PKBC Youth Department

PKBC Youth Department The PKBC Young People's Society of Christian Endeavor was founded in 1954.

In 1974, the Young People's Society of Christian Endeavor was transformed into Department. The purpose of this page is to share information about PKBC Youth Department activities

🎤🎵 Group Song ပြိုင်ပွဲ 🌏💚"သက်ရှိကမ္ဘာကယ်တင်ပါ" တေးရေး - Saw Cephas၂၀၂၆ခုနှစ် ဇွန်လ ၅ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့သဘာဝပတ်ဝ...
06/06/2026

🎤🎵 Group Song ပြိုင်ပွဲ 🌏💚
"သက်ရှိကမ္ဘာကယ်တင်ပါ" တေးရေး - Saw Cephas
၂၀၂၆ခုနှစ် ဇွန်လ ၅ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဂုဏ်ပြုခြင်း Group Song ပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။

(ရည်ရွယ်ချက်)
ဖန်ဆင်းခြင်းအားလုံးကို သိမြင်တန်ဖိုးထားတတ်လာပြီး ကမ္ဘာမြေကြီးကို ပိုမိုချစ်မြတ်နိုးစိတ်ရှိလာစေရန်နှင့် ယိုယွင်းပျက်စီးနေသော ဝန်းကျင်အစိတ်အပိုင်းများကို မိမိတို့နိုင်ရာအခန်းဂဏ္ဍမှ ကာကွယ်လိုစိတ်ရှိလာစေရန်။

(စည်းကမ်းချက်များနှင့် ပြိုင်ပွဲအကြောင်းအရာများ)
- တစ်ဖွဲ့လျှင် ပြိုင်ပွဲဝင် အနည်းဆုံး (၅)ဦးမှ အများဆုံး (၁၀)ဦးထိသာ ပါဝင်ယှဉ်ပြိုင်ရမည်။
- Live သီဆိုယှဉ်ပြိုင်ခြင်းသာဖြစ်ရမည်။ တည်းဖြတ်၊ ပြင်ဆင်ခွင့်မပြုပါ။
-ပြိုင်ပွဲဝင်များသည် မိမိစိတ်ကြိုက် Microphone (မိုက်) အသုံးပြု၍ဖြစ်စေ၊ မိုက်မပါဘဲ (အသံအလွတ်) ဖြင့်ဖြစ်စေ လွတ်လပ်စွာ သီဆိုယှဉ်ပြိုင်ခွင့်ရှိသည်။
- သီချင်းသီဆိုယှဉ်ပြိုင်ထားသော Video နှင့်အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု ဓာတ်ပုံများ (သို့မဟုတ်) Video များကိုပါ ရိုက်ကူးပေးပို့ရမည်ဖြစ်သည်။ သီချင်း Video နှင့် တွဲဖက်၍ တည်းဖြတ်ခြင်းမလိုအပ်ပါ။ ထိုအတွက် အမှတ်ပေးမှုရှိမည်ဖြစ်သည်။
- အသင်းတော် တစ်ပါးလျှင် တစ်ဖွဲ့ထက်မက ပါဝင်ယှဉ်ပြိုင်နိုင်သည်။ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။
- ပြိုင်ပွဲ Video ကို ဇူလိုင်လ (၁)ရက်နေ့ ည(၁၂နာရီ) နောက်ဆုံးထား ပေးပို့ရမည်။

(ဒိုင်များ၏ အမှတ်ပေးစည်းမျဉ်းများ)
(၁) တစ်ဦးချင်းအသံပိုင်နိုင်မှု - ၁၀ မှတ်
(၂) Harmony ဖြစ်မှု - ၁၅ မှတ်
(၃) တီထွင်ဖန်တီးနိုင်မှု - ၁၅ မှတ်
(၄) ခံစားသီဆိုမှု - ၁၀ မှတ်
(၅) ရုပ်သံကြည်လင်မှု - ၁၅ မှတ်
(၆) ပရိတ်သတ်အားပေးမှု (FB react only) - ၁၀ မှတ်
(၇) ဂီတပညာရှင်များ၏ ရွေးချယ်မှု - ၁၀မှတ်
(၈) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ - ၁၅ မှတ်
စုစုပေါင်း (၁၀၀)မှတ်ဖြစ်ပါသည်။

ပြိုင်ပွဲ Video နှင့် လှုပ်ရှားမှုပုံများကို Telegram သို့ Viber ထံ ပေးပို့ နိုင်ပါသည်။ (09 951377960) ယခုပြိုင်ပွဲယှဉ်ပြိုင်ရမည့် သီချင်းအား ယခု Post ၏ Comment တွင် လည်းကောင်း ဖော်ပြပါ ဖုန်းနံပါတ်၏ Telegram / Viber တို့တွင်လည်းကောင်း ဆက်သွယ်ရယူနိုင်ပါသည်။



“သက်ရှိကမ္ဘာ ကယ်တင်ပါ”Lyricist - Saw Cephas, Sa Htut Myat2026ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ဂုဏ်ပြုသီချင်...
03/06/2026

“သက်ရှိကမ္ဘာ ကယ်တင်ပါ”

Lyricist - Saw Cephas, Sa Htut Myat

2026ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ဂုဏ်ပြုသီချင်းစာသားနဲ့အတူ Music Only audio file များကို PKBC-CSSDD ရဲ့ Telegram/ Viber/ Google Drive တို့မှာ ရယူနိုင်ပါတယ်။
Link များကို Comment မှာ ချပေးထားပါတယ်။


26/05/2026

သက်ရှိကမ္ဘာ ကယ်တင်ပါ (Lyric Video)
တေးရေး - Saw Cephas

၂၀၂၆ခုနှစ် ဇွန်လ ၅ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် ဂုဏ်ပြုသီချင်းထွက်ရှိလာနိုင်ရန် ရေးစပ်၊ သီဆို၊ တီးခတ်ခြင်းဖြင့်လည်းကောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသော အယောက်စီတိုင်းအား ကျေးဇူးအထူးတင်ရှိပါသည်။


24/05/2026

"သက်ရှိတွေရဲ့ ဒုက္ခကို သက်ရှိတွေပဲ ကယ်တင်နိုင်မှာပါ"
ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (၂၀၂၆) | နှိုးဆော်ခြင်း

မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ လာမယ့် ဇွန်လ ၅ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ကြိုဆိုနှိုးဆော်ခြင်းဖြစ်ပါတယ်။ ဒီနှစ်မှာ ဌာနမှ "သက်ရှိတွေရဲ့ ဒုက္ခကို သက်ရှိတွေပဲ ကယ်တင်နိုင်မှာပါ" ဆိုတဲ့ ခေါင်းစဉ်နှင့်အတူတူ၊ တရားဟောချက်၊ ကဗျာ၊ ဆောင်းပါးများနှင့် Group Song ပြိုင်ပွဲတို့ကိုလည်း ကျင်းပသွားဖို့ရှိပါတယ်။

ယခုဗီဒီယိုမှာ ပါဝင်ပြီး ရိုက်ကူးပေးကြသော နေရာအနှံ့မှ ညီအကိုမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ဖော်ပြရင်း...


ဒီကနေ့မှာ ဆုရရှိတဲ့ပြိုင်ပွဲဝင် (၃) ဖွဲ့ပေါ်ထွက်လာပါပြီးကြိုတင်ကြေညာထားတဲ့အတိုင်း ဧပြီ (၁၁) ရက် ည (၁၂း၀၀)နာရီတိတိအချိန်ရ...
11/04/2026

ဒီကနေ့မှာ ဆုရရှိတဲ့ပြိုင်ပွဲဝင် (၃) ဖွဲ့ပေါ်ထွက်လာပါပြီး
ကြိုတင်ကြေညာထားတဲ့အတိုင်း ဧပြီ (၁၁) ရက် ည (၁၂း၀၀)နာရီတိတိအချိန်ရလာတဲ့ရလဒ်များအရ

[1] ပထမဆု - ကွင်းဘောဇရပ်ဆိပ်အသင်းတော်လူငယ်များ
[2] ဒုတိယဆု - ကန်သုံးဆင့်အသင်းတော်လူငယ်များ
[3] တတိယဆု - သစ်ဖြူချောင်းအသင်းတော်လူငယ်များပဲဖြစ်ပါတယ်။
ကျန်တဲ့ပြိုင်ပွဲဝင်အဖွဲ့များကိုလည်း ဂုဏ်ပြုပေးသွားမှာဖြစ်လို့ ပါဝင်ပေးကြတဲ့အဖွဲ့အသီးသီးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း
Congratulations

11/04/2026
ပြိုင်ပွဲဝင်အဖွဲ့များ #001 - ကန်သုံးဆင့်အသင်းတော်လူငယ်များ #002 - ကွင်းဘောဇရပ်ဆိပ်အသင်းတော်လူငယ်များ #003 - သစ်ဖြူချောင်...
31/03/2026

ပြိုင်ပွဲဝင်အဖွဲ့များ
#001 - ကန်သုံးဆင့်အသင်းတော်လူငယ်များ
#002 - ကွင်းဘောဇရပ်ဆိပ်အသင်းတော်လူငယ်များ
#003 - သစ်ဖြူချောင်းအသင်းတော်လူငယ်များ
#004 - မရမ်းရိုးအသင်းတော်လူငယ်များ
#005 - ထီထိပ်အသင်းတော်လူငယ်များ
#006 - မြှောက်ခုံအသင်းတော်လူငယ်များ
#007 - ဘုရားကြီးအသင်းတော်လူငယ်များ
#008 - ထိန်ပင်ရိုးကျီးဝိုင်းအသင်းတော်လူငယ်များ
#009 - ကမ်းနားမဲဇလီအသင်းတော်လူငယ်များ
#010 - ဇရပ်ကွင်းအသင်းတော်လူငယ်များ
#011 - ဘရေတန်အသင်းတော်လူငယ်များ
#012 - မောင်းဒီးအသင်းတော်လူငယ်များ

ပြိုင်ပွဲ Video file လက်ခံမှုကို ဒီကနေ့မှာ ပိတ်သိမ်းလိုက်ပါပြီး။ တီထွင်ဆန်းသစ်မှုများနဲ့အတူ ပါဝင်ပေးခဲ့ကြတဲ့ (၁၂) ပါးသော...
31/03/2026

ပြိုင်ပွဲ Video file လက်ခံမှုကို ဒီကနေ့မှာ ပိတ်သိမ်းလိုက်ပါပြီး။ တီထွင်ဆန်းသစ်မှုများနဲ့အတူ ပါဝင်ပေးခဲ့ကြတဲ့ (၁၂) ပါးသော အသင်းတော်မှ လူငယ်များကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲရလဒ်များကို ဧပြီလ (၁၁) ည (၁၂း၀၀) တိတိ အချိန်ထွက်ပေါ်လာသောရလဒ်များကို ကြည့်ပြီး ထုတ်ပြန် ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ရလဒ်ထုတ်ပြန်ရာတွင်လည်း Reaction (Like) and Share ရလဒ်််််််အပြင် Interactions ရလဒ်ကိုပါ ဖော်ပြပေးပါမည်။ ကြိုးစားပါဝင်ကြတဲ့ လူငယ်များကိုလည်း ဆက်လက်ပြီး အားပေးဂုဏ်ပြုနိုင်ပါသည်။

ပြိုင်ပွဲဝင်အဖွဲ့များ
#001 - ကန်သုံးဆင့်အသင်းတော်လူငယ်များ
#002 - ကွင်းဘောဇရပ်ဆိပ်အသင်းတော်လူငယ်များ
#003 - သစ်ဖြူချောင်းအသင်းတော်လူငယ်များ
#004 - မရမ်းရိုးအသင်းတော်လူငယ်များ
#005 - ထီထိပ်အသင်းတော်လူငယ်များ
#006 - မြှောက်ခုံအသင်းတော်လူငယ်များ
#007 - ဘုရားကြီးအသင်းတော်လူငယ်များ
#008 - ထိန်ပင်ရိုးကျီးဝိုင်းအသင်းတော်လူငယ်များ
#009 - ကမ်းနားမဲဇလီအသင်းတော်လူငယ်များ
#010 - ဇရပ်ကွင်းအသင်းတော်လူငယ်များ
#011 - ဘရေတန်အသင်းတော်လူငယ်များ
#012 - မောင်းဒီးအသင်းတော်လူငယ်များ

Address

121, Min Ye Kyaw Swar Road, Pwo Kayin Mission Compound
Ahlone
11121

Telephone

+959450589742

Website

Alerts

Be the first to know and let us send you an email when PKBC Youth Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to PKBC Youth Department:

Share