Buddhism

Buddhism Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Buddhism, Buddhist Temple, No. 129 , Ngu War Street. Ahlone Township, Yangon, A-ngu.

29/05/2022

တနေရာကို ရောက်ချင်တယ်ဆိုရင်ဖြင့် လက်ရှိနေရာမှာ ရပ်မနေဖို့လိုပေလိမ့်မယ်။

🍁 "ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။🍁 "ကျရူံးနေတဲ့ "          အချိန်မှာ ရဲရင့်ပါ။🍁 "အောင်မြင်နေတဲ့ "  အချိန်မှာ တ...
29/05/2022

🍁 "ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
🍁 "ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
🍁 "အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

29/05/2022

ရှင်သာရိပုတ္တရာလည်း ရှင်အာနန္ဒာကိုခေါ်ပြီး အနာထပိဏ်သူဌေးကြီးအိမ်ကြွလေသည်။ "ဒကာကြီး ဘယ့်နှယ်နေသတုန်း" "ဝေဒနာဟာ ရှေ့သာ တိုးပါတယ် နောက်ဆုတ်တယ်မရှိပါဘူး။ ခေါင်းကိုက်တာလည်း လွန်လို့ ၀မ်းထဲပူလိုက်တာရော"အကဲခတ်ကြည့်တော့ ဒီဝေဒနာဟာ သေမဲ့ဝေဒနာသိလိုက်တာနဲ့ အားပေး စကားမပြောတော့ပါ။
ကျုပ်တရားဟောမယ် နားထောင်ပါ။ ဒကာကြီး မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာ မလာဘူး။ မြင်စိတ်နဲ့ တွဲမည့်ခန္ဓာ မလာဘူး။ ကြားစိတ်ကို မစွဲလို့ရှိရင် ကြားစိတ်နဲ့တကွဖြစ်မည့် ခန္ခာမလာဘူး။ နံစိတ်ကိုမစွဲရင် နံစိတ်နဲ့တွဲဖြစ်မဲ့ ခန္ဓာမလာဘူး။ လျှာပေါ်ကပေါ်တဲ့ စိတ်ကလေး စားစိတ်ကို မစွဲရင် စားစိတ်နဲ့ ပတ်သက်တဲ့ နောက်ခန္ဓာ မလာတော့ဘူး။ ယားစိတ် ကောင်းစိတ် မကောင်းစိတ်တွေကို မစွဲရင် သူနဲ့ပတ်သက်တာတွေ မလာတော့ဘူး။
မနောစိတ်တွေကို ဘယ်စိတ်မဆို မစွဲရင် မနောစိတ်ဆိုတာ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ ဒါတွေကိုမစွဲရင် မနောဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာတော့ဘူး။ မစွဲနဲ့ဆိုတာက ဒကာ ဒကာမတွေ နားမလည်မှာဆိုးလို့ ဒီတိုင်းနေဖို့မဟုတ်ဘူး ဖြစ်ပျက် ရှုပြစ်ရမှာ။
ဘယ်လိုရှုမလဲ အနိစ္စလို့ရှု မြင်စိတ်ကို အနိစ္စရှုတော့ တဏှာ ဥပါဒါန် စွဲလန်းတာ မလာတော့ဘူး။ မြင်လိုက်တာနဲ့ စွဲစွဲလန်းလန်း ကြည့်တော့တာပဲ။ မမြင်ရင် မြင်တဲ့နေရာ ရှာကြည့်တယ်။ ဒါတဏှာ ဥပါဒါန် ကံလိုက်နေတာ။ တဏှာ ဥပါဒါန် ကံလိုက်နေတော့ ဇာတိ ဇရာ မရဏ လွတ်ပါ့မလား။ မြင်ရင် လိုချင်မယ် စွဲလန်းမယ်။
မြင်လျက်မတ္တနဲ့ မြင်မြင်ချင်း အပါယ်ရောက်မဲ့ ကံတွေ ကြိုးစားမိပါလိမ့်မယ်။ ဒါစွဲလန်းလို့ပဲ ကာယကံနဲ့ ၀စီကံနဲ့ အားထုတ်နေတယ် ကမ္မဘ၀။ မြင်တာနဲ့ ဖြစ်ပျက်ရှုလိုက်နိုင်ရင် မြင်တဲ့နောက်မှာ တဏှာမလိုက်တော့ဘူး။ ဥပါဒါန်မလိုက်နော့ဘူး။ ဉာဏ်လိုက်လာတာ။ ဒီဉာဏ်က ဝိပဿနာဉာဏ်။
၀ိပဿနာဉာဏ်က ကံဖြတ်ချလိုက်တာပဲ။ တဏှာ ဥပါဒါန်တွေ ပေါ်ခွင့်မရတော့ အကျိုးပေးလည်း ရပ်သွားတယ်။ ကမ္မ ဝိပါကဆိုတဲ့ ဝိဘက်အကျိုးတွေ လာခွင့်မရတော့ဘူး။ ကံမပြတ်ရင် ဘုရားတောင်မဖြစ်ဘူး။ ဝေသန္တရာမင်း လှူဒါန်းမှုတွေ အများကြီးပဲ ကံမပြတ်တော့ အရိယာ မဖြစ်နိုင်ဘူး။
ဒီကံက နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇရာ မရဏ ဗြဟ္မာပြည် အကျိုးပေးလည်း ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာချည်ပဲ။ ဒုက္ခကနေ နောက်ဒုက္ခရတာ ရှုံးလား မြတ်လား။ စက္ခုဝိညာဏ်ကို မစွဲရင် မှီနေတဲ့ ပဋိသန္ဓေစိတ် မလာတော့ဘူး။ ငါ့ကိုယ် ငါ့ဟာထင်နေရင် ဒိဌိကလာမှာပဲ။ သတ္တဝါတစ်ယောက်မှာ အပြစ်အကြီးဆုံးသင့်တာဟာ ဒီဘ၀စုတေပြီး နောက်ဘ၀ရတာ အပြစ်ကြီးဆုံးပဲ။
သူဌေးကြီး မျက်ရည်ကျနေပြီဆိုတာ ရှင်အာနန္ဒာမြင်တော့ အကဲခတ်ပြီး ဒကာကြီးမှာ ချမ်းသာတဲ့ပစ္စည်းတွေ သားသမီးတွေကိုစွန့်ရမှာ ကြောက်လို့ မျက်ရည်ကျတာလား မေးတော့ "အရှင်ဘုရား ဒီလိုမပြောပါနဲ့ ဒါတွေမစွဲပါဘူး အကဲခတ်မလွဲပါနဲ့ ခုမျက်ရည်ကျတာက ဘုရားနဲ့ရော အရှင်ဘုရားတို့ရော နှစ်ပေါင်းများစွာ နေခဲ့ရတယ် ဘယ်ဟာမှ မစွဲနဲ့ဆိုတဲ့တရား မနာဖူးခဲ့ဘူး။ ခုမှနာရတော့ ရဟန္တာဖြစ်မဲ့တရားဆိုတာ သိလိုက်ရလို့ မွန်မြတ်တဲ့ တရား မနာခဲ့ရတာ ၀မ်းနည်း လွန်းလို့ ငိုတာပါဘုရား"
ဒီတရားဟာ မဟောချင်လို့မဟုတ်ဘူး ဒကာကြီး လူတွေမှာက သားစွဲ သမီးစွဲ ပစ္စည်းစွဲတွေက ရှိတော့ တရားကနက်နဲပေနဲ့ သူတို့ကအမိုက်ထူနေရင် မထောင်နိုင်တဲ့နားရှိနေလိမ့်မယ်။ ဒါကြောင့် အချိန်ခါသင့်မှ ဟောကြားရပါတယ် ဒကာကြီး။
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
ဟိုဘ၀ ဒီဘ၀ ဆုမတောင်းနဲ့တရားတော်မှ အကျဉ်းပူဇော်ပါသည်

Address

No. 129 , Ngu War Street. Ahlone Township, Yangon
A-Ngu
8.8.8.8

Telephone

9259567799

Website

Alerts

Be the first to know and let us send you an email when Buddhism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share