ပေါ်တော်မူ သီရိ သျှီဝ ရှန်ခိုက် လားရှိုး

  • Home
  • Myanmar
  • Lashio
  • ပေါ်တော်မူ သီရိ သျှီဝ ရှန်ခိုက် လားရှိုး

ပေါ်တော်မူ သီရိ သျှီဝ ရှန်ခိုက် လားရှိုး ပေါ်တော်မူ သီရိ သျှီဝ(ရှန်ခိုက်)လားရှိုး

"ပေါ်တော်မူ သီရိသျှီဝ ဘုရားကျောင်းတော်(ရှန်ခိုက်)ဗဟိုဂေါပကအဖွဲ့၏ အသိပေးကြေညာချက်"ပေါ်တော်မူ သီရိသျှီဝ (ရှန်ခိုက်) ဘုရားက...
27/02/2022

"ပေါ်တော်မူ သီရိသျှီဝ ဘုရားကျောင်းတော်(ရှန်ခိုက်)
ဗဟိုဂေါပကအဖွဲ့၏ အသိပေးကြေညာချက်"

ပေါ်တော်မူ သီရိသျှီဝ (ရှန်ခိုက်) ဘုရားကျောင်းတော်ကြီး၏
(၁၁၉)နှစ်မြောက် မဟာသျှီဝရာတြိ ဘုရားပွဲတော် နေ့ထူးနေ့မြတ်သည် (၂၇-၂-၂၀၂၂) ရက်နေ့မှ (၁-၃-၂၀၂၂)ရက်နေ့ထိ ကြရောက်သော်လည်း ယခုနှစ်တွင်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကြောင့် (ရှန်ခိုက်) ဘုရားပွဲတော်အား ကျင်းပပြုလုပ်နိုင်မည် မဟုတ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဗဟိုဂေါပကအဖွဲ့
ပေါ်တော်မူသီရိသျှီဝဘုရားကျောင်းတော်(ရှန်ခိုက်)
လားရှိုးမြို့

"ပေါ်တော်မူ သီရိသျှီဝ ဘုရားကျောင်းတော်(ရှန်ခိုက်)ဗဟိုဂေါပကအဖွဲ့၏ အသိပေးကြေညာချက်"မတ်လ (၃)ရက်ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း...
03/03/2021

"ပေါ်တော်မူ သီရိသျှီဝ ဘုရားကျောင်းတော်(ရှန်ခိုက်)
ဗဟိုဂေါပကအဖွဲ့၏ အသိပေးကြေညာချက်"
မတ်လ (၃)ရက်

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် အရှင်သျှီဝဘုရားထံ ဆုတောင်းမေတ္တာ ပို့သလျက်...

၂၀၂၀ပြည့်နှစ် မဟာသျှီဝရာတြိ ပွဲတော်ကြီးကို လူကြီးမင်းတို့၏ စေတနာ၊သဒ္ဓါတရား၊ယုံကြည်မှုနှင့် အားပေးကူညီ လှူဒါန်းမှုတို့ဖြင့် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။

ယခု ၂၀၂၁ ခုနှစ် မဟာသျှီဝရာတြိပွဲတော်ကြီး၏ နေ့ထူးနေ့မြတ်သည် (၉-၃-၂၀၂၁)မှ(မှ၁၁-၃-၂၀၂၁)ထိ ကျရောက်သော်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် (Covid-19) ရောဂါ ဖြစ်ပွားနေမှုများအရ လည်းကောင်း၊ လတ်တလော နိုင်ငံတွင်း အခြေအနေများအရ လည်းကောင်း၊ သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန၊ ကျန်းမာရေး/အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ လူစုလူဝေး မပြုလုပ်ကြရန်နှင့် ဘာသာရေးပွဲများ ကျင်းပခြင်း မပြုလုပ်ရန် ပန်ကြားချက်များ၊ ဒေသန္တရအမိန့်များ ထုတ်ပြန်ထားရှိပါသဖြင့် ယခုနှစ်တွင် (ရှန်ခိုက်) ဘုရားပွဲတော်အား ကျင်းပပြုလုပ်နိုင်မည် မဟုတ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဗဟိုဂေါပကအဖွဲ့
ပေါ်တော်မူသီရိသျှီဝဘုရားကျောင်းတော်(ရှန်ခိုက်)
လားရှိုးမြို့

အဆောက်အဦ (၁)လုံး ဆောက်လုပ်လှူဒါန်းရန် အလှူရှင်အဖွဲ့မှ လာရောက်ဆွေးနွေးရာ ကျောင်းတော်၏ ရေရှည်အတွက် မျှော်မှန်း၍ အလှူရှင်၏...
19/07/2020

အဆောက်အဦ (၁)လုံး ဆောက်လုပ်လှူဒါန်းရန် အလှူရှင်အဖွဲ့မှ လာရောက်ဆွေးနွေးရာ ကျောင်းတော်၏ ရေရှည်အတွက် မျှော်မှန်း၍ အလှူရှင်၏ သဘောထား ဆန္ဒနှင့်အညီ ဆောက်လုပ် လှူဒါန်းနိုင်စေရန် ဂေါပကအဖွဲ့နှင့် အလှူရှင်မိသားစုတို့မှ လိုအပ်သည်များ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ဗဟိုဂေါပကအဖွဲ့
ပေါ်တော်မူသီရိသီဝ(ရှန်ခိုက်)ဘုရား

ဘုရားဖူးလာ ဓမ္မမိတ်ဆွေများ၊ အလှူရှင်များခဗျာ. . .ရှန်ခိုက်ဘုရားကျောင်းတော်သို့ အနယ်နယ် အရပ်ရပ်မှ ဓမ္မမိတ်ဆွေများ၊ အလှူရှ...
04/07/2020

ဘုရားဖူးလာ ဓမ္မမိတ်ဆွေများ၊ အလှူရှင်များခဗျာ. . .

ရှန်ခိုက်ဘုရားကျောင်းတော်သို့ အနယ်နယ် အရပ်ရပ်မှ ဓမ္မမိတ်ဆွေများ၊ အလှူရှင်များ မကြာခဏဆိုသလို လာရောက်ဖူးမျှော်လေ့ရှိရာ ရပ်ဝေးမှ လာရောက် ဖူးမျှော်ကြသည့် ဧည့်သည်တော် အချို့မှာ ဘုရားကျောင်းတော်ရှိ တည်းခိုဆောင်တို့တွင် ညအိပ် တည်းခို၍ ဖူးမျှော်လေ့ရှိကြပါသည်။

ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် Covid-19ရောဂါ အန္တရာယ်မှ ကင်းဝေးနိုင်စေရန်နှင့် ကူးစက်မှု လျော့ကျစေရန် နိုင်ငံတော်မှ ပြည်သူသို့ ပန်ကြားချက်၊ ညွန်ကြားချက်များ ထုတ်ပြန်ထားရှိပါသဖြင့် ဘုရားဖူး ဧည့်သည်များအား ကျောင်းတော်ရှိ တည်းခိုတောင်တို့တွင် ညအိပ် တည်းခိုခြင်း မပြုစေရန် သက်ဆိုင်ရာမှ ညှိနှိုင်း အကြောင်းကြားထားပါသည်။

သို့ဖြစ်ပါ၍ ရှန်ခိုက်ဘုရားကျောင်းတော်သို့ လာရောက်ဖူးမျှော်ကြသူများအား Covid-19ကပ်ရောဂါ ကာလအတွင်း ကျောင်းတော်ရှိ တည်းခိုဆောင်တို့တွင် ညအိပ် တည်းခိုခွင့်အား ယာယီ ပိတ်ပင်ထားဆဲ ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

ဗဟိုဂေါပကအဖွဲ့
ပေါ်တော်မူ သီရိသီဝ (ရှန်ခိုက်) ဘုရားကျောင်း

ရှမ်းပြည်နယ် သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် ပေါ်တော်မူ သီရိသီဝ (ရှန်ခိုက်) ဘုရားကျောင်းတော် ပုရဝဏ် (ကားကွင်းဘက်) နယ်...
04/07/2020

ရှမ်းပြည်နယ် သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် ပေါ်တော်မူ သီရိသီဝ (ရှန်ခိုက်) ဘုရားကျောင်းတော် ပုရဝဏ် (ကားကွင်းဘက်) နယ်နမိတ် တစ်လျှောက်တွင် ကံ့ကော်၊ ခရေ၊ သစ်လှ စုစုပေါင်း (၁၇၅)ပင်အား (၁၂)ပေခြားစီဖြင့် စိုက်ပျိုးခဲ့ပါသည်။

ဗဟိုဂေါပကအဖွဲ့
ပေါ်တော်မူ သီရိသီဝ (ရှန်ခိုက်)ဘုရား
ဇူလှိုင်(၄)ရက်

ရှန်ခိုက်ဘုရားလမ်း သစ်ပင်စိုက်ပျိုးခြင်းလားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာမှ ရှန်ခိုက်ဘုရားသို့သွားရာ မယ်ဟန်-ရှန်ခိုက်လမ်းဘ...
19/06/2020

ရှန်ခိုက်ဘုရားလမ်း သစ်ပင်စိုက်ပျိုးခြင်း

လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာမှ ရှန်ခိုက်ဘုရားသို့သွားရာ မယ်ဟန်-ရှန်ခိုက်လမ်းဘေး ဝဲ/ယာတို့တွင် သစ်ပင်ပန်းပင်များအား ယခုနှစ်တွင် ခါတော်မီ (၁၀၀၀)ပင်၊ ပိတောက် (၅၈၅)ပင်၊ ရေသင်းဝင် (၅၈၅)ပင်၊ ချယ်ရီ (၂၀၀)ပင်၊ စိန်ပန်းနီ (၁၀၀)ပင်၊ တပေါင်းပန်း (၂၀)ပင်၊ တရုတ်စကား (၅)ပင်၊ စိန်ပန်းပြာ (၅)ပင်၊ စုစုပေါင်း (၂၅၀၀)ပင်အား (၁၅)ပေခြားစီဖြင့် ယနေ့ (၁၉.၆.၂၀၂၀) ရက်နေ့တွင် စိုက်ပျိုးခဲ့ကြပါသည်။

မယ်ဟန်-ရှန်ခိုက်လမ်း (၆.၃၄)မိုင်အနက် ယခုနှစ်တွင် မယ်ဟန်မှ ရှန်ခိုက်ဘက်သို့ (၂)မိုင်ခန့်၊ ရှန်ခိုက်မှ မယ်ဟန်ဘက်သို့ (၁.၅)မိုင်ခန့်၊ စုစုပေါင်း (၃.၅)မိုင်ခန့်တွင် စိုက်ပျိုးခဲ့ကြပြီး နောက်နှစ် မိုးဦးကာလတွင် ကျန်ရှိသည့် (၂.၈၄)မိုင်၌ ဆက်လက် စိုက်ပျိုးသွားမည် ဖြစ်ပါသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ခြင်း အစီအစဥ်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံမှု၊ သစ်တောဦးစီးဌာန၏ ကူညီပံ့ပိုးပေးမှုတို့ဖြင့် မိမိတို့ ရှန်ခိုက်ဘုရားဂေါပကအဖွဲ့နှင့်အတူ NGOများ၊ တိုင်းရင်းသား ယဥ်ကျေးမှု အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ မယ်ဟန်/နောင်ဖော့/မန်းပွဲကျေးရွာအုပ်စုတို့မှ ဒေသခံ ပြည်သူများမှ အတူတကွ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ဝိုင်းဝန်း ကူညီ ဆောင်ရွှက်ပေးကြသူများအားလုံးတို့ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဇွန်(၁၉)
သီရိသီဝရှန်ခိုက်ဘုရား
ဗဟိုဂေါပကအဖွဲ့

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့၊ ပေါ်တော်မူ သီရိသီဝ (ရှန်ခိုက်) ဘုရားသို့ လာရောက် ဖူးမျှော်ခဲ့ပါသည်...
09/06/2020

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့၊ ပေါ်တော်မူ သီရိသီဝ (ရှန်ခိုက်) ဘုရားသို့ လာရောက် ဖူးမျှော်ခဲ့ပါသည်။

ဇွန်(၉)
သီရိသီဝရှန်ခိုက်ဘုရား
ဗဟိုဂေါပကအဖွဲ့

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် နာယက ဥ...
31/05/2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ရှမ်းပြည်နယ် Covid-19 ထောက်ပံ့ရေးကော်မတီအဖွဲ့၀င်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ မန်းပွဲကျေးရွာအုပ်စုရှိ ဒေသခံ ပြည်သူများအား စားနပ်ရိက္ခာ လာရောက် ထောက်ပံ့ပေးခဲ့ကြပြီး ပေါ်တော်မူ သီရိသီ၀ရှန်ခိုက်ဘုရားသို့ လာရောက် ဖူးမျှော်ခဲ့ကြပါသည်။

ကမ္ဘာသူ/သားများ၊ နိုင်ငံသူ/သားများ Covid-19 ကပ်ရောဂါ အပေါင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါရန် ဆုတောင်း မေတ္တာ ပို့သအပ်ပါကြောင်းနှင့် မန်းပွဲကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။

မေ(၂၉)
သီရိသီဝရှန်ခိုက်ဘုရား
ဗဟိုဂေါပကအဖွဲ့

Address

Lashio

Telephone

+959259432504

Website

Alerts

Be the first to know and let us send you an email when ပေါ်တော်မူ သီရိ သျှီဝ ရှန်ခိုက် လားရှိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ပေါ်တော်မူ သီရိ သျှီဝ ရှန်ခိုက် လားရှိုး:

Share

Category