Bago Reformed Baptist Church

Bago Reformed Baptist Church အတူတကွချီးမွမ်းကိုးကွယ်ကြရအောင်

02/07/2021

၂ ရာ​ချုပ် 16:9 ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။

To God be the glory
22/02/2021

To God be the glory

14/01/2021

ဆာ​လံ 119:44 ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။

Na phunglam cu ka zulh zungzal lai, zungzal in zungzal tiang ka zulh lai.

. I will always obey Your Law, forever and ever.

02/01/2021

Kannih nih kan i zohchihmi cu hmuh khawhmi thil hi si loin hmuh khawh lomi thil khi an si. Hmuh khawhmi thil cu caan tawite lawng a nguh, sihmanhsehlaw hmuh khawh lomi thil cu zungzal in a hmun. 2 Korin 4:18

အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

We do not look at the things that can be seen. We look at the things that cannot be seen. The things that can be seen will come to an end. But the things that cannot be seen will last forever. 2Cor 4:18

14/12/2020

A Prayer for Joy

Jesus, thank You for becoming Immanuel, “God with us.” It’s because of You that I can experience true joy.

I admit that it can sometimes feel hard to be joyful in the middle of a busy or difficult holiday season. But when the cares of my heart are many, Your comfort gives me renewed hope and cheer.

So today, I choose to take refuge in You and rejoice. I will sing for joy because You are my strength and my salvation. In Your presence there is fullness of joy! And because of Your humble arrival over 2,000 years ago, I am now able to experience the joy of Your presence forever. Thank You.

တမန်တော်ဝတ္ထု 3:20 သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို...
10/12/2020

တမန်တော်ဝတ္ထု 3:20 သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

09/12/2020

နောက် တ ဖန် သူ တို့ ၏ တပ် မက် ခြင်း တ ရား ကို မ ကျင့်၊ ဘု ရား သ ခင် ၏ အ လို တော် အ တိုင်း ကျင့် လျက်၊ ကိုယ် ခန္ဓာ အ သက် အ ပိုင်း အ ခြား ကျန် ရစ် သော ကာ လ ကို လွန် စေ တတ် ၏။(၁ ပေ 4:2 ယုဒသန်)

2.Cucaah atu thawk in, hi vawlei cung i nan nun chung cu, minung duhnak kha si ti loin Pathian duhnak tu kha i ukter cang u.

As a result, they do not live the rest of their earthly lives for evil human desires, but rather for the will of God. (1 Peter 4:2 NIV)

28/11/2020

လူ အ များ တို့ သည် သန့် ရှင်း ဖြူ စင် ခြင်း သို့ ရောက် ၍ စုံ စမ်း ခြင်း ကို ခံ ရ ကြ လိမ့် မည်။ မ တ ရား သော သူ တို့ သည် မ တ ရား သ ဖြင့် ပြု ၍ တ ယောက် မျှ နား မ လည် ရ။ ပ ညာ ရှိ သော သူ တို့ မူ ကား၊ နား လည် ကြ လိမ့် မည်။(ဒံ​ယေ​လ 12:10 )
Mi tampi cu an i thianh lai i an thiang lai, vaar virver in an um lai, sihmanhsehlaw miṭhalo hna nih cun an hngal lai lo i ṭhat lonak kha an tuah lengmang ko lai, hruaitu fim hna lawng nih khan an hngalh lai.

Many will be purified, made spotless and refined, but the wicked will continue to be wicked. None of the wicked will understand, but those who are wise will understand. (Daniel 12:10 NIV)

27/11/2020

ဆာ​လံ 106:1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

17/10/2020

သမ္မာကျမ်းစာကို လေ့လာကြတဲ့အခါမှာ ဝိညာဉ်တော်ဘုရားက လမ်းပြသွန်သင်ဦးဆောင်ဖို့ရန် ဆုတောင်းခြင်းနဲ့စတင်ကာ

ရွေးချယ်ထားတဲ့ ကျမ်းချက်ကို

၁) အကြိမ်ကြိမ်ဖတ်၊ ခဏခဏဖတ်။ ဘာကို ပြောနေသလဲဆိုတာကို သိလာတဲ့အထိဖတ်။ (ဘာကို ဆိုလိုသလဲ) ဆိုတာကို မတွေးနဲ့အုံး။ အဲဒီအဆင့်ကနေ စရင် မှားနိုင်ချေ အတော်များပါတယ်။ ကိုယ့်မှာရှိထားတဲ့ ထင်မြင်ယူဆချက်တွေကို ဘေးချိတ်ထားအုံး။ ရွေးချယ်ထားတဲ့ ကျမ်းချက်ကိုပဲ ဖတ်ပါ ... အကြိမ်ကြိမ် ဖတ်ပါ။ အဲဒီလို ဖတ်တဲ့အခါမှာ အကြောင်းအရာ မပြည့်စုံသလိုရှိသေးတယ်ဆိုရင် ထိုကျမ်းချက်ရဲ့ ရှေ့ကကျမ်းချက်တွေ သို့မဟုတ် နောက်က ကျမ်းချက်တွေကိုလည်း ဆက်စပ်ဖတ်ပါ။ (မှတ်ချက် - မူရင်းကျမ်းရေးသားခဲ့စဉ်က အခန်းကြီးအခန်းငယ်တွေ မရှိဘူးဆိုတာကို သတိပြုစေချင်ပါတယ်။)

၂) ရွေးချယ်ထားတဲ့ ကျမ်းချက်ရဲ့ ရှေ့နောက်အကြောင်းအရာ (context) ကို ကြည့်၊၊ လေ့လာ။ နောက်တစ်ခေါက် အဲဒီ ရှေ့နောက်အကြောင်းအရာ (Context) ကိုပဲ ပြန်ကြည့်။ အဲဒီ Context မှာ သမိုင်းနောက်ခံ၊ စာပေနောက်ခံ၊ ယဉ်ကျေးမှုနောက်ခံတွေ ရှိပါတယ်။ ကျမ်းစာသိဖို့ကို အဲဒါတွေက အစလေ့လာရမှာလား၊ မလွယ်ပါ့လားလို့ ပြောပြီး နောက်လှည့်မသွားလိုက်ပါနဲ့။ (ကျမ်းစာကို လေ့လာဖို့ ပေးလိုက်ရတဲ့ အဖိုးအခက နောက်လှည့်သွားလို့ ရလာမယ့် အကျိုးရလဒ်ထက် ပိုတန်ပါတယ်။) လိုအပ်တဲ့ သမိုင်းနောက်ခံ၊ စာပေနောက်ခံနဲ့ ယဉ်ကျေးမှုနောက်ခံတွ အားလုံးက သင်လေ့လာချင်နေတဲ့ ကျမ်းစာထဲမှာ အစုံအလင်ရှိနှင့်ပြီးသားပါပဲ။ သေသေချာချာဖတ်၊ လေ့လာမှတ်ယူဖို့တော့ လိုမယ်ပေါ့။ အဲဒါတွေကို လုံးဝ မလွတ်စေနဲ့။ အကြောင်းအရာတိုင်းက အကြောင်းအရင်းရှိတယ်။ (ဟိုလူပြော/ဒီလူပြော ဆိုတာတွေကို ခဏဘေးဘယ်ထား။ ကျမ်းစာက ဘာပြောသလဲ ဆိုတာကို အကျိုးအကြောင်း ကိုက်ညီစွာ နားလည်လာရန်သာ အရင်ကြိုးစား။ ကျမ်းစာလေ့လာတဲ့အခါမှာ Bias [ဘက်လိုက်တာမျိုး] မရှိရဘူး။)

၃) စကားလုံးတစ်လုံးစီတိုင်း (Every Word of the Bible is inspired) ကို ဘုရားသခင် မှုတ်သွင်းတော်မူထားတဲ့အတွက် တစ်ချို့စကားလုံးလေးတွေတော့ကို မူရင်းဘာသာစကားအရ လေ့လာရတဲ့အခါရှိမယ်။ အဲလို ပြောတဲ့အခါမှာ ကျမ်းစာဘာသာပြန် အားနည်းချက်တွေကြောင့် မဟုတ်ဘဲ ဘာသာစကားတွေရဲ့မတူညီတဲ့ လက္ခဏာတွေ/အကန့်အသတ်တွေကြောင့် ဖြစ်ပါတယ်။ (လေ့လာဖို့ကတော့ မများသလို၊ online မှာ အလွယ်တကူ လေ့လာနေနိုင်ပါပြီ - ကျမ်းပညာရှင်များစွာ online မှာ အခမဲ့ တင်ထားတာတွေရှိနေပါပြီ။ သို့သော် ကိုယ်လေ့လာတဲ့ ကျမ်းပညာရှင် နဲ့ သူ့ယုံကြည်ခံယူချက်တွေကိုလည်း သတိထားဖို့တော့ လိုပါမယ်)။

၄) ဒါပြီးရင်တော့ ဆက်စပ်ကျမ်းညွှန်းတွေကို ကြည့်ပါ။ သမ္မာကျမ်းစာက လုံးဝ ဆန့်ကျင်ဘက် ရှိမနေတဲ့အတွက် အဲဒီလို ဆက်စပ်ကျမ်းညွှန်းတွေကို လေ့လာခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဖြစ်တည်ခြင်း၊ သွန်သင်ခြင်း နဲ့ အလိုတော်တွေကို ရှင်းလင်းပျက်သားစွာ မြင်တွေ့လာရမှာ ဖြစ်တယ်။ ကျမ်းစာရဲ့ စည်းလုံးညီညွှတ်မှုကို မြင်တွေ့လာလိမ့်မယ်။ ကျမ်းအုပ်တစ်ခုလုံးက ဆက်စပ်ကိုက်ညီစွာ ဘုရားသခင်ရဲ့ မှုတ်သွင်းတော်မူခြင်းနဲ့အညီ တည်ဆောက်ထားတယ်ဆိုတာကို သင် သတိပြုလာပါလိမ့်မယ်။ ၂တိ ၃း၁၆-၁၇ "ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။"

မှတ်ချက် - မသိတာ/မရှင်းတာရှိရင် မှတ်ထားပါ (မှတ်စုစာအုပ် သို့မဟုတ် မိတ်ဆွေ၏ ကျမ်းစာအပေါ်တွင် အမှတ်အသားပြုရန် အကြံပြုလိုပါသည်)။ ရှာဖွေတွေ့ရှိမှုများရှိပါကလည်း မှတ်ပါ၊ မျှဝေပါ။

၅) အထက်ပါအရာတွေကို သေချာလေ့လာပြီးမှ ကိုယ်လေ့လာနေတဲ့ ကျမ်းချက်ကို အနက်ဖွင့်ပါ။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ တစ်အုပ်တည်းကို ဆွဲကိုင်နေပါလျက်နဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေရတဲ့ အကြောင်းအရင်းက ကျမ်းစာအပေါ်မှာ အနက်ဖွင့်ခြင်း ကွဲလွဲ သွားလို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမြင်တွေ/ခံယူချက်တွေနဲ့ ကိုက်ညီမှုရှိအောင်လို့ ကျမ်းစာကို အနက်မဖွင့်မိစေရန် သတိပြုပါ။ ကိုယ့်ရဲ့ အမြင်တွေ/ခံယူချက်တွေက ကျမ်းစာရဲ့ သွန်သင်ချက်တွေနဲ့ ကိုက်ညီနေဖို့ကို အနက်ဖွင့်တဲ့အခါမှာ သတိပြုပါ။ (Let the Bible interpret the Bible) ကျမ်းစာကိုယ်၌က ကျမ်းစာကို အနက်ဖွင့်ပါစေ ဆိုတဲ့ စည်းမျဉ်းက အကောင်းဆုံး နဲ့ အလုံခြုံဆုံးပါပဲ။

၆) ကျမ်းစာက ဘာကိုပြောသလဲဆိုတာ သိပြီ၊ ယနေ့ခေတ်အတွက် ဘာကို ဆိုလိုသလဲ ဆိုတာကိုလည်း နားလည်ပြီဆိုရင်တော့ နာခံလိုက်လျှောက်ပါ။ နာခံခြင်းမရှိရင် ကြိုးစားလေ့လာသမျှဟာ အနတ္တသက်သက်ပါပဲ။ ဘုရားသခင်ရဲ့ စကားတော်မြတ်အတိုင်း နာခံလိုက်လျှောက်သွားမယ်ဆိုရင် ငြိမ်သက်ဝမ်းမြောက်ခြင်းတွေကို ခံစားရမှာဖြစ်သလို၊ အတိုက်အခံတွေ ကြုံလာရင်လည်း (ကြုံတွေ့ရမှာသေချာပါတယ် - လောကလမ်းစဉ်က အမြဲတိုက်ခိုက်နေပါတယ်) စိတ်ချမှု၊ ရဲရင့်မှုတွေကို အပြည့်အဝ ရရှိစေမှာ ဖြစ်တယ်။ ဟိုအဖွဲ့ စည်းက ဒီလိုပြောတယ်၊ ဒီအဖွဲ့အစည်းက ဒီလို၊ ကျွန်တော်က ဒီလို သဘောပေါက်ခံယူတယ် ဆိုတာမျိုး မဟုတ်တော့ဘဲ ကျမ်းစာက ဒီလိုပြောတယ် ဆိုတာမျိုး ဖြစ်နေရမယ်။ ဘက်လိုက်ယိုင်နေတာမျိုး (Bias) မရှိတော့ဘဲ ကျမ်းစာကို အခြေပြုတဲ့ (based) တဲ့သူ ဖြစ်ရမယ်။ ကျွန်တော်တို့မှာ အရာရာတိုင်းထက် သာ၍မြဲမြန်သော အနာဂတ္တိစကား ရှိနေနှင့်ပြီမဟုတ်လား။ ထိုကျမ်းစာကို အမှီပြုလျက် သခင်ပြန်လာသည့် နေ့ရက်တိုင်အောင် လိုက်လျှောက်အသက်ရှင်ကြပါစို့။ (မှတ်ချက် - လိုက်လျှောက်ကျင့်သုံးတဲ့နေရာမှာတော့ တစ်ယောက်နဲ့ တစ်ယောက် တူကြမှာမဟုတ်ဘူး ဆိုတာကိုတော့ သတိပြုပါ။)

"ထိုမှတပါး၊ သာ၍မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။ ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။" (၂ပေ၊၁း၁၉-၂၁)

ကျမ်းစာဖတ်ရွက်လေ့လာခြင်းနဲ့ပတ်သက်လို့ ယုံကြည်သူတိုင်းကို တိုက်တွန်းခွန်အားပေးရမှာ ဖြစ်သလို၊ အထူးသဖြင့် အမှုတော်ဆောင်/သင်းအုပ်ဆရာတွေအတွက်ဆိုရင်တော့ သမ္မာကျမ်းစာလေ့လာပြင်ဆင်ခြင်းဆိုတာက မြင့်မြတ်သောအခွင့်အထူးဖြစ်သလို စိန်ခေါ်မှုကြီးတဲ့ တာဝန်ဝတ္တရားရှိနေပါတယ်။
ကိုယ့်ကို ဘုရားသခင်ပေးအပ်ထားတဲ့ သိုးစုတွေကို အသက်ရှင်ရုံမဟုတ်ဘူး ကြီးထွားလာကြစေရန် အစာဝအောင် (မှန်ကန်တဲ့ အစားအစာ - အဆိပ်အတောက်ကင်းတဲ့ အစားအစာ) ကျွေးဖို့ရယ်၊ မှားယွင်းတဲ့ သြဝါဒသွန်သင်ချက်တွေကနေ ကာကွယ်ဖို့ တာဝန်ရှိနေပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် (အလိုတော်) အကုန်အစင် ဟောပြောပေးရမှာဖြစ်တယ်။ ဒါကြောင့် အမှုတော် (သင်းအုပ်ဆရာ) ဆိုတာက အချိန်တန်ရင် ပလ္လင်ပေါ်တက် အာလူးဖုတ်၊ ဗဟုသုတလောက်ပဲပြောပြီး - လူမှုရေး (Social Gospel) ပဲ လုပ်နေလို့ မရပါဘူး။ သိုးစုတွေကို စကားလုံးတွေနဲ့ ချုပ်ဖို့မဟုတ်ပါဘူး သို့မဟုတ် ဖားယားနေဖို့ မဟုတ်ပါဘူး။ သမ္မာတရားနဲ့အညီ အပြစ်ကနေ လွတ်မြောက်ခွင့် နဲ့ လောကကို ရင်ဆိုင်ကျော်ဖြတ်နိုင်မဲ့ နှုတ်ကပတ်တော်တရား အကုန်အစင်ကို ပေးရမှာဖြစ်ပါတယ်။

အမှုတော်ဆောင်တွေ မပျင်းပါနဲ့။
ကျမ်းစာကို ဖတ်ပါ။ လေ့လာပါ။ ဇွဲထားပါ။
သိုးစုတွေကို မှန်ကန်စွာ သမ္မာတရားအား ပိုင်းခြားလျက် ဦးဆောင်နိုင်သောသူ ဖြစ်ဖို့ ပန်းတိုင်ထား ဆက်ကပ်ပါ။
သိုးထိန်းကြီးနဲ့ တွေ့တဲ့တစ်နေ့ သာဓု သစ္စာရှိသော ငယ်သားကောင်းဟု အသိအမှတ်ပြု ခံရစေဖို့ ဆက်ကပ်ကြပါစို့။

"သမ္မာကျမ်းစာသည် မှန်ကန်ကြောင်းNASAမှအတည်ပြု"နေ၊လ၊ကြယ်၊စကြာဝဋ္ဌာ၊အာကာသဂြိုဟ်တုဆိုင်ရာများနှင်.လေယာဉ်များပို၍လျှင်မြန်လုံ...
01/10/2020

"သမ္မာကျမ်းစာသည် မှန်ကန်ကြောင်းNASAမှအတည်ပြု"

နေ၊လ၊ကြယ်၊စကြာဝဋ္ဌာ၊အာကာသဂြိုဟ်တုဆိုင်ရာများနှင်.လေယာဉ်များ
ပို၍လျှင်မြန်လုံခြုံစွာပျံသန်းနိုင်ရေးကျွမ်းကျင်ပညာ
ရှင်(၁၈၀၀၀)ဖြင်.ဖွဲ.စည်းပြီး 1958တွင်USA ၌တည်ထောင်သည်.သိပံ္ပဆိုင်ရာကမ္ဘာ.
အကြီးဆုံးသော အဖွဲ.စည်းဖြစ်သည်. NASA မှ လွန်ခဲ.သောနှစ်(၁၀၀ မှ ၁၀၀၀)အတွင်း
ဂြိုဟ်တု၊စကြာဝဋ္ဌာ ပျံသန်းမှု အား ခေတ်မှီနည်းစနစ်ဖြင်.တွက်ချက်သည်.အခါတိုင်း မူလလမ်းကြောင်းတွင်ပုံမှန်ပျံသန်းသည်ကိုတွေ.
ရသော်လည်း၁ရက်(၂၄နာရီ)တိတိပျောက်ဆုံး
နေခြင်းကို ဖြေရှင်းအဖြေရှာ၍မရခဲ.ပေ။

သို.ရာတွင် သူတို.အဖွဲ.မှယုံကြည်သူတစ်ဦး၏ငယ်စဉ်
ဘုရားကျောင်း Sunday School တွင် သင်ပေးခဲ့ဖူးသည့်ယောရှုမင်း ဆုတောင်း၍
နေ၊လ၊တရက်မသွားပဲ ရပ်ခဲ့ကြောင်းကို ပြန်လည်သတ်ိရ၍သမ္မာကျမ်းအား ရှာဖွေသည်.အခါ ယောရှုသည် ဝိုင်းရံနေသောရန်သူများအား အောင်မြင်မှု
မရမချင်း နေ မဝင်ဖို.ဆုတောင်းသည်.အခါ နေ၊လ၊ကြယ်များ ရပ်ခဲ.ကြောင်း

“ယောရှူ့မှတ်စာ {၁၀း၈-၁၃}”၌တွေ.ရလေသည်
>>"မိုဃ်းကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ထာဝရဘုရားသည်လူစကားကိုနားထောင်၍၊ထိုသို့သောနေ့ တနေ့မျှ မဖြစ်စဖူး။ နောက်တဖန်လည်းမဖြစ်”

Address

6/183 Anawrahta Road, Oakthar Myothit
Bago

Telephone

+95943125506

Website

Alerts

Be the first to know and let us send you an email when Bago Reformed Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Bago Reformed Baptist Church:

Share