Catholic Messages 4U

Catholic Messages 4U ကက်သလစ်အသင်းတော်နှင့် ပတ်သက်သက်သည့်
သတင်းများ၊ ဆောင်းပါးများ၊ ဗီဒီယိုများ စသည်တို့ကိုလည်း မျှဝေတင်ဆက်ပေးနေပါသည်။

22/05/2026
22/05/2026

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် (၅) နှစ်တစ်ခါ ရဟန်းမင်းကြီးအား သွားရောက်တွေ့ဆုံမည့် Ad Limina Visit ၂၀၂၆ ခုနှစ် ဇွန်လတွင် ဗာတီကန်သို့သွားကြမည်

မေလ ၂၂ ရက် ၂၀၂၆
ဂလိုရီယာ
ရန်ကုန်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် (၅) နှစ်တစ်ခါ ရဟန်းမင်းကြီးအား သွားရောက်တွေ့ဆုံမည့် Ad Limina Visit ၂၀၂၆ ခုနှစ်တွင် အလှည့်ရောက်လာပြီဟု သိရှိရသည်။

မြန်မာကက်သလစ်ဆရာတော်ကြီးများသည် မေလ ၂၉ ရက်နေ့တွင် ဗာတီကန်သို့ထွက်ခွာကြမည်ဖြစ်ပြီး ဇွန်လ ၄-၆ ရက်များတွင် ရဟန်းမင်းကြီး လေအိုနှင့်ဗာတီကန်ဝန်ကြီးဌာနများနှင့် တွေ့ဆုံကြမည်ဟုသိရှိရပါသည်။

နိုင်ငံအသီးသီးမှကက်သလစ်ဆရာတော်ကြီးများသည် (၅) နှစ်တစ်ခါ ရဟန်းမင်းကြီးအား သွားရောက်တွေ့ဆုံကြရသည်။

ထိုသို့ရဟန်းမင်းကြီးအား သွားရောက်တွေ့ဆုံမည့် Ad Limina Visit ခရီးစဥ်သည် နိုင်ငံအသီးသီးမှကက်သလစ်ဆရာတော်ကြီးများသည် ခရစ် တော်က ပထမဆုံးရဟန်းမင်းကြီးအဖြစ်ခန့်ခဲ့သော ရဟန္တာပီတာကိုဆက်ခံသောရဟန်းမင်းကြီးနှင့်တစ်လုံးတစ်ဝတည်းရှိခြင်းကိုပြသခြင်းဖြစ်ကြောင်း၊ ဗာတီကန်ရှိဝန်ကြီးဌာနများ၏လုပ်ထုံးလုပ်နည်းများကို နိုင်ငံခြားဆရာတော်များအား ရှင်းပြ ပေးခြင်းနှင့် ရဟန္တာပေါလူးအူတ်ဂူတွင် ရဟန်းမင်းကြီးနှင့်ဆရာတော်ကြီးများ အတူတကွဝတ်ပြုဆုတောင်းခြင်းတို့ကိုပြုလုပ်ကြရသည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ကက်သလစ်ဆရာတော်ကြီး ၂၇ ပါး၊ ရဟန်းအပါး ၁၅၀၀၊ မယ်သီလရှင်အပါး ၂၀၀၀ ဝန်းကျင်၊ ရာသက်ပန်ကိုရင် အပါး ၁၀၀ နှင့်သာမန်ကက်သလစ်ဘာသာတူဦးရေ ၆၀၀၀၀၀ ရှိမည်ဟုခန့်မှန်းရပါသည်။

#ဂလိုရီယာ

ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ ဆရာတော်ခန့်အပ်မယ့် အဖွဲ့ကို ဗာတီကန် သတိပေးမေ ၁၄The Kaladan Postဗာတီကန်စီးတီး (Vat...
14/05/2026

ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ ဆရာတော်ခန့်အပ်မယ့် အဖွဲ့ကို ဗာတီကန် သတိပေး

မေ ၁၄
The Kaladan Post
ဗာတီကန်စီးတီး (Vatican) ကနေ ခွဲထွက်သွားတဲ့ ကက်သလစ်အဖွဲ့တစ်ခုက ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ခွင့်ပြုချက်မပါဘဲ ဆရာတော် (Bishop) အသစ်တွေကို ခန့်အပ်ဖို့ ပြင်ဆင်နေတာကြောင့် ဒါကို ချက်ချင်းရပ်တန့်ဖို့ ဗာတီကန်က ဗုဒ္ဓဟူးနေ့မှာ အပြင်းအထန် သတိပေးလိုက်ပါတယ်။ အကယ်၍ ဒီလိုသာ ဆက်လုပ်မယ်ဆိုရင် ဘုရားကျောင်းတော်ကနေ ထာဝရထုတ်ပယ်ခြင်း (Excommunication) ခံရလိမ့်မယ်လို့ ဆိုပါတယ်။

ဒီသတိပေးချက်ကိုတော့ ဆွစ်ဇာလန်အခြေစိုက် "Society of St. Pius X" လို့ခေါ်တဲ့ အစွဲအလမ်းကြီးတဲ့ ကက်သလစ်အဖွဲ့ဆီကို ဗာတီကန်ရဲ့ သာသနာရေးရုံးက ပေးပို့ခဲ့တာပါ။ ကာဒီနယ် ဗစ်တာဖာနန်ဒက်စ်က အခုလို ခွင့်ပြုချက်မရှိဘဲ ဆရာတော်ခန့်အပ်ခြင်းဟာ "ဘုရားသခင်ကို စော်ကားရာရောက်သလို ဘုရားကျောင်းတော်ကနေ ထုတ်ပယ်ရမယ့် ပြစ်မှုလည်း ဖြစ်တယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ဟာ ၁၉၆၀ ပြည့်နှစ်တွေတုန်းက ဗာတီကန်က ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လက်မခံဘဲ အရင်ခေတ်ဟောင်း လက်တင်ဘာသာနဲ့ ဝတ်ပြုတဲ့စနစ်ကိုပဲ ကိုင်စွဲထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ကို တည်ထောင်ခဲ့သူဟာလည်း ၁၉၈၈ ခုနှစ်တုန်းက ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ ဆရာတော်တွေ ခန့်အပ်ခဲ့လို့ ဘုရားကျောင်းတော်ကနေ ထုတ်ပယ်ခံခဲ့ရဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။

ကက်သလစ် ဘုရားကျောင်းတော်ရဲ့ စည်းမျဉ်းအရ ဆရာတော်အသစ်တွေကို ခန့်အပ်နိုင်ခွင့်ဟာ ပုပ်ရဟန်းမင်းကြီး တစ်ဦးတည်းမှာပဲ ရှိတာပါ။ အကယ်၍ ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ ဒီလိုလုပ်ဆောင်ခဲ့ရင် ခန့်အပ်ခံရသူရော၊ ခန့်အပ်ပေးတဲ့သူပါ နှစ်ဦးစလုံးဟာ ဘုရားကျောင်းတော်ကနေ အလိုအလျောက် ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

ဘုရားကျောင်းတော်ကနေ ထုတ်ပယ်ခံရသူတွေဟာ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ ပါဝင်ခွင့်မရှိတော့သလို၊ အနားယူချိန်မှာလည်း ကက်သလစ် ထုံးတမ်းစဉ်လာအတိုင်း သင်္ဂြိုဟ်ခွင့် ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ အခုတစ်ကြိမ် သတိပေးချက်ဟာ ပုပ်ရဟန်းမင်းကြီး လီယို လက်ထက်မှာတော့ အပြင်းထန်ဆုံး သတိပေးချက်တစ်ခု ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်၊၊

Source: Reuters

Address

Leiktho

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 17:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Telephone

+959888451300

Website

Alerts

Be the first to know and let us send you an email when Catholic Messages 4U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Catholic Messages 4U:

Share