မဟာရွှေသိမ်တော် မြတ်စွာဘုရား

  • Home
  • Myanmar
  • Kyaukse
  • မဟာရွှေသိမ်တော် မြတ်စွာဘုရား

မဟာရွှေသိမ်တော် မြတ်စွာဘုရား မဟာရွှေသိမ်တော် မြတ်စွာဘုရား

09/09/2025
ရွှေသိမ်တော်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ သ...
05/09/2025

ရွှေသိမ်တော်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကြီးရွာ၌ တည်ရှိသည်။ မန္တလေး−ကျောက်ဆည် မော်တော်ကားလမ်းနှင့် ရန်ကုန်−မန္တလေး မီးရထားလမ်းတို့၏ အရှေ့ဘက်၊ မင်းရဲမြောင်း၏ အရှေ့ဘက်၊ သင်တောင်းကြီးရွာ၏ အနောက်ဘက်၊ ရွှေတောင် ထီးတောင်၏ တောင်ဘက် တောင်ခြေရင်းတွင် တည်ရှိသည်။

အရွယ်အစား
အနော်ရထာမင်း တည်ခဲ့စဉ်က ဉာဏ်တော် ၉ တောင်မျှသာ ရှိသည်ဟု ဆိုသည်။ သက္ကရာဇ် ၁၃၀၉-ခုနှစ်တွင် ရွာသူရွာသားများ၏ ကောင်းမှုဖြင့် ဉာဏ်တော် ၉ တောင်ကို ငုံကာ ဉာဏ်တော် ၁၃ တောင် မြင့်ကာ ဒုတိယအကြိမ်တည်ထား၊ ကိုးကွယ်ကြသည်။ သက္ကရာဇ် ၁၃၅၆-ခုနှစ်တွင် အများကောင်းမှုဖြင့် ဉာဏ်တော် ၁၅ တောင်ကို ငုံကာ ဉာဏ်တော် ၃၄ တောင် အမြင့်သို့ မြှင့်ကာ ပူဇော်ခဲ့ကြသည်။ ဖိနပ်တော် ကုလားကျောင်းခံ ၄ ပေမြင့်သည်။

ဘုရားသမိုင်း
ရွှေသိမ်တော်ဘုရားအား ပုဂံခေတ်၊ အနော်ရထာမင်းက တည်ထားပြီး သိမ်သမုတ်တော် မူခဲ့သော ပုဂ္ဂိုလ်မှာ မင်းကြီးကိုးကွယ်ခဲ့သော အရှင်ဓမ္မဒဿီ ခေါ် ရှင်အရဟံ ပင်ဖြစ်သည်။ အနော်ရထာမင်း ဆက်ကပ်ခဲ့သော ဘွဲ့တော်မှာ ရွှေသိမ်တော် ဖြစ်ပြီး၊ ယခု ဂေါပကအဖွဲ့မှ မဟာရွှေသိမ်တော်ဟု မဟာဘွဲ့ကို ထပ်မံကပ်လှူခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့ကြသော်လည်း သက္ကရာဇ် ၁၂၈၀ ပြည့်မတိုင်မီ ရွာသူရွာသားများ မေ့လျော့ပေါ့ဆမှုကြောင့် ချုံနွယ်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုနှစ်တွင် သင်တောင်းကြီးရွာတွင် ကပ်ရောဂါများ ကျရောက်သည်။ ရွာသူရွာသားများ ထွက်ပြေးကြရာ လူကြီးများ မိမိအစုနှင့် မိမိ ရောက်ရာအရပ်မှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းကြရန် ပြောကြရာမှ တစ်စုနှင့်တစ်စု ဆက်သွယ်ကာ ဘုရားဘေးမှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းကြသည်။ ထိုအချိန်မှ စကာ ရွှေသိမ်တော် မြတ်စွာဘုရားမှာ သန့်ရှင်းသပ္ပါယ်စွာ သီတင်းသုံးရသည်။ ရွာမှာလည်း ရောဂါသန့်ရှင်းသွားကြသည်မှာ ယနေ့တိုင်ပဲ ဖြစ်သည်။

ဗုဒ္ဓပူဇနိယ ပွဲတော်များ
ချုံနွယ်များ ရှင်းပြီးနောက် သူကြီးဦးသင်းလက်ထက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရန် ဆွမ်းတော်ကြီး ဝတ်အသင်းမှ ရွာနီးချုပ်စပ်များနှင့် စဉ့်ကိုင်မြို့၊ ကျောက်ဆည်မြို့တို့အထိ လှည့်လည် အလှူခံကာ ပွဲတော်ကျင်းပခဲ့သည်။ ၁၂၈၄-ခုမှ စပယ်သက် ရုပ်သေးနှင့် စတင်ကျင်းပခဲ့သည်ဟု ဆိုသည်။ ယခုအခါ ဗုဒ္ဓပူဇနိယပွဲ တစ်နှစ်လေးချိန် ပူဇော်သည်။

ဝါဆိုလပြည့်ကျော် (၁)ရက် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊
ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် မဟာသံဃိကဆွမ်းလောင်းပွဲ၊
တန်ဆောင်မုန်းလဆန်း(၁၀)(၁၁)ရက်တွင် ရွှေသိမ်တော်ဘုရားပွဲနှင့် စတုဒိသာ ကျွေးခြင်း၊
တပို့တွဲလတွင် ထမနဲထိုးပွဲနှင့် ဆွမ်းတော်ကပ်ခြင်း တို့ဖြစ်သည်။

ကိုးကား
Wikipedia

01/04/2022

အခု လက်ရှိရောက်နေတဲ့နေရာ က internet အဆင်မပြေလို့ပါ
မေးထားသမျှတွေ သည်းခံပေးကြပါ

20/01/2021

မဟာရွှေသိမ်တော် မြတ်စွာဘုရား ပြန်ဖွင့်ပါပြီ ဖူးမျှော်လိုသူများအတွက်

Address

ကျောက်ဆည်
Kyaukse

Website

Alerts

Be the first to know and let us send you an email when မဟာရွှေသိမ်တော် မြတ်စွာဘုရား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share