Church Of Christ, Lammadaw

Church Of Christ, Lammadaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Church Of Christ, Lammadaw, Religious organisation, Kyauktaw.

၂၀၂၆ ခုနှစ်အတွက် အသင်းတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၁) ဘုရားကျောင်းဆောင် မျက်နှာကြက် လုပ်ရန်(၂) ခြံစည်းရိုး အုတ်တံတိုင်း ကာရန်
25/05/2026

၂၀၂၆ ခုနှစ်အတွက် အသင်းတော်ရဲ့ ရှေ့လုပ်ငန်းစဉ်

(၁) ဘုရားကျောင်းဆောင် မျက်နှာကြက် လုပ်ရန်
(၂) ခြံစည်းရိုး အုတ်တံတိုင်း ကာရန်

အမေများနေ့အတွက် သား/သမီးများ၏                                   တောင်းပန်စကားမေမေ………….     ဒီနေ့ဟာ အမေများနေ့ဆိုတော့ သား...
10/05/2026

အမေများနေ့အတွက် သား/သမီးများ၏
တောင်းပန်စကား

မေမေ………….
ဒီနေ့ဟာ အမေများနေ့ဆိုတော့ သားတို့/သမီးတို့အနေနဲ့ ပြောချင်တဲ့စကားတွေ တောင်းပန်ချင်တဲ့ စကားတွေ ရင်တွင်းစကားတွေ အများကြီးရှိနေပါတယ် အမေ ……..
စကားလုံးတွေက ရင်ထဲ အပြည့်ရှိနေပေမဲ့လည်း မေမေ့ရှေ့ရောက်ရင် ရှက်ရွံ့တာဘဲဖြစ်ဖြစ် အားနားတာနဲ့ဖြစ်ဖြစ် စကားလုံးတွေဟာ နူတ်ကနေ ထွက်ကျမလာဘဲ ရင်တွင်းထဲမှာ မျိုသိပ်ထားမိတယ် အမေ…..

ဒီနေ့တော့ မေလ ဒုတိယအပတ် တနင်္ဂနွေနေ့ မှာ ကျရောက်တဲ့ “ အမေများနေ့” မှာ အသင်းတော်မှာ ရှိကြတဲ့ သား/သမီးများ အားလုံးကိုယ်စား တောင်းပန်စကားတွေ ဆိုချင်ပါတယ် အမေ …..

ဦးစွာ အမေ့ကို ဒီနေ့အထိ ကျန်းမာစွာရှိနေခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ပထမဆုံးအနေနဲ့ အမေ့ကို သား/သမီးတွေရဲ့ မသိတတ် နားမလည်မှုတွေ အတွက် ခွင့်လွတ်ပေးပါလို့ တောင်းဆိုပါရစေ.. ငယ်စဉ်တောင်ကျေး ကလေးဘဝကနေ ပြုစုပျိုးထောင်ပေးခဲ့တာတွေ ကိုယ့်အတွက်ထက် သား/သမီးတွေ အတွက်သာ ကြည့်တတ်တဲ့အမေ ကို မသိနားမလည်ဘဲ မိမိအတွက်ဘဲ ကြည့်တတ်တော့ သား/သမီး ကို ခွင့်လွတ်ပေးပါ အမေ ………

အရာအရာတိုင်းကို အမေ့တာဝန်ဘဲလို့ တွေးခဲ့မိတာတွေအတွက်လဲ တောင်းပန်ပါတယ် အမေ …

သား/သမီးတွေကို ဘုရားကိုချစ်တဲ့သူ၊ ကောင်းစားစေချင်၊လူတော်လူကောင်းဖြစ်စေချင် လို့ ပြောဆို ဆုံးမ ရိုက်နှက် (လိုအပ်ရင်) ခဲ့တာတွေကို နားမလည်ဘဲ ပြန်ပြောခဲ့တာတွေ ၊ စိတ်ဆိုးမိတာတွေ အတွက်လည်း ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါရစေ အမေ………..

တစ်ခါတစ်လေ မေမေ့ မေတ္တာ ၊ မေမေ့ရဲ့ စိုးရိမ် ပူပန်မှုတွေကို ဂရုမစိုက်၊ အလေးမထားဘဲ တဇွတ်ထိုး လုပ်မိတာတွေအတွက်လဲ ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါရစေ အမေ ……….

မေမေ …
မေမေဟာ သား/သမီးတွေအတွက် စံပြပုဂ္ဂိုလ်၊ ရှေ့ဆောင်လမ်းပြသူပါ အမေ …
မေမေဟာ သား/သမီးတို့အတွက် အစားထိုးမရသူပါ အမေ….

ဒီကနေ့မှာ ကျရောက်တဲ့ အမေများနေ့မျာ သား/သမီးတွေရဲ့ မသိနားမဘည်မှုတွေအတွက် ခွင့်လွတ်ပေးဖို့ တောင်းပန်ရင်း ……….

“ အမေများအားလုံး ဘုရားသခင်ရဲ့ စောင့်မမှုအောက်မှာ ရှည်သော အသက်တာနဲ့ ကျန်းမာ၊ပျော်ရွှင် ချမ်းမြှေ့မှုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ခရစ်တော်၏ နာမတော်မြတ်၌ သား/သမီးများ အားလုံး ဆုတောင်းပေးလိုက်ပါတယ် အမေ ……”

မိခင်များနေ့လဲရောက်တော့မယ်  ဝိညာဉ် မိခင်ဖြစ်တဲ့ အသင်းတော်ကိုလဲ သတိရပေးပါ
03/05/2026

မိခင်များနေ့လဲရောက်တော့မယ် ဝိညာဉ် မိခင်ဖြစ်တဲ့ အသင်းတော်ကိုလဲ သတိရပေးပါ

ပါဝင်ချင်တဲ့ အသင်းတော်ထဲက လူငယ်တွေ ဆရာ ထွန်းကြည်နဲ့ ဆက်သွယ်ပီး ပါဝင်ကြအုံး
11/01/2026

ပါဝင်ချင်တဲ့ အသင်းတော်ထဲက လူငယ်တွေ
ဆရာ ထွန်းကြည်နဲ့ ဆက်သွယ်ပီး ပါဝင်ကြအုံး

ဘုရားကျောင်းဆောင်မှာ ကွဲသွားတဲ့မှန်တွေ ပြန်ပြင်မှာမို့ ပါဝင်လိုသူတွေအနေနဲ့ ပါဝင်ပေးကြပါအုံး
02/12/2025

ဘုရားကျောင်းဆောင်မှာ ကွဲသွားတဲ့မှန်တွေ ပြန်ပြင်မှာမို့ ပါဝင်လိုသူတွေအနေနဲ့ ပါဝင်ပေးကြပါအုံး

လူငယ်တွေ အားနည်းသွားတော့ အသင်းတော် ဖခင်များနေ့လဲ အဆင်ပြေသလိုလေးပါဘဲ
24/06/2025

လူငယ်တွေ အားနည်းသွားတော့ အသင်းတော် ဖခင်များနေ့လဲ အဆင်ပြေသလိုလေးပါဘဲ

16/11/2023

အခြေအနေအမျိုးမျိုးကြောင့် ဘုရားကျောင်းဆောင်သစ် ဆက်ကပ်အပ်နှံ အနုမောဒနာပွဲကို ရွေ့ဆိုင်းလိုက်ရပါပြီ။

အသင်းတော်အတွက် လိုအပ်သော Projector 📽️ တစ်ခု ကို ဝယ်ယူနိုင်ခဲ့ပါပြီပါဝင်ကူညီပေးကြသောသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ က...
05/11/2023

အသင်းတော်အတွက် လိုအပ်သော Projector 📽️ တစ်ခု ကို ဝယ်ယူနိုင်ခဲ့ပါပြီ
ပါဝင်ကူညီပေးကြသောသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်သာ၍ ကောင်းချီးပေးပါစေ။
ရှေ့ဆက်ပီးလည်း ဘုရားအမှုတော်မြတ်အတွက် ဒီထက်မက ပါဝင်နိုင်ကြပါစေ။
ကျေးဇူးတင်ပါသည်။

ဒီနေ့တော့ မိခင်ရော လူငယ်ရော အတူတကွဘဲ
30/10/2023

ဒီနေ့တော့ မိခင်ရော လူငယ်ရော အတူတကွဘဲ

29.10.2023 တနင်္ဂနွေနေ့ နေလည်ဝတ်ပြုကိုးကွယ်ခြင်း
29/10/2023

29.10.2023 တနင်္ဂနွေနေ့ နေလည်ဝတ်ပြုကိုးကွယ်ခြင်း

Address

Kyauktaw

Website

Alerts

Be the first to know and let us send you an email when Church Of Christ, Lammadaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share