Yang Daing Aung Pagoda

Yang Daing Aung Pagoda Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yang Daing Aung Pagoda, Religious Center, Lashio.

သစ္စာပန်းအဝါရေင်လေးတွေလှုထားတယ်လးရှိုးအိမ်မှာဒေသထွက်တဲ့
06/11/2025

သစ္စာပန်းအဝါရေင်လေးတွေလှုထားတယ်
လးရှိုးအိမ်မှာ
ဒေသထွက်တဲ့

လားရှိုးမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပလားရှိုး နိုဝင်ဘာ ၅ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်း...
05/11/2022

လားရှိုးမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပလားရှိုး နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရဝုဏ်အတွင်းရှိ ပြည်သူ့ဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများအား ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကတို့ဖြင့် ကြိုဆိုခဲ့ကြပြီး တိုင်းမှူးက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်သူများနေ့စဉ်လူမှုဘ၀နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ပိုင်ဆိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန်ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ဥယျာဉ်အား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကုသိုလ်ယူကြသော ကုသိုလ်ရှင်၊ အလှူရှင်များကိုလည်း ဒေသခံတိုင်းရင်းသား ပြည်သူများမှ အထူးပင်ကျေးဇူးတင် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါကြောင်း၊ ဖွဲ့စည်းပေးထားသော ဂေါပကနှင့်ကော်မတီများ၊ ဒေသခံပြည်သူများက ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့သာယာလှပရေး ဝိုင်းဝန်းကူညီထိန်းသိမ်းကြရန် အလေးအနက်မှာကြားလိုကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ လားရှိုးမြို့ မြို့မိ/မြို့ဖများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။ အစီအစဉ်အရ ပြည်သူ့ဥယျာဉ်အား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်၊ ရန်တိုင်းအောင် ပေါပကဥက္ကဋ္ဌ ဦးဌေးအောင်ကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ပြည်သူ့ဥယျာဉ်ကမ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။

ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဧည့်သည်တော်များက ပြည်သူ့ဥယျာဉ်အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်ပတ်ပတ်လည်ခင်းကျင်းထားသော စေတနာရှင်၊ အလှူရှင်များ၏ နိဗ္ဗာန်စျေး အား လှည့်လည်အားပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး

လားရှိုးတန်ဆောင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်။
31/10/2022

လားရှိုးတန်ဆောင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်။

30/10/2022

စတုတ္ထအကြိမ်မြောက် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်လားရှိုး အောက်တိုဘာ ၃၀

စတုတ္ထအကြိမ်မြောက် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကြီးကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီး ပရဝုဏ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်ကြီးတွင် ညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံကြီးများအပြင် အလှမီးပုံးပျံငယ်များ၊ ခိုဖြူမီးပုံးပျံ၊ ဆင်ရုပ်မီးပုံးပျံများကိုလည်း လွှတ်တင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့်တေးဂီတဖျော်ဖြေပွဲ၊ ၅ ရက်နေ့တွင် တေးဂီတဖျော်ဖြေပွဲ၊ ၆ ရက်နေ့တွင် လားရှိုးမြို့တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲနှင့် တေးဂီတ ဖျော်ဖြေပွဲ ၇ ရက်နေ့တွင် မီးပုံးပျံလွှတ်တင်ပွဲများနှင့် နာမည်ကျော်အဆိုတော်များ၏ တေးဂီတ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ရက်အတွင်း ဗမာ၊ ရှမ်း၊ ကချင်၊ လားဟူ၊ မြောင်ဇီး(ခေါ်)မှုန့်၊ ပလောင်၊ ဝ ၊ လီဆူ၊ မုန်းဝန်းဗမာ၊ ကိုးကန့်တိုင်းရင်းသားတို့က ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ပွဲတော်လာဧည့်ပရိသတ်များကို ဖျော်ဖြေသွားမည်ဖြစ်ပြီး ပွဲတော်သို့လာရောက်ကြသူများကို စေတနာရှင်အလှူရှင်များက စတုဒိတာများဖြင့် ဧည့်ခံသွားကြမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင် ဦးကျော်တိုး ကပြောသည်။

လားရှိုးတန်ဆောင်တိုင်ပွဲတော်ကြီးကို ၂၀၁၆ ခုနှစ်မှစတင်ကာ ရှိုင်းနင်းမြန်မာကုမ္ပဏီမှ ချယ်ရီမြိုင်အိမ်ရာဝန်းတွင် စတင်သန္ဓေတည်ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် လားရှိုး တန်ဆောင်တိုင်ပွဲတော်ကြီးကို တိုင်းရင်းသားယဉ်ကျေးမှုကွင်းတွင် ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကာ ၂၀၁၈ ခုနှစ်တွင် ချယ်ရီမြိုင်အိမ်ရာဝန်းတွင် တတိယအကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)လားရှိုး အောက်တိုဘာ ၃၀

စိုင်းထွန်း (လားရှိုး)

လှလွန်းတဲ့ မြင်ကွင်းပါ
29/10/2022

လှလွန်းတဲ့ မြင်ကွင်းပါ

အာရုဏ်ဦးရဲ့ရန်တိုင်းအောင်

လားရှိုးမြို့ အ၀င်ရန်တိုင်းအောင်စေတီတော်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ပြည်သူ့ဥယျာဥ်တော်ကြီးကို လာမဲ့နို၀င်ဘာ ၄ရက် ညနေပိုင်...
29/10/2022

လားရှိုးမြို့ အ၀င်ရန်တိုင်းအောင်စေတီတော်ကြီးတန်ဆောင်တိုင်ပွဲတော်
မှာ ပြည်သူ့ဥယျာဥ်တော်ကြီးကို လာမဲ့နို၀င်ဘာ ၄ရက်
ညနေပိုင်းမှာဖွင့်ပွဲကျင်းပသွားမှာပါ
ဖွင့်ပွဲနေ့မှာ အလှုရှင်တွေကနိဗ္ဗာန်စျေး
ခင်းလှု့ကြမှာပါ
ဆိုင်ခန်းပေါင်း ၃၀ကျော်ခင်းကျင်းကြပါမယ်
တဆိုင်ခြင်းစီမှာ လူ၅၀၀စာလှုဒါန်းကြမှာလို့သိရပါတယ်
နို၀င်ဘာလ၄ရက်နေ့ ညနေ ၅နာရီမှာပါ
နိဗ္ဗာန်စျေးမှာစားသောက်ကြရင်းတေးဂီတဖျော်ဖြေပွဲတွေတိုင်းရင်းသားယဥ်ကျေးမှုအကတွေ ကြည့်ရင်းပြည်သူ့ဥယျာဥ်တော်ကြီးအတွင်းလည်ပါတ်ရင်းအပန်းဖြေနိုင်ကြပါတယ်
နိဗ္ဗာန်စျေးကအစားအသောက်တွေစားသောက်သုံးဆောင်ကြပီးရင်
စွန့်ပစ်တဲ့ပစ္စည်းအမှိုက်တွေကိုသေခြာစနစ်တကျစွန့်ပစ်ပေးကြဖို့တိုက်တွန်းပရစေ
မီးပုံပျံပွဲတော်က တဆက်ထဲကျင်းပကြမှာဆိုတော့ ပွဲတော်ကျင်းပမဲ့ နေရာမှာသန့်ရှင်းနေဖို့ လားရှိုးမြို့သူမြို့သားတွေရဲ့တာ၀န်ပါနော်
ဒါကြောင့် Clean City ဖြစ်ဖို့ မိမိတို့့အမှိုက်ကိုတပါထဲသိမ်းဆည်းပေးကြပါလို့ တိုက်တွန်းပရစေ

မီးပုံးပျံအလှတွေကြည့်ရှုရင်း စတုဒီတာတွေ သုံးဆောင်နိုင်ဖို့ လားရှိုးတန်ဆောင်တိုင်ပွဲတော်ဆီကို သွားကြပါစို့ ။
29/10/2022

မီးပုံးပျံအလှတွေကြည့်ရှုရင်း စတုဒီတာတွေ သုံးဆောင်နိုင်ဖို့ လားရှိုးတန်ဆောင်တိုင်ပွဲတော်ဆီကို သွားကြပါစို့ ။

28/10/2022
လားရှိုးမြို့ဂုဏ်ဆောင် ရန်တိုင်းအောင် မြို့ဦးစေတီတော်
28/10/2022

လားရှိုးမြို့ဂုဏ်ဆောင် ရန်တိုင်းအောင် မြို့ဦးစေတီတော်

28/10/2022

၁၃၈၄ ခုနှစ် ၊ စတုတ္ထအကြိမ်မြောက် လားရှိုးတန်ဆောင်တိုင်ပွဲတော်အား၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

စည်ကားစွာကျင်းပတော့မယ့် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကြီးဆီ အလည်လာခဲ့ကြပါ ။
28/10/2022

စည်ကားစွာကျင်းပတော့မယ့် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကြီးဆီ အလည်လာခဲ့ကြပါ ။

Address

Lashio

Website

Alerts

Be the first to know and let us send you an email when Yang Daing Aung Pagoda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share