Canaan Baptist Church

Canaan Baptist Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Canaan Baptist Church, Baptist church, 35 Street, Kyauktada.

28/11/2020
13 November 2018"တုံးအသောသိုးနှင့် ကောင်းသောသိုးထိန်း"ဖတ်ရန်: ယေဇ ၃၄း၇-၁၆ "ကွဲပြားလျက် ရှိသော မိမိသိုးတို့တွင် သိုးထိန်း...
13/11/2018

13 November 2018

"တုံးအသောသိုးနှင့် ကောင်းသောသိုးထိန်း"

ဖတ်ရန်: ယေဇ ၃၄း၇-၁၆

"ကွဲပြားလျက် ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ ရှာမည်။" (း၁၂)

ကျွန်ုပ်၏ မိတ်ဆွေ ချက်ဒ်သည် ယိုးမင်းဒေသ၌ သိုးထိန်းအဖြစ် ၁ နှစ် လုပ်ကိုင်ခဲ့သည်။ ‘‘သိုးတွေကလေ သိပ်တုံးတာပဲ။ သူတို့ မျက်စိရှေ့တင် ရှိတဲ့ အရာတွေကိုပဲ စားတယ်။ သူတို့ရှေ့က သူတို့ စားနေတဲ့မြက် ကုန်သွားရင် အခြားဘယ်မှာ မြက်ရှိမလဲ ဘေးဘီတောင် လှည့်မရှာကြဘူး။ သူတို့ရှေ့က အမှိုက်သရိုက်တွေပဲ စားနေရော’’ ဟု ပြောပြသည်။
ကျွန်ုပ်တို့ ရယ်မောခဲ့ကြပြီး ကျမ်းစာမှလည်း လူကို သိုးနှင့် ခိုင်းနှိုင်းထားကြောင်း ကျွန်ုပ် မတွေးဘဲ မနေနိုင် ခဲ့ပါ။ ကျွန်ုပ်တို့ သိုးထိန်းကို လိုအပ်ခြင်းက မဆန်းပါ။ သိုးများက တုံးအသည် ဆိုကတည်းက ၎င်းတို့ကို ဂရုပြု စောင့်ရှောက်မည့် သိုးထိန်းကို လိုအပ်သည်။ တိုင်းတစ်ပါး ဗာဗုလုန် ပြည်သို့ ဖမ်းဆီး ခေါ်ဆောင်ခံရသည့် ဘုရားလူတို့ အတွက် ပရောဖက် ယေဇကျေလ စာရေးခဲ့စဉ် ၎င်းတို့အား မကောင်းသော သိုးထိန်း၏ လက်၌ ရှိသည့် သိုးများနှင့် ခိုင်းနှိုင်းခဲ့သည်။ သိုးများကို ကြည့်ရှု ပြုစုရမည့် အစား ဣသရေလလူမျိုး ခေါင်းဆောင်များသည် သိုးများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ် ကြသည် (း၃)။ တောရိုင်း သတ္တဝါများ ကိုက်ဆွဲမည့် ဘေးမှ မကယ်ဘဲ လွတ်သွားသည် (း၅)။
သို့သော် သူတို့ မျှော်လင့်ချက် မမဲ့ပါ။ ကောင်းသော သိုးထိန်းကြီး ဖြစ်တော် မူသော ဘုရားသခင်သည် သိုးများအပေါ် အမြတ်ထုတ်သည့် သိုးထိန်းများ လက်မှ ၎င်းတို့ကို ကယ်တင်မည်ဟု ကတိပေးသည်။ သူတို့ကို အိမ်သို့ ပြန်ခေါ်ဆောင်လာမည်။ စိမ်းလန်းသော စားကျက်မြေ၌ နေရာချမည်။ သူတို့ကို ငြိမ်ဝပ် ချမ်းသာစေမည်။ ဒဏ်ရာများကို ကုသပေးမည်။ ပျောက်သော သိုးများကို လိုက်ရှာမည် (း၁၁-၁၆)။ သူ၏ သိုးစု လုံခြုံရေး အတွက် တောရိုင်း သတ္တဝါများကို နှင်ထုတ် ဖယ်ရှားပေးမည် (း၂၈)။
ဘုရားသခင်၏ သိုးစုတော်ဝင် သိုးများသည် ကြင်နာစွာ ကရုပြု စောင့်ရှောက်မှုနှင့် လမ်းညွှန်မှုကို လိုအပ်နေသည်။ စိမ်းလန်းသော အရပ်သို့ (း၁၄) ကျွန်ုပ်တို့ကို အစဉ် ပို့ဆောင်နေသည့် သိုးထိန်းကြီး ရှိနေခြင်းက ကျွန်ုပ်တို့ အတွက် မြတ်သော မင်္ဂလာ ဖြစ်သည်။
- AMY PETERSON

သိုးထိန်းကြီး၏ အသံကို ကျွန်ုပ် နားထောင်နေပါ သလား။

ကျွန်ုပ်၏မိတ်ဆွေ ချက်ဒ်သည် ယိုးမင်းဒေသ၌ သိုးထိန်းအဖြစ် ၁ နှစ်လုပ်ကိုင်ခဲ့သည်။ ‘‘သိုးတွေကလေ သိပ်တုံးတာပဲ။ ....

Address

35 Street
Kyauktada
770891

Opening Hours

09:00 - 17:00

Telephone

+959792678549

Website

Alerts

Be the first to know and let us send you an email when Canaan Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Canaan Baptist Church:

Share

Category