သုတဓမ္မ ဒေးဒရဲ

သုတဓမ္မ ဒေးဒရဲ သုတဓမ္မစာမေးပွဲအကြောင်းမျှဝေရာ

သုတဓမ္မဒီပလိုမာ Level 1 စာမေးပွဲအတွက် Online Form တင်ပေးထားသူများစာရင်းကို တင်ပြအပ်ပါသည်။ အမည်များကို အက္ခရာစဉ်အတိုင်း စ...
18/08/2026

သုတဓမ္မဒီပလိုမာ Level 1 စာမေးပွဲအတွက် Online Form တင်ပေးထားသူများစာရင်းကို တင်ပြအပ်ပါသည်။ အမည်များကို အက္ခရာစဉ်အတိုင်း စီထားပါသည်။ Form တင်ရန် စာရင်းပေးထားပြီး မပါရှိသူများရှိပါက သုတဓမ္မ ဒေးဒရဲအဖွဲ့သို့ ယနေ့ (၁၈.၈.၂၀၂၆) နေ့လယ် ၁ နာရီ နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါရန်။

သုတဓမ္မဒီပလိုမာ Level 2 စာမေးပွဲအတွက် Online Form တင်ပေးထားသူများစာရင်းကို တင်ပြအပ်ပါသည်။ အမည်များကို အက္ခရာစဉ်အတိုင်း စ...
18/08/2026

သုတဓမ္မဒီပလိုမာ Level 2 စာမေးပွဲအတွက် Online Form တင်ပေးထားသူများစာရင်းကို တင်ပြအပ်ပါသည်။ အမည်များကို အက္ခရာစဉ်အတိုင်း စီထားပါသည်။ Form တင်ရန် စာရင်းပေးထားပြီး မပါရှိသူများရှိပါက သုတဓမ္မ ဒေးဒရဲအဖွဲ့သို့ ယနေ့ (၁၈.၈.၂၀၂၆) နေ့လယ် ၁ နာရီ နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါရန်။

🙏 ပြဌာန်းစာအုပ်အလှူရှင်များ 🙏၁၁။ ဦးလှမြင့်မောင် + ဒေါ်မြင့်မြင့်ကြည် မိသားစု - ၅ အုပ်၁၂။ ဒေါ်စန်းယုမေ မိသားစု - ၅ အုပ်၁၃...
15/08/2026

🙏 ပြဌာန်းစာအုပ်အလှူရှင်များ 🙏

၁၁။ ဦးလှမြင့်မောင် + ဒေါ်မြင့်မြင့်ကြည် မိသားစု - ၅ အုပ်
၁၂။ ဒေါ်စန်းယုမေ မိသားစု - ၅ အုပ်
၁၃။ ကိုအောင်ကျော်ခန့် + မချစ်မို့မို့ကျော်မျိုးဝင်း သမီး မချစ်ခြင်းဂုဏ်ရည်ခန့် မိသားစု - ၁၀ အုပ်
၁၄။ ဦးခင်မောင်စိုးအား ရည်စူး၍ ဒေါ်ကြည်ကြည်ညွန့် မိသားစု - ၅ အုပ်
၁၅။ ဒေါ်လှဆန်းမူ သမီး မကြည်ဖြူမင်းထွဋ် - ၅ အုပ်
၁၆။ ဦးနေမျိုးကျော် + ဒေါ်ဝင်းဝင်းသန်း မိသားစု - ၃ အုပ်
၁၇။ ဒေါ်ဝင်းမာ မိသားစု - ၃ အုပ်

အလှူရှင်များအားလုံးသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုရာဆန္ဒပြည့်ဝပါစေ၊ ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။ ယခုအလှူသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သုတဓမ္မစာသင်စာကျက်ဝိုင်းဖြစ်မြောက်ရေးအဖွဲ့
ဒေးဒရဲမြို့

သုတဓမ္မဒီပလိုမာစာမေးပွဲအတွက် စာရင်းပေးဖောင်တင်ခြင်းကို ဒေးဒရဲမြို့ မင်္ဂလာကံကျောင်းတိုက်မှာ လက်ခံဆောင်ရွက်နေပါပြီ 🙏🙏🙏
15/08/2026

သုတဓမ္မဒီပလိုမာစာမေးပွဲအတွက် စာရင်းပေးဖောင်တင်ခြင်းကို ဒေးဒရဲမြို့ မင်္ဂလာကံကျောင်းတိုက်မှာ လက်ခံဆောင်ရွက်နေပါပြီ 🙏🙏🙏

🙏 ပြဌာန်းစာအုပ်အလှူရှင်များ 🙏၇။ ဦးဖွံ့ဖြိုးကျော် (တရားသူကြီး) - ၅ အုပ်၈။ စေတနာရှင်တစ်ဦး - ၁၀ အုပ်၉။ ဒေါ်အေးအေး မိသားစု၊ ...
22/07/2026

🙏 ပြဌာန်းစာအုပ်အလှူရှင်များ 🙏

၇။ ဦးဖွံ့ဖြိုးကျော် (တရားသူကြီး) - ၅ အုပ်
၈။ စေတနာရှင်တစ်ဦး - ၁၀ အုပ်
၉။ ဒေါ်အေးအေး မိသားစု၊ ဒေးဒရဲမြို့ - ၁၀ အုပ်
၁၀။ ဒေါ်အေးမြင့်အောင် မိသားစု၊ ဒေးဒရဲမြို့ - ၅ အုပ်

အလှူရှင်များအားလုံးသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုရာဆန္ဒပြည့်ဝပါစေ၊ ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။ ယခုအလှူသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သုတဓမ္မစာသင်စာကျက်ဝိုင်းဖြစ်မြောက်ရေးအဖွဲ့
ဒေးဒရဲမြို့

🙏 ပြဌာန်းစာအုပ်အလှူရှင်များ 🙏၁။ ဒေါ်ကျော့ခိုင်ဝင်း၊ ဒေးဒရဲမြို့ - ၃ အုပ်၂။ ကွယ်လွန်သူမိဘများအား ရည်စူး၍ ဒေါ်သီတာ‌အောင် (...
20/07/2026

🙏 ပြဌာန်းစာအုပ်အလှူရှင်များ 🙏

၁။ ဒေါ်ကျော့ခိုင်ဝင်း၊ ဒေးဒရဲမြို့ - ၃ အုပ်
၂။ ကွယ်လွန်သူမိဘများအား ရည်စူး၍ ဒေါ်သီတာ‌အောင် (တရားရုံး) - ၄ အုပ်
၃။ မမြတ်နိုးသူ၊ ခန္ဓာကုန်း ဒေးဒရဲမြို့ - ၅ အုပ်
၄။ ကိုဇင်မောင် + မအေးမြတ်မွန် (စင်ရော်ပုံနှိပ်တိုက်) - ၃ အုပ်
၅။ စေတနာရှင်တစ်ဦး - ၅၀ အုပ်
၆။ ကိုသက်ပိုင်ဇော် (ခ) ကိုငယ်လေးအား ရည်စူး၍ မသူဇာမြင့် - ၁၀ အုပ်

အလှူရှင်များအားလုံးသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုရာဆန္ဒပြည့်ဝပါစေ၊ ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။ ယခုအလှူသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သုတဓမ္မစာသင်စာကျက်ဝိုင်းဖြစ်မြောက်ရေးအဖွဲ့
ဒေးဒရဲမြို့

ပြဌာန်းစာအုပ်များ လှူဒါန်းနိုင်ပါသည်။၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် သုတဓမ္မစာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုကြမည့် ဓမ...
18/07/2026

ပြဌာန်းစာအုပ်များ လှူဒါန်းနိုင်ပါသည်။

၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် သုတဓမ္မစာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုကြမည့် ဓမ္မမိတ်ဆွေများအတွက် သုတဓမ္မဒီပလိုမာ Level 1, 2, 3 ပြဌာန်းစာအုပ်များကို ဓမ္မဒါန ပညာဒါနအဖြစ် ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ပြဌာန်းစာအုပ်တစ်အုပ် - ၄,၀၀၀ ကျပ်

ဆက်သွယ်လှူဒါန်းရန်-
ဒေါ်အေးမြတ်မွန် - 09781844963
ဒေါ်မိုးမြတ်သူဇာခိုင် - 09976156464
သုတဓမ္မစာသင်စာကျက်ဝိုင်းဖြစ်မြောက်ရေးအဖွဲ့
ဒေးဒရဲမြို့

၂၀၂၆ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော သုတဓမ္မစာမေးပွဲတွင် ဒေးဒရဲမြို့မှ ဝင်ရောက်ဖြေဆိုကြသော စာဖြေသူများအနက် သုတဓမ္မဒီပလိုမာ...
15/07/2026

၂၀၂၆ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော သုတဓမ္မစာမေးပွဲတွင် ဒေးဒရဲမြို့မှ ဝင်ရောက်ဖြေဆိုကြသော စာဖြေသူများအနက် သုတဓမ္မဒီပလိုမာ Level 1 စာမေးပွဲကို အောင်မြင်ခဲ့ကြသူများစာရင်းကို ထုတ်ပြန်အပ်ပါသည်။

ဖြေဆိုသူ ၅၀ ဦးရှိပြီး အောင်မြင်သူ ၄၁ ဦးအနက် ၁၁ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြပါသည်။

သုတဓမ္မတရားတော်များသည် လောကုတ္တရာတရားစာများသက်သက် မဟုတ်ဘဲ ဘဝနေထိုင်နည်း၊ စိတ်နေသဘောထား၊ အောင်မြင်ရေးနည်းလမ်း၊ ပေါင်းသင်းဆက်ဆံရေးနည်းလမ်း စသည့် ဗုဒ္ဓ၏လမ်းညွှန်ချက်များကို သင်ကြားပေးထားသည့် တရားတော်များ ဖြစ်ပါသည်။ ထိုတရားတော်များကို နာယူရုံ၊ ဖတ်ရှူရုံသက်သက်မဟုတ်ဘဲ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူလေ့လာကျက်မှတ်ခြင်းအားဖြင့် တရားအသိများ ရင်ထဲရောက်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်မည်ဖြစ်ပါသည်။ ထိုတရားများ ပြန့်ပွားခြင်းအားဖြင့် ပိုမိုငြိမ်းချမ်းသော ပတ်ဝန်းကျင်လောကကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ဤသည်မှာ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ စာမေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ဖြစ်ပြီး သုတဓမ္မစာသင်စာကျက်ဝိုင်းဖြစ်မြောက်ရေးအဖွဲ့၊ ဒေးဒရဲမြို့ အနေနှင့်လည်း ထိုရည်ရွယ်ချက်ကို ပိုမိုအကောင်အထည်ပေါ်နိုင်စေရန် တတ်စွမ်းသမျှကုသိုလ်ယူပြုလုပ်နေခြင်း ဖြစ်ပါသည်။

ထို့ကြောင့် စာမေးပွဲအောင်စာရင်းတွင် မပါရှိသူများအနေနှင့်လည်း စာမေးပွဲ‌အောင်ခြင်း၊ ကျခြင်းသည် အဓိကမဟုတ်၊ တရားအသိ ရင်ထဲရောက်ပြီး ဓမ္မကို ပူဇော်နိုင်ခြင်းသည်သာ အဓိကဖြစ်သည်ဟု မှတ်ယူပြီး နောက်စာမေးပွဲများတွင် ထပ်မံဖြေဆို တရားကို ပူဇော်နိုင်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

သုတဓမ္မစာသင်စာကျက်ဝိုင်းဖြစ်မြောက်ရေးအဖွဲ့
ဒေးဒရဲမြို့

ဒေးဒရဲမြို့ သုတဓမ္မစာသင်စာကျက်ဝိုင်း ဖြစ်မြောက်‌ရေးအဖွဲ့၏ ၂၀၂၆ ခုနှစ် ဇွန်လတွင် ကျင်းပသော သုတဓမ္မစာမေးပွဲအတွက် အလှူခံရရှ...
01/07/2026

ဒေးဒရဲမြို့ သုတဓမ္မစာသင်စာကျက်ဝိုင်း ဖြစ်မြောက်‌ရေးအဖွဲ့၏ ၂၀၂၆ ခုနှစ် ဇွန်လတွင် ကျင်းပသော သုတဓမ္မစာမေးပွဲအတွက် အလှူခံရရှိငွေနှင့် သုံးစွဲငွေများ၏ စာရင်းရှင်းတမ်းအား တင်ပြအပ်ပါသည်။

Address

No. 93, Pyidawtha Road
Dedaye

Telephone

+959950182773

Website

Alerts

Be the first to know and let us send you an email when သုတဓမ္မ ဒေးဒရဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to သုတဓမ္မ ဒေးဒရဲ:

Shortcuts

Share