15/09/2026
၁၃၈၈-ခု
တော်သလင်းလဆန်း (၄)ရက်
15.9.2026 အင်္ဂါနေ့
ကွယ်လွန်သူ ဖခင်ကြီးဦးဝီးကြည် + မိခင်ကြီးဒေါ်လီလီ တို့အားရည်စူး၍
သမီး မဝမ်ရှုကြိန်
တိုင်ပေမြို့
ထိုင်ဝမ်နိုင်ငံမှ
ဓမ္မဂုဏ်ရည်ပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်ဆဲဖြစ်သော
အတုလဣစ္ဆာသယစေတီတော်မြတ်”
နှင့်
အနန္တဂိုဏ်းဝင် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏
“အာစရိယာဝါသဗိမာန်တော်”အတွက်
အလှူတော်ငွေ - ၁၀၀၀၀၀၀
ကျပ်ဆယ်သိန်းတိတိကို
နိဗ္ဗာနဿ ပစ္စယော ဟောတု
အဓိဋ္ဌာန်ပြုကာ
စေတနာသုံးတန်ပြဌာန်း၍
ဆက်ကပ်လှူဒါန်းကြပါသည်
ရည်မှန်းလှူဒါန်းအပ်သော ကုသိုလ်ကောင်းမှုအစုစုတို့ကို
ဦးဝီးကြည် + ဒေါ်လီလီတို့သည်လည်း
သိရှိဝမ်းမြောက်
သဘောပေါက်ကာ
ရည်မှန်းအပ်သည့်အတိုင်း သာဓုခေါ်ဆိုနိုင်သည်ဖြစ်၍
လူ နတ် နိဗ္ဗာန် သုံးတန်းချမ်းသာရရှိကြောင်း အထောက်အပံ့ကောင်းဖြစ်ပြီးလျှင်
ကောင်းမှုရှင် အလှူရှင် မိသားစုဝင်များ ဓမ္မမိတ်ဆွေများ အားလုံး
ကြားကြားသမျှ
မြန်မာနိုင်ငံသူ နိုင်ငံသား
ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည်လည်း
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူးကဲမှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောင့်ချင့်၊ နိဒါန်းဖွင့်သော်....
(၁)နတ်နှင့်လူနှယ်၊ သန္ဓေတွယ်၍၊
(၂)စိတ်ဝယ်တောင်းတ၊ ဆောက်အုံရ၏။
(၃)မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏။
(၄)ခြင်္သေ့ သစ် ကျား၊ သားရဲ များနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူ ဖုတ် ပြိတ်၊ အဆိပ် ထန်ပြင်း၊ မြွေနှင့် ကင်းက၊ အဆင်း ဖောက်ပြန်၊ ကုမ္ဘဏ် ရက္ခိုက်၊ နတ်မိုက် ရန်ပေါင်း၊ ဘေးလွတ် ရှောင်း၏။
(၅)မကောင်း အိပ်မက်၊ မမြင်မက်ဘူး၊
(၆)ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊
(၇)နောက်နှောင်းဘဝ၊ ပစ္ဆိမ ဝယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊ ဆောက်ဦး လှူကျိုး ခုနှစ်တည်းဟူသော ကျောင်းလှူဒါန်းရခြင်းအကျိုး ၇ပါးကို ရရှိနိုင်ကြပြီးလျှင်
ဤသည့်ပုည ၊ ကုသလကြောင့်၊
ကြံသမျှအောင်၊ ဆောင်သမျှ ပြီး၊
တားဆီး မရှိ၊ လိုရာပြည့်စေ-
'မရှိ' စကား ၊ နားဝယ်ခါးသို့
မကြားရလို၊ မပြောလိုသည်
ထိုဤ ဆန္ဒ၊ မှန်သမျှလည်း
လိုတရစေ ပြည့်စုံစေကြောင်း မေတ္တာပြုပါသည် ။