မရမ်းကျောင်းတိုက် MaYann Monastery

  • Home
  • Myanmar
  • Dedaye
  • မရမ်းကျောင်းတိုက် MaYann Monastery

မရမ်းကျောင်းတိုက် MaYann Monastery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မရမ်းကျောင်းတိုက် MaYann Monastery, Convent and monastery, Dedaye.

ယနေ့ (12-7-2022) ဝါဆိုလပြည့် (ဓမ္မစက်ြာအခါတော်နေ့)မရမ်းကျောင်းတိုက် စုပေါင်းဝါဆိုသက်န်းကပ်လှူပွဲနှင့် အလှူရှင်အပေါင်းတို...
12/07/2022

ယနေ့ (12-7-2022) ဝါဆိုလပြည့် (ဓမ္မစက်ြာအခါတော်နေ့)
မရမ်းကျောင်းတိုက် စုပေါင်းဝါဆိုသက်န်းကပ်လှူပွဲနှင့် အလှူရှင်အပေါင်းတို့၏ ရေစက်ချပွဲ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့၍ နတ်လူသာဓုခေါ်စေသော်🙏🙏🙏

 #ရေစက်သွန်းချတရားတော်နာ_ဖိတ်ကြားလွှာ*************************************မရမ်းကျောင်းတိုက်၏-* အုတ်တံတိုင်း အလှူရှင်များ...
10/07/2022

#ရေစက်သွန်းချတရားတော်နာ_ဖိတ်ကြားလွှာ
*************************************
မရမ်းကျောင်းတိုက်၏-
* အုတ်တံတိုင်း အလှူရှင်များ
* နတ်လမ်းထိုင်ခုံ အလှူရှင်များ
* စတီခုံ၊ မှန်ဘီဒို အလှူရှင်များ
* တရားဟော ဓမ္မပလ္လင် အလှူရှင်များ
* သန်စင်ခန်း အလှူရှင်များ
* စင်းကြံ လမ်းအလှူရှင်များနှင့်
ဆရာတော်အတွက် Aircom လှူဒါန်းပေးကြပါကုန်သော
ကုသိုလ်ရှင်တို့၏ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှတမ်းပေးဝေခြင်းနှင့်အတူ မရမ်းကျောင်းတိုက်‌ ဆရာတော် ဦးနန္ဒဝံသမှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မည်ဖြစ်ပါသောကြောင့် အလှူရှင်များအနေဖြင့် မပျက်မကွက် တက်ရောက်ပေးပါရန် လေးလေးစားစားဖိတ်ကြားအပ်ပါသည်။

#နေ့ရက်
၁၂ - ၇ - ၂၀၂၂၊ အဂ်ါနေ့
ဝါဆိုလပြည့် ( ဓမ္မစက်ြာ အခါတော်နေ့)

#အချိန်
နံနက် (၉:၀၀) နာရီ

#နေရာ
ဒေးဒရဲမြို့၊ အမှတ်-၃ရပ်ကွက်၊ ဘုရားလမ်းဟောင်း
မရမ်းကျောင်းတိုက်။

15/06/2022
ကျော်ဟိန်းရေးထားတာလေး ကောင်းလို့ပါ။ရုပ်ရှင်အကြောင်း ဘာမှ မပါဘူးနော်။ကျွန်တော်တို့ အားလုံးနဲ့ ဆိုင်နေလို့ ဖတ်စေချင်လို့ပါ...
27/05/2022

ကျော်ဟိန်းရေးထားတာလေး ကောင်းလို့ပါ။
ရုပ်ရှင်အကြောင်း ဘာမှ မပါဘူးနော်။
ကျွန်တော်တို့ အားလုံးနဲ့ ဆိုင်နေလို့ ဖတ်စေချင်လို့ပါ။

သဘာဝကိုလက္ခံပါ
•••••••••••••••••••••••••
ကျော်ဟိန်း

စာရေးချင်နေတယ်။ ဒီအချိန်မှာ တစ်ခုခုချရေးလိုက် ရင် စာတစ်ပုဒ်တော့ ရမှာပဲ။ တစ်နေ့က သေသွားတဲ့ ကိုကိုကြီး အကြောင်းဆိုရင် စာတစ်ပုဒ်တင်မကဘူး။ ရေးနိုင်ရင် ရေး နိုင်သလောက် လုံးချင်းဝတ္ထုရှည် လေးအုပ်စာလောက် ထွက်နိုင်တယ်။

ဒီလူနဲ့ ပတ်သက်ခဲ့တဲ့ မိန်းမတွေရဲ့ အကြောင်းဆိုရင် နှစ်အုပ်စာလောက် ရှိမယ်။

ဒီလိုဗျာ . ကိုကိုကြီးက ပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတယ်ဆိုတာ ဆွေစဉ်မျိုးဆက်ရှိတာ မဟုတ်ဘူး။ သူ့လက်ထက် ကျမှ ရှိလာတာ။

ဒီလူက အလုပ်သိပ်လုပ်တယ်။ သဘာဝကို ဆန့်ကျင် ပြီးတော့ကို လုပ်တယ်။ ဘယ်လောက်ထိ လုပ်သလဲဆိုရင် သူများတွေ အိပ်တဲ့အချိန်မှာ သူအလုပ်လုပ်တယ်။ သူများတွေ ထမင်းစားနေတဲ့အချိန်မှာ သူအလုပ်လုပ်တယ်။ သူများတွေ နားနေတဲ့အချိန်မှာ သူအလုပ်လုပ်တယ်။

သူ့အယူအဆက တစ်မျိုး။ သူအလုပ်လုပ်နေတုန်း ထမင်းစားဖို့ခေါ် ရင် အရမ်းစိတ်ဆိုးတယ်။ အဲဒီအခါမျိုးကျ ရင် ပါးစပ်က ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောသေးတယ်။ ဒီထမင်းစားတာကို ဘယ်သူက ထွင်သွားတာလဲတဲ့ .... ကဲ ...။

ဟိုးရှေးရှေးကတည်းက ထမင်းစားတယ်ဆိုတာမျိုး မရှိခဲ့ရင် အခုလူတွေလည်း စားကြမှာမဟုတ်ဘူးဆိုပြီး ရှေးတုန်းကလူတွေကို အပြစ်တင်နေတဲ့ လူစားမျိုး။

အဲ... ညတိုင်းအိပ်ဖို့ ခေါ်ရင်လည်း သူက စိတ်ဆိုး ပြန်တယ်။ မအိပ်ရင် မရဘူးလားတဲ့။ ဆိုတော့ သူပိုက်ဆံရှိတာ မဆန်းဘူးလေ။ အလုပ်လုပ်တော့ အလုပ်လုပ်ခြင်း အကျိုးကြောင့် သူဟာ ကြီးပွားလာတယ်။ ကြီးပွားတယ်ဆိုတာ မူလ ဆင်းရဲရာကနေ ချမ်းသာလာတာကို ပြောတာ။ ပြီးတော့ သူ့ရုပ်ရည်က နည်းနည်းဖြူးတယ်။ အဲ . . . တစ်ခုပဲ သူ့မှာ ပြောစရာရှိတယ်။ သူက ပညာသိပ်မတတ်ဘူး။ (၆) တန်းပဲ အောင်တယ်။ ဒါကလည်း သူ့အနေနဲ့ ဒီ(၆) တန်းအောင်တယ်၊ မအောင်ဘူးဆိုတာက သိပ်အရေးမကြီးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အတွက် အရေးကြီးဆုံးဟာ ငွေပဲ။

အဲဒီငွေကို သူက နေ့မအိပ်၊ ညမအိပ် အရူးအမဲသား ကြိုက်သလို သဲကြီးမဲကြီးနဲ့ရှာတယ်။ ရှာတော့ရတယ်။ ရုပ်ကလည်းဖြောင့်၊ ပိုက်ဆံကလည်းရှိတော့ သူပညာမတတ် တာဟာ သူ့ရဲ့ပိုက်ဆံရှိမှုအောက်မှာ ပျောက်ကွယ်သွားတယ်။

အဲတော့ဗျာ သူ့ပတ်ဝန်းကျင်မှာ အမျိုးသမီး လှလှ လေးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတယ်။ ဒီနေရာမှာလည်း သူက သဘာဝကို ဆန့်ကျင်ပြန်တယ်။ အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ခိုင်းချင်ရာခိုင်းဖို့ ကိုယ့်ဘဝကို အချုပ်အနှောင်ခံ အပ်နှင်းတာ ပဲဆိုပြီး အိမ်ထောင်မပြုဘူး။ အမျိုးသမီးတွေကို တွဲရုံတွဲတယ်။ တွဲပြီဆိုရင်လည်း (၂) လ (၃) လပဲ ကြာတယ်။

အင်း. ဖြူဖြူဝေဆိုတဲ့ တစ်ယောက်ကိုတော့ (၆) လလောက်ထိ တွဲလိုက်တယ်။ ဒါကလည်းအကြံနဲ့။ ဖြူဖြူဝေရဲ့ မိဘတွေ ဘယ်လောက်ချမ်းသာလဲ၊ ဘယ်လိုချမ်းသာတာလဲ ဆိုတာကို လေ့လာချင်လို့ အဲဒီလောက်ကြာသွားတာ။ ဒီသူ့မှာ အချစ်ဆိုတာ မရှိဘူး။ မေတ္တာဆိုတာ မရှိဘူး။ စေတနာဆိုတာ မရှိဘူး။ လူသားတစ်ဦးမှာ ရှိသင့်တာတွေ မရှိမှုကြောင့် သူနဲ့ပတ်သက်ပြီး အခြေအနေအမျိုးမျိုး ပြောင်း လဲသွားတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းဟာ စိတ်ဝင်စားစရာကောင်းတယ်။ သူ့နားကို ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ ခြေလှမ်းချင်းကတူတယ်။ ဒါပေမယ့် ပြန်ထွက်သွားတဲ့ ခြေရာ ချင်းက မတူကြဘူး။ အဲဒီအမျိုးသမီးတွေအကြောင်းကိုရေးရင် စာအုပ်နှစ်အုပ်စာလောက် ထွက်မယ်လို့ ပြောတာ။

ဒါပေမယ့် ကျွန်တော့်အနေနဲ့ အဲဒီအကြောင်းတွေ မရေးချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖတ်တဲ့လူအတွက် ဘာ အကျိုးမှ ရမှာမဟုတ်ဘူး။ အရည်မရ၊ အဖတ်မရတဲ့ အကြောင်းတွေကို အချိန်အကုန်ခံပြီး၊ စာရွက်အကုန်ခံပြီး မရေးချင်ဘူး။ ကျွန်တော် ရေးချင်တာက ဒီလူ သေခါနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေလေးကို ရေးပြချင်တာ။ ကိုကိုကြီးရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်က မွေးသက္ကရာဇ် မမှတ်မိ။ လူမျိုးနဲ့ ကိုးကွယ်သည့်ဘာသာက မြန်မာ၊ ဗုဒ္ဓဘာသာ၊ ပညာအရည်အချင်းက (၆) တန်းအောင်၊ မိဘမရှိ၊ အိမ်ထောင်မရှိ၊ နေရပ်လိပ်စာက ရွှေတောင်ကြား။ ဒီလောက်ပဲ။

လောလောဆယ် သူ့အလုပ်အကိုင်က ပိုက်ဆံရတဲ့ အလုပ်မှန်သမျှ အကုန်လုပ်တယ်။ ပွဲစားလည်း လုပ်တယ်။ အရောင်းအဝယ်လည်းလုပ်တယ်။ ငွေတိုးချေးစားတယ်။ ယုတ်စွအဆုံး နေ့စဉ်ယူတဲ့သတင်းစာနှစ်စောင်ကို လကုန်ရင် ပိဿာချိန်နဲ့ ကိုယ်တိုင် ထိုင်ရောင်းတယ်။ အခန်းထဲမှာ ဖျန်းတဲ့ ရေမွှေးဘူးခွံတွေ၊ သောက်ပြီးတဲ့ ဆေးပုလင်းခွံတွေ၊ နို့ဆီခွက် အခွံတွေ ကိုယ်တိုင် ထိုင်ရောင်းတယ်။

တစ်နေ့ ကားအရောင်းအဝယ်ကိစ္စနဲ့ ဒီလူ ပဲခူးသွား တယ်။ အပြန်ကျတော့ ကားမှောက်တယ်။ ကားမောင်းတဲ့သူ ရယ်၊ သူနဲ့အတူတူပါသွားတဲ့ အမျိုးသမီးရယ်ကတော့ ကား မှောက်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ သူကတော့ ဇက်ကျိုးသွားတယ်။

ကိုကိုကြီး ပဲခူးကအပြန် ကားမှောက်တယ်ဆိုတဲ့ သတင်းဟာ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ တခဏချင်း ပျံ့နှံ့သွားတယ်။ အားလုံး ပြာယာခတ်ကုန်တယ်။ ကား မှောက်တဲ့နေရာသွားကြ၊ သေတဲ့လူနဲ့ပတ်သက်တဲ့ လုပ်စရာရှိ တာတွေ လုပ်ကြ။ ကိုကိုကြီးကို ပြန်ခေါ်လာကြ။ နောက်ဆုံး တော့ ကိုကိုကြီးဆေးရုံရောက်တယ်ဆိုပါတော့။

အဲဒီမှာ ကိုကိုကြီးရဲ့ အရှိန်အဝါ၊ ကိုကိုကြီးရဲ့ အပေါင်းအသင်းများမှု၊ ကိုကိုကြီးရဲ့ ပိုက်ဆံရှိမှုတွေကြောင့် ကိုကိုကြီး ကိုဂရုစိုက်ကြတယ်ပေါ့ဗျာ။ ထိထားတဲ့ ဒဏ်ရာအခြေအနေ ပေါ်မှာ မူတည်ပြီး သေမင်းနဲ့အကြိတ်အနယ် လွန်ဆွဲကြတယ်။ ဒါပေမဲ့ ဒဏ်ရာက သိပ်ပြင်းလွန်းတော့ ဆရာဝန်တွေ ခေါင်းခါကြတယ်။ ကုသလို့မရတော့ဘူးဆိုတဲ့သဘော။

အဲဒီအချိန်မှာ ကိုကိုကြီးအနားမှာရှိတဲ့ လူတွေ အားလုံးဟာ ကိုကိုကြီးရဲ့ အခြေအနေကိုကြည့်ပြီး ဖျောင်းဖျ ကြတယ်။ ဖျောင်းဖျဆိုတဲ့ စကားလုံးကို သုံးရတာက ကိုကိုကြီးဟာ ဇက်ကျိုးနေတာတောင် စကားတော့ပြောနိုင်သေးလို့ပဲ။

ဘာတွေပြောလဲဆိုတော့ သူ့အလုပ်အကြောင်းတွေ၊ ဘယ်အလုပ်က ဘယ်သူနဲ့ဘယ်နေ့ချိန်းထားတယ်၊ ဘယ်သူ့ ဆီက ပိုက်ဆံဘယ်လောက်ရစရာရှိတယ်၊ ဘာညာပေါ့။ အဲဒီတော့ ဘေးကလူတွေက ဒဏ်ရာတွေပြင်းထန်ပြီး ဝေဒနာခံစားနေရတဲ့အချိန်မှာ အလုပ်အကြောင်းတွေ မပြောဖို့၊ ဟိုဟာတွေ ဒီဟာတွေ မစဉ်းစားဖို့၊ ပြုခဲ့ဖူးတဲ့ ကုသိုလ်တောင်း မှုတွေ ပြန်စဉ်းစားဖို့၊ ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုဆိုပြီး တိုက် တွန်းကြတယ်။

အဲဒီအချိန်မှာ ကျွန်တော်ဟာ ကိုကိုကြီးရဲ့ အသိ အာရုံထဲကို ခဏဝင်ပြီး ခံစားကြည့်တယ်။ ကိုကိုကြီးအကြောင်း သိနေတဲ့ ကျွန်တော့်အနေနဲ့ ဘေးလူတွေ တိုက်တွန်းတာကို ဒီလူ ဘယ်လိုစဉ်းစားမယ်ဆိုတာသိချင်လို့ သူ့စိတ်ထဲ ခဏ ဝင်ကြည့်တာ။

ကိုကိုကြီးဟာ ဘေးက တိုက်တွန်းသံတွေကို ကြားတော့ ကြားတယ်။ အဲဒီတိုက်တွန်းမှုတွေအတိုင်း သူ့ခမျာ လုပ်လို့မရဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝမှာ ကောင်းမှုကုသိုလ် လုပ်ခဲ့ဖူးတာ တစ်ခါမှ မရှိဘူး။ ပြီးတော့ သူက ဘုရားရှိခိုးဖူးတာမဟုတ်တော့ ဗုဒ္ဓမြတ်စွာဘုရားကို ဘယ်လို အာရုံပြုရမှန်းမသိဘူး။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှု ဆိုတာကလည်းမရှိတော့ ဘယ်လိုကုသိုလ်မျိုးကို စဉ်းစားရမှန်း မသိဘူး ဖြစ်နေတယ်။

ဒီအချိန်မှာ ကိုကိုကြီးရဲ့ စိတ်တွေ ရှုပ်ထွေးနေပုံရတယ်။ အသက်ရှူတာတွေ မြန်လိုက်၊ နှေးလိုက်နဲ့ ဖြစ်နေပြီ။ သူ့ဘဝမှာ သူရှာခဲ့တဲ့ စည်းစိမ်တွေ၊ ငွေတွေဟာ သူနဲ့အတူတူ တည်မြဲနေမယ်လို့ သူက အသေတွက်ထားပုံရတယ်။

ကွေးသောလက် မဆန့်မီ မတည်မြဲဘူးဆိုတဲ့ သဘော တရားဟာ တစ်ချိန်ချိန်မှာ ရက်ရက်စက်စက် သူ့ဘဝကို ပြောင်းလဲပစ်လိုက်နိုင်တယ်ဆိုတာကို ကိုကိုကြီး နားမလည်နိုင် အောင် ဖြစ်နေတယ်။

ဒီသဘာဝတရားကို ခုလိုသေခါနီးကျမှ ကမန်း ကတန်း စဉ်းစားရတာက တစ်မျိုး၊ ကောင်းတာမလုပ်ခဲ့ဖူးတဲ့ ကိုကိုကြီးအဘို့ ဘေးနားက လျှောက်ပြောနေတာတွေကို အာရုံ ပြုလို့မရတာကတစ်မျိုးနဲ့ ဒုက္ခရောက်နေပြီ၊ ဒီနေရာမှာ တိုကိုကြီးအကြောင်းကို ရပ်ပြီး ကျွန်တော့်အကြောင်းကို ကျွန်တော်တွေးကြည့်တယ်။ ကိုကိုကြီးလို နောက်ဆုံးထွက်သက် ရောက်ခါနီးအချိန်မှာ ကျွန်တော်ဟာ ကိုကိုကြီးလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အလားတူပဲ ဒီအကြောင်းကိုဖတ်နေတဲ့ စာဖတ်ပရိသတ်တွေဟာလည်း ကိုကိုကြီးလို နောက်ဆုံးအချိန် မှာ ပြဿနာတက်နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အသိဟာ ကျွန်တော့်အတွေးထဲ ဝင်လာတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်စိတ်ပူတယ်။ စေတနာနဲ့ စိတ်ပူတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဓလေ့တစ်ခု ရှိတယ်။ လူတစ်ယောက် သေခါနီးပြီဆိုရင် သေတော့မယ့်လူ က“တောင်ပြော၊ မြောက်ပြော လျှောက်ပြောနေပြီဆိုရင် ကယောင်ချောက်ချားတွေဖြစ်နေပြီဆိုရင် ဘေးက အသက်ရှင် နေတဲ့လူတွေက လုပ်လေ့ လုပ်ကြတယ်။ ဘာလဲဆိုတော့ ဘုရားကို အာရုံပြုခိုင်းတာရယ် ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှ တွေကို ပြန်စဉ်းစားခိုင်းတာရယ်၊ ဒီလိုအခြေအနေဟာ အသုဘ ဖြစ်တဲ့နေရာတိုင်းမှာ၊ သေဆုံးဖူးတဲ့နေရာတိုင်းမှာ ဖြစ်လေ့ရှိတယ်။ စောစောက ကိုကိုကြီးကို ဘေးကလူတွေ ပြောကြတဲ့ အသံတွေကို ကြားဖူးကြမှာပဲ။ ပြောတဲ့လူကတော့ သေတော့မယ့် အခြေအနေမျိုးရောက်သွားရင် အသံတွေကို အာရုံပြုနိုင်ပါမလား၊ စဉ်းစားစရာ ကုသိုလ်ကောင်းမှု ရှိရဲ့လား။ သီလဆောက်တည်မှုတွေရှိရဲ့လား။ ဗုဒ္ဓတရားတော်အတိုင်း လိုက်နာခဲ့တာတွေ ရှိရဲ့လား၊ သေခြင်းတရား မတည်မြဲတဲ့တရားတွေကို တကယ်သိရဲ့လား။သိတဲ့အတိုင်းရော တကယ်ကျင့်နိုင်ခဲ့ကြရဲ့လား။

တကယ်တော့ အဲဒီကိစ္စတွေဟာ ထူးထူးဆန်းဆန်းတွေ မဟုတ်ပါဘူး။ လောကထဲမှာ ရှိခဲ့ပြီးသား ရှိနေဆဲ ရှိနေဦးမယ့် သဘာဝတရားတွေပဲ။

အဲဒီသဘာဝတရားတွေကို လူသားတွေက လက်ခံ နိုင်ဖို့ပဲ လိုတာပါ။

ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟာ ကျွန်တော်တို့ ဝေနေယျတွေအတွက် စေတနာအပြည့်နဲ့ ဒီသဘောတရားတွေကို ဘဝပေါင်းများစွာ ရှာဖွေပြီး ထားခဲ့တာ။

သေတော့မယ့် ကိုကိုကြီးကိုကြည့်ပြီး `ဗုဒ္ဓမြတ်စွာ ဘုရားဟောခဲ့တဲ့ တရားတော်တွေနဲ့ စစ်တမ်းထုတ်ကြည့် လိုက်ရင် လူသားတိုင်းဟာ အဖော်မပါဘဲ လောကထဲကို တစ်ယောက်တည်းရောက်လာခဲ့ကြတယ်။ ပြီးတော့အဖော် မပါဘဲ တစ်ယောက်တည်း လောကထဲကနေ ပြန်ထွက်သွား ကြရတာချည်းပါပဲ။

“ငါ”လို့ ပြောခဲ့တာတွေ၊ "ငါ့ဟာ”လို့ ယူဆခဲ့တာ တွေဟာ ကိုကိုကြီးနောက်ကို တစ်ခုမှ ပါသွားမှာ မဟုတ်ပါဘူး။ အဲဒီ မပိုင်ဆိုင်မှုတွေကြောင့် မတည်မြဲမှုတွေကြောင့်ဖြစ်ရတဲ့ ဒုက္ခတွေ ကျွန်တော် မြင်လာတယ်။ ကျွန်တော် မြင်သလို ကိုကိုကြီး မြင်နိုင်ပါ့မလား။

ကိုကိုကြီးလိုပဲ ဒီသဘာဝတရားတွေကို မသိဘဲနဲ့ လောကထဲကနေ ထွက်သွားကြတာ ဘယ်နှစ်ယောက်လဲ။ ကိုကိုကြီးဆိုရင် ဒါတွေ တစ်ခုမှ သိသွားမှာမဟုတ်ဘူး။ သူ့ ပိုက်ဆံတွေ၊ သူ့အိမ်တွေ၊ သူ့ရဲ့ ခန္ဓာကိုယ်ပြေပြစ်စွာ ဖွဲ့စည်း ထားမှုတွေကို သူမပိုင်ဘူး၊ သူပိုင်ဆိုင်တာ ဘာမှမရှိဘူးဆို တာကို သူသိသွားရဲ့လား။

ဘယ်ဥစ္စာမှ မတည်မြဲဘူးဆိုတဲ့ သဘာဝကို သူလက်ခံ သွားသလား။ တကယ်တော့လည်း မတည်မြဲခြင်းတို့၊ ဒုက္ခတို့၊ ကိုယ်နဲ့မဆိုင်မှုတို့ ငါဆိုတာ မရှိမှုဆိုတာတွေတာ အစကတည်းက ရှိပြီးသားသဘာဝတွေပါ။

အဲဒီ သဘာဝတွေကို ကျွန်တော်တို့ ဘယ်လို့ သဘောထားကြမလဲ။

⬛🟥

ကျော်ဟိန်း
၁၉၈၈၊ ဇန္နဝါရီလ

ကျော်ဟိန်း၏ ရောင်စုံအပိုင်းအစများ

စာစီစာရိုက် - Google Lens
-----------------------------------------
Shared by Heain Minn Zar

ပြန်လည်၍မျှဝေပါသည်။

04/05/2022
အာဠာဝကဘီလူးက မေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠာဝကသုတ္တန်)။(၁) လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။အဖြေ=သဒ္ဓါသည် အ...
03/05/2022

အာဠာဝကဘီလူးက မေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠာဝကသုတ္တန်)။

(၁) လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
(သဒ်ဓိဓ ဝိတ်တံ ပုရိသဿ သဌေံ)

(၂) လောကမှာ ဘာလုပ်ရင် ချမ်းသာမှာလဲ။
အဖြေ=ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
(ဓမ္မော သုစိဏ္ဏော သုခမာ၀ဟတိ)

(၃) လောကမှာ အကောင်းဆုံး အရသာက ဘာလဲ။
အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။
(သစ္စံ သာဓုတရံ ရသာနံ)

(၄) လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။
(ပညာဇီဝိ ံဇီဝိတ မာဟု သဌေံ)

(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
(သဒ်ဓါယ တရဟိ သွဃံ)

(၆) ကျယ်ပြောသော ဘဝြကီးကို ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။
(အပ်ပမာဒနေ အဏ်ဏဝံ)

(၇) ဆင်းရဲဒုက္ခကို ဘာနဲ့ ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ဝိရိယဖြင့် ဖယ်ရှားနိုင်မယ်။
(ဝီရိယနေ ဒုက်ခမစ်စတေိ)

(၈) စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာ ဆေးကြောရမယ်။
(ပညာယ ပရိသုဇျွတိ)

(၉) ပညာကို ဘယ်လို ရအောင် ယူရမှာလဲ။
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။
(သုဿုတသာ လဘတေ ပညံ)

(၁၀) ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ=လုံလဝီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
(ပတိရူပကာရီ ဓုရဝါ၊ ဥဌာတာ ဝိန္ဒတေ ဓနံ)

(၁၁) အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
(သစ်စနေ ကိတ်တိ ံ ပပ်ပေါတိ)

(၁၂) မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။
(ဒဒံ မိတ်တနိ ဂန်ထတိ)

(၁၃) ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။ အဖြေ=အမှန်တရား၊ အသိပညာ၊ လုံလဝီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။
(သစ္စံ ဓမ္မော ဓိတိ စာဂေါ)

အရှင်နန္ဒမာလာဘိဝံသ
ဘအရေး စိတ်အေးရလေအောင် တရားတော်မှ

အာဠာဝက ဘီလူးမင်း၏ ဘွဲ့ဖြူလက်နက်ဂါထာ

အာဠာဝကဿ ဒုဿာဝုဓနေု ၊
ယထာသဗဗှံဝ ဘိနဒှတိ။
တဿမဟာ နုဘာဝေန ၊
သဒါဟောတု ဇယောမမ ။

အာဠာဝကဿ = အာဠာဝကဘီလူးမင်း၏
ဒုဿာဝုဓေနု = ဘွဲ့ဖြူပုဆိုးလက်နက်ဖြင့်
သဗ္ဗံဝ = အလုံးစုံသော အရာဝတ္ထုအားလုံးကို
ဘိန္ဒတိယထာ = ကွဲပြိုပျက်စီးစေသကဲ့သို့
တဿမေ = ထိုငါ၏
မဟာနုဘာဝေန = ကြီးကျယ်မြင့်မြတ်အစွမ်းအာနုဘော်တို့ကြောင့်
သဒါ = စက္ကန့်မိနစ်မလစ် ဗီဇနာ ပြန်ခရာမျှ မှန်စွာမယိမ်း အခြင်းခပ်သိမ်း
မမ = ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးလီ စုံညီပြည့်ဝ သမူဟကြောင့် နာမသမုတ် အကျွန်ုပ်၏
ဇယော = ရန်ဟူသမျှကိုအောင်ခြင်းသည်
ဟောတု = မုချမသွေဖြစ်ပါစေသတည်း။

Phyo Thu

ဘယ်ဟာလဲ    ဆင်းရဲသားဘယ်ဟာလဲ    လူချမ်းသာဘယ်ဟာလဲ    ပညာတတ်ဘယ်ဟာလဲ    သူတောင်းစားအဲ့မှာ ရွေးကြည့်ပါအုံး ရွေးလေချမ်းသာလို့လ...
30/04/2022

ဘယ်ဟာလဲ ဆင်းရဲသား
ဘယ်ဟာလဲ လူချမ်းသာ
ဘယ်ဟာလဲ ပညာတတ်
ဘယ်ဟာလဲ သူတောင်းစား
အဲ့မှာ ရွေးကြည့်ပါအုံး ရွေးလေ

ချမ်းသာလို့လည်းမာန်မတက်နဲ့
ဟန်ချက်ပျက်ရင် မွဲတက်တယ်

နုပျိုလို့လည်း မာန်မတက်နဲ့
အိုတဲ့အခါ သိလိမ့်မယ်

ကျန်းမာလို့လည်း မာန်မတက်နဲ့
နာတဲ့အခါသိလိမ့်မယ်

ချမ်းသာဆင်းရဲ အလွှာကွဲလည်း
တစ်နေ့ သေရမှာမလွဲ

တလွဲမာန ထောင်လွှားစိတ်နဲ့
အသက်ရှင်ခိုက် မိုက်ခဲ့ကြလျင်
သေလျင် ငရဲ ဆင်းသက်မြဲမို့
ကိုယ်ပိုင်ဆိုင်တာ သိရမှာက
ကုသိုလ် အကုသိုလ် ဆိုတာ မမေ့ပါနဲ့။

30/04/2022
 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အ...
25/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

Address

Dedaye

Telephone

+959794455523

Website

Alerts

Be the first to know and let us send you an email when မရမ်းကျောင်းတိုက် MaYann Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to မရမ်းကျောင်းတိုက် MaYann Monastery:

Share