27/08/2026
🌸လစဥ်တရားအလှူ နှင့် ဆွမ်းအာဟာရအလှူ 🌸
👑🙏 ဦးခင်မောင်ရင် + ဒေါ်မိုးမိုးစံ ၊ သား ကိုကျော်နိုင်ထွန်း + မခင်စုလှိုင် ၊ သမီး မဝတ်ရည်ဖြိုး၊ မသီရိဖူးပွင့်စံ မိသားစု
🪷 မိမိတို့ စုဆောင်းရှာဖွေထားသော ဓနအင် အား များထဲမှ "ငါ့ဥစ္စာ" ဟူသော အစွဲအလန်းတို့ကို ရဲရဲဝံ့ဝံ့စွန့်ပယ်ကာ၊ သံသရာဝဋ်ဆင်းရဲမှ ရုန်းထွက်ကြောင်း မြင့်မြတ်သော ပါရမီကုသိုလ်အဖြစ်သို့ သဒ္ဓါတရားဖြာဝေစွာဖြင့် အသွင်ပြောင်းလဲလှူဒါန်းခဲ့ကြသည့် ပါရမီရှင်မိသားစုများ ဖြစ်ကြပါသည်။
🌺 လှူဒါန်းရခြင်း၏ မွန်မြတ်လှသော ရည်ရွယ်ချက်
၁။ အမေဆရာကြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခန္ဓာကိုယ်ကျန်းမာ ရွှင်လန်းစွာဖြင့် သာသနာပြုလုပ်ငန်းများကို အာရုံပြုနိုင်စေရန် ၊
၂။ သာသနာဝန်ဆောင်များအားလုံး စိတ်အေးချမ်းသာစွာဖြင့် သာသနာ့ဘောင်အတွင်း အကျင့် သီလများကို ကြောင့်ကြမဲ့ ဖြည့်ကျင့်နိုင်စေရန် ၊
၃။ မှန်ကန်သော မဂ္ဂင်လမ်းကြောင်းပေါ်သို့ ဘေးရန်ဆူးငြောင့်မရှိ၊ ဖြောင့်ဖြူးသာယာစွာဖြင့် အားတက်လန်းဆန်းစွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်သန်၍ လှူဒါန်းပူဇော်ခြင်း ဖြစ်ပါသည် ၊
✨ သဒ္ဓါတရားထက်သန်မှုကြောင့် ရရှိမည့် အကျိုးကျေးဇူးများ ✨
"ဒါနံ သဂ္ဂဿ သောပါနံ" – ဒါနသည် နိဗ္ဗာန်နှင့် နတ်ပြည်သို့ တက်လှမ်းရာ စောင်းတန်းလှေကားသဖွယ် ဖြစ်ပါသည်။ မိသားစု၏ ထက်သန်လှသော အလှူတစ်ခုချင်းစီအလိုက် ရရှိမည့် အကျိုးတရားများမှာ -
🍚 ဆွမ်းနှင့် တရားပဒေသာပင် အလှူအကျိုးကြောင့် -
ဘဝဆက်တိုင်း အစားအစာ၊ ရိက္ခာအလိုလို ပြည့်စုံခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ တရားထူး တရားမြတ်များကို လွယ်ကူစွာ နာကြားဆင်ခြင်နိုင်ခြင်းနှင့် ရုပ်နာမ်ခန္ဓာ အေးချမ်းခြင်း အကျိုးတို့ကို ခံစားရပါမည် ၊
🪷 မိမိတို့ လျှောက်လှမ်းမည့် ဘဝခရီးလမ်းနှင့် ဓမ္မခရီးလမ်းတို့တွင် အနှောင့်အယှက်၊ ဘေးရန်အန္တရာယ်ဟူသမျှ သဘာဝအတားအဆီးများ ဆီးကာကွယ်ပြီးသားဖြစ်၍ အရာရာတွင် လမ်းပွင့်ခြင်း၊ အဆင်ပြေချောမွေ့ခြင်းနှင့် နိဗ္ဗာန်မဂ္ဂင်လမ်းကြောင်းသို့ တိုက် ရိုက်ဖြောင့်ဖြူးစွာ ရောက်ရှိခြင်း အကျိုး ကျေးဇူးများကို မုချခံစားရပါမည်။
🕊️ ဓမ္မမေတ္တာ ဆုတောင်းမေတ္တာဝေဖြာခြင်း 🕊
ဤသို့ မြင့်မြတ်လှသော ပါရမီကုသိုလ်ရှင်ကြီး မိသားစုအပေါင်းတို့သည် ယနေ့မှစ၍ ဘဝဆက်တိုင်း ဘေးဥပါဒ်အန္တရာယ် ခပ်သိမ်းတို့မှ ကင်းဝေးကြပါစေသား။
စီးပွားဥစ္စာ ဓနအင်အားများလည်း ဒီရေအလား တိုးတက်စည်ပင်ကြပါစေသား။ အမေဆရာကြီးနှင့် သာသနာဝန်ဆောင်များ စိတ်အေးချမ်းသာစွာ သာသနာပြုနိုင်ကြသကဲ့သို့ပင်... လှူဒါန်းသူ မိသားစုအပေါင်းတို့သည်လည်း ကိုယ်စိတ်နှစ်ပါး မြဲမြံစွာ ကျန်းမာချမ်းသာကြပြီး
လျှောက်လှမ်းဆဲ သံသရာခရီး၌ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်လမ်းကြောင်း ဖြောင့်ဖြူးသာယာစွာဖြင့် ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာ သန္တိသုခ နိဗ္ဗာန်မြတ်သို့ လွယ်ကူ လျင်မြန်စွာ ဆိုက်ရောက်မျက်မှောက်ပြုနိုင်ကြပါစေကြောင်း ထပ်တူထပ်မျှ ကုသိုလ်အဖို့ဘာဂကို ချီးမြှောက်လျက် ဆုတောင်းအနုမောဒနာ ပြုအပ်ပါသည် ၊
သာဓု... သာဓု... သာဓု...
📆27.8.2026
📸📝သဘာ၀ဓမ္မယာ စာပေအဖွဲ့ 📝📸
Chandikãdhammī Thabarwa Dhammagaya
Kitti Dhammi
ဓရ ကာရီ
#သဘာဝဓမ္မဂယာ #ဆရာကြီးဒေါ်ဝီရကာရီ #လှည်းကူးဥယျာဉ်ဝကျေးရွာ #ရိပ်သာ #ယောဂီ