ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ《ညနေ》သန့်ရှင်းရေးအသင်း

  • Home
  • Myanmar
  • Dagon
  • ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ《ညနေ》သန့်ရှင်းရေးအသင်း

ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ《ညနေ》သန့်ရှင်းရေးအသင်း သန့်ရှင်းရေး နှင့် ဝေယျာဝစ္စ အသင်း

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြေ...
30/04/2026

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

16/04/2026
12.4.2026 တနင်္ဂနွေနေ့ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှ အသင်းသူ အသင်းသားများကို အာဟာရဒါနအဖြစ် ဥ...
12/04/2026

12.4.2026 တနင်္ဂနွေနေ့

ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှ အသင်းသူ အသင်းသားများကို အာဟာရဒါနအဖြစ် ဥက္ကဌ ဦးအောင်မြတ်မှ ရွှေရင်အေးတိုက်ကျွေးလှူဒါန်းပါသည်။

29.3.2026 တနင်္ဂနွေနေ့ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှ အသင်းသူ အသင်းသားများကို အာဟာရဒါနအဖြစ် ဥ...
01/04/2026

29.3.2026 တနင်္ဂနွေနေ့

ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှ အသင်းသူ အသင်းသားများကို အာဟာရဒါနအဖြစ် ဥက္ကဌ ဦးအောင်မြတ်မှ ကြက်သားကြာဇံကြော်ဖြင့် လှူဒါန်းကျွေးမွေးပါသည်။ လစဉ် ကိုယ်တိုက်ဆပ်ပြာတုံး (Family care) အလှူဒါနကို ဥက္ကဌ ဦးသက်နိုင်မှာ လှူဒါန်းပါသည်။

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲ နောက်ဆုံးရက် ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွ...
01/03/2026

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲ နောက်ဆုံးရက် ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှလှူဒါန်းပူဇော်ပါသည်။
၁.၃.၂၀၂၆ တနင်္ဂနွေနေ့

ယနေ့ အသင်းသူ အသင်းသားများကို အာဟာရဒါနအဖြစ် လားရှိုးခုနှစ်လွှာပေါက်ဆီ အလုံး ၁၂၀ နှင့် Alpine Vitamin C Drink ၁၂၀ ဗူး ကို ဥက္ကဌ ဦးအောင်မြတ်မှ လှူဒါန်းကျွေးမွေးပါသည်။

ကျွန်တော်တို့၏ ယခုကဲ့သို့ တနင်္ဂနွေ(ညနေ)သန်ရှင်းရေးအသင်းသား အသင်းသူများမှ ၁၀ ရက်တိုင်တိုင် ပဋ္ဌာန်းကန်တော့ပွဲများနှင့် ပဋ္ဌာန်းပန်းများကို လှူဒါန်းကြသော အလှူရှင်များနှင့် ဝေယျာဝစ္စကုသိုလ်ရှင်များအားလုံး၏ ကုသိုလ်ကောင်းမှူအစုစုကို လူရောနတ်ပါ ရှိရှိသမျှ သတ္တဝါအနန္တတို့အား ကျွန်ုပ်တို့က ဤနေရာမှ အမျှပေးဝေငှပါကုန်၏။

ကုသိုလ် အမျှ ... အမျှ ... အမျှ ...ယူတော်မူကြပါကုန်လော့

သာဓု ... သာဓု ... သာဓု ... 🙏🙏🙏

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၂၆၁၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်တွင် ဘုရားအမှူးထား၍ သံ...
01/03/2026

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၂၆၁၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်တွင် ဘုရားအမှူးထား၍ သံဃာတော် (၁၂၁) ပါး၊ သီလရှင် (၁၇) ပါး တို့အား ၁.၃.၂၀၂၆ တနင်္ဂနွေနေ့ညနေ ၄:၀၀ အချိန်တွင် ဆွမ်းဆန်တော်လောင်းလှူခြင်း အခန်းအနား၌ တနင်္ဂနွေ (ညနေ) သန့်ရှင်းရေးအသင်းက အသင်းသူ အသင်းသားများမှ ပါဝင်လောင်းလှူကုသိုလ်ယူခဲ့ကြပါသည်။

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် နဝမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(...
28/02/2026

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် နဝမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှလှူဒါန်းပူဇော်ပါသည်။

၂၈.၂.၂၀၂၆ ‌စ‌နေနေ့

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အဌမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(...
27/02/2026

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အဌမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှလှူဒါန်းပူဇော်ပါသည်။

၂၇.၂.၂၀၂၆ ‌သောကြာနေ့

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် သတ္တမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွ...
26/02/2026

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် သတ္တမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှလှူဒါန်းပူဇော်ပါသည်။

၂၆.၂.၂၀၂၆ ကြသပတေးနေ့

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆဌမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(...
25/02/2026

ရွှေတိဂုံစေတီတော်(၂၆၁၄)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆဌမနေ့ ပဋ္ဌာန်းပွဲနှင့်ပဋ္ဌာန်းပန်းလဲလှယ်ခြင်းအားတနင်္ဂနွေ(ညနေ)သန့်ရှင်းရေးအသင်းမှလှူဒါန်းပူဇော်ပါသည်။

၂၅.၂.၂၀၂၆ ဗုဒ္ဓဟူးနေ့

Address

#Shwe-Dagon-Pagoda Square
Dagon
1978

Alerts

Be the first to know and let us send you an email when ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ《ညနေ》သန့်ရှင်းရေးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေ《ညနေ》သန့်ရှင်းရေးအသင်း:

Share