03/10/2026
၃-၁၀-၂၀၂၆ (စနေနေ့)
နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ။
တစ်ရက်တာ သမ္မာကျမ်းစာသင်
ကြားခြင်းအစီအစဉ်ကို လားရှိုးနှစ်ခြင်းမိဿဟာယဖွဲ့ မှဦးစီး၍ လူမျိုး
ပေါင်းစုံ(ပထမ)နှစ်ခြင်း အသင်း
တော်တွင်ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်
အသင်းချုပ်၊ တွဲဖက်-အထွေထွေ
အတွင်းရေးမှူး Rev.Dr ရောဘတ်ပွန်း မှ "အသင်းတော်သည် ကမ္ဘာ
မြေကြီး၏ မျှော်လင့်ခြင်း" ခေါင်း
စဉ်ဖြင့် သင်ကြားပေးသွားပါသည်။
နှစ်စဉ်ကမ္ဘာ့ပွဲတော်မတိုင်မှီ တရက်တွင် သမ္မာကျမ်းစာ သင်ကြားခြင်း
ပြုလုပ်ခဲ့သော်လည်း မပြုလုပ်နိုင်
ခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်ပြီး ယခုနှစ်
မှပြန်လည်ပြုလုပ်နိုင်ခြင်းဖြစ်ပါ
သည်။
လားရှိုးမြို့ပေါ်ရှိ အသင်းတော်
၁၆ ပါးမှ ၃၅၀ ဦး ကျော်တက်ရောက်ကြပါသည်။
နှစ်ခြင်းမိဿဟာယအဖွဲ့မှ နေ့လည်
စာ ဖြင့်သော်လည်းကောင်း၊ကော်ဖီ၊
အအေး အားဖြင့်ဧည့်ခံသွားပါသည်။
၄-၁၀-၂၀၂၆ ကမ္ဘာ့ပွဲတော်နေ့
နှစ်ခြင်းအသင်းတော်ပေါင်းစုံ
စုပေါင်း ဝတ်ပြုကိုးကွယ်ခြင်း
အစီအစဉ် အား ကချင်နှစ်ခြင်း
အသင်းတော်တွင် ပြုလုပ်ကျင်းပ
သွားမည်ဖြစ်ပြီး Rev.Dr ရောဘတ်
ပွန်း မှ နုတ်ကပတ်တော် ဝေငှ
သွားမည်ဖြစ်ပါသည်။