွဲဈေးတွေ ဖျော်ဖြေပွဲတွေနဲ့ ကြီးကြီးကျယ်ကျယ် စည်စည်ကားကား မကျင်းပတော့ပေမယ့် ဘုရားကျောင်းပွဲနှင့်အတူ ပထမကိုယ်တော်မြတ်ပင့်ယူခြင်းတွေ ရဟန်းသိက္ခာခံယူခြင်းတွေ အစရှိတဲ့ စက္ကရာမင်းတူး ခံယူခြင်းတွေကို ပြုလုပ်လေ့ရှိတဲ့ အချိန်လည်းဖြစ်တယ်
ပျော်ပွဲရွှင်ပွဲတွေ မရှိခဲ့ရင်တောင်မှ အဝေးရောက်နေကြတဲ့ ဘာသာသူအများစုဟာ မိသားစုတွေနဲ့ပြန်ဆုံတွေ့ဖို့ တစ်နှစ်တစ်ခါပြန်လာခဲ့ကြတဲ့နေ့....
လူငယ်တွေအချင်းချင်း ပြန်ဆုံကြတဲ့နေ့လို့ ပြောရင်လည်း မမှားဘူးပေါ့...

အခုအချိန်မှာတော့ ကျောင်းတော်ကြီးကိုလည်း သွားခွင့်မရတော့သလို
ဘယ်လိုဘယ်ပုံဖြစ်နေလည်းဆိုတာကိုတောင် မသိနိုင်တော့တဲ့ အခြေနေ
မြင်တွေ့ခွင့်မရတော့တဲ့ အခြေအနေကိုရောက်သွားခဲ့ပြီ 😞😞
လွိုင်ကော်တိုက်နယ်ဘာသာသူတွေအတွက်တော့ အလွန်ဝမ်းနည်းဖို့ကောင်းတဲ့ စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပဲပေါ့

ဒီလို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လေးတွေကို တွေးရင်း ဆရာတော်ဘုရားရဲ့ ဩဝါဒတစ်ခုအတွေးထဲဝင်လာတယ်
"သခင်ခရစ်တော်က ဘယ်လိုအရာကိုအလိုရှိလို့ သူရဲ့သားသမီးတွေကို တစ်နေရာဆီလွင့်စင်စေတာလဲ....???"
"ဒီလိုအခက်အခဲတွေကြားမှာ သခင်ခရစ်တော်ဟာ ကျွန်တော်တို့ကို စွန့်ပစ်သွားပြီလား....???"
ဆိုတဲ့ မေးခွန်းလေးကို ပြန်သတိရမိတယ် ကျွန်တော်တို့ကို ဘယ်လိုအရာတွေကို ရင်ဆိုင်ကျော်လွှားစေချင်လို့ ဘယ်လို ကောင်းတဲ့ပြောင်းလဲခြင်းတွေကို ကြုံတွေ့စေချင်လို့ ဒီလိုခက်ခဲမှုတွေကို ရင်ဆိုင်စေတာလဲဆိုတာ....
တစ်နည်းအားဖြင့် ဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ ယုံ​ကြည်ခြင်းကို ဆန်းစစ်တာကော မဖြစ်နိုင်ဘူးလား??

ကျွန်တော်တို့တွေဟာ တစ်စုံတရာရဲ့ ပယောဂတစ်ခုကြောင့် (ပြင်းထန်တဲ့လေမုန်တိုင်းတစ်ခုကြောင့်) မြေပေါ်လွင့်စင်ကြဲချခံလိုက်ရတဲ့ မျိုးစေ့လေးတွေနဲ့တူတယ် တစ်နည်းအားဖြင့် သခင်ခရစ်တော်ရဲ့ ယုံကြည်ခြင်းမျိုးစေ့တွေပေါ့ ...
အေးချမ်းတည်ငြိမ်ပြီး အချိန်တန်ရင်ကောင်းမွန်စွာ စိုက်ပျိုးကြီးပြင်းရမယ့် မျိုးစေ့တစ်ခုကနေ အခက်အခဲပင်ပန်းမှုတွေကြား ရုန်းကန်ပြီး ကြီးပြင်းရတော့မယ့် ​မျိုးစေ့လေးအဖြစ်ကိုရောက်ရှိခဲ့ရတယ်
ဒါတွေကိုတွေးပြီး မခံမရပ်နိုင်ဖြစ်ပြီး လောကကြီးကိုအရှုံးပေးပြီး အပြစ်တင်ခြင်းတွေ အားငယ်ခြင်းတွေနဲ့ပဲ ရှင်သန်နေတော့မှာလားဆိုတဲ့ မေးခွန်းနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ပြန်မေးကြည့်ရအောင်...

​ဘယ်လ်ိုအခြေနေ ဘယ်လိုအနေအထားမှာပဲ ရောက်ရောက်
ကျွန်တော်တို့တွေဟာ သန်မာတဲ့ ရဲရင့်တဲ့မျိုးစေ့တွေဖြစ်တယ်ဆိုတာ
သခင်ခရစ်တော်ရဲ့ အသက်ရှင်ခြင်းဘဝအသက်တာကို ထောက်ရှု့ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်သေထူကြရအောင်...

ကျွန်တော်တို့ရဲ့ ခက်ခဲပင်ပန်းမှုတွေကို ပြန်လည်အားယူရင်း
တစ်ချိန်ချိန်မှာ အလှဆုံးဖူးပွင့်မယ့် မျိုးစေ့လေးတွေအဖြစ်
သခင်ခရစ်တော်ရဲ့ သာသာနာဥယျာဥ်ကြီးကို အတူအတွအလှဆင်နိုင်အောင် ကြိုးစားကြရအောင်...
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတိုင်းမှာ သခင်ခရစ်တော်ကိုဖိတ်ခေါ်ရအောင် ...
ကျွန်တော်တို့ရဲ့ ပင်ပန်းမှုတွေ အခက်အခဲတွေကို သခင်ခရစ်တော်ထံ ပူဇော်ကြရအောင် ...

"ဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်တော်မှုသော အို... ထာဝရဘုရားသခင်
ကျွန်ုပ်တို့နဲ့အတူရှိတော်မူပါ ကျွန်ု​ပ်တို့ကို ခွန်အားသတ္တိများပေးသနားတော်မူ၍ ကိုယ်တော်၏ သန်မာသော ရဲရင့်သောမျိုးစေ့လေးများဖြစ်စေရန်
ထိုက်တန်စေတော်မူပါ.... အာမင်။"

အားလုံးပဲ ဘေးကင်းလုံခြုံသော သန်မာရဲရင့်သော သခင်ခရစ်တော်ရဲ့ ယုံကြည်ခြင်းမျိုးစေ့လေးများဖြစ်ကြပါစေ...

အတွေးလေးတစ်ခုမျှသာ...
AlicezowA


Address

Loikaw

Telephone

+959420222295

Website

Alerts

Be the first to know and let us send you an email when Loikaw Parish Youth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Loikaw Parish Youth:

Shortcuts

Share