KyaukTaw Family

KyaukTaw Family FITNESS

11/10/2024

BREAKING NEWS (Update)
■ ကျောက်တော် ဗုံးကြဲခံရမှု ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိရှိလာ

Western News| အောက်တိုဘာ ၁၀

ရခိုင်ပြည် ကျောက်တော်မြို့ကို ယနေ့ အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိ တိုးလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့မဈေးကို ဗုံး ၁ လုံးနှင့် အထက ၂ စာသင်ကျောင်းဝန်းထဲ ဗုံး ၁ လုံး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြို့ခံတစ်ဦးက " ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဗုံးလာကြဲတာ။ နေရာ၌ သေဆုံးသူ ၈ ဦးရှိတယ်။ ဒဏ်ရာရသူ ၁၀ ဦး လောက်ရှိနိုင်တယ်။ ကျနော့် မျက်မြင်ဆိုရင် လမ်းဘေးမှာ ဒဏ်ရာရနေတဲ့ ၂ ယောက်ဆိုရင် ဒဏ်ရာအများအပြားနဲ့ လူလိမ့်နေတယ်။ စိုးရိမ်ရပုံပေါက်ပါတယ်။ " ဟု ပြောသည်။

နေရာ၌ သေဆုံးသူ ၆ ဦးထဲတွင် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်ပြီး ၎င်းတို့မှာ သားမိဖြစ်ကြောင်းနှင့် အသက်အရွယ်ကို မသိရသေးပေ။ သေဆုံးသူထဲက တစ်ဦး၏အမည်မှာ ဦးအေးကြွယ် အသက် ၄၆ နှစ်ရှိကြောင်း သိရသည်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးသူများကို အရေးပေါ်ကားများက သယ်ဆောင်သွား၍ အမည်၊ အသက်အရွယ်၊ လိပ်စာ စသဖြင့် အသေးစိတ်အချက်အလက်အား မသိရသေးကြောင်းနှင့် ကျောက်တော်မြို့သည် ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသော မြို့ဖြစ်သည်။

တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများထိုင်နေရာ မြို့ရွာကို ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံပြည်သူများမှာ အလွန်စိုးရိမ်နေကြသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီအနေဖြင့် စစ်ကိုစစ်နှင့်တူအောင် တိုက်ခိုက်ရန် ပြောဆိုထားသည်။

Western News-WN

YouTube: https://youtu.be/S_a-L1Opr-c
Website: https://westernnewsmm.com/news/6357/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/
Instagram: https://www.instagram.com/thewestern_news/

13/02/2024
13/04/2021

SINGAPORE: People who have recovered from COVID-19, especially those with pre-existing cardiovascular conditions, may be at risk of developing ...

အလှူရှင်းများစရင်း
03/08/2015

အလှူရှင်းများစရင်း

မြန်မာပြည် အနောက်ဖက်ခြမ်းရှိ၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို.နယ်အတွင်း ရေဘေး အတွက် စင်္ကာပူရောက် တိုင်းရင်းသား ညီကိုမောင်နှ...
03/08/2015

မြန်မာပြည် အနောက်ဖက်ခြမ်းရှိ၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို.နယ်အတွင်း ရေဘေး အတွက် စင်္ကာပူရောက် တိုင်းရင်းသား ညီကိုမောင်နှမများ ၊ ရခိုင်အသင်း (စင်္ကာပူ) နှင့် ကျောက်တော်မြို.နယ်အသင်း(စင်္ကာပူ)တို.မှ စုပေါင်း အလှူဒါန်းငွေ ၄၇ သိန်း (လေးဆယ့် ခုနှစ်သိန်း ကျပ် တိတိ) ကို အရေးပေါ်ရေဘေးကူညီမူ ကိစ္စရပ်များကို ဦးဆောင် ကူညီ လုပ်ကိုင်ပေး နေသော ရေဘေးဒုက္ခသည်များနှင့် အရေးပေါ်ကူညီထောက်ပံ.ရေးအဖွဲ.မှ ဥက္ကဌ ဒေါင်တာထွန်းအေးသို. စင်္ကာပူရောက် အလှူရှင်များကိုယ်စား မောင်အောင်နိုင်ကျော်မှ ပေးအပ်လှူဒါန်းမူ မှတ်တမ်း
(၁) ရခိုင်အသင်း (စင်္ကာပူ) မှအလှူငွေ = ၁,၇၈၆,၀၀၀ (တစ်ဆယ့် ခုနှစ်သိန်း ရှစ်သောင်း ခြောက်ထောင်)
(၂) ကျောက်တော် မြို.နယ်အသင်း (စင်္ကာပူ) အလှူငွေ = ၂,၉၁၄,၀၀၀ (နှစ်ဆယ့် ကိုးသိန်း တစ်သောင်း လေးထောင်)
**** ၄င်းကုသိုလ်ကောင်းမှူများကို အားလုံး နတ် လူ သာဓုခေါ်စေသော် …***

“*ကျောက်တော်မြို.နယ်အသင်း (စင်္ကာပူ) မှ အလှူငွေကောက်ခံ ရရှိမူ နှင့်လှူဒါန်းမှု အခြေအနေ *” ယနေ.အလှူငွေ ၄၇-သိန်းကျပ်တိတိကို ...
02/08/2015

“*ကျောက်တော်မြို.နယ်အသင်း (စင်္ကာပူ) မှ အလှူငွေကောက်ခံ ရရှိမူ နှင့်လှူဒါန်းမှု အခြေအနေ *”

ယနေ.အလှူငွေ ၄၇-သိန်းကျပ်တိတိကို ကျောက်တော်မြို.ပေါ်ရှိ ပရဟိတလုပ်ဆောင်နေသောအဖွဲ.အစည်းသို.အမြန်ရောက်ရှိနိုင်အောင် ပို.ပေးလိုက်ပြီးဖြစ်ပါသည်။၎င်းအဖွဲ.အစည်းမှ အလှူငွေလက်ခံရရှိမူ အထောက်အထားဓါတ်ပုံများနှင့် လုပ်ဆောင်ချက်များကို အချက်အလက်များ ရရှိသည်နှင့်ဆက်လက်ဖော်ပြသွားပါမည်။

ဝိုင်းဝန်းကူညီလှူဒါန်းပေးကြသော စင်္ကာပူရောက် တိုင်းရင်သားညီကိုမောင်နှများ အားလုံးကိုလည်းအထူး ပင်ကျေးဇူးတင်၊ သာဓု သာဓု သာဓု ၃ ကြိမ်ခေါ်ဆိုအပ်သည်။

လေးစားစွာဖြင့်
ကျောက်တော်မြို.နယ်အသင်း (စင်္ကာပူ)

02/08/2015

စေတနာရှင်အဖွဲ.(စင်္ကာပူ) မှ ကိုမျိုးဝင်းမှတစ်ဆင့်ေ၇ဘေးအတွက်လှူဒါန်းငွေ စင်္ကာပူငွေ ၆၀၀ ကို ကျောက်တော်မြို.နယ်အသင်း (စင်္ကာပူ) ယနေ.မနက်ပိုင်းက လက်ခံရရှိပါသည်။ ၄င်းကုသိုလ်ကောင်းမှုကို အားလုံးဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ၃ကြိမ် ခေါ်ဆိုအပ်ပါသည်။

“*****  ရေဘေးဒုက္ခသည်များ အတွက်အလှူငွေကောက်ခံခြင်း နှင့် အလှူရှင်များ စရင်း *****”ရခိုင်ပြည်နယ်ရှိ ရေကြီးမူဒဏ်ကို ဆိုးဆို...
01/08/2015

“***** ရေဘေးဒုက္ခသည်များ အတွက်အလှူငွေကောက်ခံခြင်း နှင့် အလှူရှင်များ စရင်း *****”
ရခိုင်ပြည်နယ်ရှိ ရေကြီးမူဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရသောမြို.နယ်များထဲ.မှ တစ်ခုအပါအ၀င် ဖြစ်သော ကျောက်တော်မြို.နယ်တွင် ရေဘေးဒုက္ခသည်များ တဖြည်းဖြည်းတိုးလာလျက်ရှိကာ ယခုအခါတွင် ကျောက်တော်မြို.ရှိ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ပြည်.ကျပ်လျက်ရှိနေကြောင်း၊ ကျောက်တော်မြို.ပေါ်သို.ရောက်မလာနို်င်သောဒုက္ခသည်အမြောက်အများ ၇ှိနေကြောင်း၊ ကျောက်တော်တောင် တော်ခြေရှိ စိတ္တသုခဘုန်းကြီး ကျောင်းတွင်းလည်း ရေဘေးဒုက္ခသည်များ များပြားနေကြောင်း၊ ကယ်ဆည်ရေးအဖွဲများ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင်း သွားရောက်မကူညီနိုင်သော နေ၇ာတော်တော်များများရှိနေကြောင်း၊ တချိုနေရာများတွင် ရိက္ခာပြတ်ကာ အငတ်ဘေးနှင့် ကြုံတွေ နေရကြောင်း ကြားသိရပါသည်။ ၄င်းအခက်အခဲများကို ကူညီဖြေရှင်းရန် တစိတ်တပိုင်းအဖြစ် ကျောက်တော်မြို.ရှိ မြို.မိ၊ မြိုဖများ က၀ိုင်းဝန်း၍ အရေးပေါ်ကယ်ဆည်ရေးလုပ်ငန်းများကို လူအား၊ ငွေအားဖြင့် တတပ်တအား ၀ိုင်းဝန်း လုပ်ဆောင်နေကြောင်း ကြားသိရသည်.အတွက် ၄င်းလုပ်ငန်းများကို မြန်မြန်ဆန်ဆန် ၊ ထိထိရောက် ဖြင့် ရေဘေးဒုက္ခသည်များ ကိုကူညီနိုင်ရန်အတွက် ရည်ရွယ်၍ ကျွန်တော်တို. ပြည်ပရောက် ကျောက်တော်မြို.နယ်အသင်း (စင်္ကာပူ) မှ ညီကိုမောင် နှများကလည်းအလှူငွေများကောက်ခံလျှက်ရှိရာ အခုအချိန်ထိအလှူငွေ ၂၉၄၅ (စင်္ကာပူဒေါ်လာ) ကိုကောက်ခံရရှိထားပြီးဖြစ်ပါသည်။ ၄င်းငွေများကို ကျောက်တော်မြို.ပေါ်ရှိ ကယ်ဆည်ရေး လုပ်ဆောင်နေသောအဖွဲ.သို. အမြန်ဆုံး လွဲပေးရန် စီစဉ်လျှက် ၇ှိပါကြောင်းအသိပေးအပ်ပါသည်။
အလှူငွေများကိုလည်း ဆက်လက်ကောက်ခံလျှက်ရှိသည်.အတွက် စင်္ကာပူရောက် သူငယ်ချင်း၊မိတ်ဆွေများအနေဖြင့် လှူဒါန်းလိုပါလျှင် အောက်ပါအကောင့် နှင့် ဖုန်းနံပတ်ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနိုးဆော်အပ်ပါသည်။
အောင်ကျော်မြင့်
POSB account: 133-17679-9 , Phone: 85220109
လေးစားစွာဖြင့်
ကျောက်တော်မြို.နယ်အသင်း (စင်္ကာပူ)

@24 May 2014  In Singapore
02/06/2014

@24 May 2014 In Singapore

တတိယအကြိမ်မြောက်  မြတ်ဆရာပူဇော်ပွဲ ကျောက်တော်မြို့
02/01/2014

တတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ
ကျောက်တော်မြို့

Address

Kyauktaw

Telephone

+6558516847

Website

Alerts

Be the first to know and let us send you an email when KyaukTaw Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to KyaukTaw Family:

Share