ထန်းတပင်ကျောင်းတိုက်

ထန်းတပင်ကျောင်းတိုက် အမှတ်(၃)ရပ်ကွက်၊ လှည်းတန်း၊ ကမာရွတ် [email protected]

30/04/2026

ကဆုန်လပြည့်နေ့ မနက်ပိုင်းမြင်ကွင်း

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြေ...
29/04/2026

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

သာသနာနှစ် - ၂၅၇၀၊ ကောဇာသက္ကရာဇ် - ၁၃၈၈၊ ခရစ်နှစ် - ၂၀၂၆​ကဆုန်လပြည့် ဗုဒ္ဓနေ့ အလှူရှင်များ စာရင်း​၁။ ဆရာတော်ဦးသုဇာတ နှင့်...
29/04/2026

သာသနာနှစ် - ၂၅၇၀၊ ကောဇာသက္ကရာဇ် - ၁၃၈၈၊ ခရစ်နှစ် - ၂၀၂၆
​ကဆုန်လပြည့် ဗုဒ္ဓနေ့ အလှူရှင်များ စာရင်း
​၁။ ဆရာတော်ဦးသုဇာတ နှင့် တပည့်ဒါယကာ ဒါယိကာမများကောင်းမှု (ကျောက်ကျော)
​၂။ ဦးအောင်မြင့်၊ ဒေါ်လင်းလင်း မိသားစု ၅၀၀၀၀ဝိ/-ကျပ်
​၃။ ဦးတင်ကိုဦး + ဒေါ်ခိုင်ခိုင်မော် (သား) မောင်အောင်ကောင်းမြတ် မိသားစု၊ ၈၉/လှည်းတန်းလမ်းမ၊ ကမာရွတ်။ ၂၀၀၀၀ဝိ/-ကျပ်
​၄။ ဦးထွန်းကြည် + ဒေါ်စိန်မြ မိသားစု (ရွှေရင်အေး)
​၅။ ဦးအောင်မြင့် + ဒေါ်သိန်းကြွယ်၊ (သား) ဦးဇော်နိုင် တို့အားရည်စူး၍ မိသားစုကောင်းမှု။ (မုန့်ဟင်းခါး)
​၆။ ဦးထေရာဝံသ နှင့် ညီ/အစ်ကို/မောင်နှမများ ကောင်းမှု (ဖာလူဒါ)
​၇။ ဒေါ်နန်းအေး မိသားစုကောင်းမှု (မုန့်လက်ဆောင်း)
​၈။ မအိချမ်းမြေ့ (ခ) ဂျူးဂျူး (၂၃)နှစ်ပြည့်မွေးနေ့ အလှူတော်။ (ခေါက်ဆွဲကြော်)
​၉။ ဦးရဲဝင်း နှင့် မောင်နှမများ ကောင်းမှု။ (အအေး)

ခရစ်နှစ် - ၂၀၂၆​သာသနာနှစ် - ၂၅၇၀​ကောဇာသက္ကရာဇ် - ၁၃၈၈​ #​ကဆုန်လပြည့်ဗုဒ္ဓနေ့​အစီအစဉ်များ​နံနက် [၉:၀၀] နာရီအချိန်တွင် သီလ...
28/04/2026

ခရစ်နှစ် - ၂၀၂၆
​သာသနာနှစ် - ၂၅၇၀
​ကောဇာသက္ကရာဇ် - ၁၃၈၈

#​ကဆုန်လပြည့်ဗုဒ္ဓနေ့
​အစီအစဉ်များ
​နံနက် [၉:၀၀] နာရီအချိန်တွင် သီလပေးတရား နာကြားပါမည်။
​နေ့လယ် [၂:၀၀] နာရီအချိန်တွင် ခန္ဓာဉာဏ်ရောက် သစ္စာလေးပါး အလုပ်ပေးတရားများ ဟောကြားပါမည်။

​"ညောင်ရေသွန်းလောင်းကြမည့် ကုသိုလ်ရှင်တို့အား အလှူရှင်များစွာတို့၏ စတုဒိသာအလှူများဖြင့် နံနက်ပိုင်းမှ စတင်၍ ညပိုင်းတိုင်အောင် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပါသည်။"

သင်္ကြန်အကြိုနေ့ ရပ်ကွက်အတွင်းဆွမ်းခံကြွစဥ်
13/04/2026

သင်္ကြန်အကြိုနေ့ ရပ်ကွက်အတွင်းဆွမ်းခံကြွစဥ်

သင်္ကြန်အကြိုနေ့မှနှစ်ဆန်း(၁)ရက်နေ့အထိ နံနက် (၉း၃၀)အချိန်တွင် ထန်းတပင်ကျောင်းတိုက်ဆရာတော်ဘုရားမှ သီလပေးတရားများ ဟောကြားပ...
12/04/2026

သင်္ကြန်အကြိုနေ့မှနှစ်ဆန်း(၁)ရက်နေ့အထိ နံနက် (၉း၃၀)အချိန်တွင် ထန်းတပင်ကျောင်းတိုက်ဆရာတော်ဘုရားမှ သီလပေးတရားများ ဟောကြားပါမည်။ နေ့လယ်ခင်းတရားပွဲအပြီး (၂း၃၀)အချိန်တွင် ထန်းတပင်ကျောင်းတိုက်ဆရာတော်ဘုရားမှ ခန္ဓာဥာဏ်ရောက် သစ္စာတရားများကို ဟောကြားပါမည်။

ထန်းတပင်ကျောင်းတိုက်ဆရာတော်သည် အနာဂတ်သာသနာတော်အား လက်ဆင့်ကမ်းကြမည့် မျိုးဆက်သစ် သားငယ် သမီးငယ် တိုအား ဗုဒ္ဓဘာသာတရား၏ အခြ...
09/03/2026

ထန်းတပင်ကျောင်းတိုက်ဆရာတော်သည် အနာဂတ်သာသနာတော်အား လက်ဆင့်ကမ်းကြမည့် မျိုးဆက်သစ် သားငယ် သမီးငယ် တိုအား ဗုဒ္ဓဘာသာတရား၏ အခြေခံအုတ်မြစ်ဖြစ်သော အသိအလိမ္မာများတိုးပွားစေရန် နွေရာသီယဉ်ကျေးမှုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျှက်ရှိပါသည်။ ယခု ၂၀၂၆ခု ကလေးငယ်များ၏ ကျောင်းအားလပ်ရက်များအတွင်း နှစ်စဉ်ဖွင့်လှစ်ပေးနေကြဖြစ်သော ထန်းတပင်ကျောင်းတိုက်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် နွေရာသီယဉ်ကျေးမှုသင်တန်းကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသဖြင့် တက်ရောက်သင်ကြားနိုင်ကြပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
သင်တန်းဖွင့်လှစ်သင်ကြားမည့်နေ့ရက် ၂၄.၃.၂ဝ၂၆ (အင်္ဂါနေ့) မှ ၇.၄.၂ဝ၂၆ (တနင်္လာနေ့) အထိ
သင်တန်းဖွင့်လှစ်သင်ကြားမည့်အချိန် (နံနက်ပိုင်း) ၇းဝဝ နာရီ မှ ၈းဝဝ၊ (ညနေပိုင်း) ၃း၃ဝ နာရီ မှ ၄း၃ဝ
၁၈.၃.၂၀၂၆ ရက်နေ့တွင် သင်တန်းဝင်ခွင့်လျှောက်လွှာ တင်သွင်းလျှောက်ထားနိုင်ပါသည်။

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်ကြီး၏(၁၁ဝ)ကြိမ်မ...
09/01/2026

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်ကြီး၏(၁၁ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် (၂၅)နှစ်ပြည့် ငွေရတုဓမ္မပူဇာသဘင်၌ ဘဒ္ဒန္တသုဇာတ၊ ဓမ္မာစရိယ၊ ထန်းတပင်ကျောင်းတိုက်၊ ကမာရွတ်မြို့နယ် အရှင်သူမြတ်မှ (၂၅.၁၂.၂ဝ၂၅)ရက်နေ့တွင် မဟာဓမ္မသုခဗိမာန် (မြေညီထပ်)တွင် ဟောကြားအပ်သော '' အနှစ်နှင့်အကာ ရွေးချယ်ပါ တရားတော်''

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်...

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်ကြီး၏(၁၁ဝ)ကြိမ်မ...
09/01/2026

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်ကြီး၏(၁၁ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် (၂၅)နှစ်ပြည့် ငွေရတုဓမ္မပူဇာသဘင်၌ ဘဒ္ဒန္တ ဇာဂရ၊ ဓမ္မာစရိယ၊ သုစိတ္တာရုံပရိယတ္တိစာသင်တိုက် အရှင်သူမြတ်မှ (၂၁.၁၂.၂ဝ၂၅)ရက်နေ့တွင် မဟာဓမ္မသုခဗိမာန် (မြေညီထပ်)တွင် ဟောကြားအပ်သော ''ဥပသကာအကြောင်းသိကောင်းစရာ တရားတော်''

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်...

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်ကြီး၏(၁၁ဝ)ကြိမ်မ...
09/01/2026

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်ကြီး၏(၁၁ဝ)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် (၂၅)နှစ်ပြည့် ငွေရတုဓမ္မပူဇာသဘင်၌ ဒေါက်တာ အရှင်ကောဝိဒ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ကမ္မဋ္ဌာနစရိယ၊ မဇ္စျိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာ အရှင်သူမြတ်မှ (၂၄.၁၂.၂ဝ၂၅)ရက်နေ့တွင် မဟာဓမ္မသုခဗိမာန် (မြေညီထပ်) ဟောကြားအပ်သော ''ဘုရားအကြိုက်နဲ့ပူဇော်လိုက်ပါ တရားတော်''

ကမာရွတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကိုးနဝင်းကပ်ကျော် သိမ်ဦးစေတီတော်မြတ်...

Address

ထန်းတပင်လမ်း
Kamayut
11041

Alerts

Be the first to know and let us send you an email when ထန်းတပင်ကျောင်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ထန်းတပင်ကျောင်းတိုက်:

Share