ရွှေမော်တင်စေတီတော်မြတ်ကြီး - Shwemawtin Pagoda

  • Home
  • Myanmar
  • Hmawbi
  • ရွှေမော်တင်စေတီတော်မြတ်ကြီး - Shwemawtin Pagoda

ရွှေမော်တင်စေတီတော်မြတ်ကြီး - Shwemawtin Pagoda Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေမော်တင်စေတီတော်မြတ်ကြီး - Shwemawtin Pagoda, Buddhist Temple, Shwe Maw Tin Pagoda Street, Hmawbi.

According to legend, the Shwe Maw Tin Pagoda was constructed more than 2,600 years ago (at the same construction period of Shwedagon Pagoda), which would make it one of the oldest Buddhist stupas in Myanmar.The Stupa was first named as Kyaik Tin Kyaik.

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့ရှိ၊ ရှေးဟောင်းသမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် သ...
09/10/2025

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့ရှိ၊ ရှေးဟောင်းသမိုင်းဝင်
ရွှေမော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် သီတင်းကျွတ်လပြည့်နေ့ အခါသမယ
တွင် ဘုရားဖူးသူ၊ အဟာရဒါန စတုဒီသာလှူ
ဒါန်းသူများ၊ ဝတ်ရွတ်သူများ၊ မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ဖြင့်အထူးစည်ကားလျှက် ရှိခဲ့ပါတယ်ခင်ဗျား~~~

၁၀-၈-၂၀၂၅ (တနင်္လာနေ့)တွင်မှော်ဘီမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ထီးတော်တွင်တင်လှူပူဇော်ထားသော ...
11/08/2025

၁၀-၈-၂၀၂၅ (တနင်္လာနေ့)တွင်
မှော်ဘီမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ထီးတော်တွင်တင်လှူပူဇော်ထားသော ၅လက်မအရွယ် ကြေးခေါင်းလောင်းတော် (၇၀)လုံးကို
မှော်ဘီမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းဦးဆောင်သော ပရဟိတလူငယ်များအဖွဲ့မှ ပစ္စည်းအင်အား လူအင်အား ဖြင့် နံနက် ၈နာရီမှ ညနေ၄နာရီအထိ ရောင်တော်ဖွင့်ကုသိုလ်ပြုခဲ့ပါကြောင်း ဂေါပကအဖွဲ့မှ ဝမ်းမြောက်နုမော်သာဓုခေါ်ဆို၍ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်

မှော်ဘီမြို့ ကျက်သရေဆောင်သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်နှင့် ဘက်စုံပြုပြ...
23/07/2025

မှော်ဘီမြို့ ကျက်သရေဆောင်
သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး
လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက်

ဒေါ်စိန်ရီ မိသားစု (Giant 999 စက်ရုံ)
မြောင်းတကာစက်မှုဇုန် မှ
အလှူငွေ ၁၀သိန်း၅သောင်းကျပ်ကို
၂၂-၇-၂၀၂၅(အင်္ဂါနေ့)တွင် လှူဒါန်းပါကြောင်း
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါသည်။

မှော်ဘီမြို့ ကျက်သရေဆောင်သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်နှင့် ဘက်စုံပြုပြ...
23/07/2025

မှော်ဘီမြို့ ကျက်သရေဆောင်
သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး
လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက်

မြောင်းတကာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မီတီအတွင်းရေးမှုး ဦးဇော်လွင်+ဒေါ်မြင့်မြင့်စန်း (Zman Co.ltd)မှ
အလှူငွေ ၁၀သိန်း၅သောင်းကျပ်ကို ၂၂-၇-၂၀၂၅(အင်္ဂါနေ့)တွင် လှူဒါန်းပါကြောင်း
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါသည်။

၂၈-၆-၂၀၂၅(စနေနေ့)တွင် မှော်ဘီမြို့ကျက်သရေဆောင်သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော...
29/06/2025

၂၈-၆-၂၀၂၅(စနေနေ့)တွင်

မှော်ဘီမြို့ကျက်သရေဆောင်
သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေးနှင့် သာသနိကအဆောက်အဦများ ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက်

မှော်ဘီမြို့နယ်
စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့်
မြို့နယ်အတွင်းရှိကျေးရွာအုပ်စုများမှ
သဒ္ဓါတတ်စွမ်းသလောက် ပါဝင်လှူဒါန်းနိုင်ပါရန်
နှိုးဆော်လွှာနှင့်အလှူခံစာအိတ်များဖြန့်ဝေပြီး

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများက လုပ်အားဒါနအလှူငွေကောက်ခံ၍

မြောင်းတကာရွာ
အုပ်ချုပ်ရေးမှူးဦးစိုးညွန့်နှင့်
ရာအိမ်မှူးများအဖွဲ့မှ
(၇)ရက်သားသမီးအလှူရှင်များလှူဒါန်းသော
အလှူတော်ငွေ
၁၈၀၀၅၀၀ (တစ်ဆယ့်ရှစ်သိန်းငါးရာကျပ်)ကို
ရွှေမော်တင် ဘုရားကြီးဂေါပကအဖွဲ့ထံ လာရောက်အပ်နှံလှူဒါန်းခဲ့ပါသည်

ယနေ့သည်ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက်ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လပြည့်နေ့ဟူသော ဆိုရိုးစကားနှင့်အညီ နေ့ထူးနေ့မ...
11/05/2025

ယနေ့သည်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက်
ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လပြည့်နေ့ဟူသော ဆိုရိုးစကားနှင့်အညီ
နေ့ထူးနေ့မြတ်အခါသမယ ဖြစ်ပါသည်

မြတ်စွာဘုရား ဘုရားဖြစ်ရန် သုမေဓာရှင်ရသေ့ဘဝမှ ဗျာဒိတ်ခံယူသောနေ့
မြတ်စွာဘုရား ဖွားမြင်တော်မူသောနေ့
ဘုရားဖြစ်တော်မူသောနေ့
ဗုဒ္ဓ၏ဖြစ်တော်စဉ် ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူသောနေ့
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောနေ့ ဖြစ်ပါ၍

ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့ ကုသိုလ်ကောင်းမှု ဆည်းပူးအားထုတ်ရာ နေ့ထူးနေ့မြတ်အခါသမယ၌

မှော်ဘီမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက်

မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်
စီမံအဖွဲ့ဝင် -၁ ဗိုလ်မှူးပြည့်စုံကျော်
စီမံအဖွဲ့ဝင်-၂ ဦးဝင်းစိုး တို့မှ

တဦးလျှင် အလှူငွေ ၁၀၅၀၀၀၀
(ဆယ်သိန်းငါးသောင်းကျပ်)

စုစုပေါင်း အလှူငွေ ၃၁၅၀၀၀၀
(သုံးဆယ့်တစ်သိန်းငါးသောင်းကျပ်)ကို

ရွှေမော်တင်စေတီတော် ဂေါပကအဖွဲ့သို့ လာရောက်လှူဒါန်းခဲ့ပါသည်။

မှော်ဘီမြို့ကျက်သရေဆောင်သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး၌လုံးတော်ပြည့် Gold steel ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများ...
07/05/2025

မှော်ဘီမြို့ကျက်သရေဆောင်
သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး၌
လုံးတော်ပြည့် Gold steel ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများ
အရံစေတီထပ်မံတည်ထားရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုများကို ကုသိုလ်ရှင်များနှင့် ဝေနေယျအပေါင်းတို့အား ကြည်ညိုသဒ္ဓါပွားများနိုင်စေရန် မှတ်တမ်းတင်ပြအပ်ပါသည်

အရဟံအစ ဘဂဝါအဆုံး ကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား...
05/05/2025

အရဟံအစ ဘဂဝါအဆုံး ကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသော
ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
မိမိနှင့် သူတပါးတို့
သဒ္ဓါယိုဖိတ် ကြည်ညိုစိတ်ဖြင့် ဖူးမြော်ပူဇော်နိုင်ကြပါစေရန်

မှော်ဘီမြို့ ပြည်လမ်း မြို့မ၁ရပ်ကွက်‌နေ
ဘုရားဒါယကာကြီးဦးမျိုးမင်းအောင်+ဘုရားဒါယိကာမကြီး ဒေါ်လွင်မာထွန်း (သား)မောင်ဟန်ထက်အောင် (သမီး) မမျိုးလဲ့လဲ့သော် မိသားစုတို့မှ

မှော်ဘီမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီးတွင် အပူဇော်ခံထားရှိရန်
ဉာဏ်တော်အမြင့် ၉ပေရှိ ရပ်တော်မူကျွန်းနက်ဗုဒ္ဓရုပ်ပွားဆင်းတုတော်တဆူလှူဒါန်းပူဇော်ထားရှိပါသည်

ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်မြတ်သည်
ဦးမျိုးမင်းအောင်+ဒေါ်လွင်မာထွန်းတို့၏ ၁ရပ်ကွက် ပြည်လမ်းနေအိမ်တွင် အပူဇော်ခံလျက်ရှိပြီး

၁၃၈၇ခုနှစ် ကဆုန်လပြည့်နေ့ ၁၁-၅-၂၀၂၅ (တနင်္ဂနွေနေ့) ညနေ ၃ နာရီ အချိန်မှစ၍ မှော်ဘီမြို့အတွင်း လှည့်လည်အပူဇော်ခံ၍

ကိန်းဝပ်စံပ္ပါယ်တော်မူမည့် ရွှေမော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော် ဘုံ၇ဆင့် ဂန္ဓကုဋိတိုက်သို့ ပင့်ဆောင်မည်ဖြစ်ပါသောကြောင့်
ကြွရောက်ကြည်ညိုဖူးမြော်ပူဇော်နိုင်ကြပါရန်
ရွှေမော်တင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ဖိတ်ကြားအပ်ပါသည်

20/04/2025

၂၀-၄-၂၀၂၅(တနင်္ဂနွေနေ့)
ရွှေမော်တင်စေတီတော်မြတ်ကြီးတတိယအကြိမ်မြောက်
နှစ်ဦးဓမ္မသဘင်အခမ်းအနားဖြစ်ပါသည်

Address

Shwe Maw Tin Pagoda Street
Hmawbi
11361

Alerts

Be the first to know and let us send you an email when ရွှေမော်တင်စေတီတော်မြတ်ကြီး - Shwemawtin Pagoda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ရွှေမော်တင်စေတီတော်မြတ်ကြီး - Shwemawtin Pagoda:

Share