Tee La Thu Kho Baptist Church

Tee La Thu Kho Baptist Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tee La Thu Kho Baptist Church, Religious organisation, Loikaw.

16/11/2025
ဘုရားကျောင်းနဲ့ ဝေးမှာကြောက်တာထက်ဘုရားနဲ့ဝေးမှာကိုပိုကြောက်ပါ တဲ့ဒီစကားက မှန်သလား မှားသလားဆိုတာပြန်စဉ်းစားကြည့်ရအောင်အလွ...
10/11/2025

ဘုရားကျောင်းနဲ့ ဝေးမှာ
ကြောက်တာထက်
ဘုရားနဲ့ဝေးမှာကို
ပိုကြောက်ပါ တဲ့

ဒီစကားက မှန်သလား မှားသလားဆိုတာ
ပြန်စဉ်းစားကြည့်ရအောင်
အလွယ်ပြောရရင်
ဒီစကားက မှန်လည်းမှန်တယ်
မှားလည်းမှားတယ်

ဘာလို့လဲဆိုရင်...
ဘုရားကျောင်းနဲ့ဝေးမှာကိုကြောက်ခြင်းနဲ့
ဘုရားနဲ့ဝေးမှာကို ကြောက်ခြင်းက
တကယ်တော့ တိုက်ရိုက်
အချိုးကျတယ်ဆိုတာ မမေ့ပါနဲ့

ဘုရားကျောင်းနဲ့ဝေးမှာကြောက်တဲ့သူဟာ
ဘုရားနဲ့ဝေးမှာကိုလည်းကြောက်မှာပဲ
ဘုရားကျောင်းနဲ့ဝေးမှာကို မကြောက်တဲ့သူဟာ
ဘုရားနဲ့ဝေးမှာကိုလည်း မကြောက်ဘူး

ဘုရားကိုကြောက်ရင် ဘုရားကျောင်းတက်မယ်
ဘုရားကိုမကြောက်ရင် မတက်ဘူး
ဘုရားကျောင်းတက်တာဟာ ဘုရားကို ချစ်လို့ကြောက်လို့ပဲ
မတက်ရင် မချစ်လို့မကြောက်လို့
ဒီထက်ရှင်းတာမရှိဘူး

ဒီထက်ပိုရှင်းလို့လည်း မရဘူး

တချို့ကပြောလိမ့်မယ်
ဘုရားကိုတော့ ချစ်ပါတယ် ကြောက်ပါတယ်
ဒါမဲ့ ဘုရားကျောင်းတော့ မသွားချင်ဘူးဆိုပြီး...
ဒီလိုပြောပြီဆိုထဲက
သူပြောတဲ့ ချစ်ခြင်းကြောက်ခြင်းက
အတုအယောင်ပဲ ဖြစ်လိမ့်မယ်

ဘုရားသာ လူသားတွေကို
မင်းတို့ကိုတော့ချစ်ပါတယ်ကွာ
ဒါမဲ့ ငါ့အသက်အသွေးတွေကို ပေးပြီး
မကယ်ချင်ဘူး ဆိုပြီးပြောခဲ့ရင်
ကျတော်တို့တွေ ဘယ်လိုလုပ်ပြီး ကယ်တင်ခြင်းရတော့မှာလဲ

အဲ့တော့...ဘုရားနဲ့ဝေးမှာကြောက်ရင် ဘုရားကျောင်းတက်ပါ
ဘုရားကျောင်းကို ဘုရားကိုချစ်ကြောက်ရိုသေတဲ့စိတ်နဲ့သွားပါ
ဘုရားနဲ့ဝေးမှာကြောက်သလို ဘုရားကျောင်းနဲ့ဝေးမှာကိုလည်းကြောက်ပါ

အခြေနေအမျိုးမျိုးကြောင့် ဘုရားကျောင်းမရှိတဲ့နေရာမျိုး
ဘုရားကျောင်းတက်ဖို့ ဘယ်လိုမှ အဆင်မပြေတဲ့ခါမျိုး
ဆိုရင်တော့ ဘုရားကျောင်းနဲ့ဝေးမှာကို ကြောက်တာထက်
ဘုရားနဲ့ဝေးမှာကို ပိုကြောက်ပါ ဆိုတဲ့စကားက
မှန်ပါလိမ့်မယ်...အဲ့လိုအခြေနေမျိုးမှာ
ဘုရားနဲ့နီးကပ်စွာအသက်ရှင်နိုင်သောသူများ
ဖြစ်ကြပါစေ...

ယုံကြည်သူ အသင်းသူ အသင်းသားများ
ဆင်ခြင်နိုင်ကြပါစေ

ချစ်ခြင်းမေတ္တာဖြင့်

08/11/2025

တိုးတက်မှု .................

လူဆိုတာ ပြီးပြည့်စုံနေဖို့ထက်
တိုးတက်နေဖို့က ပိုအရေးကြီးတယ်
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
ပြီးပြည့်စုံတယ်ဆိုတာ မရွိဘူး
အာ့လိုမပြည့်စုံခြင်းကလည်း
အပြစ်မဟုတ်ပါဘူး
ဒါပေမယ့် အရေးကြီးတာတစ်ခုက
တိုးတက်နေဖို့ပဲ
ယုံကြည်သူခရစ်ယာန်တစ်ယောက်သည်
မွေးထဲက အတိုင်း ဝိညာဉ်ရေးရာမှာ
ဘာတိုးတက်မှုမှမရှိဘူးဆိုရင်
ဒါဟာ အပြစ်ဖြစ်သွားပြီ

ဘာကြောင့်လဲဆိုရင်
တိုးတက်နေဖို့ ဘုရားအလိုတော်ရှိသလို
နှုတ်ကပတ်တော်အားဖြင့်လည်း
ကျတော်တို့ကို သွန်သင်ထားတယ်
ဧဖက် ၄း၁၃ မှာဖော်ပြထားသလို
ပထမအဆင့်မှာ ယုံကြည်ခြင်းအရာမှာ
တိုးတက်ကြီးထွားရင့်ကျက်လာဖို့
ပြီးရင် ဘုရားသခင်ရဲ့ သားတော်တည်းဟူသော
ယေရှူခရစ်တော်ကို သိကျွမ်းခြင်း
ပြီးရင် ခရစ်တော်က ပြည့်စုံသကဲ့သို့ပဲ
ကျတော်တို့သည်လည်း
ခရစ်အားဖြင့် ခရစ်တော်အထဲ၌
ပြည့်စုံပြီး ဝိညာဥ်ရေးရာမှာ
တိုးတက်ကြီးထွားရင့်ကျက်သောသူဖြစ်လာတဲ့အထိ
တိုးတက်နေဖို့ ကို သွန်သင်ထားပါတယ်

သို့သော် ယနေ့ခရစ်ယာန်ယုံကြည်သူ
လူကြီးလူငယ်များရဲ့ တိုးတက်လာပုံကို
မြင်တွေ့ရတာဟာ အင်မတန်မှ
ဝမ်းနည်းစရာကောင်းလှပါတယ်
ဘာကြောင့်လဲဆိုရင် ဝိညာဥ်ရေးရာမှာ မဟုတ်ဘဲ
လောကီရေးရာ၌သာ တိုးတက်ပြီး
ဘုရားဝတ်၌မွေ့လျော်ခြင်းအမှုမှာ
ပိုပိုပြီး ဆုတ်ယုတ်လာတာလို့ပဲ ဖြစ်ပါတယ်

အထူးသဖြင့်လူငယ်တွေရဲ့တိုးတက်မှုကိုကြည့်မယ်ဆိုရင်
ခေါတ်ရေစီးကြောင်းအတိုင်းပဲ
မဖော်သင့်တာတေဖော် မသောက်မစားသင့်တာတေကို
သောက်စား မပြုမူသင့်တာတေကိုသာ
စွဲစွဲမြဲမြဲ လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်
တစ်ဖက်မှာ ဘုရားကျောင်းသွားဖို့
ယုံကြည်သူချင်း အတူတကွစုဝေး
မိတ်သဟာယဖွဲ့ခြင်း ကျမ်းစာဖတ်ဆုတောင်းခြင်းအရာတေမှာ
ပိုပိုပြီး လျော့ရဲလာတာကိုမြင်ရပါတယ်

ဤသည်မှာ ကျတော်တို့ အသင်းသူအသင်းသားနဲ့
ယုံကြည်သူသားသမီးတို့အားလုံး
ပြန်လည်စဥ်းစားဆင်ခြင်သုံးသပ်သင့်တဲ့
တိုးတက်မှုဆိုတဲ့စကားလုံးပင်တည်

ချစ်ခြင်းမေတ္တာဖြင့်

06/11/2025

စုံစမ်းခြင်း ...............

စုံစမ်းခြင်းလို့ပြောရင် ယုံကြည်သူတိုင်း
ရင်ဆိုင်ကြုံတွေ့မှာ အမှန်ပဲ.
အာ့လိုကြုံလာတဲ့အခါတိုင်းမှာ
တစ်ခါတလေ စိတ်ဓာတ်ကျမယ်
တစ်ခါတလေ စိတ်ကိုတင်းထားမယ်
တစ်ခါတလေ အရှုံးပေးတဲ့ထိဖြစ်သွားတတ်တယ်

ဒါဟာဘာကြောင့်လဲလို့ပြောတဲ့ခါမှ
ဒီစုံစမ်းခြင်းရဲ့ ရည်ရွယ်ချက်နဲ့အကျိုးရလဒ်ကို
မသိလို့ပဲ ဖြစ်ပါတယ်...

ဒါဆို စုံစမ်းခြင်းတွေရဲ့ ရည်ရွယ်ချက်နဲ့အကျိုးရလဒ်က
ဘာတွေလဲ... ယာကုပ် ၁း၂ -၄ ကိုကြည့်မယ်ဆိုရင်
စုံစမ်းခြင်းဟာ ကျတော်တို့ရဲ့သည်းခံခြင်းကို
တိုးပွားစေတယ် ဆိုပြီး ပြောထားပါတယ်
ဒါဟာ အကျိုးရလဒ်ဖြစ်ပြီး

အခန်းငယ် ၄ မှာက
အာ့ဒီ သည်းခံခြင်းစိတ်ကပဲ ကျတော်တို့ကို
စေ့စပ်စုံလင်သောသူ ဖြစ်ဖို့
အကုန်အစင် (တစ်ချို့တစ်ဝက်,တစ်ပိုင်းတစ်စမဟုတ်)
ပြုပြင်ပါစေ ဆိုပြီးတွေ့ရပါတယ်
ဒါဟာ စုံစမ်းခြင်းရဲ့ ရည်ရွယ်ပဲ ဖြစ်ပါတယ်

သည်းခံတတ်တဲ့စိတ်ကပြုပြင်ပေးလို့
စေ့စပ်စုံလင်သောသူများ ဖြစ်ကြပါစေ

ချစ်ခြင်းမေတ္တာဖြင့်

05/11/2025

❤️❤️❤️ အတွေးမမှားနဲ့ ညီမ
လျှပ်ပေါ်လော်လည်ဝတ်မှ ခေတ်မီတာမဟုတ်
တက်တူးထိုးမှ စတိုင်ကျမိမိုက်တာမဟုတ်
ခွက်နဲ့ဖလားလေးကိုင်မှ လူရာဝင်တာမဟုတ်
S-line လေးရှိမှ လူဖြစ်ရကျိုးနှပ်တာမဟုတ်

ခေတ်မီခြင်းက စူးစမ်းနားလည်နိုင်မှုပေါ်မူတည်တာ
စတိုင်ကျတယ်ဆိုတာ စမတ်ကျစွာဝတ်စားနေထိုင်မှု
လူရာဝင်နိုင်​ခြင်းက ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာ
လူဖြစ်ရကျိုးနှပ်တာကလဲ လူ့အဖွဲ့အစည်းကို
ဘယ်လောက်အကျိုးပြုလဲ ဆိုတာနဲ့တိုင်းတာ တာပါ

တနေ့..... လိပ်​ပြာလုံတဲ့ဇနီးကောင်း၊ နောက်ကြောင်း
ရတက်အေးရတဲ့စံပြမိခင် ဖြစ်လာရအုံးမယ်လေ....
အဲ့ကြောင့်..... အတွေးမမှားနဲ့ ညီမ 🙏🙏🙏

05/11/2025

ကျေးဇူးတော် မှ နောင်တလမ်းသို့

ရောမ ၂း၄.................
အရာအားလုံးဟာ ကျေးဇူးတော်ပဲ လို့
ပြောဖူးလား...
ကျတော်တို့ယုံကြည်သူခရစ်ယာန်အားလုံးနီးပါး
ပြောဖူးကြမယ်လို့ ယုံကြည်တယ်...
ဒီလိုပြောတာ မှားတယ်မှန်တယ်လို့
ပြောချင်တာမဟုတ်ဘူး...
တစ်ခုပဲရှိတယ်
ကျတော်တို့နှုတ်က အထပ်ထပ်အခါခါ...
ကျေးဇူးတော်ပဲ ကျေးဇူးတော်ပဲ ဆိုပြီးပြောနေပေမယ့်
ကျတော်တို့ရဲ့ အသက်တာဟာ ...
တခြားသူတွေနဲ့ (မယုံကြည်သူ)
ဘာမှထူးခြားမနေရင်...
ကျတော်တို့ အထပ်ထပ်အခါခါ
ပြောနေတဲ့ကျေးဇူးတော်ဟာ...
တကယ်ကော စစ်မှန်ရဲ့လား
ဘုရားသခင်ပေးတဲ့ ဘုရားသခင်ဆီကလာတဲ့
ကျေးဇူးတော် ဆိုတာ တကယ်ဟုတ်ရဲ့လားဆိုတာ
ကျတော်တို့ ပြန်ဆန်းစစ်ဖို့လိုအပ်လာပြီ...
ဘာကြောင့်လဲဆိုရင်
ရောမ ၂း၄ မှာ ဖော်ပြထားချက်အရ...
ဘုရားသခင်ရဲ့ကျေးဇူးတော်သည်
ကျတော်တို့ကို နောင်တလမ်းသို့သွေးဆောင်တယ်...
အာ့တော့ အသက်တာဟာ နောင်တရတဲ့အသက်တာမျိုး
မဟုတ်နေဘူးဆိုရင်တော့...
ကျတော်တို့ရဲ့ အသက်တာကို ပြန်လည်ဆန်းစစ်သုံးသပ်ကြရအောင်လား
..ချစ်ခြင်းမေတ္တာဖြင့်...

05/11/2025

အမှန်မဟုတ်သော အမှန်များ..............................................

ယေရိခေါမြို့ကို စုံစမ်းဖို့
စုံထောက် ၁၂ ယောက်ကို စေလွတ်လိုက်တော့
ပြန်လာတဲ့ခါ ဆယ်ယောက်သောစုံထောက်ဟာ
သူတို့မြင်ခဲဲ့တဲ့ အတိုင်း အမှန်ကိုအမှန်တိုင်း အရှိကိုအရှိတိုင်း
ယေရိခေါ်မြို့အကြောင်းကို
ပြန်လာပြောကြတယ်
ကျတော်တို့ ကလေးဘဝတုန်းကတော့
ဒီပုံပြင်ကို ကြားတဲ့အခါခါတိုင်း
အတွေးထဲမှာ ဝင်လာတာက
ဒီ ဆယ်ယောက်က အမှန်တိုင်းပြန်မပြောကြဘူး
လိမ်ညာပြီးပြောကြတယ်ဆိုတဲ့ အတွေးမျိုး...


တကယ်တမ်းတော့ ဒီစုံထောက် ဆယ်ယောက်ဟာ
အမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်း ပြန်လာပြောကြတာပါ
ဒါပေမယ့် သူတို့အတွက် မှန်တဲ့အရာက
တကယ်တော့ ဘုရားသခင်တွက် လုံးလုံးကြီးမှားနေတယ်
အာ့တော့ သူတို့ပြောတဲ့အမှန်က တကယ်တော့
အမှန်မဟုတ်နေဘူး
ဒါဟာ ဘုရားသခင်ရဲ့ ဂတိတော်အပေါ်မှာ
သံသာယရှိခြင်းရဲ့ အကျိုးကျေးဇူးပါပဲ...

ကျန်တဲ့နှစ်ယောက်သော စုံထောက်လို
ဖြစ်နိုင်ကြပါစေ....

သုတ္တံ ၁၄း၁၂, ၁၆း၂၅
လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း
အဆုံး၌သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏

we ve done well...By The Grace Of Mighty GOD
26/04/2024

we ve done well...By The Grace Of Mighty GOD

30/04/2023

#ဝိညာဉ်အာဟာရ
#စံပီး

30/04/2023

"လေယာဥ်ပျံတွေကိုသားကြောက်တယ်မေမေ"

■ ဂနိုက်

သားစောနကမှဝတ်တဲ့အင်္ကျီက
ဘာလို့ နီနီအရေတွေစွန်းသွားတာလဲ မေမေ

သားတို့ဆီလေယာဥ်ကြီးတွေပျံလာရင်
မုန့်စားရမှာလို့ထင်ခဲ့တာ
အခုသားဘာမှကိုင်မရတော့ဘူး မေမေ ။

မေမေရယ် သားအဲ့ပေါက်ကွဲသံတွေကြောင့်
မေမေ့ကိုဖက်လို့မရတော့တာလား
သားအရမ်းကြောက်တယ် မေမေ ။

သား သူငယ်ချင်းတွေကို ထိလို့ရတယ်မေမေ
သားသူငယ်ချင်း ခါးမှာအပေါက်ကြီး
နီနီအရေတွေစီးကျနေတာ
သား သူငယ်ချင်းကလဲပြောတယ်
သားလည်ပင်းမှာ အပေါက်ကြီး (တဲ့)
သားကြောက်တယ် မေမေ ။

သားတို့က စာပဲသင်မိတာကို
သားတို့မှာ ဘာအပြစ်ရှိလို့
လေယာဥ်ကြီးတွေပျံလာတာလဲမေမေ။
သားနောက်စာမသင်တော့ပါဘူး
သားမေမေ့ကိုပဲ ဖက်ချင်တယ် မေမေ။

ဟိုနေ့က တော်လှန်ရေးဆိုတာကြီးလုပ်တဲ့
ဦးဦးတို့ သင်ပေးတဲ့အတိုင်း
လေယာဥ်တွေပျံလာတော့
ဟိုး ဟိုက ကျင်းကြီးထဲ ပြေးတာပဲမေမေရယ်။

သားခဲတံလေးကျ ကျန်ခဲ့လို့ပြန်ကောက်မိတာ
သားခဲတံတွေ ကိုင်လို့မရတော့ဘူး မေမေ ။

လေယာဥ်ပျံကြီးပေါ်က ကျလာတဲ့
ဗုံးသီး ဆိုတာကြီးကြောင့်
သားတို့အိမ်လဲပျက်စီးသွားပြီ
သားတို့ရွာကြီးလဲပျက်စီးသွားပြီ မေမေရယ်။

သားတို့ အဲ့လူကြီးတွေမကြိုက်တဲ့
တော်လှန်ရေးစကားတွေမပြောဘူးလေ မေမေ
သားတို့က စာအုပ်ကိုင်ပြီးစာသင်ရမယ့်
အရွယ် (တဲ့) ။
မေမေ ပြောတော့ သားတို့က ကလေးဆို
ကလေးတွေကို ဘာလို့ လေယာဥ်ကြီးတွေလွှတ်ပြီး
သတ်ခိုင်းရတာလဲ မေမေ ။

မေမေ မငိုပါနဲ့
မေမေ့မျက်ရည်တွေကိုမသုတ်ပေးနိုင်တော့ဘူးလေ
စစ်ပွဲတွေကို မုန်းတယ် မေမေ
လေယာဥ်ကြီးတွေကိုလဲ မုန်းတယ်။

မေမေ့ကိုသားနှုတ်ဆက်ပါတယ်။
သားကို လာခေါ်နေကြပြီ မေမေ

လေယာဥ်ပျံကြီးတွေမရှိတဲ့အရပ်ကိုပဲ
သွားချင်တယ်မေမေ
လေယာဥ်ပျံတွေကို သားကြောက်တယ်မေမေ ။

ဧပြီ ၁၁
#ခေါ်သံ

#ဂနိုက်
#ကဗျာ

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when Tee La Thu Kho Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share