မက်သဒစ်အသင်းတော်-အောက်မြန်မာပြည် The Methodist Church-Lower Myanmar

  • Home
  • Myanmar
  • Dagon
  • မက်သဒစ်အသင်းတော်-အောက်မြန်မာပြည် The Methodist Church-Lower Myanmar

မက်သဒစ်အသင်းတော်-အောက်မြန်မာပြည် The Methodist Church-Lower Myanmar Earn all you can
Save all you can
Give all you can

ချစ်ရတဲ့ မိတ်ဆွေများအားလုံး ယနေ့နေ့ရက်မှစ၍ နောင်လာမယ့် နေ့ရက်အစဉ်အဆက်တိုင်းမှာ ယေရှုခရစ်တော် ပေးသနားတော်မူသော ကျန်းမာခြင...
25/05/2026

ချစ်ရတဲ့ မိတ်ဆွေများအားလုံး ယနေ့နေ့ရက်မှစ၍ နောင်လာမယ့် နေ့ရက်အစဉ်အဆက်တိုင်းမှာ ယေရှုခရစ်တော် ပေးသနားတော်မူသော ကျန်းမာခြင်း၊ အသက်ရှည်ခြင်းနှင့်အတူ စစ်မှန်တဲ့ ငြိမ်သက်ခြင်း ကောင်းချီးမင်္ဂလာများ အပြည့်အဝ ခံစားရရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

#နေ့စဉ်ကျမ်းပိုဒ်

ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းမှာ ကိုယ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းတွေ ပြည့်နှက်နေပါစေ။   #နေ့စဉ်ကျမ်းပိုဒ်
24/05/2026

ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းမှာ ကိုယ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းတွေ ပြည့်နှက်နေပါစေ။

#နေ့စဉ်ကျမ်းပိုဒ်

Wesleyan Heritage Committee, Myanmar မှ ဦးစီးကျင်းပပြုလုပ်ခဲ့သည့် Aldersgate Day အခမ်းအနားကို ယနေ့ (၂၃.၅.၂၀၂၆) စနေနေ့ မွ...
23/05/2026

Wesleyan Heritage Committee, Myanmar မှ ဦးစီးကျင်းပပြုလုပ်ခဲ့သည့် Aldersgate Day အခမ်းအနားကို ယနေ့ (၂၃.၅.၂၀၂၆) စနေနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော်မှာ အနှစ်သာရရှိရှိနဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားမှာတော့ မက်သဒစ်မိသားစုဝင်များဖြစ်ကြတဲ့ -
👉 အထက်မြန်မာပြည်မက်သဒစ်အသင်းတော်များ
👉 အောက်မြန်မာပြည်မက်သဒစ်အသင်းတော်များ
👉 Evangelical မက်သဒစ်အသင်းတော် နှင့်
👉 လွတ်လပ်သော မက်သဒစ်အသင်းတော် တို့မှ ချစ်ခင်ရပါသော ဓမ္မဆရာများ၊ အသင်းသူ/အသင်းသားများအားလုံး တစ်စုတစ်ဝေးတည်း တက်ရောက်ကာ ဘုရားသခင်၏ ကျေးဇူးတော်ကို အတူတကွ ချီးမွမ်းကိုးကွယ်ခဲ့ကြပါတယ်။

ဓမ္မမိတ်ဆွေများအားလုံး ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဆုတောင်းခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနဲ့ ကြည်နူးစရာကောင်းလှတဲ့ အခမ်းအနားအမှတ်တရ ပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ 📸✨

"ထူးဆန်းသော နှလုံးသားနွေးထွေးမှုဖြင့် စတင်ခဲ့သည့်နေ့"မေလ ၂၄ ရက်နေ့ (သို့မဟုတ် ၎င်းနှင့်အနီးဆုံး တနင်္ဂနွေနေ့) သည် ဆရာကြီ...
23/05/2026

"ထူးဆန်းသော နှလုံးသားနွေးထွေးမှုဖြင့် စတင်ခဲ့သည့်နေ့"

မေလ ၂၄ ရက်နေ့ (သို့မဟုတ် ၎င်းနှင့်အနီးဆုံး တနင်္ဂနွေနေ့) သည် ဆရာကြီး ဂျွန်ဝက်စလီတစ်ယောက် အောဒါးစ်ဂိတ်လမ်းတွင် ကယ်တင်ခြင်းစိတ်ချမှု (Assurance of Salvation) ခံစားခဲ့ရသည့် "အောဒါးစ်ဂိတ်နေ့" ဖြစ်ပါသည်။

"ကျွန်ုပ်၏ နှလုံးသားထဲတွင် ထူးထူးဆန်းဆန်း နွေးထွေးမှုကို ခံစားခဲ့ရသည်" ဟူသော ဆရာကြီး၏ ဝိညာဉ်ရေးရာအတွေ့အကြုံကို အောက်မေ့သတိရရင်း—

ဓမ္မမိတ်ဆွေအပေါင်းတို့အနေဖြင့်လည်း ဝိညာဉ်ရေးရာ ပြုပြင်ပြောင်းလဲခြင်း အတွေ့အကြုံများနှင့်အတူ ဘုရားသခင်၏ မေတ္တာတော်ကို အစဉ်အမြဲ ခံစားသိရှိနိုင်ကြပါစေကြောင်း မျှဝေတိုက်တွန်းအပ်ပါသည်။

ဘဝမှာ တစ်ခါတလေ ကိုယ်တစ်ယောက်တည်း ထမ်းပိုးထားရလို့ ပင်ပန်းပြီး လေးလံနေတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါသလား?အရာအားလုံးကို အ...
23/05/2026

ဘဝမှာ တစ်ခါတလေ ကိုယ်တစ်ယောက်တည်း ထမ်းပိုးထားရလို့ ပင်ပန်းပြီး လေးလံနေတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါသလား?
အရာအားလုံးကို အကောင်းဆုံး လမ်းပြပေးမယ့် ယေရှုခရစ်တော်ထံမှာပဲ ယုံကြည်စိတ်ချစွာ ပုံအပ်လိုက်ပါ။ စစ်မှန်တဲ့ စိတ်သက်သာရာရခြင်းကို ခံစားရပါလိမ့်မယ်။

#နေ့စဉ်ကျမ်းပိုဒ်

ချစ်ရတဲ့ မိတ်ဆွေများအားလုံးယနေ့မှာ ကိုယ်စိတ်နှစ်ပါး ဖြောင့်မတ်ခြင်းနှင့်အတူ စစ်မှန်တဲ့ ငြိမ်သက်အေးချမ်းခြင်းကောင်းကြီးမင...
22/05/2026

ချစ်ရတဲ့ မိတ်ဆွေများအားလုံး
ယနေ့မှာ ကိုယ်စိတ်နှစ်ပါး ဖြောင့်မတ်ခြင်းနှင့်အတူ စစ်မှန်တဲ့ ငြိမ်သက်အေးချမ်းခြင်းကောင်းကြီးမင်္ဂလာကို ခံစားရရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

#နေ့စဉ်ကျမ်းပိုဒ်

Conference Christian Education Board ၏ စီစဉ်မှုဖြင့် "One Day Teachers Training" ဆရာဖြစ်သင်တန်းကို တယ်လဂူမက်သဒစ်အသင်းတော...
21/05/2026

Conference Christian Education Board ၏ စီစဉ်မှုဖြင့် "One Day Teachers Training" ဆရာဖြစ်သင်တန်းကို တယ်လဂူမက်သဒစ်အသင်းတော်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤသင်တန်းသို့ အသင်းတော်ပေါင်း (၁၃) ပါးမှ သင်တန်းသား/သူ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြပြီး၊ အဓိကသင်ကြားပြသသူအဖြစ် ဆရာမဒေါ်မာမာကြည် က ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ကလေးသူငယ်များကို မည်သို့ထိရောက်စွာ သင်ကြားရမည်ကို ဝေငှပေးခဲ့ပါသည်။

ထို့အပြင် သိက္ခာတော်ရဆရာမ နော်လေးပိုမှူး မှလည်း Sunday Schoolသီချင်းများကို စိတ်အားထက်သန်စွာဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။

တက်ရောက်လာကြသော ဆရာ၊ ဆရာမများအားလုံး မိမိတို့အသင်းတော်အသီးသီးတွင် အသုံးတော်ခံမည့် ဘုရားသခင်၏ လက်နက်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဝိညာဉ်တော်ဘုရား၏ လမ်းပြမှုအောက်တွင် စစ်မှန်သော အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းကို ခံယူကြပါစို့။ ကိုယ်တော်ရှင်၏ အလင်းတော...
21/05/2026

ဝိညာဉ်တော်ဘုရား၏ လမ်းပြမှုအောက်တွင် စစ်မှန်သော အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းကို ခံယူကြပါစို့။

ကိုယ်တော်ရှင်၏ အလင်းတော်နှင့် ကောင်းကြီးမင်္ဂလာများ သင့်နှလုံးသားထဲ၌ ပြည့်လျှံနေမယ့် နေ့သစ်လေး ဖြစ်ပါစေ။

#နေ့စဉ်ကျမ်းပိုဒ်

ဘုရားသခင်၏ လမ်းပြမှုအောက်တွင် မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေ။   #နေ့စဉ်ကျမ်းပိုဒ်
20/05/2026

ဘုရားသခင်၏ လမ်းပြမှုအောက်တွင် မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေ။

#နေ့စဉ်ကျမ်းပိုဒ်

ငြိမ်းချမ်းခြင်းနှင့် ကောင်းကြီးမင်္ဂလာများ အစဉ်ပြည့်ဝသော နေ့သစ်လေး ဖြစ်ပါစေ။   #နေ့စဉ်ကျမ်းပိုဒ်
19/05/2026

ငြိမ်းချမ်းခြင်းနှင့် ကောင်းကြီးမင်္ဂလာများ အစဉ်ပြည့်ဝသော နေ့သစ်လေး ဖြစ်ပါစေ။

#နေ့စဉ်ကျမ်းပိုဒ်

လောကကြီးမှာ ဘာတွေပဲပြောင်းလဲသွားပါစေ၊ ကျွန်ုပ်တို့အပေါ်ထားတဲ့ ကိုယ်တော်ရှင်၏ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းကတော့ ဘယ်တော့မှ မ...
18/05/2026

လောကကြီးမှာ ဘာတွေပဲပြောင်းလဲသွားပါစေ၊ ကျွန်ုပ်တို့အပေါ်ထားတဲ့ ကိုယ်တော်ရှင်၏ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းကတော့ ဘယ်တော့မှ မပြောင်းလဲဘဲ ခိုင်ခံ့မြဲမြံနေမှာပါ။

စိတ်ချလုံခြုံမှုအပြည့်နဲ့ နေ့သစ်ကို ခွန်အားရှိရှိ စတင်လိုက်ပါ။ 🙏✨

#နေ့စဉ်ကျမ်းပိုဒ်

Address

Myoma Kyaung Road
Dagon

Telephone

09254046318

Website

Alerts

Be the first to know and let us send you an email when မက်သဒစ်အသင်းတော်-အောက်မြန်မာပြည် The Methodist Church-Lower Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to မက်သဒစ်အသင်းတော်-အောက်မြန်မာပြည် The Methodist Church-Lower Myanmar:

Share