Mahabodhi Htoo Tawya Monastery

Mahabodhi Htoo Tawya Monastery Dāna (Generosity): The practice of giving. Merit-Making: Offering to create wholesome karma. Dhamma/Dharma: Supporting the teaching. Metta: Loving-kindness.

Sangha: Supporting the monastic community.

ဆရာတော်၏ တပည့်တွေက များပါတယ်ခင်ဗျာ။ တစ်လဆို ဘယ်လောက်လှူရမယ်သတ်မှတ်ချက်မရှိလို့ မုန့်ဖိုးလောက်လှူမယ်ဆို လူများတော့ လစဉ် တ...
20/04/2026

ဆရာတော်၏ တပည့်တွေက များပါတယ်ခင်ဗျာ။ တစ်လဆို ဘယ်လောက်လှူရမယ်သတ်မှတ်ချက်မရှိလို့ မုန့်ဖိုးလောက်လှူမယ်ဆို လူများတော့ လစဉ် တတ်နိုင်သလောက်ပါဝင်လှူဒါန်းကြဖို့ နှိုးဆော်ပါတယ်ခင်ဗျာ။

ဒီနေ့ညမှာပဲ ကျွန်တော်တို့ Messenger Group မှာဆွေနွေးတိုင်ပင်ပြီး စာရင်းကိုင်ရန်အတွက် မောင်ထက်မြတ် Htet Myat မှ လုပ်အားဒါနအနေဖြင့် ကူညီပေးသွားမှာပါခင်ဗျ။ဝတ္ထုငွေထိန်းသိန်းစောင့်ရှောက်ရန်အတွက် ဆရာကြီး ကိုမောင်မောင်ဝင်း မှ Tamar Land မှ တာဝန်ယူထိန်းသိမ်းပေးမှာဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ အနှေးနဲ့အမြန်ဆိုသလို ဆရာတော်ဘုရားကြီး၏ မဟာဗောဓိထူးတောရကျောင်းတိုက်အတွင်းတွင် လိုအပ်သော နေရာများတွင် လှူဒါန်းနိုင်ရန်ဖြစ်ပါတယ်...ယခုလာမည့် May ၁ရက်နေ့မှစပြီး ဆရာတော်၏ တပည့်များနှင့်အတူ အနယ်နယ်အရပ်ရပ်မှ စေတနာ သဒ္ဓါတရားထက်သန်သူ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်အပ်ပါသည်။

#မဟာဗောဓိထူးတောရကျောင်း
#ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
#ကျောင်းသားကျောင်းသူများအဖွဲ့
#မြန်မာပြည်ကြီးအေးချမ်းပါစေ

19/04/2026

"မဟာဗောဓိထူးတောရကျောင်း''

ဆရာတော်၏ တပည့်များအားလုံးခင်ဗျာ
~~~~~~~~~~~~~
မဟာဗောဓိထူး တောရကျောင်းအတွက် လိုအပ်သော နေရာများတွင် သုံးစွဲရန် နဝကမ္မငွေ လစဉ်စုပြီး သဒ္ဓါတရား‌နည်းများမဆို လှူဒါန်းနိုင်ရန်အတွက် ယခုလို Page လေးထောင်လိုက်ရခြင်းဖြစ်ပါတယ်။

ထည့်ဝင်လှူဒါန်းကြမည့် ဝတ္ထုငွေများကို ထိန်းသိမ်းစောင်ရှောက်ရန်နှင့် စာရင်းကိုင််ရန်တတ်ကြွစွာ လုပ်ကိုင်နိုင်သူများကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ပေးရန် တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ ကျောင်းမှာ လိုအပ်တာတွေကတော့ များပါတယ် ပထမဦးစားပေး အနေနဲ့ ဆရာတော်သီတင်းသုံးနေသော ကျောင်း‌ဆောင် သည် ယခုအခါ နွေရာသီဖြစ်၍ ပူပြင်းတာကြောင့် သီတင်းသုံးနေထိုင်ရန် အဆင်မပြေသည့်အတွက် မျက်နှာကျက် တပ်ဆင်ရန် ရည်ရွယ်ထားပါသည်။
သို့ဖြစ်ပါ၍ ဆရာတော်၏တပည့်များအားလုံး သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ရန်အတွက် နိဗ္ဗာန်အကျိုးမျှော် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

#မဟာဗောဓိထူးတောရကျောင်း
#ကျောင်းသားကျောင်းသူများအဖွဲ့
#ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
#မြန်မာပြည်ကြီးအေးချမ်းပါစေ🇲🇲🇲🇲🇲🇲

ဆရာကျင့်ဝတ် (၅)ပါးအတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။ဆရာတော်...
19/04/2026

ဆရာကျင့်ဝတ် (၅)ပါး

အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊
ဘေးရန် ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။

ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကို ကြည်ညိုလေးစားလျှက်🙏🙏🙏

#မဟာဗောဓိထူးတောရကျောင်း
#ကျောင်းသားကျောင်းသူများအဖွဲ့
#ဗုဒ္ဓသာသနံစိရံတိဋ္ဌတု

19/04/2026

ဤ page သည် စစ်ကိုင်းတိုင်းဒေသကြီး ၊အရာတော်မြို့နယ်၊လိန်လှအုပ်စု ၊ဆည်ကြီး -ဘော်ကုန်းကျေးရွာတွင်ရှိသော မဟာဗောဓိထူးတောရကျောင်းအတွက် ဆွမ်း၊သက်န်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးတို့ကို လှူဒါန်းကုသိုလ်ပြူနိုင်ရန်အလို့ငှာ မဟာဗောဓိထူးတောရကျောင်းဆရာတော်ဘုရားကြီး၏ တပည့်များအတွက် ရည်ရွယ်၍ တည်ထောင်ထားသော Page ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆရာကြီး ကိုမောင်မောင်ဝင်းနှင့်တိုင်ပင်ကာ Messenger Group,page ဖွဲစည်း၍ ကျောင်းအတွက် လိုအပ်သော ပစ္စည်းလေးပါးကို အတူတကွ ပါဝင်လှူဒါန်းနိုင်ရန်ဖြစ်ပါသည်။

ဆရာတော်၏ တပည့်များအားလုံးကိုလည်း ဤpage မှာ ဖော်ဖော်ရွေရွေ လေးလေးစားစား ဖိတ်ခေါ်ပြီး နောက် post တွေမှာလည်း ဆရာကြီး ၏ အစီအစဥ်တွေနဲ့အတူ ကျောင်းသူ/သားတွေ Messenger Group မှာ ဆွေးနွေးထားသော အရေးကြီးအကြောင်းအရာများ ဆက်လတ် တင်ပြသွားမှာဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။🙏🙏🙏

#ဗုဒ္ဓသာသနံစိရံတိဋ္ဌတု🙏🙏🙏
#မဟာဗောဓိထူးတောရကျောင်း
#စစ်ကိုင်းတိုင်
#ကျောင်းသားကျောင်းသူများအဖွဲ့

19/04/2026

မဟာဗောဓိထူးတောရကျောင်း
ဆရာတော်ဘုရားရဲ့ 54 နှစ်ပြည့် ဝိဇာတမွေးနေ့
မဂ်လာ🙏🙏🙏

ဆရာတော်
ဘေးရန် ကင်းပါစေ🙏
စိတ်ဆင်းရဲ ကင်းပါစေ🙏
ကိုယ်ဆင်းရဲ ကင်းပါစေ🙏
ကျမ္မာ ချမ်းသာစွာဖြင့်
ခန္ဓာ့ဝန် သာသနာ့ဝန်ကို
လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ🙏

#စစ်ကိုင်းတိုင်
#အရာတော်မြို့နယ်
#ဆည်ကြီး-ဘော်ကုန်းကျေးရွာ
#မဟာဗောဓိထူးတောရကျောင်း🙏🙏🙏🇲🇲

Address

Ayadaw

Website

Alerts

Be the first to know and let us send you an email when Mahabodhi Htoo Tawya Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share