သဲအင်းဂူ ဝိပဿနာ

သဲအင်းဂူ ဝိပဿနာ သဲအင်း ဇွဲတင်း အမြဲလင်း

09/08/2022

ဆွမ်းအလှူရှင်များအတွက်

ဦးရေဝတ
၀၉ ၆၉၂၂၂၄၈၂၄
သဲအင်းဂူပင်မကျောင်းတော်ကြီး (မှော်ဘီ)

ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်

- တရားထိုင်ချိန် ဖုန်းမဖြေကြားမိပါက သည်းခံကြပါရန် ပန်ကြားအပ်ပါသည်

၁၈-၆-၂၀၂၂ နေ့တွင် မြင်တွေ့ရသော သဲအင်းဂူပင်မကျောင်းတော်ကြီး(မှော်ဘီ) ရှိ ဆွမ်းစားဆောင်မှ မြင်ကွင်းပုံရိပ်များအလှူရှင်များ...
19/06/2022

၁၈-၆-၂၀၂၂ နေ့တွင် မြင်တွေ့ရသော သဲအင်းဂူပင်မကျောင်းတော်ကြီး(မှော်ဘီ) ရှိ ဆွမ်းစားဆောင်မှ မြင်ကွင်းပုံရိပ်များ

အလှူရှင်များနှင့်တကွ ပုဂ္ဂိုလ်သတ္တဝါအားလုံး …
ကိုယ်ရောစိတ်ပါ ကျန်းမာ၍
ကောင်းမြတ်သောအကြံ ကောင်းမြတ်သောအကျင့် သီလဘာဝနာများ ပွါးများအားထုတ်ပြီး
လောကကို အကျိုးပြုနိုင်သော သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်နိုင်ကြပါ​စေ

05/06/2022

သဲအင်းဂူဆရာတော်ကြီးမှ ဂီလာနပုဂ္ဂိုလ်တစ်ဦးအား အိမ်တိုင်ရာရောက် ကြွရောက်ဟောကြားတော်မူသော တရားတော်

23/04/2022

တင်းတယ်လို့ သိလိုက်ရင် ... ဝေဒနာ တဏှာ
ကိုက်တယ်ဆိုရင် ... ဝေဒနာ တဏှာ
အောင့်တယ်ဆိုရင် ... ဝေဒနာ တဏှာ
ပူတယ်ဆိုရင် ... ဝေဒနာ တဏှာ
အေးတယ်ဆိုရင် ... ဝေဒနာ တဏှာ ...

ရုပ်နဲ့ နာမ်နဲ့ တစ်ထပ်တည်းဖြစ်တဲ့ .. ဝေဒနက္ခန္ဓာ ဆိုရင်
ဝေဒနာ လွတ်သွားပြီ .. ဝေဒနက္ခန္ဓာဘဲ ရှိတော့တယ်
ဝေဒနက္ခန္ဓာ ... ဝေဒနာသည် နာမ်ဘဲ

နာမ်၏ သဘော ဘာလုပ်တတ်လဲ ..သူ့သဘော လိုက်ကြည့်
သူသဘော လိုက်ကြည့်လို့ရှိရင်
“နာမ်၏ လက္ခဏာ” - ခံစားတတ်တဲ့ သဘောသာရှိတယ်

ခံစားပြီး ... ပျက်သွားပါလားလို့ ...
သိလိုက်တာက ... ပညာ ...

ယောဂီ ... နိဗ္ဗာန်ရဖို့ ... နောက်မှာထား..ပထမ ... သေတတ်ဘို့က ... အရေးကြီးတယ်အခု တရားထိုင်တာ..သောတပန် ... သကဒါဂါမ် ...အနာဂ...
09/12/2021

ယောဂီ ...
နိဗ္ဗာန်ရဖို့ ... နောက်မှာထား..
ပထမ ... သေတတ်ဘို့က ... အရေးကြီးတယ်

အခု တရားထိုင်တာ..
သောတပန် ... သကဒါဂါမ် ...
အနာဂါမ် ... ရဟန္တာဖြစ်ဘို့ မဟုတ်ဘူး
သေတတ်အောင်လို့ ... လေ့ကျင့်ပေးနေတာ

တရားထိုင်ရင်
ဣရိယာပုတ်ကို
မပြင်ကြနဲ့ ... မပြင်ကြနဲ့
ယားရင်လဲ ... မကုတ်နဲ့
ညောင်းရင်လဲ ... မလှုပ်နဲ့...

နို့မို့.. သေခါနီးကျရင် ...
ညောင်းလို့.. ခဏနေပါဦး.. ဆိုပြီး
ဣရိယာပုတ် ပြင်လို့ ရမလား

ဒီ ... ရုပ်ဝေဒနာ မနိုင်လို့ရှိရင်
သေခါနီးဆဲဆဲ
သေရမှာ ... ကြောက်လိမ့်မယ်ဗျာ

မပြင်ကြနဲ့ ... မပြင်ကြနဲ့
အသေတတ်ဖို့ သင်ပေးနေတာ
နို့မို့ရင် ... မိုးကို ကျောခိုင်းသွားမယ်

ဝေဒနာ ပေါ်လာရင် တည့်တည့်သာရှု
ဝေဒနာဟာလည်း ဖြစ်ပြီးပျက်တဲ့ သဘောပဲရှိတယ်

ဝေဒနာ အပေါ်မှာ
ဒုက္ခလဲ ... မရှိ
သုခလဲ ... မရှိ
နာမ်ကလေးက ...ခံစားတာပဲ ရှိတယ်

နာမ်၏ သာမညလက္ခဏာ ဟာ
ခံစားတတ်တဲ့ သဘောလေး
ပစ္စုပ္ပန် ... ခံစားတဲ့ သဘောလေး ...

ခံစားပြီး ပျက်သွားပါလားလို့
သိလိုက်တာက ... ပညာ

သဘောကို သိအောင်ရှု
အသိတစ်လုံးရဘို့ ... အရေးကြီးတယ်။

အခု နောက်ပိတ်ဆုံးသာသနာမှာသောတာပန်ကြီးတွေ ဖြစ်အောင် ...သကဒါဂါမ်ကြီးတွေ ဖြစ်အောင် ...အနာဂါမ်ကြီးတွေ ဖြစ်အောင် ..အယူမှား .....
16/09/2021

အခု နောက်ပိတ်ဆုံးသာသနာမှာ

သောတာပန်ကြီးတွေ ဖြစ်အောင် ...
သကဒါဂါမ်ကြီးတွေ ဖြစ်အောင် ...
အနာဂါမ်ကြီးတွေ ဖြစ်အောင် ..

အယူမှား ... အမှတ်မှားတဲ့ … မိစ္ဆာဒိဋ္ဌိ ပြုတ်သွားအောင် ...
မြင်လိုက်တဲ့အပေါ်မှာ … ကာမ ကိလေသာ ခေါင်းပါးအောင် ...
မြင်လိုက်တဲ့အပေါ်မှာ … ကာမ ကိလေသာ ပယ်သတ်နိုင်အောင် ...
မြင်လိုက်တဲ့အပေါ်မှာ … ယိုစီးခြင်း ကိလေသာ အာသဝ ခမ်းခြောက်အောင် ...

ဝေဒနာချုပ် အောင် ...
ရုပ် နာမ် ချုပ်အောင် ...
ဖြစ်ပျက် ဆုံးအောင် ...

အတ္တကနေ ... အနတ္တ ...
စိတ်အစဉ်လေးတွေ ပြောင်းသွားအောင်

အရိုးကြေကြေ .. အရေခမ်းခမ်း ..
အားထုတ်ကြစမ်းပါ ... ဒကာ ဒကာမများ

ယနေ့မနက် မြင်တွေ့ရတဲ့ သဲအင်းဂူပင်မကျောင်းတော်ကြီး(မှော်ဘီ)ရှိ ဆွမ်းစားဆောင် မှ မြင်ကွင်းများအလှူရှင်များနဲ့တကွ မြန်မာပြည...
09/09/2021

ယနေ့မနက် မြင်တွေ့ရတဲ့
သဲအင်းဂူပင်မကျောင်းတော်ကြီး(မှော်ဘီ)ရှိ ဆွမ်းစားဆောင် မှ မြင်ကွင်းများ

အလှူရှင်များနဲ့တကွ မြန်မာပြည်ကြီး အေးချမ်းပြီး သာယာသောလူ့ဘောင်ကို အမြန်ပင် တည်ဆောက်ထူထောင်နိုင်ကြပါစေ ကုန်သတည်း

11/08/2021

တရားအားထုတ်ရာမှာ ...

ဖြစ်ပြီးတဲ့.. အတိတ်ကို ... ပြန်မတွေးနဲ့
မဖြစ်သေးတဲ့.. အနာဂတ်ကိုလည်း ... လုပ်ပြီးမကြံစည်နဲ့ ... မတွေးနဲ့

ပစ္စုပ္ပန် တည့်တည့် ကိုသာရှု ...

နာတယ် သိတယ် ဆိုတဲ့ အသိတွေ ... ဖြစ်ခွင့်မပေးနဲ့
ငါ နာလိုက်တာ ...ငါ ကိုက်လိုက်တာဆို ..
စိတ်သာချ ... အပါယ်လေးပါးပဲ

ရုပ်နာမ်ဖြစ်ပျက်တာ မမြင်လို့
တငါငါ ... စွဲနေကြတာ

ငါဆိုတဲ့ ဒိဌိမပြုတ်လို့
လေးဘက်ထောက် ... မိုးကျောခိုင်းပြီး ...
အပါယ်လေးပါး ... ဆင်းရတာ

ငါ စွဲပြုတ်အောင်
ဝိပသာနာ အလုပ်လုပ်ကြ။

11/08/2021

မျက်စိ အာရုံတွေ ... ခံစားလိုက် …
နား၏ အာရုံတွေ ... ခံစားလိုက်…
နှာခေါင်း၏ အာရုံတွေ ... ခံစားလိုက်…
ရသာ၏ အာရုံတွေ ... ခံစားလိုက်…
အတွေ့၏ အာရုံတွေ ... ခံစားလိုက်…
ဓမ္မ၏အာရုံတွေ ... ခံစားလိုက်…

တံခါးခြောက်ပေါက်က ... အာရုံခြောက်ပါး ... တရစပ်ကြီး ...
ကာမသုခလ္လိကနိရောဂ ဆိုတဲ့ ... အာရုံ ခံစားသော အကျင့်ဟာ
အယုတ်ဆုံး တရား ... .... မြုပ်တဲ့ တရား
ဘယ်တော့မှ မပေါ်ဘူး

နှစ်ဆယ့်လေးနာရီ ရှိတဲ့အနက်က
ဘယ်အာရုံတွေ ... ခံစားသလဲဆိုတာ
ကိုယ့်စိတ်ကိုသာ ... စစ်ကြတော့။

“ကံ ... စိတ် ... ဥတု ... အဟာရ” … အကြောင်းတရားလေးပါး အရင်းခံပြီးနာမ် အကြောင်းကြောင့် ...ခန္ဓာငါးပါး ဒီရုပ်ကြီး ရတယ်ဖြစ်ပေ...
25/07/2021

“ကံ ... စိတ် ... ဥတု ... အဟာရ” … အကြောင်းတရားလေးပါး အရင်းခံပြီး
နာမ် အကြောင်းကြောင့် ...ခန္ဓာငါးပါး ဒီရုပ်ကြီး ရတယ်

ဖြစ်ပေါ်တဲ့ ... ဒီရုပ်ဟာဖြင့် ...
ရုပ်က ... သူ့သဘောနဲ့သူ ... ဖောက်ပြန်နေတယ်
နာမ်ကလေးကလည်း ... သူသဘောနဲ့သူ ... ညွှတ်နေတယ်
ငါနာတယ် ... ငါကျင်တယ် ...
ငါကိုက်တယ် ... ငါခဲတယ်လို့
နာမ်ကလေးဟာ ...ခံစားတာပဲ ရှိတယ် …

ဝေဒနာချုပ်တယ်ဆိုတာ ...
အကုသိုလ်စိတ်ချုပ်ပြီး ...ကုသိုလ်စိတ် ကျန်တာ ...

ဝေဒနာဆိုတာ ...
တင်းတယ်လို့ သိလိုက်ရင် ... ဝေဒနာ တဏှာ
ကိုက်တယ်ဆိုရင် ... ဝေဒနာ တဏှာ
အောင့်တယ်ဆိုရင် ... ဝေဒနာ တဏှာ
ပူတယ်ဆိုရင် ... ဝေဒနာ တဏှာ
အေးတယ်ဆိုရင် ... ဝေဒနာ တဏှာ ...

ရုပ်နဲ့ နာမ်နဲ့ တစ်ထပ်တည်းဖြစ်တဲ့
ဝေဒနက္ခန္ဓာ ဆိုရင် ... ဝေဒနာ လွတ်သွားပြီ .. ဝေဒနက္ခန္ဓာဘဲ ရှိတော့တယ်

ဝေဒနက္ခန္ဓာ ... ဝေဒနာသည် နာမ်ဘဲ
နာမ်၏ သဘော ဘာလုပ်တတ်လဲ ..သူ့သဘော လိုက်ကြည့်
သူသဘော လိုက်ကြည့်လို့ရှိရင်
“နာမ်၏ လက္ခဏာ” - ခံစားတတ်တဲ့ သဘောသာရှိတယ်

ခံစားပြီး ... ပျက်သွားပါလားလို့ ...
သိလိုက်တာက ... ပညာ ...

အသိတစ်လုံးရဘို့ ... အရေးကြီးတယ်

15/07/2021

"သဲအင်းဂူ အထူးရှုကွက် အလုပ်ပေးတရားတော်"

ကပ်ကြီး(၃)ပါး ဘေးအပေါင်းမှ လွတ်မြောက်ကြပါစေ

Address

‌‌‌နှောကုန်းရွာ
Hmawbi

Alerts

Be the first to know and let us send you an email when သဲအင်းဂူ ဝိပဿနာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to သဲအင်းဂူ ဝိပဿနာ:

Share