Christ the King, Loikaw

Christ the King, Loikaw Christ the King Cathedral, Loikaw

Pope Leo XIV appoints a new coadjutor bishop of Taungngu Diocese in MyanmarPope Leo XIV appointed Most Rev. Msgr. Bernar...
26/05/2026

Pope Leo XIV appoints a new coadjutor bishop of Taungngu Diocese in Myanmar
Pope Leo XIV appointed Most Rev. Msgr. Bernardino Ne Ne to be a coadjutor bishop of the diocese of Taungngu at noon, Rome time (4:30 PM Myanmar Standard Time) on May 26, 2026.
56 years old, Msgr. Bernardino Ne Ne was born on May 20, 1970. He was ordained as a priest by Apostolic Delegate to Myanmar, Archbishop Luigi Bressan, at Christ the King Cathedral in Loikaw on April 13, 1995, and incardinated in the Diocese of Loikaw. He began his priestly ministry as assistant parish priest of St. Joseph’s Church in Dimoso from 1995 to 1999. He then served as the parish priest of Mary Immaculate Conception Catholic Church in Khabe from 1999 to 2002.

From 2003 to 2005, he pursued studies in Italy, earning a Licentiate in Moral Theology from the Pontifical Alphonsian University in Rome. Returning to Myanmar, he became the parish priest of Mary Immaculate Conception Catholic Church, Khabe, in 2005.
In 2006, he was appointed Rector of St. Peter’s Intermediate Seminary, a position he held for nine years. From 2015 to 2024, he served as National Director of the Pontifical Missionary Works in Yangon.
In 2025, he served in the role of the Director of the residence of the Loikaw Diocese in Yangon. He returned to parish ministry as parish priest of Mother of God Church, Sondu, in the Diocese of Loikaw in December 2025, a position he reportedly held until his recent appointment.
He will succeed the 71-year-old Bishop John Saw Gawdy of Taungngu Diocese.

တောင်ငူ ကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် အရိုက်အရာဆက်ခံမည့် သိုးထိန်းဆရာတော်ကို ရွေးကောက်တင်မြှောက်ခြင်း
မြန်မာနိုင်ငံ၊ တောင်ငူ ကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် အရိုက်အရာဆက်ခံမည့်ဆရာတော် အဖြစ် လွိုင်ကော်ကက်သလစ် ဂိုဏ်းအုပ်သာသနာ ဆောင်တိုက်နယ်၊ ဘုရား၏ မယ်တော်ဘုရားရှိခိုးကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီးတာဝန်ကို ထမ်းဆောင်နေသူ ဘုန်းတော်ကြီး ဘယ်နာဒီးနို နဲနယ်ကို ရောမ ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး လေအို (၁၄) အရှင်သူမြတ်မှ ရွေးကောက်တင်မြောက်လိုက်ကြောင်း ဗာတီကန်နန်းတော်မှ ယနေ့ 2026 ခုနှစ်၊ မေလ (26)ရက်နေ့၊ ရောမစံတော်ချိန် (၀၀း၀၀)နာရီတိတိ၊ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီအချိန်တွင် ထုတ်ပြန်ကြေညာပါသည်။
အရိုက်အရာဆက်ခံမည့် ရွေးကောက်ခံ ဆရာတော် ဘယ်နာဒီးနို နဲနယ် ကို ၁၉၇၀ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် အဖ ဦးအာဂိုစတီးနို မောင်တီ နှင့် အမိ ဒေါ်ထရေဇား လွီးဇာတို့မှ မွေးဖွားခဲ့၍ 1995 ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော်ကြီး Luigi Bressan လက်တော်မှ ရဟန်းသိက္ခာတော်မြတ်ကို လွိုင်ကော်ကက်သလစ်သာသနာ၊ လွိုင်ကော်မြို့ ခရစ်တော်ဘုရင် ကာသီဒြယ် ဘုရားရှိခိုးကျောင်းတော်ကြီးတွင် ခံယူခဲ့ပါသည်။

အရိုက်အရာ ဆက်ခံမည့် ရွေးကောက်ခံဆရာတော် ဘယ်နာဒီးနို နဲနယ်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဥ်း
ပညာရေး
1975-1980 ခုနှစ်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အမှတ်(၁၀) အခြေခံ ပညာမူလတန်းကျောင်းတွင် မူလတန်းပညာကို လည်းကောင်း
1980-1986 ခုနှစ်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အထက (၂၀ အခြေခံ ပညာအထက် တန်းကျောင်းတွင် အလယ်တန်းနှင့်အထက်တန်းပညာကိုလည်းကောင်း
1987-1989 ခုနှစ်အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ စိန်ထရေးဇာ ရဟန်းဖြစ်သင်ကျောင်းတွင်လည်းကောင်း
1989-1991 ခုနှစ်အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ၊ စိန်ဂျိုးဇက် ကက်သလစ် ရဟန်းဖြစ် တက္ကသိုလ် (ဒဿနိကဗေဒဌာန)တွင်လည်းကောင်း
1991-1995 ခုနှစ်အထိ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ စိန်ဂျိုးဇက် ကက်သလစ် ရဟန်းဖြစ် တက္က သိုလ် (သီအိုလော်ဂျီဌာန)တွင်လည်းကောင်း
2003-2005 ခုနှစ်အထိ အီတလီနိုင်ငံ၊ ရောမမြို့ရှိ Pontifical Alphonsian University တွင် လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။
အရိုက်အရာဆက်ခံမည့် ရွေးကောက်ခံဆရာတော် ဘယ်နာဒီးနို နဲနယ် တာဝန်ထမ်းဆောင်ခဲ့သော နေရာများ
1995-1999 အကူကျောင်းထိုင်ဘုန်းတော်ကြီး
1999-2002 ကျောင်းထိုင်ဘုန်းတော်ကြီး၊ ခါးဘယ် တိုက်နယ်
2003 အကူကျောင်းထိုင်ဘုန်းတော်ကြီး၊ ‌‌ဒေါငံခါးတိုက်နယ်
2003-2005 အီတလီနိုင်ငံတွင် နိုင်ငံခြား ပညာ‌တော်သင်
2005-2006 ကျောင်းထိုင်ဘုန်းတော်ကြီး၊ ခါးဘယ်တိုက်နယ် (ဒုတိယအကြိမ်)
2006-2014 ကျောင်းအုပ်ဘုန်းတော်ကြီး၊ စိန်ပီတာ ရဟန်းဖြစ်သင်ကျောင်း၊ လွိုင်ကော်ကက်သလစ် သာသနာ
2015-2024 ဒါရိုက်တာ၊ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုရုံး၊ CBCMမြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၊ ရန်ကုန်မြို့
2025 မှ ယနေ့အထိ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဆောင်ဒူတိုက်နယ်၊ လွိုင်ကော်သာသနာ

04/04/2026
26/03/2026
05/03/2026

ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး အဆုံးသပ်နိုင်ရန်အတွက် ဆုတောင်းပေးကြပါစို့။
🙏🙏🙏
✌️ငြိမ်းချမ်းမှုအတွက် အပြန်အလှန်လေးစားမှု၊ တာဝန်ယူမှုများဖြင့် အချင်းချင်း တည်ဆောက်ကြစို့။
🕊🕊🕊🕊
✌️တည်ငြိမ်အေးချမ်းမှုဆိုသည်မှာ အပြန်အလှန်ချိန်းခြောက်မှု့များနှင့် တည်ဆောက်၍မရနိုင် သကဲ့သို့ ပျက်ဆီးခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းတရားတို့ကိုသာ မျိုးစေ့ချပေးသော လက်နက်ဆန်းများဖြင့်လည်း မတည်ဆောက်နိုင်ပါ။ ကျိုးကြောင်းဆီလျော်မှုရှိခြင်း၊ စစ်မှန်ခြင်းနှင့် တာဝန်ယူမှုရှိခြင်းတို့အပေါ် အခြေခံသော တွေ့စုံဆွေးနွေးမှု တစ်ခုတည်းဖြင့်သာ တည်ဆောက်နိုင်ပေမည်။
Pope Leo XIV (March 1, 2026)
🕊🕊🕊🕊
🙏🙏🙏

ဖါသာရ်ဒေါမိနစ်ဒို ၏စျာပနအစီအစဉ်——————————————————ဇန်နာဝါရီလ(၄)ရက်၊ တနင်္ဂနွေနေ့နံနက် ၁၀:၀၀ နာရီ - ဖါသာရ်ဒို၏နေအိမ်တွင် မ...
04/01/2026

ဖါသာရ်ဒေါမိနစ်ဒို ၏စျာပနအစီအစဉ်
——————————————————

ဇန်နာဝါရီလ(၄)ရက်၊ တနင်္ဂနွေနေ့

နံနက် ၁၀:၀၀ နာရီ - ဖါသာရ်ဒို၏နေအိမ်တွင် မစ္ဆားပူဇော်၍ ရုပ်ကလပ်ကို ဆောင်ဒူဘုရားကျောင်းသို့အခမ်းအနားဖြင့်ပို့ဆောင်ခြင်း
ညနေ ၄:၀၀ နာရီ - ဖါသာရ်ဒိုအတွက်မစ္ဆားတရားပူဇော်ခြင်း။

ဇန်နာဝါရီလ (၅)ရက်၊ တနင်္လာနေ့

နံနက် ၉:၀၀နာရီ - စျာပနမစ္ဆားတရားတော် နှင့် ဂူသွင်း သင်္ဂြိုလ်ခြင်း

နေရာ။ ဘုရား၏မယ်တော်ဘုရားရှိခိုးကျောင်း
ဆောင်ဒူကျေးရွာ

Sunday, 4 January 2026
10:00 a.m. – Funeral Mass at his residence, Sondu.
After the Mass, his mortal remains will be solemnly transferred to Mother of God Church.

4:00 p.m. – Funeral Mass at Mother of God Church, Sondu.

Monday, 5 January 2026
9:00 a.m. – Funeral Mass followed by the Burial Rite at Sondu.

Rev. Fr. Dominic Doh သက်တော် (၇၀)နှစ်ဝါတော် (၄၂)ဝါFr. Dominic Doh passed away today at his residence. We commend his sou...
03/01/2026

Rev. Fr. Dominic Doh
သက်တော် (၇၀)နှစ်
ဝါတော် (၄၂)ဝါ

Fr. Dominic Doh passed away today at his residence. We commend his soul to the loving mercy of God and ask everyone to keep him in your prayers. Details regarding the Funeral Mass, including the time and place, will be announced later.

လွိုင်ကော်ကက်သလစ်သာသနာ၊
ဆောင်ဒူတိုက်နယ်တွင်သီတင်းသုံးနေထိုင်လျှက်ရှိသော ဘုန်းတော်ကြီးဒေါမိနစ်ဒိုသည် ၂၀၂၆ခုနှစ် ဇန်နာဝါရီလ(၃)ရက်၊ ယနေ့နံနက်တွင်ပျံလွန်တော်မူသွားပြီဖြစ်ပါသည်။ ဖါသာရ်ဒို ၏ဝိညာဉ်အတွက်ဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဂျူဘီလီနှစ်ပိတ်ပွဲအခမ်းအနား၊လွိုင်ကော်ကက်သလစ်သာသနာဒီဇင်ဘာလ(၂၈)ရက်၊၂၀၂၅ခုနှစ်
28/12/2025

ဂျူဘီလီနှစ်ပိတ်ပွဲအခမ်းအနား၊လွိုင်ကော်ကက်သလစ်သာသနာ
ဒီဇင်ဘာလ(၂၈)ရက်၊၂၀၂၅ခုနှစ်

သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့နိတိဒေသနာကျမ်း ၃း၂-၆,၁၂-၁၄ကော်လောဆေ ၃း၁၂-၂၁မာတေဦး ၂း၁၃-၁၅,၁၉-၂၃---------------------------...
27/12/2025

သန့်ရှင်းသောအိမ်ထောင်စုပွဲနေ့
နိတိဒေသနာကျမ်း ၃း၂-၆,၁၂-၁၄
ကော်လောဆေ ၃း၁၂-၂၁
မာတေဦး ၂း၁၃-၁၅,၁၉-၂၃
---------------------------------------------------------------

ချစ်လှစွာသော ညီအစ်ကိုမောင်နှမများ၊
ခရစ္စမတ်ပွဲပြီးပြီးချင်း ပထမဆုံးတနင်္ဂနွေနေ့မှာ
အသင်းတော်က
ယေဇူး၊ မာရီးယာ၊ ဇူဇယ်တို့ရဲ့
သန့်ရှင်းသောအိမ်ထောင်စုပွဲကို ကျင်းပပါတယ်။

ဘာကြောင့်လဲဆိုတော့
ခရစ္စမတ်ဆိုတာ မိသားစုနဲ့ ခွဲလို့မရတဲ့ပွဲတော် ဖြစ်လို့ပါ။

ခရစ္စမတ်ကို စဉ်းစားမိရင်
နွားစားခွက်လေးထဲမှာ လဲလျောင်းနေတဲ့ ယေဇူးသူငယ်တော်၊
သူ့ဘေးမှာ သူ့အမေ မာရီးယာ၊
အဖေလိုကာကွယ်ပေးတဲ့ ဇူဇယ်ကို မြင်ယောင်မိကြမှာပါ။

ဒါဟာ ဘုရားသခင်က
မိသားစုကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပြသတာ ဖြစ်ပါတယ်။

ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ လာတဲ့အခါ
နန်းတော်ကြီးထဲမှာ မလာခဲ့ပါဘူး။

ဆင်းရဲပြီး ရိုးရိုးမိသားစုလေးထဲမှာ
အကူအညီမဲ့တဲ့ ကလေးလေးအနေနဲ့ မွေးဖွားလာခဲ့ပါတယ်။

ဒါက မိသားစုဆိုတာ ဆင်းရဲရင်တောင်၊
အားနည်းရင်တောင် အလွန်တန်ဖိုးရှိတယ် ဆိုတာကို ပြောပြချင်လို့ပါ။

မိသားစုဆိုတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
အသင်းတော်မရှိခင်ကတည်းက မိသားစုရှိပြီးသားပါ။

ဘုရားကျောင်းမဆောက်ခင်ကတည်းက
လူတွေက အိမ်မှာ ဆုတောင်းနေခဲ့ကြပါတယ်။
ဒါကြောင့်
မိသားစုဟာ ပထမဆုံးဘုရားကျောင်း
ယုံကြည်ခြင်းရဲ့ ပထမဆုံးနေရာ ဖြစ်ပါတယ်။

ဒီနေ့ဖတ်ရတဲ့ ကျမ်းစာက ကျွန်ုပ်တို့ကို ဒီလို သတိပေးပါတယ်...
သားသမီးတွေဟာ မိဘတွေကို လေးစားရိုသေရမယ်
မိဘတွေဟာ သားသမီးတွေကို မေတ္တာနဲ့ ဂရုစိုက်ရမယ် လို့ပါ။

မိဘကို လေးစားတာ၊
အချင်းချင်း ဂရုစိုက်တာ၊
အမှားတွေကို ခွင့်လွှတ်တာဆိုတာ
သေးငယ်တဲ့အရာမဟုတ်ပါဘူး။

ဒီလိုအရာလေးတွေဟာ
ဘုရားသခင်နှစ်သက်တဲ့ သန့်ရှင်းတဲ့အလုပ်တွေ ဖြစ်ပါတယ်။
မိသားစုထဲမှာ
ဆင်းရဲနေရင်တောင်
ဒုက္ခထဲမှာနေရင်တောင်
မေတ္တာရှိတယ်၊ သည်းခံတတ်တယ်ဆိုရင်
အဲဒီနေရာမှာ ဘုရားသခင်ရှိနေပါတယ်။

ရှင်ပေါလူကလည်း
မိသားစုတွေအတွက် အလွန်ရိုးရှင်းပြီး အရေးကြီးတဲ့အရာတွေကို သင်ပေးပါတယ်။

သူက
ကရုဏာ၊ ကြင်နာမှု၊ နိမ့်ချမှု၊ နူးညံ့မှု၊ သည်းခံမှု
ဒီအရာတွေကို အဝတ်အစားလို ဝတ်ထားပါ လို့ ပြောပါတယ်။

ဒီအဝတ်အစားတွေက
ပိုက်ဆံနဲ့ဝယ်ရတာ မဟုတ်ပါဘူး။
လူတိုင်း ဝတ်လို့ရပါတယ်။

ဒီအရာတွေကို ဝတ်ထားတဲ့ မိသားစုဟာ
အေးချမ်းပါတယ်
ငြိမ်းချမ်းပါတယ်
နေရတာ ပျော်စရာကောင်းပါတယ်။

ဘယ်မိသားစုမှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။
သန့်ရှင်းတဲ့အိမ်ထောင်စုတောင်
အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

ယေဇူး၊ မာရီးယာ၊ ဇူဇယ်တို့ဟာ
အကြမ်းဖက်မှုကြောင့်
အီဂျစ်ပြည်ကို ထွက်ပြေးရတဲ့
စစ်ရှောင်မိသားစု ဖြစ်ခဲ့ကြပါတယ်။

ယေဇူးဟာ
အိုးမဲ့အိမ်မဲ့ ကလေးတစ်ယောက်အနေနဲ့
ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။
ဒါကြောင့်
ကျွန်ုပ်တို့ရဲ့ ဒုက္ခကို သူတို့ နားလည်ပါတယ်။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမများ၊
ဒီနေ့ ကျွန်ုပ်တို့လည်း
စစ်ကြောင့် အိုးအိမ်ပျက်စီး
မိသားစုကွဲပြား
မနက်ဖြန်ကို စိုးရိမ်နေကြရပါတယ်။

ဒါပေမဲ့
ဆင်းရဲနေရင်တောင်
အိုးမဲ့အိမ်မဲ့ဖြစ်နေရင်တောင်
မေတ္တာနဲ့ နေထိုင်တဲ့ မိသားစုဟာ
ဘုရားသခင် နေရာချတဲ့ သန့်ရှင်းရာနေရာ ဖြစ်နိုင်ပါတယ်။

ငြိမ်းချမ်းရေးကို
လက်နက်နဲ့ မရနိုင်ပါဘူး
ပိုက်ဆံနဲ့ မဝယ်နိုင်ပါဘူး
အာဏာနဲ့ မလုယူနိုင်ပါဘူး။

စစ်မှန်တဲ့ငြိမ်းချမ်းရေးက
ကျွန်ုပ်တို့အိမ်ကနေ
ကျွန်ုပ်တို့မိသားစုကနေ
စတင်ရပါတယ်။

ခွင့်လွှတ်ခြင်း
မျှဝေခြင်း
ဆုတောင်းခြင်း
အချင်းချင်းချစ်ခြင်း
ဒီအရာတွေကို နေ့စဉ် လုပ်တဲ့ မိသားစုတွေက
ငြိမ်းချမ်းရေးကို တည်ဆောက်နေကြတာပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ် –
ပြီးပြည့်စုံတဲ့ မိသားစုဆိုတာ မရှိပါဘူး
ဒါပေမဲ့
ကြိုးစားတဲ့ မိသားစု
ဆုတောင်းတဲ့ မိသားစု
ခွင့်လွှတ်တတ်တဲ့ မိသားစုကို
ဘုရားသခင် အရမ်းနှစ်သက်တယ်လို့ပါ။

ဒီနေ့ သန့်ရှင်းသောအိမ်ထောင်စုပွဲမှာ
ကျွန်ုပ်တို့ရဲ့
နာကျင်နေတဲ့
ကျိုးပဲ့နေတဲ့
ဆင်းရဲနေတဲ့
ဒါပေမဲ့ မျှော်လင့်ချက်မပျက်သေးတဲ့
မိသားစုတွေကို
ယေဇူး၊ မာရီးယာ၊ ဇူဇယ်တို့လက်ထဲ
အပ်နှံကြပါစို့။

မိသားစုတွေထဲမှာ
ပိုချစ်နိုင်ကြဖို့
ပိုခွင့်လွှတ်နိုင်ကြဖို့
ပိုဆုတောင်းနိုင်ကြဖို့
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို
အတူတကွ တောင်းလျှောက်ကြပါစို့။

ယေဇူး၊ မာရီးယာ၊ ဇူဇယ်တို့ရဲ့
သန့်ရှင်းသောအိမ်ထောင်စုက
သင်တို့မိသားစုအားလုံးကို
ကာကွယ်စောင့်ရှောက်ပြီး
ယုံကြည်ခြင်း၊ မေတ္တာ၊ ငြိမ်းချမ်းရေးနဲ့
ပြည့်စေပါစေ။

အာမင်။

Address

ThiriDaw Street
Loikaw

Website

Alerts

Be the first to know and let us send you an email when Christ the King, Loikaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category