31/01/2017
#မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေးအသင်း ကို လူသားတစ်ဦးလိုသဘောထားရင်
၂၀၁၇ မှာ ၅ နှစ်သားဖြစ်ပါပြီ။ ၅ နှစ်သားကလေးငယ်ကို မူလတန်းကျောင်းပညာသင်ဖို့ ကျောင်းထားသလို ၅ နှစ်သား မြန်မာ့အရုဏ်သစ်လည်း ၂၀၁၇ မှာ လူလားမြောက် ပညာစသင်နေပါပြီ။ Credit-ကိုစိုးနိုင်
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ အရှေ့ဒဂုံမြို့နယ် အင်းတိုင်ရပ်ရှိ မဟာနွယ် ပရဟိတကျောင်းကို သွားလှူကြဦးမယ်နော်။
၅နှစ်သားလေးဟာ အလှူပေါင်းများစွာ လှူခဲ့ပြီးပါပြီ။ အဖွဲ့ #ရပ်တည်မှုလှုပ်ရှားမှုတွေကလည်း တဖြေးဖြေး ရုပ်လုံးပေါ်လာလို့ သြစတေးလျ သံရုံးရဲ့ ပံ့ပိုးမှုနဲ့ ပဲခူးတိုင်းဒေသကြီး #သံစို့ပင်ကျေးရွာအနီးတစ်ဝိုက်ကို #ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
#သောက်ရေသန့်သုံးနိုင်စေရန် မြေရေစစ်အိုးလှူဒါန်းခြင်း၊
#အနီးတစ်ဝိုက်ရွာများကို #ခြင်ဆေးဖျန်းပေးခြင်းအပြင်၊
#ဆေးစိမ်ခြင်ထောင်များကိုလည်း လှူဒါန်းသွားဖို့
၂၀၁၇ ခုနှစ် #တစ်နှစ်တာစီမံကိန်းအဖြစ်လည်း ချမှတ်ဆောင်ရွက်မှာဖြစ်ပါတယ်။
ဒါ့အပြင် ...
#လစဉ်ကျန်းမာရေးဟောပြောပွဲများ ၊
#ကျန်းမာရေးအခမဲ့စောင့်ရှောက်မှုများလည်း ပြုလုပ်သွားပါမယ်။
အသင်းရဲ့ ပုံမှန်လှူနေကြ #စုပေါင်းသွေးလှူပွဲနှင့် #လစဉ်လှုပ်ရှားမှုများကိုလည်း ပုံမှန်လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။
#အခမဲ့ဆေးကုသခြင်း အတွက်လည်း #အလှူရှင်များကိုဖိတ်ခေါ်အပ်ပါတယ်။
#တစ်နှစ်အတွင်းပြုလုပ်မယ့် အစီအစဉ်များကို အသေးစိတ်ခုချင်းအလိုက် အသိပေးသွားမှာဖြစ်သလို #ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်။
မြန်မာ့အရုဏ်သစ်နဲ့ ပူးပေါင်း လှူဒါန်းသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အသင်းမှ မှတ်တမ်းတင်အပ်ပါတယ်။
လေးစားလျက်
မြန်မာ့အရုဏ်သစ် အမှုဆောင်အဖွဲ့