မဟာမြတ်မုနိဘုရားကြီး - ဓညဝတီမြို့ဟောင်း

  • Home
  • Myanmar
  • Kyauktaw
  • မဟာမြတ်မုနိဘုရားကြီး - ဓညဝတီမြို့ဟောင်း

မဟာမြတ်မုနိဘုရားကြီး - ဓညဝတီမြို့ဟောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မဟာမြတ်မုနိဘုရားကြီး - ဓညဝတီမြို့ဟောင်း, Buddhist Temple, Arakan, Kyauktaw.

မဟာမုနိ ရုပ်ရှင်တော်မြတ် ရေရှည် ပြုပြင်ထိန်းသိမ်းရေး 🖌 မဟာမုနိ ရုပ်ရှင်တော်မြတ်ဟာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ နှလု...
12/05/2021

မဟာမုနိ ရုပ်ရှင်တော်မြတ် ရေရှည် ပြုပြင်ထိန်းသိမ်းရေး

🖌 မဟာမုနိ ရုပ်ရှင်တော်မြတ်ဟာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ နှလုံးသားလို့ ဆိုရလောက်အောင် တန်ဖိုးထားတဲ့ ဘုရားတစ်ခုဖြစ်ပါတယ်။

ရခိုင်-မြန်မာ သမိုင်းများအရ- မဟာသက္ကရာဇ် ၁၀၃ ခုနှစ် မှာ ရခိုင်ပြည် တတိယ ဓညဝတီ ခေတ် စန္ဒာသူရိယဘုရင် အုပ်စိုးနေချိန်တွင် အနောက် မဇ္ဈိမဒေသ ရာဇဂြိုလ်ပ်မှာ မြတ်စွာဘုရားပွင့်တော်မူခဲ့ပါတယ်။ စန္ဒာသူရိယဘုရင်ဟာ မြတ်စွာဘုရားပွင့်တော်မူတဲ့ အကြောင်းကို ကြားသိပြီး မြတ်စွာဘုရားကို ဖူးလိုတဲ့ ဆန္ဒပြင်းစွာဖြစ်ပေါ်ခဲ့ပါတယ်။ မင်းကြီးဟာ မြတ်စွာဘုရားကို ဖူးလိုကြောင်းရည်မှန်းပြီး တံခွန်ငါးရာ၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့နဲ့ ရည်မှတ်ပူဇော်ပြီး ခုနစ်ရက်ပါတ်လုံး အဓိဌာန်ဝင်တောင်းပန်ပင့်ဖိတ်ခဲ့ပါတယ်။

🖌 မြတ်စွာဘုရားဟာ ရာဇဂြိုလ်ပြည် ဇေတဝန်ကျောင်းတော်ကနေပြီး သီတင်းသုံးနေစဉ် ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါအပေါင်းကို ကြည့်တော်မူခိုက်မှာ စန္ဒာသူရိယမင်းကြီး ပင့်ဖိတ်တောင်းပန်တာကို မြင်တဲ့ အတွက် ညီတော်အာနန္ဒာကို ခေါ်ယူပြီး ဘဝများစွာ သံသရာက မေတ္တာဂရုဏာများစွာ ရှိခဲ့ဖူးတာကြောင်းလည်းကောင်း၊ မင်းနှင့်တကွ အခြွေအရံပေါင်းများစွာ သေတာပတ္တိဖိုလ် တည်အံ့သောကြောင့်လည်းကောင်း၊ ကိုယ်စားရုပ်ပွားတော် မဟာမုနိကို ခွင့်ပြုသွန်းလုပ်တည်ထားကိုးကွယ်ခြင်းဖြင့် သာသနာတော် အရှည်တည်သမျှကာလပါတ်လုံး လူ၊ နတ်၊ သတ္တဝါအပေါင်း ကောင်းမှူတရားပွားများအံ့ဟု ဆင်ခြင်ပြီး ဓညဝတီ ရခိုင်ပြည်ကို ကြွအံ့ဟု ကြံရွယ်ခဲ့ပါတယ်။

🖌 မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၂၃ ခုနှစ် (ဘီစီ-၅၅၄) ဝါတော် ၂၀၊ သက်တော် ၅၅ နှစ်မှာ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှ နောက်လိုက် ရဟန်း ငါးရာ အပါအဝင် ကောင်းကင်ခရီးဖြင့် ဒေသစာရီကြွချီလာပြီး ရခိုင်ပြည်၊ ဓညဝတီမြို့၊ ကစ္ဆပနဒီမြစ်ရဲ့ အရှေ့ဘက်ကမ်း၊ မောရပဗ္ဗတ လို အမည်ရတဲ့ ကျောက်တော်တောင်ထိပ်မှာ ရပ်နားသက်ဆင်းခဲ့ပါတယ်။

🖌 စန္ဒာသူရိယဘုရင်ဟာ မြတ်စွာဘုရား ကြွချီလာကြောင်းသိတဲ့အခါ သွားရောက်ဖူးမြှော်ခဲ့ပြီး မြတ်စွာဘုရား ပြန်လည်ကြွတဲ့အခါမှာ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအစား ရုပ်ရှင်တော် တစ်ဆူ ထားစေလိုကြောင်းလျောက်ထားခဲ့တဲ့အတွက် မြတ်စွာဘုရားက ခွင့်ပြုသွန်းလုပ်စေခဲ့တဲ့အတွက် မဟာသက္ကရာဇ် ၁၂၃ ခု ကဆုန်လပြည့် (ဗုဒ္ဓဟူး)နေ့ ညနေအချိန်ကစပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်စေခဲ့ပါတယ်။ သုံးကြိမ်သုံးခါ သွန်းလုပ်ခဲ့ရပြီး နောက်ဆုံး သက္ကရာဇ် (၁၂၃) ခု ကဆုန်လပြည့်ကျော် တစ်ရက် ကြာသပတေးနေ့ နံနက်မှာ ပြီးစီးခဲ့ပြီး မြတ်စွာဘုရားရဲ့ ကိုယ်မှဖြစ်တဲ့ ရင့်ငွေ့တော် ကို လက်အုပ်နဲ့ ခုနှစ်ကြိမ်ထည့်ပြီး မြတ်စွာဘုရားနဲ့ ဆံချည်တမျင်မှ မချွတ်တဲ့ မဟာမုနိရုပ်ပွားတော်ကို ရရှိခဲ့ပါတယ်။ မဟာမုနိနဲ့အတူ အခြား ရုပ်ပွားတော် ၅ ဆူနဲ့ အခြားရုပ်ပွားတော် ၂၈ ဆူကို သွန်းလုပ်ခဲ့တဲ့လို့ မှတ်တမ်းမှတ်ရာများအရ သိရှိရပါတယ်။

🖌 မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာ သွန်းလုပ်ရာ သိဂုတ္တရကုန်းမြေဖြစ်တဲ့ ကျောက်တော်မြို့ရှိ မဟာမုနိကုန်းတော်ပေါ်မှာ နှစ်ပေါင်းများစွာ စံပါယ်လျက်ရှိပြီး ဂန္ဓကုဋိတိုက်ကို ခေတ်အဆက်ဆက် ပြုပြင်ခဲ့ကြရာမှာ-

အေဒီ ၃၁၇ ခု မှာ မဟာတိုင်းစန္ဒြားမင်းလက်ထက်မှာ တကြိမ်

အေဒီ ၇၇၆ ပဲဖြူမင်းလက်ထက်မှာ တကြိမ်

အေဒီ ၉၈၀ သီဟိုဠ်ဘုရင်က တကြိမ်

အေဒီ ၁၀၄၄ အနော်ရထာမင်းစောက တကြိမ်

အေဒီ ၁၀၆၈ အသင်္ခရာမင်းက တကြိမ်(မီးလောင်သဖြင့် ပြန်လည်ဆောက်လုပ်)

အေဒီ (၁၁) ရာစု မင်းဘုန်သန်လက်ထက်တွင် ပုဂံဘုရင်မှ လာရောက်ပြုပြင်ခြင်း တကြိမ်

အေဒီ ၁၁၂၃ ဒဿရာဇာမင်းလက်ထက်တွင် တကြိမ်

အေဒီ ၁၂၅၀ အလော်မာဖြူမင်း လက်ထက်တွင် တကြိမ်

အေဒီ ၁၄၃၀ မင်းစောမွန်လက်ထက်တွင် တကြိမ်

အေဒီ ၁၅၉၃ တွင် မင်းရာဇာကြီး မှ တကြိမ်

အေဒီ ၁၇၁၈ တွင် သီရိမဟာသူရ ဓမ္မရာဇာမင်းမှ တကြိမ်

အေဒီ ၁၇၆၄ တွင် မီးသင့် ခဲ့သဖြင့် ရမ်းဗြဲစား အဘယမရာဇာ မှ တကြိမ်

အေဒီ ၁၈၆၇ တွင် ကမ်ေယာဇတိုင်းမှ ရှမ်းလူမျိုး မောင်ရွှေမှုံ မှ တကြိမ်

အေဒီ ၁၉၀၀ ခုနှစ်တွင် လက်ရှိမြင်တွေ့ရသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ်စံပါယ်ရာ ဂန္ဓကုဋီတိုက်ကို မြန်မာနိုင်ငံ၏ ပထမဉီးဆုံး ဘဏ်လုပ်ငန်းရှင် သူဌေးကြီး ဦးရဲကျော်သူ+ဒေါ်သန္တာဖြူတို့မှ ကမကထပြု၍ တည်ဆောက်ခဲ့ကြပါသည်။

🏠 အခုလို ပြန်လည်တည်ဆောက်ခဲ့တာဟာ နှစ်ပေါင်း ၁၀၀ ကျော် ရှိလာပြီဖြစ်တဲ့ အတွက် မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋီတိုက်ကြီး ဟာ အနည်းငယ် ဟောင်းနွမ်းပျက်စီးလာပြီး ပြင်ဆင်ရန် လိုအပ်လာပြီဖြစ်ပါတယ်။ အဓိကအားဖြင့် ဂန္ဓကုဋီတိုက်ကြီးရဲ့ တိုင်များဟာဆွေးမြေ့လာတဲ့အတွက် လဲလှယ်ရန် လိုအပ်ခြင်း၊ တန်ဆောင်းများဟာ ကြံခိုင်မှုအားနည်လာခြင်းအတွက် ပြုပြင်ရန်လိုအပ်လျှက်ရှိပါတယ်။

🏠 အဲဒါကြောင့်မို့ မြောက်ဦးဆရာတော် ဦးဆောင်တဲ့ ဒကာ ဒါယိကာမအဖွဲ့ သားများဟာ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဂန္ဓကုဋီတိုက်ကို ရှေးမူမပျက် ပြန်လည်ပြင်ဆင်ဖို့ အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

🎯 ကျွန်တော်တို့ We ❤️ Rakhine အဖွဲ့သားများအနေနဲ့ မြောက်ဦးဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့အတူ မဟာမုနိ ဂန္ဓာကုဋီတိုက် အပြင် ဝင်းတခုလုံးအတွက် နောက် နှစ်ပေါင်း ၅၀ အထိ ရေရှည်တည်တဲ့နိုင်ရန် Master Plan တခုကို သက်ဆိုင်ရာ ရခိုင်ဗိသုကာ ပညာရှင်များနဲ့ ရေးဆွဲပြီး ရှေးခေတ်ရခိုင် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် ရခိုင်လက်မှုပညာရှင်များ နှင့် ဤစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားကြီး ပရဝုဏ်အတွင်း စိမ်းလည်းစိုပြေရေးအတွက် ရာသီဉတုသုံးပါးစလုံးနားခိုနိုင်တဲ့ ဘုရားဖူးများအတွက် ဇရပ်များ၊ နားနေဆောင်များ၊ ပန်းခြံများ၊ ရေကန်များ၊ သာသနိကအဆောက်အအုံများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများ နှင့် ကျယ်ဝန်းတဲ့ Car Parking များကို စနစ်တကျ ထည့်သွင်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

🎯 ကျွန်တော်တို့ We ❤️ Rakhine အဖွဲ့သားများဟာ ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ရှင်းလင်းရေး စနစ်များ၊ မိလ္လာစနစ်များကို ပါထည့်သွင်းပြီး ခေတ်မှီ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခုဖြစ်အောင် ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

🎯 အလှူငွေလှူဒါန်းလိုသော မြန်မာနိုင်ငံ အဝှမ်းမှ စေတနာရှင်များ အလှူရှင်များမှလည်း မြောက်ဦးဆရာတော်ထံ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါတယ်။


#အကျွန်ရို့ချစ်တေရခိုင်မြေ

15/07/2017
ဝါဆို သင်္ကန်း ကပ်လှူထားပုံ
12/07/2017

ဝါဆို သင်္ကန်း ကပ်လှူထားပုံ

ပြတိုက်
07/01/2017

ပြတိုက်

05/12/2016

Address

Arakan
Kyauktaw
CITIES

Telephone

09421764790

Website

Alerts

Be the first to know and let us send you an email when မဟာမြတ်မုနိဘုရားကြီး - ဓညဝတီမြို့ဟောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share