Assumption Church

Directions Website

Assumption Church ကန်စုကက်သလစ် ဘုရားကျောင်းပွဲများနှင့်ဗဟုသုတရဖွယ်ရာများအားမျှဝေတင်ဆက်ပေးသော Page ဖြစ်ပါတယ်။

🙏🌍 ကမ္ဘာလုံးဆိုင်ရာ ကလေးပေါင်းတစ်သန်း ပုတီးစိပ်ဆုတောင်းခြင်း 🌍🙏“ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်းသာယာခြင်း ရရှိစေရန်” ရည်ရွယ...
07/10/2026

🙏🌍 ကမ္ဘာလုံးဆိုင်ရာ ကလေးပေါင်းတစ်သန်း ပုတီးစိပ်ဆုတောင်းခြင်း 🌍🙏

“ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်းသာယာခြင်း ရရှိစေရန်” ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကလေးငယ်ပေါင်း တစ်သန်း စုပေါင်းကာ ပုတီးစိပ်ဆုတောင်းကြသည့် အစီအစဉ်တွင် ပါဝင်ခြင်းအဖြစ်—

📿 ပေါက်ဆိန်ပဲ့သာသနာ၊ ကန်စုကျေးရွာမှ ကလေးငယ်များနှင့် ဘာသာသူများ စုပေါင်း၍ ပုတီးစိပ်ဆုတောင်းခြင်းကို ရိုရိုသေသေ ပြုလုပ်ခဲ့ကြပါသည်။

ကလေးငယ်များ၏ ဖြူစင်သောနှလုံးသားဖြင့် ပြုသော ဆုတောင်းခြင်းများမှတစ်ဆင့်
🕊️ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းခြင်း၊
🤝 လူသားအချင်းချင်း ချစ်ခြင်းမေတ္တာနှင့် စည်းလုံးညီညွတ်ခြင်း၊
❤️ စစ်ဘေး၊ ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများ ချုပ်ငြိမ်းခြင်းတို့ ရရှိစေရန် ဆုတောင်းပူဇော်ခဲ့ကြပါသည်။

“ကလေးငယ်တစ်ဦး၏ ပုတီးစိပ်ဆုတောင်းခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မေတ္တာ၏မျိုးစေ့တစ်စေ့ ဖြစ်ပါစေ။” 🌹📿

🙏 သခင်ယေဇူး၏ ငြိမ်းချမ်းခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံး၌ တည်ရှိပါစေ။
🙏 ကလေးငယ်များ၏ ဆုတောင်းသံများ ကောင်းကင်သို့ ရောက်ရှိပါစေ။
🕊️ ကမ္ဘာကြီး ငြိမ်းချမ်းသာယာပါစေ။

#ကမ္ဘာလုံးဆိုင်ရာကလေးပေါင်းတစ်သန်း
#ပုတီးစိပ်ဆုတောင်းခြင်း
#ပေါက်ဆိန်ပဲ့သာသနာ
#ကန်စုကျေးရွာ
#ကမ္ဘာ့ငြိမ်းချမ်းရေး
📿🕊️
#မေဒါကန်စု

🙏🌹 စိပ်ပုတီး သခင်မပွဲနေ့ မစ္ဆားတရားတော်မြတ် 🌹🙏ကညင်ဆိုင်သာသနာ၊ မအူချောင်းကျေးရွာ တွင် ယနေ့ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် ...
07/10/2026

🙏🌹 စိပ်ပုတီး သခင်မပွဲနေ့ မစ္ဆားတရားတော်မြတ် 🌹🙏

ကညင်ဆိုင်သာသနာ၊ မအူချောင်းကျေးရွာ တွင် ယနေ့ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော စိပ်ပုတီး သခင်မပွဲနေ့ မစ္ဆားတရားတော်မြတ် အခမ်းအနားကို ရိုသေကြည်ညိုစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 🙏

အဆိုပါ မစ္ဆားတရားတော်မြတ်ကို ကညင်ဆိုင်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဘေနစီ၊ ရှားခဲသာသနာ လက်ထောက်ဘုန်းတော်ကြီး ဖာသာရ် ရေမွန်စံကျော်သူ နှင့် ဖာသာရ် စတီးဗင်းတင်မိုးမြင့် တို့မှ အတူတကွ ဦးဆောင်ပူဇော်ပေးခဲ့ကြပါသည်။ ✝️

မာရီးယားသခင်မ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်အပေါ် အပြည့်အဝအပ်နှံခြင်းတို့ကို စံနမူနာယူ၍ သစ္စာရှိသော ခရစ်ယာန်ယုံကြည်သူများအားလုံးသည် ဆုတောင်းခြင်းနှင့် စိပ်ပုတီးဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်များကို ပိုမိုခံစားရရှိနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🌹🙏

“အို မာရီးယား၊ ကျေးဇူးတော်နှင့်ပြည့်စုံသော မိခင်… ကျွန်ုပ်တို့အပြစ်သားများအတွက် ယခုနှင့် သေမင်းနာရီ၌ ဆုတောင်းပေးတော်မူပါ။ အာမင်။” ✝️
📸 ထာဝရ လြန္းကိုကို

#ကညင်ဆိုင်သာသနာ
#မအူချောင်းကျေးရွာ
#စိပ်ပုတီးသခင်မ
#မစ္ဆားတရားတော်မြတ်

🌹🙏 စိပ်ပုတီးသခင်မပွဲနေ့ မစ္ဆားတရားတော်မြတ် 🙏🌹ကညင်ဆိုင်သာသနာ၊ မအူချောင်းကျေးရွာတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် စိပ်ပုတီးသခင...
06/10/2026

🌹🙏 စိပ်ပုတီးသခင်မပွဲနေ့ မစ္ဆားတရားတော်မြတ် 🙏🌹

ကညင်ဆိုင်သာသနာ၊ မအူချောင်းကျေးရွာတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် စိပ်ပုတီးသခင်မပွဲနေ့ မစ္ဆားတရားတော်မြတ်ကို နက်ဖြန်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

✝️ မစ္ဆားတရားတော်မြတ် စတင်မည့်အချိန် — နံနက် ၈:၀၀ နာရီ

အနီးအဝေးမှ ဘာသာသူများအားလုံးအနေဖြင့် အချိန်ပေးကာ ပါဝင်တက်ရောက်ကြပြီး၊ စိပ်ပုတီးသခင်မ မယ်တော်မာရိယာ၏ ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ မိသားစုများ၊ သာသနာတော်နှင့် မြန်မာပြည်အတွက် ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိနိုင်ရန်အတွက် အတူတကွ ဆုတောင်းကြပါစို့။

🌹 “စိပ်ပုတီးသခင်မ မယ်တော်မာရိယာ၊ ကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါ။” 🌹

🙏 ဘာသာသူအပေါင်းတို့အား ကြွရောက်ပါဝင်ဆင်နွှဲကြပါရန် လေးစားစွာ ဖိတ်ခေါ်နှိုးဆော်အပ်ပါသည်။

#ကညင်ဆိုင်သာသနာ
#မအူချောင်းကျေးရွာ
#စိပ်ပုတီးသခင်မပွဲနေ့

#မစ္ဆားတရားတော်မြတ်

🕯️ သေလွန်သောသူများအတွက် သတိရဆုတောင်းပေးခြင်းအစီအစဥ် 🕯️နိုဝင်ဘာလသည် ကက်သလစ်သာသနာတော်တွင် သေလွန်သွားကြသော မိဘများ၊ ဆွေမျို...
06/10/2026

🕯️ သေလွန်သောသူများအတွက် သတိရဆုတောင်းပေးခြင်းအစီအစဥ် 🕯️

နိုဝင်ဘာလသည် ကက်သလစ်သာသနာတော်တွင် သေလွန်သွားကြသော မိဘများ၊ ဆွေမျိုးသားချင်းများနှင့် သာသနာသူ/သားအပေါင်းတို့အတွက် အထူးသဖြင့် သတိရဆုတောင်းပေးသည့် လမြတ်တလ ဖြစ်ပါသည်။

ထို့ကြောင့် ကညင်ဆိုင်သာသနာအတွင်းရှိ ကျေးရွာများတွင် သေလွန်သောသူများအတွက် သတိရဆုတောင်းခြင်းကို နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

📌 လ၏ပထမအပတ် အစည်းအဝေးအရ
ကျင်းပပြုလုပ်မည့် ကျေးရွာနှင့် နေ့ရက်များကို ကြိုတင်အသိပေးအပ်ပါသည်။

⏰ သို့သော် လက်ရှိအချိန်တွင် ကျင်းပမည့်အချိန်ကို အတည်ပြုသတ်မှတ်နိုင်ခြင်း မရှိသေးပါသဖြင့် အချိန်အတိအကျ ရရှိသည်နှင့် ထပ်မံအသိပေးကြေညာပေးသွားမည် ဖြစ်ပါသည်။

📢 ထို့အပြင် ကျင်းပမည့် ကျေးရွာ သို့မဟုတ် နေ့ရက်များ အပြောင်းအလဲရှိပါကလည်း သက်ဆိုင်ရာအချိန်တွင် ပြန်လည်အသိပေးကြေညာပေးသွားမည် ဖြစ်ပါသည်။
#သေလွန်သောသူများအတွက်သတိရဆုတောင်းခြင်း
#နိုဝင်ဘာလ
#ကညင်ဆိုင်သာသနာ

#မေဒါကန်စု

05/10/2026

🙏 ကျေးဇူးတင်ဂုဏ်ပြုခြင်းနှင့် အားပေးဝယ်ယူရန် မေတ္တာရပ်ခံခြင်း 🙏
OK New, Japan Used (ကားပစ္စည်းအပိုရောင်းဝယ်ရေး) မှ
ဟင်္သာတမြို့သို့ လာရောက်ပြီး ကားဘီးဝယ်ယူခဲ့သော ကျွန်တော်တို့ ကျုံပျော်မြို့နယ်၊ ကန်စုကျေးရွာ ကရုဏာလူမှုကူညီရေးအသင်း အတွက်
🚗 ကားဘီး ၁ ဘီး ဝယ်ယူရာတွင် ၁ ဘီးကို ထပ်မံလက်ဆောင်ပေးခဲ့ပါသည်။ 🎁
အခုလို လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့တစ်ခုအပေါ် နားလည်ကြင်နာစွာဖြင့် အထူးကူညီပံ့ပိုးပေးခဲ့သည့် OK New, Japan Used ဆိုင်ရှင်နှင့် ဝန်ထမ်းများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ❤️
တစ်ဘီးဝယ်ယူလျှင် တစ်ဘီးလက်ဆောင်ပေးခြင်းကဲ့သို့သော စေတနာကောင်း၊ မေတ္တာကောင်းနှင့် လူမှုအကျိုးပြုစိတ်ဓာတ် ကိုလည်း အထူးလေးစားမိပါတယ်။
📣 ကားဘီးနှင့် ကားအပိုပစ္စည်းများ ဝယ်ယူရန် လိုအပ်နေသူများအနေဖြင့် ဟင်္သာတမြို့ရှိ “OK New, Japan Used” ဆိုင်ကို အားပေးဝယ်ယူနိုင်ကြပါကြောင်းလည်း မေတ္တာဖြင့် ညွှန်းဆိုပေးလိုက်ပါတယ်။
“ဝယ်ယူမှုတိုင်းမှာ အရည်အသွေးကောင်း၊ စေတနာကောင်းနဲ့ ဝန်ဆောင်မှုကောင်း”
🌟 OK New, Japan Used – ဟင်္သာတမြို့ 🌟
📞 09-951405226
📞 09-692976278
🙏 ကန်စုကျေးရွာ ကရုဏာလူမှုကူညီရေးအသင်းမှ အထူးကျေးဇူးတင်ရှိပါသည်။ ❤️

🙏🌍 ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကလေးသူငယ်များ၏ ပုတီးစိတ်ဆုတောင်းခြင်း 🌍🙏ရဟန်းမင်းကြီး၏ တိုက်တွန်းနှိုးဆော်မှုနှင့် ပုသိမ်ကက...
04/10/2026

🙏🌍 ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကလေးသူငယ်များ၏ ပုတီးစိတ်ဆုတောင်းခြင်း 🌍🙏

ရဟန်းမင်းကြီး၏ တိုက်တွန်းနှိုးဆော်မှုနှင့် ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ ထပ်မံ၍ အလေးအနက် နိုးဆော်တိုက်တွန်းမှုများနှင့်အတူ “ကလေးသူငယ် ၁ သန်း စုပေါင်းပုတီးစိတ်ဆုတောင်းခြင်း” အစီအစဉ်ကို ယနေ့တွင် ရှားခဲသာသနာမှ ကလေးသူငယ်များ၊ တမန်တော်အသင်းဝင်များနှင့် ကျေးရွာအသီးသီးမှ ဘာသာသူများ စုပေါင်းပါဝင်ဆုတောင်းခဲ့ကြပါသည်။ 🙏📿

ယနေ့နံနက် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းခြင်း (Sunday Mass) နှင့်အတူ အစပြုခဲ့ပြီး၊ ထို့နောက် ကလေးသူငယ်များနှင့် ပါဝင်သူများက ကမ္ဘာတစ်ဝန်းရှိ လူသားများအတွက် ငြိမ်းချမ်းခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာများ ရရှိစေရန် ရည်ရွယ်၍ ပုတီးစိတ်ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။

🕊️ “ကလေးများ၏ ဆုတောင်းသံသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တစ်ရပ် ဖြစ်ပါစေ” ဟူသော ရည်ရွယ်ချက်ဖြင့် အားလုံးက ယုံကြည်ခြင်းနှင့် စိတ်နှလုံးအကြွင်းမဲ့ ပါဝင်ဆုတောင်းခဲ့ကြပါသည်။

🍚 ယနေ့အစီအစဉ်တွင် နေ့လယ်စာအတွက် လှူဒါန်းပေးပါသော
ဦးကလေးမင်း + ဒေါ်ဝေဝေလွင် မိသားစု

🥤 အအေးများ လှူဒါန်းပေးပါသော
ဒေါ်မာတား မိသားစု

🍪 တက်သစ်မုန့်နှင့် အထွေထွေလိုအပ်သည့် အသုံးအဆောင်များအတွက် ပါဝင်လှူဒါန်းပေးပါသော
ညီလေး စဂျူဗလီ + ညီမလေး ရိတားလင်းထက်

တို့အား အထူးကျေးဇူးတင်ရှိပါသည်။ ❤️

လူငယ်၊ လူကြီးမရွေး၊ ကလေးသူငယ်များနှင့်အတူ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ပါဝင်ပေးကြသူအားလုံး၏ စေတနာနှင့် အလှူဒါနများအပေါ် အနန္တတန်ခိုးရှင် ဘုရားသခင်က ကောင်းကြီးမင်္ဂလာများကို အဆတိုး၍ သွန်းလောင်းပေးပါစေ။

🙏 မယ်တော်မာရိ၏ ကြားဝင်ဆုတောင်းပေးခြင်းဖြင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းခြင်း၊ မေတ္တာနှင့် စည်းလုံးညီညွတ်ခြင်းများ ပိုမိုထွန်းကားပါစေ။

One Million Children Praying the Rosary for Peace 🌍📿🕊️

#ရှားခဲသာသနာ
#ကလေးသူငယ်တစ်သန်းပုတီးစိတ်ဆုတောင်းခြင်း
#ကမ္ဘာ့ငြိမ်းချမ်းရေး


📸Fr. Sankyaw Thu

ကမ္ဘာတစ်ဝှမ်းလုံးငြိမ်းချမ်းရေးရရှိရန်ကလေးသူငယ်များစုပေါင်းကာပုတီးစိပ်‌ဆုတောင်းခြင်းကညင်ဆိုင်သာသနာ အောက်တိုဘာ ၄ကမ္ဘာတစ်ဝ...
04/10/2026

ကမ္ဘာတစ်ဝှမ်းလုံးငြိမ်းချမ်းရေးရရှိရန်ကလေးသူငယ်များစုပေါင်းကာပုတီးစိပ်‌ဆုတောင်းခြင်း

ကညင်ဆိုင်သာသနာ အောက်တိုဘာ ၄
ကမ္ဘာတစ်ဝှမ်းလုံးငြိမ်းချမ်းရေးရရှိရန်ကလေးသူငယ်များစုပေါင်းပုတီးစိပ်‌ဆုတောင်းခြင်းကို အထူးအခမ်းအနားအစီအစဥ်အဖြစ်ယနေ့နံနက် (၇း၃၀)အချိန်တွင် ကညင်ဆိုင်သာသနာရှိ "ဘုရား၏သန့်ရှင်းသောမယ်တော်" မယ်တော်ဂူ‌ရင်ပြင်တွင်ကျင်းပခဲ့ကြပါသည်။ထိုအခမ်းအနားကို ကညင်ဆိုင်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဘေနစီ မှဦးဆောင်ပြီး ကညင်ဆိုင်သာသနာ အတွင်းရှိ ကလေးငယ်များ၊ စိန်ပေါလ် ဘော်ဒါဆောင်(ရိုးကြီး)မှ ကျောင်းသား/သူများနှင့်ကက်သလစ်ဘာသာ၀င်များမှအတူတကွစုပေါင်းစိတ်ပုတီးစိပ်ခြင်းပြုလုပ်ခဲ့ကြပြီး ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဘေနစီ ၏ကောင်းကြီးကိုခံယူကာ အခမ်းအနားကိုအဆုံးသတ်ခဲ့ကြပါသည်။
#ကညင်ဆိုင်သာသနာ
#မေဒါကန်စု

Address

Kansu Village
Kyonpyaw

Alerts

Be the first to know and let us send you an email when Assumption Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share