The Temple of Twenty Eight Buddhas

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ သဒ္ဓါဝိမုတ္တကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဂန္ဓသာရ၏ သြဝါဒအရ တည်ထားကိုးကွယ်ထားသည့် ဉာဏ်တော်အမြင့် (၄၅)တောင်၊ လေးဖက်လေးတန်လှိုဏ်မုခ်ခံသည့် ရွှေတိဂုံ ပုံစံတူ နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီးအား "ဖွား၊ ပွင့်၊ ဟော၊ စံ" သံဝေဇနိယ လေးဌာနလာ အတိုင်း မြောက်မုခ်၊ အရှေ့မုခ်၊ တောင်မုခ် နှင့် အနောက်မုခ်၊ မုခ်လေးမုခ်တွင် တစ်မုခ်လျှင် ပွင့်တော်မူပြီးသော ဘုရားရှင်

ခုနှစ်ဆူ စုစုပေါင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်အပေါင်းတို့၏ ကျောင်းတော်ကြီးအဖြစ် တည်ထားကိုးကွယ်ခြင်း ဖြစ်ပါသောကြောင့် (၇) ရက်သားသမီးများ မွေးနံ အလိုက် ဘုရားရှင်တော်များ ရှေ့မှောက်၌ အာမိသပူဇာ၊ ဓမ္မပူဇာ ဖြင့် ပရိကံပြု၍ မိမိတို့ နှစ်သက်ရာ သမထ ဝိပဿနာကမ္မဌာန်း တရားများကို ချမ်းသာလွယ်ကူစွာ အားထုတ် ပေါက်မြောက်နိုင်စေခြင်း အလို့ဌာ၊ (၇) ရက် သားသမီးများ၏ အလှူတော်ငွေများဖြင့် အေးချမ်းဆိတ်ငြိမ်လှသည့် ပတ်ဝန်းကျင်တွင် ဤနှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခြင်း ဖြစ်ပါသည်။

24/05/2026

၁၃၈၈-ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်၊ ကြာသပတေးနေ့၌ ကျင်းပသည့် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး ပတ်လည်ရှိ နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားရှင်တို့၏ ပွင့်တော်မူရာ ဗောဓိပင် ၂၈ ပင် ရေစင်သွန်းလောင်းပွဲတော်မှတ်တမ်း။

#နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်စောင့်ရှောက်ရေးအဖွဲ့

နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီးနှင့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်သက်လွတ်မေတ္တာရိပ်သာတွင် ကျင်းပသည့် ကျေးဇူးတော်ရှင် ဩ...
17/02/2026

နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီးနှင့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်သက်လွတ်မေတ္တာရိပ်သာတွင် ကျင်းပသည့် ကျေးဇူးတော်ရှင် ဩဝါဒါစရိယ ခန္တီးဆရာတော်ဘုရားကြီး အရှင်ဂန္ဓသာရ၏ ခန္ဓာဝန်ချ (၁၀) နှစ်ပြည့်၌ ဆရာတော်ကြီးအား ရည်စူးပူဇော်သည့် အလှူမှတ်တမ်းဓါတ်ပုံများ

၁၃၈၇ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက် (၁၄.၂.၂၀၂၆) စနေနေ့နေ့ မှ တပေါင်းလဆန်း (၃) ရက် (၁၈.၂.၂၀၂၆) ဗုဒ္ဓဟူးနေ့ အထိ နှ...
29/01/2026

၁၃၈၇ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက် (၁၄.၂.၂၀၂၆) စနေနေ့နေ့ မှ တပေါင်းလဆန်း (၃) ရက် (၁၈.၂.၂၀၂၆) ဗုဒ္ဓဟူးနေ့ အထိ နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီးနှင့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်သက်လွတ်မေတ္တာရိပ်သာတွင် ကျင်းပမည့် ကျေးဇူးတော်ရှင် ဩဝါဒါစရိယ ခန္တီးဆရာတော်ဘုရားကြီး အရှင်ဂန္ဓသာရ၏ ခန္ဓာဝန်ချ (၁၀) နှစ်ပြည့်၌ ဆရာတော်ကြီးအား ရည်စူး၍ (၁၀) ကြိမ်မြောက် အသံမစဲမဟာပဌာန်း ပူဇော်ပွဲ၊ ဗုဒ္ဓဝံသပါဠိတော်နှင့်မြန်မာပြန်၊ ပရိတ်တော် (၃၁) သုတ် ရွတ်ဖတ်ပူဇော်ပွဲအတွက် အလှူတော်
🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴

🪷 (ဦးကျော်သန်း+ဒေါ်တိုးတိုး)
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၇၀၀,၀၀၀/-

🪷 ဦးအောင်ကြည်+ဒေါ်ခင်စန်း
သား သမီး မြေးတစ်စု မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀၀,၀၀၀/-

🪷 ဖခင်ကြီး ဦးစောလှိုင်အား ရည်စူး၍
မိခင်ကြီး ဒေါ်မြင့်မြင့်အား အမှူးထားလျက်
သမီး မနွယ်နီလှိုင်(ခ)Michiko ကောင်းမှု
အလှူတော်ငွေကျပ် ၅၀၀,၀၀၀/-

🪷 ဦးသက်နှောင်း+ဒေါ်စန္ဒာအောင်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၄၀၀,၀၀၀/-

🪷 သမ္ဗုဒ္ဓေ
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀၀,၀၀၀/-

🪷 ဒေါက်တာသိန်းထွန်း+ဒေါက်တာဒေါ်သန်းတိုး
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၂၀၀,၀၀၀/-

🪷 ဦးထွေးအောင်+ဒေါ်ယဉ်နု
သမီး မစုထွေးအောင်၊ မနုထွေးအောင်နှင့်
သား၊ မြေးများ မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၂၀၀,၀၀၀/-

🪷 ဦးကျော်မြင့်+ဒေါ်မြင့်မြင့်ဆွေ
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၉၅,၀၀၀/-

🪷 Mr. Somkhit Wilailak and Mrs. Arinya Wilailak Family
Bangkok, Thailand
Donation Amount 2,100 THB

🪷 (ဦးအောင်မြင့်)+ဒေါ်သုခ
သား ဦးသိန်းမြင့် ကောင်းမှု
(အောင်သုခမြန်မာထမင်းဆိုင်)
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးဇော်မင်းထွန်း+ဒေါ်မာဆွေလင်း
သမီး မမိုးချမ်းမြေ့ခင် မိသားစု
ကောင်းမှု သန်လျင်မြို့
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးအောင်ကျော်ဝင်း+ဒေါ်မိုးမိုးခိုင်
မိသားစု ကောင်းမှု ညောင်ဦးမြို့
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ကိုထွန်းအောင် Car Auto Service
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဒေါ်ခင်မေမြင့် (ခ) ဒေါ်တူးတူးစံ ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဗိုလ်မှူးကြီးကြည်ထွန်း(ငြိမ်း)+ဒေါ်ခင်လှဝင်း
သား သမီး မြေးတစ်စု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးစိန်းနိုင်+ဒေါ်ခင်စန်းယဉ်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ကိုကျော်ဇင်ထွန်း+မဖြူသွယ်ထွန်း
သမီး မယွန်းဝတီဦး မိသားစု
ကောင်းမှု စင်ကာပူ
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးအောင်မိုး+ဒေါ်စိန်စိန်မြင့်
(ပန်းဧည့်သည်) မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ကွယ်လွန်သူ ခင်ပွန်းဦးမြင့်ဝင်းအား ရည်စူး၍
ဒေါ်ဆွေဆွေမြင့် မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးသိန်းတန်+ဒေါ်သဇင်ဝင်း(ခ)ဒေါ်ဒေစီ ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးကျင်ရှိတ်+(ဒေါ်တင်ဝင်း)
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 ဦးလှကျော်စန်း+ဒေါ်မဉ္ဇူလတ်(ခ)ဒေါ်မဉ္ဇူလင်း
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၁၀၀,၀၀၀/-

🪷 သဇင်မိတ္တူ မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၉၀,၀၀၀/-

🪷 ဦးချစ်ကိုကို မိသားစု
Sun Electric Engineering Co., Ltd. ကောင်းမှု
အလှူတော်ငွေကျပ် ၈၀,၀၀၀/-

🪷 ဦးသန်းထွန်းဦး+ဒေါ်ပိုင်ပိုင်စိုး
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ဦးသန်းထိုက်သက်တင်+ဒေါ်စုစုလှိုင်
သမီး မအိန္ဒြာမြတ်နိုးကို မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ဒေါ်မြင့်မြင့်အေး ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ဦးခင်မောင်သန်း+ဒေါ်ခင်ဝေလွင်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ကိုအောင်ကိုသက်+မယဉ်မေသန့်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ဦးအောင်ဖေသန်း+ဒေါ်စောညွန့်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ကွယ်လွန်သူများဖြစ်ကြသော
နှစ်ဖက်မိဘများအား အမှူးထား၍
ဦးအောင်ဆန်းဝင်း+ဒေါ်ခင်ဖြူဖြူကျော်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 ဦးခင်လှိုင်+(ဒေါ်သန်းကြွယ်)
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၅၀,၀၀၀/-

🪷 တိမ်လွှာပုံနှိပ်လုပ်ငန်း
မိသားစု ကောင်းမှု မန္တလေးမြို့
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဒေါ်ပန်းဖြူအောင် ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးသက်တင် ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 OK Family ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဒေါ်အေးမွန်မွန်နိုင် ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးသိန်းလွင်+ဒေါ်မိုးမိုးမြင့်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးခင်မောင်စိုး+ဒေါ်မေစန်း
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးမျိုးမြင့်နှင့်ဇနီး
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးမြတ်ဇော်ထူး
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးဇော်ဝင်းကို+ဒေါ်မြသီတာ
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးညီညီလွင်+ဒေါ်ဖူးပွင့်မိုး
သမီး မစုနန်းထိုက်၊ သား မောင်စံဝီလျံလင်း
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးဇော်ဝင်း+ဒေါ်စိန်စိန်
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဆရာကြီးဦးကျော်ထွန်း+ဆရာမကြီးဒေါ်သန်းသန်း
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဦးငွေ မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၃၀,၀၀၀/-

🪷 ဒေါ်အိသဉ္ဇာဖြိုး ကောင်းမှု
အလှူတော်ငွေကျပ် ၂၀,၀၀၀/-

🪷 ဒေါ်ကြည်ကြည်သိန်း ကောင်းမှု
မန္တလေးမြို့
အလှူတော်ငွေကျပ် ၂၀,၀၀၀/-

🪷 ဦးခင်မောင်ထွန်း (စာရေးဆရာ ခင်မောင်နှင်း
ကျောက်ပန်းတောင်း) မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၂၀,၀၀၀/-

🪷 ကိုခင်သိန်း+မအိအိဖြိုး
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၂၀,၀၀၀/-

🪷 ဦးလပြည့်ဇင်+ဒေါ်ဆုလဲ့နန္ဒာ
မိသားစု ကောင်းမှု
အလှူတော်ငွေကျပ် ၂၀,၀၀၀/-

🪷 ဒေါ်ကျော့ရူပါအောင် ကောင်းမှု
အလှူတော်ငွေကျပ် ၁၅,၀၀၀/-

🪷 ဒေါ်စုစုအေး ကောင်းမှု
အလှူတော်ငွေကျပ် ၁၀,၀၀၀/-

အလှူရှင်များက နိဗ္ဗာန်အကျိုး ရည်မျှော်ကိုးကာ သုံးတန်စေတနာ ဖြူစင်စွာဖြင့် လှူဒါန်းခဲ့ကြပါကြောင်း သာဓုခေါ်ဆိုနိုင်ကြရန် အသိပေးအပ်ပါသည်။

ဤကဲ့သို့လှူဒါန်းရသော ကောင်းမှု ကုသိုလ်ကံစေတနာတို့ကြောင့် သက်ရှည်ကျန်းမာ ဘေးရန်ကွာ၍ မဂ်၊ ဖိုလ် နိဗ္ဗာန် ရရာရကြောင်း အထောက်အပံ့တို့သည် ဖြစ်ကြပါစေသတည်း။

အလှူရှင်မိသားစုများနှင့်
(၇)ရက်သားသမီးများအားလုံးသည်

ဆင်းရဲမှန်သမျှ ကင်းစင်ပ၍
ဒုက္ခမရှိ ချမ်းသာခြင်းရှိကြပါစေ …
ဘေးရန်မှန်သမျှ ကင်းစင်ပ၍
ဘယာမရှိ ချမ်းသာခြင်းရှိကြပါစေ …
စိုးရိမ်မှန်သမျှ ကင်းစင်ပ၍
သောကမရှိ ချမ်းသာခြင်းရှိကြပါစေ …
ပစ္စည်းဥစ္စာများ တိုးတက်ကြီးပွါးကြပါစေ …
လုပ်ငန်းဟူသမျှ အောင်မြင်တိုးတက်ကြပါစေ …

နတ်လူသာဓုခေါ်စေသော် …
သာဓု … သာဓု … သာဓု …။
🙏🙏🙏🙏🙏

ခပ်သိမ်းကုန်သော သတ္တဝါတို့သည်
ဘေးရန်ကင်းကြပါစေ …
စိတ်ဆင်းရဲကင်းကြပါစေ …
ကိုယ်ဆင်းရဲကင်းကြပါစေ …
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ …။

#နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်စောင့်ရှောက်ရေးအဖွဲ့

၁၃၈၇ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက် (၁၄.၂.၂၀၂၆) စနေနေ့နေ့ မှ တပေါင်းလဆန်း (၃) ရက် (၁၈.၂.၂၀၂၆) ဗုဒ္ဓဟူးနေ့ အထိ နှ...
27/01/2026

၁၃၈၇ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက် (၁၄.၂.၂၀၂၆) စနေနေ့နေ့ မှ တပေါင်းလဆန်း (၃) ရက် (၁၈.၂.၂၀၂၆) ဗုဒ္ဓဟူးနေ့ အထိ နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီးနှင့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်သက်လွတ်မေတ္တာရိပ်သာတွင် ကျင်းပမည့် ကျေးဇူးတော်ရှင် ဩဝါဒါစရိယ ခန္တီးဆရာတော်ဘုရားကြီး အရှင်ဂန္ဓသာရ၏ ခန္ဓာဝန်ချ (၁၀) နှစ်ပြည့်၌ ဆရာတော်ကြီးအား ရည်စူး၍ (၁၀) ကြိမ်မြောက် အသံမစဲမဟာပဌာန်း ပူဇော်ပွဲ၊ ဗုဒ္ဓဝံသပါဠိတော်နှင့်မြန်မာပြန်၊ ပရိတ်တော် (၃၁) သုတ် ရွတ်ဖတ်ပူဇော်ပွဲ နှိုးဆော်လွှာ

ပူဇော်ပွဲတွင် နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားရှင်များ အမှူးရှိသော သံဃာတော်များအား သက်လွတ်အရုဏ်ဆွမ်းများ ကပ်လှူခြင်း၊ နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၊ နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားရှင်များ၊ သိကြားမင်း "စမ” ဘွဲ့ရ စေတီ (၂၈) ဆူ၊ သိကြားမင်း "စမ” ဆောင်၊ နတ်မင်းကြီး (၄) ပါး၊ ဘိုးဘိုးကြီးနတ်နန်း၊ သိမ်ဓမ္မာရုံ၊ ရေသိမ်၊ အရှင်ဂန္ဓသာရဓမ္မာရုံ၊ ဆရာတော်ကြီးအရှင်ဂန္ဓသာရစံကျောင်းတော်နှင့်ဂူဗိမာန်၊ နေလကမ္ဘာသက်လွတ်ဘောဇနဆောင်တို့တွင် အုန်းငှက်ပျောပွဲများ၊ သက်လွတ်အရုဏ်ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ လျှပ်စစ်မီး၊ အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ခြင်းများ ပြုလုပ်မည် ဖြစ်ပါ၍ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ပါရန် နိဗ္ဗာန်အကျိုးမြော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ခပ်သိမ်းကုန်သော သတ္တဝါတို့သည်
ဘေးရန်ကင်းကြပါစေ …
စိတ်ဆင်းရဲကင်းကြပါစေ …
ကိုယ်ဆင်းရဲကင်းကြပါစေ …
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ …။

#နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင်ကျင့်စဉ်စောင့်ရှောက်ရေးအဖွဲ့

Address

Hlawga Park Road, Hmawbi Township, Yangon North District
Hmawbi

Alerts

Be the first to know and let us send you an email when The Temple of Twenty Eight Buddhas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to The Temple of Twenty Eight Buddhas:

Shortcuts

Share