Yusamoso Diocesan Marian Shrine

Yusamoso Diocesan Marian Shrine Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yusamoso Diocesan Marian Shrine, Religious organisation, Yusamoso Village, Demoso Township, Loikaw.

11/02/2022
နိုင်ငံတော်အတွက်အစာရှောင်ဆုတောင်းခြင်း(၇.၂.၂၀၂၁)Facebook အခက်အခဲကြောင့်နိုဗင်းနာအစီအစဉ်ထုတ်လွှင့်ခြင်းမပြုနိုင်ခြင်းအတွက...
05/02/2021

နိုင်ငံတော်အတွက်အစာရှောင်ဆုတောင်းခြင်း
(၇.၂.၂၀၂၁)
Facebook အခက်အခဲကြောင့်နိုဗင်းနာအစီအစဉ်
ထုတ်လွှင့်ခြင်းမပြုနိုင်ခြင်းအတွက်ခွင့်လွှတ်နား
လည်ပေးပါရန်မေတ္တာရပ်ခံပါသည်။

01/02/2021

လက်ရှိအခြေအနေအရ သာသနာလုံးဆိုင်ရာဆုတောင်းပြည့်လုဒ်သခင်မယူဆမော်ဆိုမယ်တော်လှိုင်ဂူပွဲကျင်းပခြင်းကိုအကန့်အသတ်မရှိရွေ့ဆိုင်းလိုက်ပါသည်။ဘာသာတူများမိမိတို့တိုက်နယ်များတွင်သာ
ကျင်းပဆုတောင်းကြပါရန်အသိပေးနိုးဆော်အပ်ပါသည်။အထူးသဖြင့်
ကျွန်ုပ်တို့နိုင်ငံတော်အတွင်းလတ်တလောကြုံတွေ့နေရသောအခက်
အခဲပြဿနာအေးဆေးတည်ငြိမ်စွာပြေလည်သွားစေရန်အထူးဆု
တောင်းကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

30/01/2021

Hail Mary Prayer Song

29/01/2021

ဆု​တောင်းပြည် လုဒ်မယ်​တော်သခင်မ၊ ယူဆမိုဆို၊ ဒီး​မော့ဆိုမြို့နယ်၊ ကယားပြည်နယ်။
Crd. Scigonegon.

အပိုင်း(၄)လွိုင်ကော်ကက်သလစ်သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်မယ်တော်အဖြစ် ကျင်းပခြင်းနှင့် အသိအမှတ်ပြုခြင်း။၁၉၅၄ ခုနှစ်...
29/01/2021

အပိုင်း(၄)
လွိုင်ကော်ကက်သလစ်သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်မယ်တော်အဖြစ် ကျင်းပခြင်းနှင့် အသိအမှတ်ပြုခြင်း။

၁၉၅၄ ခုနှစ်တွင် စတင်ခဲ့သည့် ယူဆမိုဆို လုဒ်မယ်တော်သည် နှစ်စဉ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် လုဒ်မယ်တော်ပွဲတော်ရက်အဖြစ် ပွဲတော်ကျင်းပမြဲဖြစ်သည်။ ယခင်က ယူဆမိုဆို၊ ဆောင်ဒူလာ၊ ကွိုင်ငံနှင့် ခူးပရာပတိုငံရွာရှိ ဘာသာတူများသာ လာရောက်ဆုတောင်းခဲ့ကြသည်။ ထို့ပြင် လစဉ် လ၏ပထမပတ်တွင်လည်း သွားရောက်ဆုတောင်းခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လူသိများလာပြီး ဘေးပတ်ဝန်းကျင်ရှိ ရွာများလည်း ဘုရားဖူးလာကြပါသည်။ အခြားတိုက်နယ်မှလည်း လာရောက်ဆုတောင်းခဲ့ကြပါသည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ အခြားသာသနာများမှ ဘာသာတူများသည်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့ အသီးသီးသည်လည်းကောင်း ဘုရားဖူးလာကြပါသည်။
ယင်းအခြေအနေကို လေ့လာမိသော ဘာသာရေးခေါင်းဆောင်များနှင့် ဘုန်းတော်ကြီးများသာမက ဆရာတော်ကြီးသည် ယူဆမိုဆိုမယ်တော်အား လွိုင်ကော်ကက်သလစ်သာသနာလုံးဆိုင်ရာ လုဒ်မယ်တော်အဖြစ် ထားရှိသင့်ကြောင်း သုံးသပ်ခဲ့ကြပါသည်။ ထို့ကြောင့် ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၊ လုဒ်မယ်တော်ပွဲတော် မစ္ဆားအချိန်မှစပြီး ယူဆမိုဆို ဆုတောင်းပြည့် လုဒ်မယ်တော်ကို လွိုင်ကော်ကက်သလစ်သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်မယ်တော်အဖြစ် ဆရာတော်ကြီး ဆိုတေးရိုဖါးမောမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ဖြစ်၍ လွိုင်ကော်ကက်သလစ်သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်မယ်တော်သည် ယူဆမိုဆိုရွာအနီးတွင် တည်ရှိ၍ နှစ်စဉ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် မယ်တော်ပွဲတော်နှင့်အတူ မစ္ဆားပူဇော်ခြင်း၊ ဆုတောင်းပွဲများ ပြုလုပ်လေ့ရှိပါသည်။

Crd. # လွိုင်ကော်ကက်သလစ်သာသနာ၊ ယူဆမိုဆို (ဆော်ဘော့သ) ဆုတောင်းပြည့် လုဒ်မယ်တော်၏ အတ္ထုပ္ပတ္တိအကျဉ်း။

အပိုင်း(၃)ဆုတောင်းပြည့် လုဒ်မယ်တော်အား ယူဆမိုဆို သဘာဝလိုဏ်ဂူသို့ ပင့်ဆောင်ခြင်းဆရာဦးလွှီးဇီ ရွိုင်စူ၏ အကြံပြုချက်အရ ယခု ...
28/01/2021

အပိုင်း(၃)
ဆုတောင်းပြည့် လုဒ်မယ်တော်အား ယူဆမိုဆို သဘာဝလိုဏ်ဂူသို့ ပင့်ဆောင်ခြင်း

ဆရာဦးလွှီးဇီ ရွိုင်စူ၏ အကြံပြုချက်အရ ယခု သဘာဝလိုဏ်ဂူကို လာရောက်ကြည့်ရှုကြရာ အသင့်လျှော်ဆုံးနေရာဖြစ်သည်ဟု ယူဆကြပြီး ဘုန်းတော်ကြီးပီတာကာလ်ဗားနီအား လျှောက်ထားခဲ့သည်။ ဘုန်းတော်ကြီးမှ ခွင့်ပြုသဖြင့် ၁၉၅၄ ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် ယူဆမိုဆိုရွာမှ ဦးဘန်းရီ၊ ဦးဇိုဝါးနီပု၊ ဦးဖေါင်စူတို့မှ ဂူလိုဏ်ပတ်ဝန်းကျင်ကို သွားရောက်ခုတ်ထွင်ရှင်းလင်းခဲ့သည်။ (ယခင် ဤနေရာသည် သစ်တော်များဖုံးလွှမ်းနေပြီး သားရဲတိရိစ္ဆာန်များ ပေါများလှသည် နေရာဖြစ်သည်။) တောကိုရှင်းလင်းပြီးနောက် ၁၉၅၄ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင် ဘုန်းတော်ကြီး ပီတာကာလ်ဗားနီးမှ သဘာဝဂူလိုဏ်ကို မင်္ဂလာပေးခဲ့ပါသည်။
ထို့နောက် ယူဆမိုဆို၊ ဆောင်ဒူလာ၊ ကွိုင်ငံကျေးရွာရှိ ဘာသာရေးဆိုင်ရာလူကြီးများ တိုင်ပင်ညှိနှိုင်း၍ မယ်တော်ဆင်းတုတော် စံမြန်းနိုင်ရန်အတွက် နန်းဆောင်တစ်ဆောင်နှင့် မစ္ဆားပူဇော်နိုင်ရန်အတွက် ယဇ်ပလ္လင်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ၎င်းကို ဘုန်းတော်ကြီးအား တင်ပြလျှောက်ထားရာ ကွိုင်ငံရွာမှ သာသနာဆရာကော်မတီ ဦးမှိုင်းအား ဦးဆောင်သူအဖြစ် တာဝန်ပေးပြီး တည်ဆောက်ကြရန် ဖြစ်သည်။
ယူဆမိုဆို၊ ဆောင်ဒူလာနှင့် ကွိုင်ငံကျေးရွာရှိ ဘာသာတူများ တက်ညီလက်ညီ လုပ်အားဒါနပြုခြင်းကြောင့် ၁၉၅၄ ခုနှစ်၊ ဧပြီလတွင် အပြီးဆောက်လုပ်နိုင်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်၊ မေလ(၆)ရက်နေ့တွင် ဒေါရောက်ခူ ဘုရားရှိခိုးကျောင်းတွင် စံမြန်းနေတော်မူသော ဆုတောင်းပြည့် လုဒ်မယ်တော်ကို ယခု ယူဆမိုဆို သဘာဝဂူလိုဏ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ထိုသို့ ပင့်ဆောင်ရာတွင် ဒေါရောက်ခူတိုက်နယ်ရှိ ကျေးရွာအသီးသီးမှ စည်းကားသိုက်မြိုက်စွာ ပင့်ဆောင်ခဲ့ကြပြီး နန်းတင်ခဲ့ပါသည်။
ဆုတောင်းပြည့် လုဒ်မယ်တော်ဆင်းတုတော် နန်းတင်ပြီး စုပေါင်းဆုတောင်းခဲ့ကြပါသည်။ ယင်း ဆုတောင်းပွဲတွင် ဘုန်းတော်ကြီး ပီတာကာလ်ဗားနီက ယခု မယ်တော်သည် ယူဆမိုဆို၊ ဆောင်ဒူလာ၊ ကွိုင်ငံ၊ ခူပရာပတိုငံကျေးရွာတို့အတွက် အထူးခိုကိုးရာ မယ်တော်ဖြစ်သည့်အပြင် တနေ့တွင် ရပ်ဝေးရပ်နီး မိတ်ဆွေသင်္ဂဟများ သဒ္ဓါကြည်ညိုဆုတောင်းရာ မယ်တော်လည်းဖြစ်နိုင်ကြောင်း၊ ၎င်း ဆုတောင်းပြည့် လုဒ်မယ်တော်၏ ပွဲနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ကျင်း၌ကြရန်လိုအပ်ကြောင်း၊ သဘာဝဂူလိုဏ်ကိုလည်း လိုအပ်သလို ဆက်လက်ပြုပြင်မွမ်းမံရမည်ဖြစ်ကြောင်း လမ်းညွှန်မိန့်ကြားခဲ့ပါသည်။
ထို့ကြောင့် သဘာဝဂူလိုဏ်နှင့် ဆုတောင်းပြည့် လုဒ်မယ်တော်အား မွမ်းမံကြီးကြပ်ထိန်းသိမ်းရန် သာသနာဆရာကော်မတီ ဦးမှိုင်းနှင့် ဦးလွှီးဇီ ရွိုင်စူ၊ ဦးဇိုဝါးနီပု တို့မှ ဦးစွာတာဝန်ယူကြီးကြပ်ခဲ့ကြပါသည်။ ၎င်းနောက် မယ်တော်ဂူလိုဏ် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီကို ၁၉၅၅ ခုနှစ်မှစတင်၍ စနစ်တကျ ဖွဲ့စည်းခဲ့ကြသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါတော့သည်။

Crd # လွိုင်ကော်သာသနာ၊ ယူဆမိုဆို ဆုတောင်းပြည့် လုဒ်မယ်တော်၏ အတ္ထုပ္ပတ္တိအကျဉ်း။

အပိုင်း(၂)ဆုတောင်းပြည့် လုဒ်မယ်တော် အတ္ထုပ္ပတ္တိအကျဉ်းဆုတောင်းပြည့် လုဒ်မယ်တော်၏ ဆင်းတုတော်သည် ယခင် ဒေါရောက်ခူဘုရားကျောင...
28/01/2021

အပိုင်း(၂)
ဆုတောင်းပြည့် လုဒ်မယ်တော် အတ္ထုပ္ပတ္တိအကျဉ်း

ဆုတောင်းပြည့် လုဒ်မယ်တော်၏ ဆင်းတုတော်သည် ယခင် ဒေါရောက်ခူဘုရားကျောင်းတွင် ထားရှိခဲ့သည်။ ၁၉၅၄ ခုနှစ်ကို မယ်တော်သခင်မ၏ အပြစ်မဲ့သန္ဓေယူခြင်း ဂျူဗလီနှစ်အဖြစ် ပုပ်ရဟန်းမင်းကြီး (Pope Pius XII)မှ သတ်မှတ်ခဲ့သည်။ ၎င်းနှစ်တွင် ယခု ဆုတောင်းပြည့် လုဒ်မယ်တော်ဆင်းတုတော်ကို ပင့်ဆောင်ပြီ ဒေါရောက်ခူတိုက်နယ်ရှိ ကျေးရွာအသီးသီးသို့ လှည့်လည်သဒ္ဓါကြည်ညိုမှု ခံယူခဲ့သည်။ ရွာတိုင်းတွင်လည်း အိုးစည်၊ ဗုံမောင်းတို့ဖြင့် စည်စည်ကားကား ကြိုဆိုဂုဏ်ပြုပြီး လိုရာဆုကျေးဇူးများကို တောင်းခဲ့ကြသည်။ စိပ်ပုတီးစိပ်ခြင်း၊ မယ်တော်သီချင်းများဖြင့် ဧကျူးခြင်းများကို အင်တိုက်အားတိုက်ပါဝင်ခဲ့ကြပြီး မယ်တော်ထံမှ ကျေးဇူးတော်များကို အသနားခံခဲ့ကြရာတွင် ကျေနပ်အားရလောက်သည့် ဆုကျေးဇူးတော်များကို ခံစားရရှိခဲ့ကြောင်း ကာယကံရှင်များက ဖော်ကျူးခဲ့ကြသည်။ ထို့ကြောင့် ဆုတောင်းပြည့် လုဒ်မယ်တော်ဆင်းတုတော်ကို ဒေါရောက်ခူဘုရားကျောင်းတွင် ဆက်မထားတော့ဘဲ သင့်တော်မည့် သဘာဝလိုဏ်ဂူတစ်ခုခုတွင်ထားရန် စိတ်ကူးလာခဲ့ကြသည်။ ဤတွင် ဆောင်ဒူလာကျေးရွာတွင် နေထိုင်ခဲ့သည့်ဆရာ ဦးလွှီးဇီ ရွိုင်စူမှ ယခု "ဆော်ဘော့သ" သဘာဝလိုဏ်ဂူတွင် ထားရန်သင့်တော်ကြောင်း အကြံပေးခဲ့ပါသည်။

Crd # လွိုင်ကော်သာသနာ၊ ယူဆမိုဆို ဆုတောင်းပြည့် လုဒ်မယ်တော်၏ အတ္ထုပ္ပတ္တိအကျဉ်း။

အပိုင်း(၁)၁။ ယူဆမိုဆို (ဆော်ဘော့သ) သဘာဝလိုဏ်ဂူ၏ဒဏ္ဍာရီယူဆမိုဆို၊ ဆောင်ဒူလာ၊ ကွိုင်ငံ၊ ခူးပရာပတိုငံ စသည့်ရွာနှင့် အနီးအနာ...
28/01/2021

အပိုင်း(၁)
၁။ ယူဆမိုဆို (ဆော်ဘော့သ) သဘာဝလိုဏ်ဂူ၏ဒဏ္ဍာရီ

ယူဆမိုဆို၊ ဆောင်ဒူလာ၊ ကွိုင်ငံ၊ ခူးပရာပတိုငံ စသည့်ရွာနှင့် အနီးအနားတဝိုက်သည် ကယန်းလူမျိုး၏ရွာများ ဖြစ်ကြသည်။ ယခင် ကယန်းလူမျိုးတို့သည် စာပေမသင်ကြားရသဖြင့် မှတ်တမ်းများ မထားရှိနိုင်ခဲ့ပေ။ သို့သော် လူကြီးစကား သက်ငယ်ကြားဆိုသလို တဆင့်စကားတဆင့်နားသို့ ပုံပြင်အသွင်ဖြင့်လည်းကောင်း၊ ကဗျာအင်္ကာအသွင်ဖြင့်လည်းကောင်း၊ ဆင့်ကဲပြောဆို ရွတ်ပြခဲ့ကြသည်။ ထို့ကြောင့် ဆုတောင်းပြည့် လုဒ်မယ်တော်စံမြန်းရာ လိုဏ်ဂူအကြောင်းကို မှတ်သားမိသရွေ့ အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။
ယခု လုဒ်မယ်တော်သခင်မစံမြန်းရာ သဘာဝလိုဏ်ဂူတည်ရှိသောတောင်ကို ကယန်းဘာသာစကားဖြင့် "ဆော်ဘော့သ"ဟု ခေါ်ပါသည်။ ၎င်းတောင်အကြောင်း မဖေါ်ပြမှီ ၎င်းတောင်နှင့် စပ်ဆိုင်သည့်တောင်အကြောင်း ဦးစွာတင်ပြပါမည်။ "ပရန်စွဆော်" (ခေါတမောတောင်)သည် ဟိုယာအနီးတွင်ရှိသည်။ "ယူဆော်"သည် သူတပါးကို မကောင်းကြောင်း ပြောဆိုတတ်သည့်တောင်ဖြစ်၍ လေမအန်းခူရွာအနီးတွင်ရှိသည်။ "စယားဆော်"သည် အေးဆေးတည်ငြိမ်သောတောင်ဖြစ်၍ လေမအန်းခူရွာအနီးတွင် တည်ရှိသည်။ "ပတိုဆော်"သည် အများ၏ ဆောင့်နင်းခြင်းကြောင့် ဖိသိပ်ကျစ်လစ်သောတောင်အဖြစ် ခူးပရာပတိုငံရွာအနီးတွင် တည်ရှိပါသည်။ "ဆော်အိုက်ခါ"သည် ပါးစပ်ဆုတ်ဖြဲခြင်းခံရသောတောင်အဖြစ် ကွိုင်ငံရွာအနီးတွင် ရှိသည်။ "ငူးရောက်ဆော်"သည် ကောင်းမြတ်သောတောင်အနေဖြင့် ဒေါရောက်ခူရွာအနီးတွင် တည်ရှိသည်။ "ရိုးဆော်"(တခွပ်တောင်)သည် အမြဲစိမ်းလန်းစိုပြေလျှက်ရှိသောတောင်၊ "လဲဆော်" (လွိုင်နန်းဖတောင်)သည် မြင့်မားခန့်ညားသောတောင်နှင့် "ဆော်ဘော့သ" သည် အသဲနှလုံးအနှိုက်ခံရသောတောင် (ယခု မယ်တော်လိုဏ်ဂူတည်ရှိသောတောင်) တို့ ဖြစ်ကြပါသည်။
ရှေးယခင် ကယန်းလူမျိုးများ၏ ဒဏ္ဍာရီပုံပြင်များတွင် ကမ္ဘာပထဝီမြေကြီးအပေါ်ယံရှိ အရာဝတ္ထုများ၊ သစ်ပင်ပန်းမာလ်နှင့် သတ္တဝါအားလုံးသည် လူသားစကားပြောဆိုတတ်သည် ဟူ၏။ တရံရောအခါ သူတစ်ပါးကို မကောင်းကြောင်းပြောတတ်သည့် "ယူဆော်"သည် "လဲဆော်"ကို "ရိုးဆော်"သို့ နာမည်ရောင်းစားခဲ့သည်။ "လဲဆော်"က မိမိမဟုတ်ကြောင်း "ရိုးဆော်"နှင့် အငြင်းပွားရာမှ စက်မက်ဖြစ်ပွားသည်အထိ ဖြစ်လာခဲ့သည်။ "ရိုးဆော်"က ဝါးလက်နက်၊ "လဲဆော်"က သစ်ယာ၊ ထင်ရှုးလက်နက်ဖြင့် တိုက်ခိုက်ကြရင်း ရက်၊ လ ကြာညောင်းလာသောကြောင့် စစ်ပန်းလာခဲ့ကြသည်။ တိုက်ခိုက်မှုကို ခေတ္တရပ်နားစဉ် ထိုသို့ အချင်းချင်း စစ်မက်ဖြစ်ပွားခြင်းမှာ "ယူဆော်"၏ ပယောဂမကင်းကြောင်း သိရှိလာခဲ့ကြသည်။ အဖြစ်မှန်ကိုသိရှိရန် "ပရန်စွဆော်"မှ "ဆော်အိုက်ခါ"ကို စုံစမ်းမေးမြန်းရာ "ဆော်အိုက်ခါ"သည် လျှာလေးအာလေးနှင့် နှုတ်နှေးသဖြင့် "ပရန်စွဆော်"မှ စိတ်မရှည်တော့ဘဲ ၎င်း၏ပါးစပ်ကို အထက်အောက် ဆုတ်ဖြဲလိုက်သည်။ ထို့ကြောင့် "ဆော်အိုက်ခါ"တောင်သည် ယနေ့တိုင် ပါးစပ်ဆုတ်ဖြဲခံရသည်။ လူကဲ့သို့ ပါးစပ်ခွဲလျှက်သားရှိနေပြီး ၎င်း၏ခြေရင်းမှ သွေးစီးကျသည်မှာ ယနေ့ ငွေတောင်ချောင်းအဖြစ် စီးဆင်းနေသည်ဟု အဆိုရှိခဲ့သည်။
တဖန် "ယူဆော်"အကြောင်းနှင့်ပတ်သက်၍ "ပတိုဆော်"ကို မေးမြန်းရာတွင်လည်း မိမိလုံးဝမသိရပါကြောင်း ပြောကြားခဲ့ရာ "ပရန်စွဆော်"က "ပတိုဆော်"၏ အကြောအခြင်များကို ဆွဲနှုတ်ပစ်လိုက်သဖြင့် ၎င်းတောင်သည် ရှိုပေါက်၊ မြောင်ပေါက်ဖြစ်သွားသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။
ဆက်လက်၍ "ဆော်ဘော့သ"ကို မေးမြန်းကြရာတွင် မိမိမဖြေတတ်ကြောင်း ပြောပြန်သဖြင့် "ပရန်စွဆော်"က ၎င်း၏အသဲနှလုံးကို နှိုက်ယူထုတ်လိုက်ပြီး ယင်း၏ဦးခေါင်းပေါ်သို့ တင်ထားခဲ့သည်။ ထို့ကြောင့် "ဆော်ဘော့သ"သည် ရင်ခေါင်းဟောင်းလောင်း ဖြစ်နေသော လူပုံသဏ္ဍာန်ဂူလိုဏ်အဖြစ် ကျန်ရှိခဲ့သည်။ ၎င်း"ဆော်ဘော့သ"တောင်သည် ယနေ့ ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မ စံမြန်းရာတောင်တော်ပင် ဖြစ်ပါသည်။

Crd # လွိုင်ကော်သာသနာ၊ ယူဆမိုဆို ဆုတောင်းပြည့် လုဒ်မယ်တော်၏ အတ္ထုပ္ပတ္တိအကျဉ်း။

လွိုင်ကော်ကက်သလစ်သာသနာ၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုရွာတွင် တည်းထားသော သာသနာလုံးဆိုင်ရာ ဆုတောင်...
27/01/2021

လွိုင်ကော်ကက်သလစ်သာသနာ၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုရွာတွင် တည်းထားသော သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မ (ဆော်ဘော့သ) လိုဏ်ဂူ ဝတ်ပြုဆုတောင်းခြင်း လုပ်ငန်းစီမံချက်။
၁။ လွိုင်ကော်ကက်သလစ်သာသနာ၊ သာသနာလုံးဆိုင်ရာဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ (ဆော်ဘော့သ) လိုဏ်ဂူပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၁၁)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိပါသည်။
၂။ ယခုအခါ ကမ္ဘာ့နိုင်ငံအနှံအပြား၌ ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါကြောင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိတော့ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးသည်းကမ်းချက်နှင့်အညီ တစ်ကြိမ်လျှင် လူ(၅၀)ဦးသာ ကျင်းပနိုင်တော့မည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ဝတ်ပြုဆုတောင်းမည့်အစီအစဉ်ကို အောက်ပါအတိုင်း (ပုံ) ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
- မှတ်ချက်။ ။ ဝတ်ပြုဆုတောင်းမည့်အဖွဲ့များသည် ဝတ်ပြုဆုတောင်းမည့်နေရာသို့မဝင်မှီ ဂိတ်တွင်လက်ဆေးခြင်း၊ အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဝင်ရောက်ရမည်။ ဝတ်ပြုဆုတောင်းသည့်နေရာတွင် သတ်မှတ်ထားသည့် (၆)ပေအကွာတွင် နေထိုင်ပြီး ဝတ်ပြုဆုတောင်းခြင်းကို ပြုရမည်။
၄။ ဝတ်ပြုဆုတောင်းမည့်အစီအစဉ်တွင် စိပ်ပုတီးစိပ်ခြင်း၊ မစ္ဆားတရားတော်၊ နိုဗေးနားနေတ္တာနှင့် ကရူးစူးကားလမ်းလှည့်ခြင်း ပြုရပါမည်။
၅။ မစ္ဆားတရားတော်ပူဇော်ခြင်းအစီအစဉ်တွင် အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ခွဲဝေသတ်မှတ်ထားပေးပါသည်။
- လွိုင်ကော်ကက်သလစ်သာသနာ၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုရွာတွင်တည်ထားသော ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မ (ဆော်ဘော့သ) မယ်တော်လိုဏ်ဂူပွဲတော်ကို ယခင်ကဲ့သို့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကျရောက်ခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ကျင်းပနိုင်ရေးအတွက် အမိမယ်တော်သခင်မထံမှ ဆုကျေးဇူးတော်များတောင်းခံ၍ ကျေးဇူးတော်များ ရရှိခံစားနိုင်ကြပါစေကြောင်း တင်ပြအပ်ပါသည်။

Address

Yusamoso Village, Demoso Township
Loikaw
20101

Website

Alerts

Be the first to know and let us send you an email when Yusamoso Diocesan Marian Shrine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share