21/08/2026
ဘားအံကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ စိန်ဖရန်စစ်ဇေးဗီးယဲ ကသီဒြယ် ကျောင်းတော်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော
ကျန်းမာခြင်းမယ်တော်သခင်မပွဲတော်ကြီးအားအောက်ဖော်ပြပါအစီစဉ်များအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ရပ်ဝေးရပ်နီးမှဘာသာသူများအား ဤနိုဗီနားကာလအတွင်းပါဝင်တက်ရောက်ပေးနိုင်ကြပါရန်ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်ပွဲတော်ကျင်းပရေးကော်မတီတို့မှ လှိုက်လှဲစွာဖိတ်ကြားအပ်ပါသည်။
နိုဗီနားကာလအတွင်း မိမိတို့၏ရည်ရွယ်ချက်များအတွက်လည်းမယ်တော်သခင်မထံကိုးစားခြင်းဖြင့်မယ်တော်၏ကွယ်ကာစောင့်ရှောက်မှုများအစဉ်ခံစားရရှိနိုင်ရန် ရည်ရွယ်ချက်ထား၍
တောင်းခံနိုင်ပါကြောင်းလေးစားစွာအသိပေးအပ်ပါသည်။