ဓမ္မဝိနယာလင်္ကာရ-ဝိနည်းပါဠိတက္ကသိုလ် Dhammavinaya.linka.ra Monastery

  • Home
  • Myanmar
  • Hpa-an
  • ဓမ္မဝိနယာလင်္ကာရ-ဝိနည်းပါဠိတက္ကသိုလ် Dhammavinaya.linka.ra Monastery

ဓမ္မဝိနယာလင်္ကာရ-ဝိနည်းပါဠိတက္ကသိုလ် Dhammavinaya.linka.ra Monastery အကျိုးမရှိသည့် စာများမတင်ရ။

23/05/2026

အချိန်မရွေးသေနိုင်တဲ့ တို့ဘဝမှာ
ဘယ်သူ့တွေကိုမုန်းတီးဖို့ အချိန်ပေးနေမှာလဲ
ဘယ်သူတွေကို ချစ်ခင်တွယ်တာဖို့
အချိန်တွေပေးနေမှာလဲ

ဓမ္မဝိနယဆရာတော်။

21/05/2026
20/05/2026

အတိတ်ဘဝအကြောင်းကို
ပြန်သိဖို့ တခုတည်းသော
နည်းလမ်းက တရားအာထုတ်ပါ။

19/05/2026

လောက သာသနာကို
ဘယ်သူတွေ ပိုပြီး ဖျက်ဆီးနိုင်လဲ?

17/05/2026

သိကြားမင်း မပေးနိုင်သောဆုများ

အမျက်မထွက်ရပါလို၊ မပြစ်မှားရပါလို၊
သူတစ်ပါးစည်းစိမ်၌ မတပ်မက်ရပါလို၊
ချစ်ခြင်းတွေ မဖြစ်ရပါလို၏။🙏🙏🙏
အနာရောဂါကင်းရပါလို၏။
သတ္တဝါတွေအကုသိုလ်များမှ ကင်းရပါလို၏။🙏🙏🙏
Mya Su

ဝိသုဒ္ဓါရုံဆရာတော်နှင့် သင်္ကန်းအရောင်အဆင်းမြောင်းမြဆရာတော်သည် ပိန္နဲနှင့် ညောင်ရောစပ်၍ သင်္ကန်းကို ဆေးဆိုးကာ ခပ်ညိုညို ...
15/05/2026

ဝိသုဒ္ဓါရုံဆရာတော်နှင့်
သင်္ကန်းအရောင်အဆင်း

မြောင်းမြဆရာတော်သည် ပိန္နဲနှင့်
ညောင်ရောစပ်၍ သင်္ကန်းကို ဆေးဆိုး
ကာ ခပ်ညိုညို ဝတ်လေ့ရှိ၏၊

အညိုရောင်သင်္ကန်းဆိုသော်လည်း
ယနေ့ခေတ် ဝတ်နေကြသော အညိုမျိုး
မဟုတ်၊ အနီနှင့် အဝါရောစပ်သော
အရောင်သာ ဖြစ်သည်။

ထိုသို့ အညိုရောင်သင်္ကန်းကို ဝတ်၍
အတိသုဒ္ဓါရုံဆရာတော်ကို သွားရောက်
ကန်တော့ရာ အောက်ပါအတိုင်း မိန့်တော်
မူတော့သည်။

"ခင်ဗျားသင်္ကန်းကြီးက ညိုလွန်းတယ်၊
ရသေ့ သွေးကြီးလိုပဲ။
ကျုပ်တို့-(မဟာဝိသုဒ္ဓါရုံ)ဆရာတော်ကြီး
က မကြိုက်ဘူး၊ ကျုပ်တို့ ဆရာတော်ကြီး
ကြိုက်တာက ပိန္နဲဆိုး ခပ်ပျော့ပျော့ ခပ်ဝါဝါ
ကြိုက်တယ်၊

တိုက်ထဲမှာ နေတုန်းကပေါ့၊ ကျုပ်က
သင်္ကန်းညိုကြီးကို ဝတ်နေတယ်၊

ဆရာတော်ကြီး တွေ့သွားတော့
“မောင် ဇောတိပါလ ဒီသင်္ကန်းကြီးက
ညိုလွန်းတယ်၊ မကောင်းပါဘူး၊

ရသေ့ကြီးလိုပဲ၊ ဒီ သင်္ကန်းကို မဝတ်နဲ့၊
ဒီကပဲ လှူပါမယ်” ဆိုပြီးတော့ သင်္ကန်း
တစ်စုံ လှူလိုက်တယ်။

ကျုပ်ကလဲဗျာ အဲဒီတုန်းက အမွဲကိုး၊
ဘာမှ မရှိဘူး၊ ဘယ်သူမှ သင်္ကန်းတစ်စုံ
လှူဖော်မရဘူး၊ ဒါနဲ့ “ဒီ သင်္ကန်း ငါသိမ်း
ထားအုံးမှပဲ” ဆိုပြီးတော့ ခုတင်အောက်
က ဖာထဲထည့်ထားလိုက်တယ်၊ မဝတ်ရက်
ဘူး၊ အရင်သင်္ကန်းညိုကြီးကိုပဲ ဝတ်နေတယ်။

ဒါနဲ့ တစ်နေ့မှာ ဆရာတော်ကြီးက တွေ့ပြန်ရော၊
တွေ့တော့ ရှေးက ပြောတဲ့အတိုင်း ပြောပြီး
ဆရာတော်ကြီးက သင်္ကန်းတစုံ ထပ်လူပြန်
တယ်၊ အဲဒီ ထပ်လှူတဲ့သင်္ကန်းကိုလဲပဲ ခုတင်
အောက်က ဖာထဲပဲ ထည့်ထားလိုက်တယ်၊ နှ
မြောတာနဲ့ အရင်သင်္ကန်းညိုကြီးကိုပဲ ဝတ်နေ
တယ်။

နောက်ထပ် ဒီသင်္ကန်းညိုကြီးကိုပဲ ဝတ်နေ
တာကို တွေ့ပြန်တော့ “မောင်ဇောတိပါလ
လာအုံး၊ သင်္ကန်း နောက်ထပ်လဲ ရပါလိမ့်မယ်၊
ပေးထားတဲ့ သင်္ကန်း ၂-စုံကို ဝတ်ပါ " လို့
ဆရာတော်ကြီးက အမိန့် ရှိလိုက်တယ်၊
ကျုပ်လဲ အဲဒီ တဲက သင်္ကန်းညိုကြီးကို စွန့်
လွှတ်ရတော့တာပါပဲ။

ခင်ဗျားရုံလာတဲ့ သင်္ကန်းကြီးကလဲ ရသေ့သွေး
ရသေ့ရောင်ကြီးပဲ၊ အဲသလောက်ညိုတော့လဲ
မကောင်းတော့ပါဘူး" ။

မှတ်ချက်။ ။ ရွှေကျင်ဂိုဏ်း၏ မူလသင်္ကန်း
ရောင်သည် အဝါရောင်သာ ဖြစ်သည်။ ယခု
ခေတ် ဝတ်နေကြသော အညိုရောင် မဟုတ်ချေ။

ကျမ်းညွှန်း။
မြောင်းမြဆရာတော် ဘယ်လို
သာသနာပြုခဲ့သလဲ၊ ၁၄၉၊ ၁၅၀
Siran Ttu


ဂန္ဓာရုံဘုံကျော်ဆရာတော်ထံမှ ကူးယူတင်ပြသည်။

သာမဏေကျော်(ပ,ဒု,တ)စာသင်သားများ ဝင်ခွင့်ပိတ်ထားပါပြီ။ အခြေခံတန်းစာသင်သားများကိုတော့ နယုန်လကွယ်နေ့ထိလက်ခံပေးပါမည်ဘုရား။
15/05/2026

သာမဏေကျော်(ပ,ဒု,တ)
စာသင်သားများ ဝင်ခွင့်ပိတ်
ထားပါပြီ။

အခြေခံတန်းစာသင်သားများ
ကိုတော့ နယုန်လကွယ်နေ့ထိ
လက်ခံပေးပါမည်ဘုရား။

15/05/2026

ပညာရှာသလို၊စီးပွားရှာသလိုမျိုး
တရားကို ရှာစေချင်ပါတယ်။

12/05/2026

အမျက်ထွက်ရင် ငြိမ်းချမ်းမှုကင်းမယ်
အိပ်မပျော်တာ ကိလေသာကြောင့်

 #သာသန့ာကျွန်ပဲခံတော့မယ်။သံသရာတစ်လျှောက်မှာ ကျွန်ခံခဲ့ရတာ များပြီ။ဘုန်းကြီးတို့ သာသနာတော်မှာလယ်တီဆရာတော်ဘုရားဆိုတာ ရှိပါ...
10/05/2026

#သာသန့ာကျွန်ပဲခံတော့မယ်။

သံသရာတစ်လျှောက်မှာ

ကျွန်ခံခဲ့ရတာ များပြီ။

ဘုန်းကြီးတို့ သာသနာတော်မှာ

လယ်တီဆရာတော်ဘုရားဆိုတာ ရှိပါတယ်။

ဆရာတော်ကြီးက ညအချိန်ဆို ထပြီး

ကုဋီရေတွေ၊ သောက်ရေ၊ သုံးရေတွေ ခပ်တယ်။

နောက်ဆုံးတိရိစ္ဆာန်တွေ သောက်ဖို့ ရေကအစ ခပ်ပေးပါတယ်။

တပည့်ဖြစ်သူတွေက သိတော့

ကုဋီရေတွေ ကောင်းကောင်း မသုံးရဲကြဘူး။

ဒီအခါ ဆရာတော်ကြီးက

🔸"သုံးကြပါဘုရား …

တပည့်တော်ရဲ့လက်တွေဟာ

သံသရာတစ်လျှောက် သားမယားတွေအတွက်

ပြုစုလုပ်ကျွေးခဲ့ရတာ များလှပါပြီ။

ဒီဘဝမှာတော့ တပည့်တော်ရဲ့ လက်တွေ ခြေတွေဖြင့် ရဟန်းသံဃာကို

ပြုစုလုပ်ကျွေးပါရစေ" တဲ့။

ဘယ်လောက်ကောင်းတဲ့ စကားလဲနော်။

သံသရာတစ်လျှောက်မှာ

ကျွန်ခံခဲ့ရတာ မများဘူးလား … ??

များပြီ။

ယောက်ျားတွေကလည်း မိန်းမကျွန်၊

မိန်းမတွေကလည်း ယောက်ျားကျွန်၊

သားကျွန်၊

သမီးကျွန်၊

မြေးကျွန် စသည်ဖြင့်

ကျွန်ခံခဲ့ရတဲ့ဘဝတွေ မများဘူးလား… ??

များလှပြီ။

အဲ့ဒီပုံစံအတိုင်းပေါ့။

ဘုန်းကြီးတို့ ဘဝတိုင်း ဘဝတိုင်း

ကျွန်ဖြစ်ခဲ့တဲ့ဘဝတွေက မများဘူးလား…??

များလှပြီ။

ခွေးဖြစ်လည်း မရနိုင်ဘူးလား … ??

နွားဖြစ်လည်း မရနိုင်ဘူးလား … ??

ရနိုင်ပါတယ်နော်။

ဒါကြောင့် ဒကာကြီးတွေလည်း

သားမယားအတွက်

ကျွန်ခံခဲ့ရတဲ့ဘဝတွေ များလှပြီမို့လား… ??

များလှပါပြီ။

သူများသားသမီးကို ပြုစုလုပ်ကျွေးတယ်ဆိုတာ

ခွေးဖြစ်ရင်တောင်မှ

လုပ်ကျွေးလို့ မရနိုင်ဘူးလား … ??

ရနိုင်ပါတယ်။

ဒီလိုဆို ဒီဘဝမှာ ဘာလုပ်သင့်သလဲ… ??

သံသရာဝဋ်ဆင်းရဲဒုက္ခမှ

ကျွတ်ရာကျွတ်ကြောင်း၊

လွတ်ရာလွတ်ကြောင်း

တရားကောင်းတွေကို စနစ်တကျ

ကျင့်ကြံအားထုတ်ဖို့ မလိုဘူးလား… ??

အဲဒီလို ပွားများအားထုတ်တဲ့အချိန်အခါမှာ

ခိုင်ခိုင်မြဲမြဲရှိတဲ့ စိတ်ဓာတ်နဲ့ ပွားများ

အားထုတ်ဖို့တော့ လိုပါတယ်။

** တပည့်တော်ကတော့ သင်္ကြန်ကျရင် လုပ်မယ်ဘုရား

** တပည့်တော်ကတော့ ဆယ်ရက်လောက် အဓိဋ္ဌာန်ထားတယ်

**တပည့်တော်ကတော့ တစ်လလောက် လုပ်မယ်ဘုရား

ဒီလိုဆို ခိုင်မြဲတဲ့စိတ်ဓာတ်လို့ ပြောလို့ရမလား … ??

မရပါဘူး။

🔸တရား မရမချင်း

ငါဘယ်တော့မှ နောက်မဆုတ်ဘူး၊

တရားရတဲ့အထိ အားထုတ်မယ်။

ဒီလို ခိုင်မြဲတဲ့စိတ်ထားနဲ့

ကျင့်ကြံ အားထုတ် နေရမယ်နော်။

(ဖားအောက်တောရ ဆရာတော်ကြီး)

Address

Hpa-an-Rangon
Hpa-an
969245BTS

Telephone

+959965353501

Website

Alerts

Be the first to know and let us send you an email when ဓမ္မဝိနယာလင်္ကာရ-ဝိနည်းပါဠိတက္ကသိုလ် Dhammavinaya.linka.ra Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဓမ္မဝိနယာလင်္ကာရ-ဝိနည်းပါဠိတက္ကသိုလ် Dhammavinaya.linka.ra Monastery:

Share