SSKBMS- Youth Association

SSKBMS- Youth Association God is Love

၂၀၂၅ အသင်းချုပ်လူငယ်- ပြက္ခဒိန်ထွက်ရှိပါပြီ။
02/09/2024

၂၀၂၅ အသင်းချုပ်လူငယ်- ပြက္ခဒိန်ထွက်ရှိပါပြီ။

လောကကိုအောင်ခြင်း    ယုံကြည်ခြင်းဖြင့် လောကကိုအောင်ခြင်း    ၁ယော၅း၄ ဘုရားသခင်၏သားဖြစ်သောသူမည် သည်ကား၊လောကကိုအောင်တတ်၏။လေ...
06/02/2024

လောကကိုအောင်ခြင်း

ယုံကြည်ခြင်းဖြင့် လောကကိုအောင်ခြင်း
၁ယော၅း၄ ဘုရားသခင်၏သားဖြစ်သောသူမည် သည်ကား၊လောကကိုအောင်တတ်၏။လောကကိုအောင်ခြင်းအကြောင်းမူကား၊ငါတို့၏ယုံကြည်ခြင်းပေတည်း။
ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့သည်မီးကို၎င်း ဒံယေလသည်ခြသေ့်တို့ကို၎င်း၊နောဧသည်ဖျက်စီးတတ်သောရေဘေးမှ၎င်း၊ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခဲ့ကြသည်။

(၁)။ဘုရားသားဖြစ်ခြင်း
ယော၁း၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ဘု ရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ ၏။
ယေရှုခရစ်တော်ကိုယုံကြည်သောသူသည်ဘုရား သခင်၏သားဖြစ်ကြသည်ကိုသိရပါမည်။လူမျိုးတမျိုးမျိုးမှဖွားမြင်ခြင်းမဟုတ်၊ယောင်္ကျားမိန်းမ မေထုန်အားဖြင့်ဖွားမြင်ခြင်းမဟုတ်၊လူတီထွင်ဖန် တီးတဲ့ဖန်ပြွန်သန္ဓသေားအားဖြင့်ဖွားမြင်ခြင်းမဟု တ်ဘုရားသခင်ကိုယ်တိုင်ဖွားသောသားဖြစ်သည်။
ဆာ၈၂း၆ သင်တို့သည်ဘုရားဖြစ်ကြ၏။ရှိသမျှ တို့သည်အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏ဟုငါဆိုသတည်း။
ယုံကြည်သူမှန်လျင်ဘုရားသခင်၏သား၊အလုံးစုံတို့ကိုဖန်ဆင်း၍၊ဘုရားတကာတို့ကိုတရားစီရင်ပိုင် သောအမြင့်ဆုံးသောဘုရားသခင်၏သားဖြစ်သည်။

(၂)။လောက
လောကဆိုသည်မှာဘုရားမပါသောအုပ်ချုပ်ရေး စနစ်၊ဘုရားကိုဆန့်ကျင်သောအသိုင်းအဝိုင်း၊-လူ သားအတွေးအခေါ်နှင့်ရုပ်ဝါဒကိုဦးစားပေးသည်၊ကွန်မြူနစ်ဝါဒ၊စာတန်ဝါဒဖြင့်အုပ်ချုပ်သောအရပ်ကိုဆိုလိုသည်။
က-အုပ်ချုပ်သူနှင့်အုပ်ချုပ်ပုံ
လောကကိုအစိုးရသောမင်းသည်မင်းဆိုးမင်းညစ် စာတန်မာရ်နတ်ဖြစ်သည်။
မာကု၁၀း၄၂ ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍ သင်တို့သိသည်အတိုင်းလောကီမင်းတို့သည်အစိုး တရပြုတတ်ကြ၏။အကဲအမှူးတို့သည်အာဏာ ထားတတ်ကြ၏။
စာတန်သည်မိမိသဘောမိမိဆန္ဒအတိုင်းအုပ်ချုပ်မင်းလုပ်သည်။
ခ-အုပ်ချုပ်ခံသူနှင့်စိတ်နေသဘောထား
လုကာ၂၂း၂၃ ကိုယ်တော်က၊လောကီမင်းတို့သ ည်အစိုးတရပြုတတ်ကြ၏။အာဏာထားသောသူ တို့ကိုလည်းကျေးဇူးရှင်ဟူ၍ခေါ်ဝေါ်ကြ၏။
အုပ်ချုပ်သူတို့သည်အစိုးတရဘဲပြုပြု၊အဏာရှင်ဘဲဆန်ဆန်၊ဆိုးဆိုးကောင်းကောင်း၊အုပ်အချုပ်ခံသူတို့ကအုပ်ချုပ်သူတို့ကိုကျေးဇူးရှင်ဟုမှတ်ယူကြသည်။
နောက်ဆုံးမှာဤလောကနှင့်အုပ်ချုပ်မင်းလုပ်သူ၊အုပ်ချုပ်ခံသူအားလုံးသည်ဘုရားသခင်၏တရား စီရင်ခြင်းကိုခံရကြမည်ဖြစ်သည်။

(၃)။ယုံကြည်ခြင်းဖြင့်လောကကိုအောင်ခြင်း-
ယေရှုခရစ်ကိုယုံကြည်၍ဘုရားသခင်၏သားဖြစ်သောသူမှတပါး၊လောကကိုအောင်မည့်သူမရှိပါ။ယုံကြည်ခြင်း၏အစွမ်းတန်ခိုးကိုမသိသောသူတို့မူ၊လောကကိုလက်မြောက်အရှုးပေးနေကြရအုန်းမည်ဖြစ်သည်။
က။ယုံကြည်ခြင်း၏အရှင်
ယုံကြည်သူတို့၏ယုံကြည်ခြင်းအရှင်သည်ယေရှုခရစ်တော်ဖြစ်သည်။ -ယော၁၆း၃၃သငတြို့သညငြါ့ကိုအမှီပှု၍၊ငှိမသြကခြှငြးရှိစခှငြေးငှာ၊ဤစကားကိုငါဟောပှောပှီ၊သငတြို့သညြဤလောက၌ဆငြးရဲဒုကျခကိုခံကှရလိမြ့မ ည်။သို့သော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကိုအောင်ပြီဟုမိန့်တော်မူ၏။
ယေရှုက၊ယုံကြည်သူတို့သည်လောကနှင့်ပတ််လျ င်မစိုးရိမ်ကြဘို့။လောကနှင့်လောကအရာ၊စာတန် နှင့်သူ၏လက်နက်ဖြစ်သောသေခြင်းကိုပင်အောင်တော်မူခဲ့ပြီ။
ခ-ယုံကြည်သူဘုရားသား
ယေရှုခရစ်တော်ကိုယုံကြည်၍၊ဘုရားသခင်သား ဖြစ်သောသူသာလောကကိုအောင်သည်။
၁ယော၅း၄ ဘုရားသခင်၏သားဖြစ်သောသူမည် သည်ကား၊လောကကိုအောင်တတ်၏။လောကကိုအောင်ခြင်းအကြောင်းမူကား၊ငါတို့၏ယုံကြည်ခြ င်းပေတည်း။
ယုံကြည်သူမှန်လျင်၊လောကကိုအောင်သည်၊ယေ ရှုခရစ်တော်နည်းတူအောင်သည်။အကြောင်းမှာခရစ်တော်ကြောင့်တတ်နိုင်ခြင်းဖြစ်သည်။ မိမိသ ည်ယုံကြည်သူဖြစ်ခြင်းနှင့်တန်ခိုးရှိခြင်းကိုသိပြီး၊ထိုအခွင့်ကိုအသုံးပြုအသက်ရှင်ကြရမည်။လော ကကိုကြောက်ရွံ့နေဘို့မလိုပါ။
နိဂုံး
မ၂၄း၂၄အကွောငျးမူကား၊ခရဈတောျ ၏ေအယာ င်ကိုဆောင်သောသူနှင့်မိစ်ဆာပရောဖက်တို့သည်ပေါ် လာ၍ရွေးချယ်သောသူတို့ကိုပင်၊လှည့်ဖျားနိုင်လျ
င်လှည့်ဖျားလောက်အောင်ကြီးစွာသောနိမိတ်လက္ခ ဏာ၊အံ့ဘွယ်သောအမှုတို့ကိုပြကြလိမ့်မည်။
စာတန်သည်ယုံကြည်သူတို့ကိုလှည့်ဖျားနိုင်တဲ့တ န်ခိုးကိုပြပြီးလှည့်ဖျားလိမ့်မယ်။စာတန်ကိုအောင် မြင်ခြင်း၏နည်းလမ်းများမှာ-
(1)-လောကီညစ်ညူးခြင်းနှင့်လောကီလမ်းစဉ်များကိုပယ်ပါ။ (2)-ယိုယွင်းဖောက်ပြန်နေသောအသိုင်း အဝိုင်းမှကင်းစွာနေထိုင်ပါ။ (3)-လောကနှင့်ဆန့်ကျ င်ဘက်ကိုရှောက်ပါ။ (4)-ပိုင်ဆိုင်မှုအားလုံးကို ဘု ရားသခင်လက်ထဲအပ်နှံပါ။ (5)-ယုံကြည်ခြင်းဖြင့်အသက်ရှင်ပါ။ (6)-လောကကြီးအားသာသနာပြုသောသူဖြစ်စေပါ။ အာမင်

---------ယုံကြည်ခြင်းဖြင့်လောကကိုအောင်ပြီ---------

Rev. စောအော်ကော်ထူး
ဥက္ကဌ
အသင်းချုပ်လူငယ်အဖွဲ့

2023 ခုနှစ် အသင်းချုပ်လူငယ်ဌာန၏ ကော်မတီအစည်းအဝေး၏ရှေ့လုပ်ငန်းစဥ်များ၁- ငွေပဒေသပင်စိုက်ထူခြင်း၂- အသင်းချုပ်လူငယ်အဖွဲ့ကြီး...
04/02/2023

2023 ခုနှစ် အသင်းချုပ်လူငယ်ဌာန၏
ကော်မတီအစည်းအဝေး၏ရှေ့လုပ်ငန်းစဥ်များ

၁- ငွေပဒေသပင်စိုက်ထူခြင်း
၂- အသင်းချုပ်လူငယ်အဖွဲ့ကြီး နှစ်၇၀ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲနှင့် လူငယ်ညီလာခံ
၃- ဘဏ္ဍာရှာဖွေခြင်း
၄- သာသနာနယ်အလိုက် အသင်းတော်များရှိလူငယ်များထံ နယ်လှည့်ကွင်းဆင်းခြင်း
၅ - EC ကော်မတီမှ အဖွဲ့ဝင် ဆရာ(၂) ပါး
သင်းအုပ်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုခြင်း
၆- အဝေးရောက် လူငယ်များအားများ
ချိိတ်ဆက်မိသဟာရပြုနိုင်ရေး စသည်များကို ဆွေးနွေး တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်......

မကြာခင် ထွက်ပါတော့မည်
22/06/2022

မကြာခင် ထွက်ပါတော့မည်


အသင်းချုပ်လူငယ်အဖွဲ့ နှစ် ၇၀ ပြည့်  ရံပုံငွေ ပြက္ခဒိန်မူကြမ်း
15/06/2022

အသင်းချုပ်လူငယ်အဖွဲ့
နှစ် ၇၀ ပြည့် ရံပုံငွေ ပြက္ခဒိန်မူကြမ်း

2022 မှ 2026 သက်တမ်းအသင်းချုပ်လူငယ်အဖွဲ့အလုပ်အမှုဆောင်ကော်မတီ
29/05/2022

2022 မှ 2026 သက်တမ်း
အသင်းချုပ်လူငယ်အဖွဲ့
အလုပ်အမှုဆောင်ကော်မတီ

18/04/2022

Address

Ahlone

Telephone

+959692902646

Website

Alerts

Be the first to know and let us send you an email when SSKBMS- Youth Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to SSKBMS- Youth Association:

Share