WGC - the Whole Grace Church, Hmawbi

WGC - the Whole Grace Church, Hmawbi Be rooted in christ, His word and His Church!
ရတနာေတာ္ သုံး ပါး အျ

ယောဟန် ၃း၁-၂၁ရေနှင့်ဝိညာဥ်​တော်မမွေးသောသူက ကောင်းကင်နိုင်ငံမဝင်ဘူးလို့ခရစ်တော်ကဆိုပါတယ်။ သူ့ကိုယုံကြည်တဲ့သူက ပျက်စီးခြင်...
08/09/2024

ယောဟန် ၃း၁-၂၁
ရေနှင့်ဝိညာဥ်​တော်မမွေးသောသူက ကောင်းကင်နိုင်ငံမဝင်ဘူးလို့ခရစ်တော်ကဆိုပါတယ်။ သူ့ကိုယုံကြည်တဲ့သူက ပျက်စီးခြင်းမရောက်ပဲ ထာဝရအသက်ရမယ်လို့ အတိအလင်းပြောထားပါတယ်။ ယုံကြည်သူတွေဟာ အလင်းရဲ့သားသမီးတွေဖြစ်လို့ အကျင့်ကောင်းကိုကျင့်ဖို့လိုပါတယ်။

၁ဓမ္မရာဇဝင် ၃၀း၁-၉ဒါဝိဒ်ဟာခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးနောက် နောက်လိုက်အဖွဲ့တွေမှာ ခက်ခဲတဲ့ဒုက္ခကြုံရလို့ သူ့ကိုကျောက်ခဲ...
01/09/2024

၁ဓမ္မရာဇဝင် ၃၀း၁-၉

ဒါဝိဒ်ဟာခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးနောက် နောက်လိုက်အဖွဲ့တွေမှာ ခက်ခဲတဲ့ဒုက္ခကြုံရလို့ သူ့ကိုကျောက်ခဲနှင့်ထုသတ်ဖို့ကြံစည်ကြတယ်။ သို့သော်ဒါဝိဒ်ကတော့ ဘုရားသခင်ဆီကိုပဲ မေးမြန်းဖြေရီင်းပါတယ်။
ဒေသနာ။ ဆရာမ မေရီ

မာကု ၄း၃-၈ဒီကျမ်းပိုဒ်က ယုံကြည်သူအသက်တာ တိုးတက်မှုကို တိုင်းတာဖို့ဖြစ်သည်။ အသက်တာမှာ နှုတ်ကပတ်တော်ပြော သည့်အတိုင်း တိုးတ...
25/08/2024

မာကု ၄း၃-၈

ဒီကျမ်းပိုဒ်က ယုံကြည်သူအသက်တာ တိုးတက်မှုကို တိုင်းတာဖို့ဖြစ်သည်။ အသက်တာမှာ နှုတ်ကပတ်တော်ပြော သည့်အတိုင်း တိုးတက်မှု ရှိရန်လိုအပ်သည်။ ဘုရားသခင်အလိုရှိသည့် အဆင့်က အသီးအပွင့်ရှိတဲ့အဆင့်ဖြစ်ပါတယ်။

သမ္မာကျမ်းစာနေ့ကျမ်းစာကို ယဥ်ကျေးမှုတစ်ခုခုနှင့်ဆက်စပ်တဲ့ဘာသာစကား နှင့်ရေးသားထားသောကြောင်အနက်ပြန်ရန် လိုအပ်သည်။ (ဆရာပါသဲ...
18/08/2024

သမ္မာကျမ်းစာနေ့

ကျမ်းစာကို ယဥ်ကျေးမှုတစ်ခုခုနှင့်ဆက်စပ်တဲ့ဘာသာစကား နှင့်ရေးသားထားသောကြောင်အနက်ပြန်ရန် လိုအပ်သည်။ (ဆရာပါသဲ)
ကျမ်းစာလေ့လာတဲ့အခါမှာ မိမိတတ်သည့်ဘာသာစကား(များ)ဖြင့်၊ မတူညီသည့်ဘာသာပြန်ကျမ်းများကို နှိုင်းယဥ်လေ့လာသင့်ပါသည်။

မဿဲ ၂၁း၂၈-၃၂လူဆိုတာအမှားလုပ်တတ်သူ ဖြစ်သော်လည်း နောင်တနဲ့ပြုပြင်လိုက်ရင် ဘုရားသခင်ရဲ့အလိုကို ပြည့်စေနိုင်ပါတယ်။
11/08/2024

မဿဲ ၂၁း၂၈-၃၂
လူဆိုတာအမှားလုပ်တတ်သူ ဖြစ်သော်လည်း နောင်တနဲ့ပြုပြင်လိုက်ရင် ဘုရားသခင်ရဲ့အလိုကို ပြည့်စေနိုင်ပါတယ်။

၄၊၈၊၂၀၂၄စစ်မှန်သောနောင်တဒေသနာ။ ဆရာပါသဲ
11/08/2024

၄၊၈၊၂၀၂၄

စစ်မှန်သောနောင်တ

ဒေသနာ။ ဆရာပါသဲ

မဿဲ ၁၆း၁၈၊ ၂၈း၁၉-၂၀အသင်းတော်ဆိုတာ သခင်ယေရှုရဲ့ခရစ်တော် (မေရှိယ)ဖြစ်ခြင်းကို အခြေခံသောကြောင့်​ယေရှုခရစ်တော်၏ အကြောင်းကို ...
28/07/2024

မဿဲ ၁၆း၁၈၊ ၂၈း၁၉-၂၀
အသင်းတော်ဆိုတာ သခင်ယေရှုရဲ့ခရစ်တော် (မေရှိယ)ဖြစ်ခြင်းကို အခြေခံသောကြောင့်​ယေရှုခရစ်တော်၏ အကြောင်းကို ကြားပြောရမယ့်တာဝန်လည်းရှိတယ်။

ဟဗက္ကုတ် ၃း၁၇-၁၉ယုံကြည်သူတွေဟာ ဘဝမှာ ပရောဖက်ဟဗက္ကုတ်ပြောတဲ့အတိုင်း အခက်ခဲဆုံးအချိန်မှာပင်လျင် ဘုရားသခင်ကိုအမှီပြုပြီးဝမ်...
21/07/2024

ဟဗက္ကုတ် ၃း၁၇-၁၉
ယုံကြည်သူတွေဟာ ဘဝမှာ ပရောဖက်ဟဗက္ကုတ်ပြောတဲ့အတိုင်း အခက်ခဲဆုံးအချိန်မှာပင်လျင် ဘုရားသခင်ကိုအမှီပြုပြီးဝမ်းမြောက်ရွှင်လမ်းနိုင်မှာဖြစ်ပါတယ်။
ဒေသနာ။ ဆရာမ မေရီ Lay Pai

လုကာ ၁၉း၁-၁၀ဇက္ခဲဟာ ရာထူးကြီးချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့ ယေရှုခရစ်ကိုတွေဖို့ သိက္ခာမာနမထားပဲ သစ်ပင်ပေါ်တက်မြင်ရဖို့ကြ်ု...
14/07/2024

လုကာ ၁၉း၁-၁၀
ဇက္ခဲဟာ ရာထူးကြီးချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့ ယေရှုခရစ်ကိုတွေဖို့ သိက္ခာမာနမထားပဲ သစ်ပင်ပေါ်တက်မြင်ရဖို့ကြ်ုးစာတဲ့အခါ ခရစ်တော်ကသူ့အိမ်မှာ တည်းတဲ့အထိဖြစ်သွားတယ်။ ယေရှုကိုတွေတဲ့အချိန်မှာ အမှားလုပ်သမျှအတွက်သင်ပုန်းချေခဲ့သလို နောက်နောင်မမှားအောင် ကတိတွေထားနိုင်ခဲ့တယ်။

ကောလောသဲ ၃း၅-၁၂ခရစ်တော်ကိုမသိခင်ကျင့်သောအကျင့်တို့သည် လောကီစံနှုန်းကိုအခြေခံသောကြောင့် ပစ်ပယ်ရမယ်ဖြစ်သည်။ ယုံကြည်သူများသ...
07/07/2024

ကောလောသဲ ၃း၅-၁၂
ခရစ်တော်ကိုမသိခင်ကျင့်သောအကျင့်တို့သည် လောကီစံနှုန်းကိုအခြေခံသောကြောင့် ပစ်ပယ်ရမယ်ဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်၏စံနှုံးကိုအခြေခံသော ကောင်းသောအကျင့်တိုကို ကျင့်ရန်လိုအက်သည်။

ဖိလေမုန် တမန်တော်ပေါလုက ဖိလေမုန်ကို အမှားလုပ်ဖူးတဲ့ဩနေသိမ်ရဲ့ပြောင်းလဲတဲ့အနေအထားကို ခွင့်လွှတ်လက်ခံပေးဖို့ တောင်းဆိုခဲ့တ...
30/06/2024

ဖိလေမုန်
တမန်တော်ပေါလုက ဖိလေမုန်ကို အမှားလုပ်ဖူးတဲ့ဩနေသိမ်ရဲ့ပြောင်းလဲတဲ့အနေအထားကို ခွင့်လွှတ်လက်ခံပေးဖို့ တောင်းဆိုခဲ့တယ်။ ယုံကြည်သူအတွက်ခွင့်လွှတ်ခြင်းတရားဟာ လက်မခံလို့မရတဲ့တရားပါ။ အထူးသဖြင့် အပြစ်အတွက်နောင်တရတဲ့သူကို ခွင့်လွှတ်ဖို့ဝန်မလေးသင့်ဘူး။

မဿဲ ၁၁း၁၁နှစ်ခြင်းဆရာယောဟန်အသက်တာမှ သင်ခန်းစာ၁။ ယေရှုခရစ်က ယောဟန်လောက်ကြီးမြတ်တဲ့သူမရှိလို့ ပြောသော်လည်း ယောဟန်ကိုယ်တိုက...
23/06/2024

မဿဲ ၁၁း၁၁
နှစ်ခြင်းဆရာယောဟန်အသက်တာမှ သင်ခန်းစာ
၁။ ယေရှုခရစ်က ယောဟန်လောက်ကြီးမြတ်တဲ့သူမရှိလို့ ပြောသော်လည်း ယောဟန်ကိုယ်တိုက ယေရှုနဲ့နှိုင်းရင်သူ ခြေနင်းကို ဖြေဖို့တောင်မထိုက်တန်ဘူးလို့ နှိမ့်ချပြီးနေတယ်။
၂။ ယောဟန်ဟာ မေရှိယကိုအမြဲမျော်နေသူတစ်ဦးဖြစ်တယ်။
၃။ ယောဟန်ဟာ အမှန်တရားကိုပြောလို့ အသက်ပေးခဲ့တဲ့သူဖြစ်တယ်။

Address

Hmawbi

Opening Hours

09:00 - 14:00

Telephone

+959454107032

Website

Alerts

Be the first to know and let us send you an email when WGC - the Whole Grace Church, Hmawbi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category