Don Bosco Pre-Novitiate Hsipaw, Myanmar

Don Bosco Pre-Novitiate Hsipaw, Myanmar Don Bosco Pre-Novitiate is a place where young people are welcomed, prepared and formed to become Salesians.

It is also a place where young men are accompanied to be able to discern their God-given vocations.

20/08/2023

Assumpta est Maria....

19/08/2023

သီပေါ ဒွန်ဘော့စကိုကျောင်း

19/08/2023

Come and see...

18/08/2023

ရှမ်းပြည်က ရှမ်းရိုးရာအကလေးပါ
မညီမညာပေမဲ့ ပျော်စရာ ချစ်စရာ ကျောင်းသားလေးတွေရဲ့ တင်ဆက်မှုကို ဝေမျှပေးလိုက်ပါတယ်

13/08/2023

ဒွန်ဘော့စကို ဆလေးရှင်း ကျောင်းသားများရဲ့
ကမ်းလက်မေတ္တာ သီချင်းလေးကို
ခံစားအားပေးကြပါဦး 🤝🎵🎼🎤🎙

ဒွန်ဘော့စကို ရဟန်းဖြစ်သင်ကျောင်း၊ သီပေါ

Welcome to Hsipaw   # Salesian Aspirants and Pre- Novices # 2023-2024
18/07/2023

Welcome to Hsipaw

# Salesian Aspirants and Pre- Novices
# 2023-2024

18/02/2023

DON BOSCO HSIPAW
မိုင်ဆုန်ခ

Merry Christmas and Happy New Year!!
24/12/2021

Merry Christmas and Happy New Year!!

ဆလေးရှင်းအသင်းဂိုဏ်းချုပ်အကြီးအကဲမှ ချမှတ်ပေးသော ဆလေးရှင်းမိသားစုအတွက် ၂၀၂၂ ခုနှစ် ကျင့်စဉ်"ဖိအားမပါ မေတ္တာဖြင့်သာ အရာအာ...
29/11/2021

ဆလေးရှင်းအသင်းဂိုဏ်းချုပ်အကြီးအကဲမှ ချမှတ်ပေးသော ဆလေးရှင်းမိသားစုအတွက် ၂၀၂၂ ခုနှစ် ကျင့်စဉ်

"ဖိအားမပါ မေတ္တာဖြင့်သာ အရာအားလုံးဆောင်ရွက်ပါ"

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

နေရာအသီးသီးမှာ တည်ရှိနေကြသည့် ကျွန်ုပ်တို့ ဆလေးရှင်းမိသားစုဝင်၏ လိုအပ်ချက်များနှင့်အညီ လာမည့် ၂၀၂၂ ခုနှစ်အတွက် ကျင့်ကြံအားထုတ်ကြရမည့် လမ်းစဉ်တစ်ခုကို ကျွန်ုပ်အနေနှင့် ၀မ်းမြောက်ဝမ်းသာစွာ ဝေမျှ ပေးလိုပါ သည်။ ၂၀၂၂ ခုနှစ်မှာ ရဟန္တာ ရှင်ဖရန်စစ် ဒီဆေးလ် ပျံလွန်တော်မူခြင်း နှစ် (၄၀၀) တိုင် ရှိခဲ့ပြီဖြစ်သောကြောင့် ဖခင် ဒွန်ဘော့စကို ကိုယ်တိုင် အားကျအတုယူခဲ့ရသည့် ဆလေးရှင်း ၀ိညာဉ်ရေးလမ်းစဉ် ဖြစ်တည်ရာ ရှင်ဖရန်စစ်၏ ၀ိဉာဉ်လမ်း စဉ်တစ်ခုကို ကျင့်စဉ်အဖြစ် ချမှတ်ပေးရန် ဆန္ဒဖြစ်မိပါသည်။ ရှင်ဖရန်စစ်ဒီဆေးလ်သည် ဒွန်ဘော့စကိုအတွက် အတုယူ စံထားရာ သိုးထိန်းကောင်း၊ နှုးညံ့သိမ်မွေ့သော မေတ္တာတရား၏ သုခမိန်၊ ၀ိဉာဉ်ကယ်တင်ရေးအတွက် စိတ်အားပြင်းပြ ထက်သန်ခဲ့သူ ရဟန္တာ တစ်ပါးဖြစ်ခဲ့ပါသည်။

ဒွန်ဘော့စကိုသည် ရဟန်းသိက္ခာတော်မြတ်ကို မခံယူမီ ရဟန်းဖြစ် ကိုရင်ဘ၀မှာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ဖူး သည်။ ထိုအဓိဌာန်မှာ "ရှင်ဖရန်စစ် ဒီဆေးလ်၏ မေတ္တာတရားနှင့် သိမ်မွေ့နှုးညံ့ခြင်းတို့သည် ကျွန်ုပ်အား အစဉ် လမ်းပြ ခေါ်ဆောင်ပါစေ" ဟူ၍ ဖြစ်သည်။ ဒွန်ဘော့စကိုသည် သူ၏ လူငယ်လုပ်ငန်းများကို ရှင်ဖရန်စစ်ဒီဆေးလ်၏ ကာကွယ် စောင့်ရှောက်မှုအောက်မှာ အပ်နှံပူဇော်ခဲ့သည်။ ထိုရဟန္တာအားဖြင့် လူငယ်များ၏ ၀ိဉာဉ်ကယ်ဆယ်ရေးအတွက် ဘုရား သခင်ထံမှ ကျေးဇူးတော်များခံစားရရှိရန် မျှော်လင့်ချက်ဖြင့် ဤသို့အပ်နှံခဲ့ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ယခုနှစ် ဆလေးရှင်းမိသားစုအတွက် ကျင့်စဉ်ကို ရဟန္တာ ဖရန်စစ်ထံမှ ရယူခဲ့သော ဆလေးရှင်းဝိဉာဉ်ရေးလမ်းစဉ်ကို ထောက်ရှု ခြင်းအားဖြင့် ဆလေးရှင်းစိတ်ဓါတ်များ ပိုမို ပြည့်ဝရှင်သန်လာစေရန် အားထုတ်ရမည့် ဆီလျော်သင့်မြတ်သော အခွင့် အခါ သမယတစ်ခုလည်း ဖြစ်ပေသည်။

"ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်နှင့်သာ အပြည့်အ၀ သက်ဆိုင်ကြ၍ ဘ၀အခြေအနေအမျိုးမျိုးတွင် လောက ထဲ၌ ပြည့်ဝစွာ ရှင်သန်နေထိုင်ကြရမည်ဖြစ်သည်။ သန့်ရှင်းမြင့်မြတ်သောဘ၀၊ ပြည့်ဝစုံလင်သော အသက်တာကို နေ့စဉ် ပိုမိုဖြန့်ကျက်တည်သူများဖြစ်လာကြရမည်။ ဆုတောင်းမေတ္တာနှင့် လုပ်ငန်းဆောင်တာများကြား၌ ဟန်ချက်ညီစွာ ရှင်သန် လျှက် လောကထဲ၌ စုံလင်ခြင်းကို ရှာဖွေတတ်သောသူများ၊ ဘုရားရှင်၏ ကျေးဇူးတော်ဖြင့် လူသည် မိမိဘ၀ကို ဖျက်ဆီး သူမဟုတ်ဘဲ တည်ဆောက်သူများဖြစ်ကာ တစ်နေ့တစ်ခြား ဘုရားရှင်နှင့် အလားသဏ္ဍာန်တူလာရပေမည်" ဟု ပုပ်ရဟန်း မင်းကြီး န၀မမြောက်ပီဦးစ်က အရှင်သူမြတ်၏ စာချွန်တော်တစ်ခုတွင် ရှင်ဖရန်စစ်ဒီဆေးလ်၏ တရားအဆုံးအမကို ထောက်ရှုသုံးသပ်ထားပါသည်။ မြင့်မြတ်စုံလင်သော ဘ၀ကို ဦးတည်ထားသည့် ၎င်း ၀ိဉာဉ်ရေးလမ်းစဉ်အကြောင်းကို ခရစ်တော်ဘုရားရှင်၏ ဧ၀ံဂေလိတရားတော်များ၌သော်လည်းကောင်း၊ လူငယ်များအား ဆုံးမလမ်းပြပေးသည့် ဒွန်ဘော့စကို၏ ပညာပေးသွန်သင်ချက်များ၌လည်းကောင်း ကြွယ်ဝစွာ နာယူတွေ့ရှိရပါသည်။ ထို့အတွက်ကြောင့်၊ ယနေ့ခေတ်သမယ၌လည်း ၄င်းဝိဉာဉ်ရေးလမ်းစဉ်သည် ကျွန်ုပ်တို့တမန်တော်လုပ်ငန်းအတွက် တွန်းအားတစ်ခုအဖြစ် အဘယ်ကြောင့် မစွဲဆောင်နိုင်ရမည်နည်း။
ရှင်ဖရန်စစ်ဒီဆေးလ်အား အပြောင်းလဲကြီးဖြစ်စေသောအရာမှာ အခြားမဟုတ်။ ဆော်လမုန်သီချင်း ကျမ်းစာကို နက်နက်နဲနဲ ဖတ်ရှုခြင်းအားဖြင့် သူ့အား အပြောင်းအလဲဖြစ်စေခဲ့သည်။ ဘုရားနှင့်လူ၊ လူသားအချင်းချင်းကြား၌ ထားရှိအပ် သောအမြင်တစ်ခုကို သူရရှိသွားခဲ့သည်။ မေတ္တာတရား၏ သင်္ကေတတစ်ခုဖြစ်သည့် နှလုံးသားအကြောင်း ထောက်ရှုပြီး မေတ္တာသည်သာ အရာရာဟု ဆင်ခြင်နှလုံးပွားနိုင်ခဲ့သည်။ ဘုရားကို ချစ်ခြင်းနှင့် နီးစပ်သူအားမေတ္တာထားရှိခြင်းသည် ရှင်ဖရန်စစ်၏ နှလုံးသားကို မြှားနှစ်စင်းသဖွယ်ထိုးခွင်းဝင်ရောက်နိုင်ခဲ့သည်။ လူအယောက်စီတိုင်းနှင့် ပေါင်းသင်းဝင်ဆန့် မိတ်ဆွေဖွဲ့နိုင်သော အစွမ်းသည် တစ်ပါးသူအပေါ်ထားရှိသော ရင်းနှီးဆက်နွယ်မှုနှင့် စပ်ဆက်မှုရှိသည်။ ဆလေးရှင်း ဝေါဟာရအတိုင်း အလွယ်ဆိုရမည်ဆိုလျှင် ၄င်းသည် အတူခရီးပြုလျှောက်လှမ်းပေးခြင်းပင်ဖြစ်သည်။ အရာအားလုံးသည် ခိုင်မာသော မေတ္တာတရားပေါ်မှာ အခြေခံအုတ်မြစ်တည်၍ စီးဆင်းဖြစ်တည်နေပါသည်။

ဘုရားရှင်အပေါ်ထားရှိသည့် မေတ္တာနှလုံးသားနှင့် နီးစပ်သူလူသားအချင်းချင်းပေါ်ထားရှိသော မေတ္တာနှလုံးသား တို့သည် ခွဲခြားမရသော အသည်းနှစ်မြွာပင်ဖြစ်သည်။ ရှင်ဖရန်စစ်သည် ဘုရားရှင်၏ စောင့်ရှောက်ပံ့ပိုးတတ်သော မေတ္တာ တရားကို အတုယူကာ နှုးညံ့သိမ်မွေ့ခြင်း၊ ချစ်ခင်ကြင်နာတတ်ခြင်း ပါရမီများဖြင့် လူအများအား ချဉ်းကပ်နိုင်ခဲ့သူဖြစ်သည်။ "ဘုရားရှင်ရဲ့ မေတ္တာနှလုံးသားကို အကြွင်းမဲ့ ကျွန်ုပ် ယုံကြည်ပါတယ်။ ဒီမေတ္တာတရားကပဲ ကျွန်ုပ်ကို ဖြစ်ပျက်သမျှ အရာတိုင်းအား လက်ခံထွေးပွေ့ တတ်အောင် သင်ကြားပေးခဲ့တယ်။ ကျွန်ုပ်မှာ ထပ်ပြီး တောင်းခံစရာလည်း မရှိတော့ သလို ပေးလာသမျှကို ငြင်းပယ်ဖို့လည်း မရှိတော့ပါဘူး။ အရာအားလုံးဟာ ဘုရားလက်ထဲမှာပါ" ဟုဆိုနိုင်ခဲ့သူဖြစ်သည်။ "ဘုရားသခင်သည် မိမိကို ချစ်၍ မိမိရည်ရွယ်ချက်အတိုင်း ခေါ်ယူထားသော သူတို့နှင့်အတူ အားလုံးသော အရာတို့၌ ကောင်းကျိုးဖြစ်ပေါ်စေရန် လုပ်ဆောင်တော်မူသည်ကို ငါတို့သိကြ၏" ဟု ရှင်ပေါလူးကလည်း ရောမသြ၀ါဒစာစောင်၌ ဆုံးမထားခဲ့သည်။

နူးညံ့သိမ်မွေ့သော နှလုံးသားရှိခြင်းသည် လူသားအချင်းချင်း ဆက်နွယ်ရာ၌ အထောက်အပံ့ဖြစ်စေသည်။ တစ်ဖက်လူက ခါးခါးသည်းသည်း တုန့်ပြန် လက်မခံလျှင်တောင် မေတ္တာတရားကို ယုံကြည်ပါ။ ဘုရားရှင်က ဆောင်ရွက် ပါလိမ့်မည်။ နူးညံ့ခြင်းနှင့်မေတ္တာတရားတို့သည် စွဲကိုင်ထားရမည့် အကောင်းဆုံးသော ကိရိယာ လက်နက် များဖြစ်ကြ သည်။ မေတ္တာပါရမီသည် လူငယ်များအား ပညာပေးရာတွင် ထိရောက်သော လက်နက်တစ်ခုဖြစ်ကြောင်း ဒွန်ဘောစကို လည်း သိမြင်သဘောပေါက်ခဲ့သည်။ ထို့အပြင် ဘုရားရှင်သည် ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် လူတို့အလယ်၌ အတူ ရှိသကဲ့သို့ ကျွန်ုပ်တို့၏ လူငယ်များနှင့်အတူ ရှိပေးခြင်းသည်လည်း ပညာပေးနည်းလမ်းတစ်ခြုဖစ်ကြောင်း မြင်တွေ့ ခဲ့သည်။

ရှင်ဖရန်စစ် ဒီဆေးလ်သည် လူအများအား အနုပညာမြောက်စွာ မည်သို့ ချဉ်းကပ်ဆက်သွယ်ရမည်ကို ကောင်းစွာ သိရှိခဲ့သူတစ်ဦးဖြစ်သည်။ ဒွန်ဘော့စကိုသည် သူ၏ ပြောင်မြောက်လှသော ဇွဲထက်သန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းများကို အတုယူလိုက်ကျင့်ကာ လျှောက်လှမ်းနေထိုင်ခဲ့သည့်အလျှောက် ကျွန်ုပ်တို့သည်လည်း လူငယ်များအား ဒွန်ဘော့စကို လမ်းစဉ်အတိုင်း ခရီးပြု လျှောက်လှမ်းပေးကာ ရှင်ဖရန်စစ်ဒီဆေးလ်၏ ပါရမီကျင့်စဉ်များကို ကျင့်ကြံအားထုတ်လျှက် လွတ်လပ်သော စိတ်ထား၊ ချစ်တတ်သော နှလုံးသားများဖြင့် ယနေ့ခေတ်အချိန်အခါ၏ အဖြစ်အပျက်များကြား၌ ပြည့်ဝစုံလင် လူ့အသွင်ပီသစွာဖြင့် လျှောက်လှမ်းတတ်သူများဖြစ်ရန် ကြိုးစားအားထုတ်ကြပါစို့။

ဖာသာရ်အန်ဟဲ ဖာနန်ဒက်ဇ် အာတီမေ

ဘာသာပြန်သူ - သီကိုရှင်း

Congratulations Fr. Joeseph Aung Kyaw.
02/10/2021

Congratulations Fr. Joeseph Aung Kyaw.

What a privilege to have Fr Mick Court SDB for the past 7 weeks helping our Pre-Novices learn and practise English. We t...
29/09/2021

What a privilege to have Fr Mick Court SDB for the past 7 weeks helping our Pre-Novices learn and practise English. We truly appreciate your availability , your time and your friendship dear Fr Mick. May God Bless you.

🎁🎉🎊🍰🎂🍒❤🙏😇🎈🎍Happy Birthday to Mama Mary! Thank you Lord ... for the gift of Mary, our Mother.လူတစ်ယောက် လောကထဲမှာ ရှင်သန်...
07/09/2021

🎁🎉🎊🍰🎂🍒❤🙏😇🎈🎍
Happy Birthday to Mama Mary!
Thank you Lord ...
for the gift of Mary, our Mother.

လူတစ်ယောက် လောကထဲမှာ ရှင်သန်မွေးဖွားခွင့်ရတာဟာ ဘုရားရဲ့ ကျေးဇူးတော်လို့ ဆိုရပါမယ်။ လူ့လောကထဲမှာ သက္ကရာဇ် တစ်ခုကို ရေးထိုးခွင့်ရလိုက်တဲ့ ဒီအချိန်၊ ဒီနေ့ရက်လေးကို တမ်းတမ်းတတ၊ မှတ်မှတ်ရရနဲ့ သတိရနေတတ်တာကလည်း သဘာ၀တစ်ခုပါပဲ။ လူတစ်ယောက် အူဝဲဆိုတဲ့ ငိုသံလေးနဲ့ မွေးလာတဲ့အချိန်ဟာ တကယ်တော့ ချစ်ခြင်းမေတ္တာ သင်္ကေတ တစ်ခုပါ။ လူတစ်ယောက် မွေးလာတိုင်း မွေးလာတိုင်း ဘုရားသခင်ဟာ ဒီလောကကြီးကို ချစ်မြဲတိုင်းချစ်နေသေးတယ်ဆိုတာ ဖော်ပြပေးလိုက်တဲ့ သက် သေတစ်ခုဖြစ်ပါတယ်။ ဘ၀ဆိုတာ ရတနာလို့ဆိုကြတယ်။ တန်ဖိုးကြီးလွန်းလို့ ဘုရားသခင်ကို ဒီလက်ဆောင် အတွက် ကျေးဇူးတင်ရင်း တန်ဖိုးရှိအောင် နေထိုင်ရတဲ့ အသက်တာတစ်ခု ဖြစ်ပါတယ်။

ကယ်တင်ခြင်း သမိုင်းရှုထောင့်၊ ယုံကြည်ခြင်းရဲ့ ကန့်လန့်ကာတစ်ချပ်ကို ဆွဲဖွင့်ပြီး ကြည့်မယ်ဆိုရင် ဘုရားရဲ့ မယ်တော် ကညာစင်မာရီယားရဲ့ မွေးနေ့့ပွဲကို ကျင်းပရတဲ့ အထူး ရည်ရွယ်ချက်ရှိပါတယ်။ ကက်သလစ်အသင်းတော်ရဲ့ ယုံကြည်ရာသွန်သင်ချက်ကတော့ လူတိုင်းဟာ အပြစ်ရင်းနဲ့ လောကထဲကို ၀င်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိဘရဲ့ အပြစ်ရင်း စိုးစဉ်းမျှ မစွန်းပေရှာတဲ့ သဘာ၀လွန်ကျေးဇူးတော်နဲ့ ပြည့့်၀တဲ့ အမျိုးသမီးငယ်တစ်ဦးကတော့ ကယ်တင်ခြင်းရဲ့ သတို့သမီးကညာစင် မယ်တော်မာရီယားပဲ ဖြစ်ပါတယ်။ ကျေးဇူးတော်အခြေအနေမှာ မီးရှုးသန့်စင်ဖွားမြင်ခြင်းကို ခံယူခဲ့တဲ့ ဘုရားချစ်သော သမီးပျိုပါ။

အသင်းတော်ရဲ့ ၀တ်ပြုကိုးကွယ်ခြင်းမှာ မယ်တော်မာရီယားရဲ့ ဘဝြဖစ်စဉ်နဲ့ပတ်သက်ပြီး ကျင်းပတဲ့ ပွဲ ၃ ခု ရှိပါတယ်။ ပထမတစ်ခုက မိခင်ဖြစ်သူ အာနားရဲ့ ၀မ်းမှာ အပြစ်မဲ့စွာ သန္ဓေယူတော်မူသောပွဲ (ဒီဇင်ဘာလ ၈ ရက်) နေ့ပါ။ ကိုးလလွယ် ဆယ်လဖွားဆိုတဲ့ စကားအတိုင်း ကိုးလပြည့်တဲ့နေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ သူမရဲ့ မွေးနေ့ပွဲကို ကျင်းပကြတယ်။ ဘုရားရဲ့ အလိုတော်အတိုင်း ကယ်တင်ခြင်းအတွက် သားတော်နှင့်အတူ ပါ၀င်ဆောင်ရွက်ပြီးနောက် သားတော်နှင့်အတူ ကောင်းကင်ဘုံသို့ ပင်ဆောင့်ခံရတဲ့ပွဲ (သြဂုတ်လ ၁၅ ရက်) ကို ကျင်းပကြပါတယ်။ သန္ဓေတည်တဲ့အချိန်ကစပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် အမိမယ်တော်ဟာ ပြည့်ဝနေခဲ့သူပါ။ အမိမယ်တော်ရဲ့မွေးဖွားခြင်းဟာ လောကလူသားတွေ ၀မ်းမြောက်ရမယ့်နေ့လို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ မွေးဖွားခြင်းဟာ သူတစ်ဦးတည်း ဆင်းသက်လာခြင်း မဟုတ်ဘဲ ဘုရားသခင်ရဲ့ အသက်တာကို ယူဆောင်လာဖို့ ပြင်ဆင်မွေးဖွားခြင်း ခံခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

အသင်းတော်ထဲမှာ မွေးနေ့့ပွဲကျင်းပတာဆိုလို့ ၃ ခုပဲရှိပါတယ်။ သခင်ယေဇူးရဲ့ မွေးနေ့ပွဲ၊ မယ်တော်မာရီယားရဲ့ မွေးနေ့ပွဲ၊ ရှင်ယောဟန်ဘတ္တိဇံ ရဲ့မွေးနေ့ပွဲ ၃ ပွဲကိုပဲ ကျင်းပပါတယ်။ ရဟန္တာတွေရဲ့ မွေးနေ့ပွဲကို ရှင်ယောဟန် ဘတ္တိဇံရဲ့ မွေးနေ့ကလွဲလို့ ကျင်းပလေ့ မရှိပါဘူး။ အမိမယ်တော်ရဲ့ မွေးနေ့ကတော့ ထူးထူးခြားခြားကျင်းပရတဲ့ ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ မယ်တော်မာရီယားမွေးနေ့ပွဲတော်ကို အသင်းတော်ရဲ့ အစောပိုင်းမှာကတည်းက စတင်ကျင်းပလာခဲ့ကြ ပါတယ်။ ခရစ်ယာန်တွေက သူမရဲ့ မွေးဖွားခြင်းကို နေမင်းကြီး မပေါ်ထွက်ခင် လင်းအာရုံပျိုးတဲ့အချိန်နဲ့ တူတယ်လို့ တင်စားခဲ့ကြတယ်။ နှစ်ပေါင်းများစွာ လူတွေ စောင့်စားခဲ့ကြတဲ့ ကယ်တင်ရှင် မက်ဆီးယားသခင် ခရစ်တော်ဘုရားရှင် ကြွလာတော့မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်သဖွယ်ဖြစ်ခဲ့ပါ တယ်။ တင်စားပြောရရင်တော့ ဧဒင်အသစ်ရဲ့ တံခါးချပ်ကို ပြန်လည်ဆွဲဖွင့်ပေးခဲ့သူပါပဲ။ ဒီလိုကောင်းမြတ်ပြီး မင်္ဂ လာရှိသော ကယ်တင်ခြင်းသတင်းကို အမိမယ်တော်က သူမရဲ့ မွေးဖွားခြင်းနဲ့အတူ ဆောင်ယူခဲ့ပါတယ်။ ဒီအတွက်ကြောင့် အမိမယ်တော်ရဲ့ မွေးနေ ပွဲတော်ကို ၀မ်းမြောက်၀မ်းသာနဲ့ ကျင်းပကြရခြင်းပဲဖြစ်ပါတယ်။

လူတိုင်းက ကိုယ့်ရဲ့မိဘကို ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဘုရားသခင်ကတော့ ဒီလောကထဲကို လူ့အဖြစ်ယူတော့မယ်ဆိုတဲ့အချိန်မှာ သူ့အမေကို သူ ကြိုတင်ရွေးချယ်ခဲ့ပါတယ်။ ဒီရွေးချယ်ခြင်းက ကမ္ဘာဦးအစမှာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကမ္ဘာဦးကျမ်း (၃း၁၅) မှာ ဘုရားသခင်က “သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” လို့ လူတွေကို အပြစ်နှင့် နတ်ဆိုးလက်မှ ပြန်ကယ်တင်မယ်ဆိုတဲ့အကြောင်း ပထမဆုံး သတင်းကောင်းကို ပေးခဲ့ပါတယ်။ ဒါဝိတ်အမျိုးအနွယ်၀င် အမျိုးသမီးတစ်ဦးကနေ မွေးဖွားမယ်ဆိုတဲ့အကြောင်းကိုလည်း ဗျာဒိတ်ပေးခဲ့ပါတယ်။ ပြောချင်တာက ကောက်ခါ ငင်ကာ အမိမယ်တော်ကို ခေါ်ယူအသုံးပြုခဲ့တာ မဟုတ်ပါဘူး။ ဗိုက်ကလေး ခဏငှားပါ ဆိုပြီး အငှားဗိုက်ကိုလည်း ဘုရား မကြိုက်ခဲ့ပါဘူး။ သေချာ တိကျ စီမံပြီး ကိုယ့်ရဲ့ မိခင်ကို စိတ်ကြိုက်ပြင်ဆင် ရွေးချယ်ခဲ့တာမို့ အပြစ်ကင်းတဲ့ဘုရားက သူ့ရဲ့ မိခင်ဖြစ်လာမယ့်သူကိုလည်း အပြစ်ရင်းမှ ကင်းစေခဲ့ပါတယ်။ လူကို မဖန်ဆင်းခင်မှာလည်း နေစရာ ဧဒင်ဥယျာဉ်ကြီးကို ကျကျနန ပြင်ဆင်ခဲ့ပါတယ်။ လူကို အသစ်ဖန်ဆင်း ခြင်း ဖြစ်တဲ့ ကယ်တင်ခြင်းမှာလည်း ဥယျာဉ်တော်ကြီးတစ်ခုကို ပြင်ဆင်ခဲ့ပါတယ်။ ဒီဥယျာဉ်ဟာ မြေသား ကျောက်သားနဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲ ဝိညာဉ်အသွေးအသားနဲ့ ပြုလုပ်ထားတဲ့ အမိမယ်တော်ရဲ့ ၀မ်းကြာတိုက်ပဲဖြစ်ပါတယ်။ အပြစ်မ၀င်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ပြီး ပါရမီတွေ၊ ကျေးဇူးတော်တွေနဲ့ ဒီ ဥယျာဉ်တော်ကို ထုံမွမ်းစေခဲ့ပါတယ်။ ဒီလိုကြီးကျယ်မြင့်မြတ်မူတွေနဲ့ ကယ်တင်ခြင်းဇာတ်ခုံမှာ ခမ်းခမ်းနားနား ပါ၀င်ခဲ့တဲ့ အမိမယ်တော်ရဲ့ ကဏ္ဍဟာ သာမန်ထက်မကခဲ့ပါဘူး။ သာမန်အမျိုးသမီးလေးက သာမန်ထက်ပိုတဲ့ ကျေးဇူးတော်တွေနဲ့ ဖွားမြင်ခဲ့တာမို့ သူမရဲ့ မွေးနေ့ပွဲကို ကျင်းပရတာဟာ အင်မတန် ၀မ်းမြောက်ဖွယ် ကောင်းလှပါတယ်။

ဘုရားရဲ့မိခင်၊ လူအားလုံးရဲ့ မိခင်လည်းဖြစ်တဲ့ အမိမယ်တော်ရဲ့ မွေးနေ့ပွဲတော်ဟာ ကျနော်တို့ အတွက် ၀မ်းသာစရာ အကြောင်းဖြစ်စေလား။ အမိမယ်တော်ကိုရော နှလုံးသားထဲကနေ ချစ်မြတ်နိုး သဒ္ဓါကြည် ညိုခြင်းရော ရှိရဲ့လား။ တကယ်လို့ မယ်တော်ကိုချစ်တယ်၊ မယ်တော့်ရဲ့ မွေးနေ့ပွဲက တကယ်ပဲ နှလုံးသားကို ပျော်ရွှင်စေပြီး ဘုရားနဲ့ ပိုနီးကပ်စေတယ်ဆိုရင် မွေးနေ့ရှင် အမိမယ်တော့်ကို မွေးနေ့လက်ဆောင် ဘာပေးကြမလဲ။ မယ်တော်က ဘာလိုမှာလဲ ။ ဘာမှ ပေးစရာမရှိဘူးလို့ တွေးနေလား။ ဘုရားပေးထားတဲ့ ရတနာ တချို့ကို မွေးနေ့လက်ဆောင်အဖြစ် ပေးလို့ရပါတယ်။ ဘုရားရဲ့ စကားအသံကို နားထောင်ခြင်းဆိုတဲ့ ကျောက်စိမ်းလေးတစ်ပွင့်ကို ပေးမလား။ စိတ်နှလုံးဖြူစင်ခြင်းဆိုတဲ့ စိန်ကလေး တစ်ပွင့်ကို လက်ဆောင် အဖြစ်ပေးမလား။ နှိမ့်ချခြင်းဆိုတဲ့ ပယင်းလေးတစ်လုံးပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတဲ့ ပတ္တမြားလေးတစ်ပွင့်ပဲ ဖြစ်ဖြစ် အမေ့ရဲ့မွေးနေ့မှာ လက်ဆောင်ပေးလို့ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒီရတနာတွေကို ပေးမယ်ဆိုရင်တော့ အမိမယ်တော်ဆီက ပြန်တောင်းရပါမယ်။ ဘာလို့လဲဆိုတော့ ဒီရတနာတွေက အမေ့ဆီကနေ ရနိုင်တဲ့အတွက်ကြောင့်ပါ။ အမေပေးတဲ့ ရတနာနဲ့ အမေ့ကို မွေးနေ့လက်ဆောင်အဖြစ် ပြန်ပေးရအောင်။ အမေကို မွေးနေ့လက်ဆောင်ပေးဖို့သာ ပြောနေတာ။ တကယ်တော့ အမေက သားသမီး တွေကို လက်ဆောင်ပြန်ပေးချင်နေသူပါ။ အမေ့ဆီကနေ ဘာတွေ တောင်းကြမလဲ။

ကျနော်တော့ ဒီလိုလေး တောင်းကြည့်ချင်ပါတယ်။

# ဘ၀ရဲ့ လောကဓံကြားမှာ ရုန်းကန်ရင်း ပင်ပမ်းလွန်းလို့
မျက်ရည်တွေ ကျတဲ့အခါ သုတ်ဖို့ အမေ့ရဲ့ ပုဝါလေးကို ပေးပါ။
# ဘုရားရဲ့ အလိုထက် ကိုယ့်အလိုကို ဦးစားပေးတတ်တဲ့ အတ္တ အကျင့်တွေ ခြယ်လှယ်လာတဲ့အခါ အမေ့ရဲ့ ပါရမီလမ်းစဉ်တွေကို သင်ပေးပါ။
# ခန္ဓာ ဝိညာဉ်က ရောဂါဘယတွေနဲ့ ဖိစီးလေးလံလာတဲ့အခါ အမေ့ရဲ့ ကုသခြင်း လက်တစ်စုံကို ကမ်းပေးပါ။
# သံသယမျက်လုံးတွေ၊ အပြစ်တင် ကဲ့ရဲ့ ပုတ်ခတ်ခြင်းတွေကို ခံနိုင်ရည်ရှိဖို့ အမေ့ရဲ့ စိတ်ဓါတ်ကို ပေးပါ။
# နတ်ဆိုးရဲ့ သွေးဆောင်ရာ အပြစ်လမ်းထဲ ရောက်နေတဲ့အခါ အမေ့ရဲ့ သားကို ကယ်တင်ဖို့ ပြောပေးပါ။
# နောက်ဆုံး သေအံ့ဆဲဆဲဖြစ်နေတဲ့ အချိန်နာရီမှာ အမေ့ရဲ့ ရင်ခွင်တံခါးကို ဖွင့်လို့ အချစ်မေတ္တာတွေနဲ့ ကြိုဆိုပေးပါ။

အမိမယ်တော်ရဲ့ မွေးနေ့မှာ သားသမီးအားလုံး လိုအပ်ရာ ကောင်းကြီးအဖြာဖြာ အမိမယ်တော်မှ တဆင့် ခံစားရပြီး အမိမယ်တော်ကဲ့သို့ ဘုရားသခင်ရဲ့ စကားကို နားထောင်ပြီး စိတ်နှလုံးဖြူစင်စွာ လူသားတိုင်းကို မေတ္တာထားနိုင်ကာ ကြုံဆုံရတဲ့ လောကအခက်ခဲ တွေကို ကားတိုင်ခြေရင်းမှာ သစ္စာရှိစွာ ပူဇော်ပေးဆပ်နိုင်ကြ ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊
၀ိညာဉ်၏ ရွှင်လန်းခြင်း ဆုကျေးဇူးများနှင့်လည်း ပြည့်စုံနိုင်ကြပါစေ . . ။

သီကိုရှင်း

Address

Hsipaw
06341

Website

Alerts

Be the first to know and let us send you an email when Don Bosco Pre-Novitiate Hsipaw, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Don Bosco Pre-Novitiate Hsipaw, Myanmar:

Share