Lox Tawx Riang 5 Minit

Lox Tawx Riang 5 Minit Sonsang pon mawh pa tawx riang rao son kawn pui plak ju khuan heue.

14/08/2023

ဆာလံ ၁:၁-၃

မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊
လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ (သိပ်ကောင်းတဲ့ အသက်ရှင်မှုပဲ)

(ဒီထက်ပိုသေချာပြီး ပိုတန်ဖိုးရှိတဲ့ အသက်ရှင်မှု ဖြစ်ဖို့အတွက်ဆိုရင်)

ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။

(သို့မှသာ ဘုရားအလိုတော်နဲ့ ညီတဲ့ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်)

အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။

ဟေ​ရှာ​ယ 41 : 13အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်...
24/07/2023

ဟေ​ရှာ​ယ 41 : 13

အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။

24/09/2022

Lox Tawx Riang 5 Minit (33)
၅ မိနစ်စာ ခွန်အားယူစရာ (၃၃)
ခရစ်ယာန်ဓမ္မပညာကျောင်းနေ့
မမေ့ပါနှင့်
ဆာလံ ၇၈း၅-၈

20/08/2022

Lox Tawx Riang 5 Minit (32)
၅ မိနစ်စာ ခွန်အားယူစရာ (၃၂)
သမ္မာကျမ်းစာနေ့
ကြွယ်ဝသက်တာပေးပိုင်ရာ နုတ်ကပတ်တော်သမ္မာကျမ်းစာ

ဆာလံ ၁း ၁-၃
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။

ယောဘ ၂၂း ၂၁
ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။

ဆာလံ ၁၁၉း ၁၄-၁၆
ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ။

15/06/2022

Lox Tawx Riang 5 Minit (30)
၅ မိနစ်စာ ခွန်အားယူစရာ (၃၀)
တာဝန်ကျေပွန်သော ဖခင်ဖြစ်ဖို့

ဧဖက် ၆:၄
အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။

ဂလာတိ ၃:၂၁
အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

၁တိ ၅:၈
မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။

13/06/2022

သန့်ရှင်းသော ဝိညာဉ်တော်ကို ရသလား
မြွေဝိညာဉ် တစ်နည်း နတ်ဆိုးဝိညာဉ်ကို ရသလား
ကျေးဇူးပြုပြီး ဆုံးအောင်ကြည့်ပေးပါ။
God Bless you all

10/06/2022

Lox Tawx Riang 5 Minit (29)
၅ မိနစ်စာ ခွန်အားယူစရာ (၂၉)
မျှော်လင့်ချက် ရှိပါသေးသည်
ဒေသနာ ၉:၄
အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။

09/06/2022

Lox Tawx Riang 5 Minit (28)
၅ မိနစ်စာ ခွန်အားယူစရာ (၂၈)
ထာဝရဘုရားကို ကိုးစားသောသူ

ယေရမိ ၁၇:၇-၈
ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။

ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။

02/06/2022

Lox Tawx Riang 5 Minit (27)
၅ မိနစ်စာ ခွန်အားယူစရာ (၂၇)
ခရစ်တော်၌ တည်သောသူ

ရှင်ယောဟန် ၁၅:၅
ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။

Address

Lashio

Telephone

+959253938562

Website

Alerts

Be the first to know and let us send you an email when Lox Tawx Riang 5 Minit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Lox Tawx Riang 5 Minit:

Share