Yangon Group Sri Lanka

Yangon Group Sri Lanka ရန်ကုန်အဖွဲ့(သီရိလင်္ကာ)နှင့် မကုဋာရာမမြန်မာကျောင်းတိုက်၏ ပတ်သက်ရာများကို အလျင်းသင့်သလို တင်ပြပါမည်။

Lunch Donation ******************Today, under the guidance of Sayalay Dr. Dhammarati, QNK family from Vietnam donated lu...
12/08/2026

Lunch Donation
******************
Today, under the guidance of Sayalay Dr. Dhammarati, QNK family from Vietnam donated lunch to the members of Sangha at Makutarama Myanmar Temple, Colombo, Sri Lanka on August 12, 2026.

By the power of Noble Triple Gems and meritorious deeds done today, may the family members of QNK and their relatives be healthy, happy, prosperous and free from danger.

May all living beings be freed from danger!

ဂုဏ်ယူဝမ်းမြောက်ခြင်း@@@@@@@@@@@ဆရာတော်ဒေါက်တာသုန္ဒရဉာဏသည် သီရိလင်္ကာနိုင်ငံ၊ နာဂါနန္ဒတက္ကသိုလ်၌ “A Critical Study of Re...
24/07/2026

ဂုဏ်ယူဝမ်းမြောက်ခြင်း
@@@@@@@@@@@

ဆရာတော်ဒေါက်တာသုန္ဒရဉာဏသည် သီရိလင်္ကာနိုင်ငံ၊ နာဂါနန္ဒတက္ကသိုလ်၌ “A Critical Study of Resentment (Āghāta) and Its Impact on Personality Development” ကျမ်းကို တင်သွင်းပြီး ၂၄-ရက်၊ ၇-လ၊ ၂၀၂၆-ခုနှစ်တွင် နောက်ဆုံး နှုတ်ဖြေ (Viva Voce)စာမေးပွဲကို အောင်မြင်သည့်အတွက် ဒေါက်တာဘွဲ့ကို ထိုက်တန်စွာ ရယူဆွတ်ခူးနိုင်ခဲ့သောကြောင့် သီရိလင်္ကာရောက် မြန်မာကျောင်းသားများကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆရာတော်ဒေါက်တာသုန္ဒဉာဏသည် သီရိလင်္ကာရောက် ဒေါက်တာဘွဲ့ရ မြန်မာကျောင်းသားရဟန်းတော်များတွင် (၆၅)ပါးမြောက် ဖြစ်ပါသည်။

ဆရာတော်ဒေါက်တာသုန္ဒဉာဏ၏ မွေးဖွားရာဇာတိမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာ ဖြစ်ပါသည်။

ဆရာတော်ဒေါက်တာသုန္ဒဉာဏသည် သက်ရှည်ကျန်းမာစွာ ဘာသာ,သာသနာအကျိုး၊ လူမှု့ကောင်းကျိုးများကို ဆက်လက်ထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Lunch Donation *********Today, with deep and sincere devotion to Triple Gems, the QNK family from Vietnam, our esteemed ...
21/07/2026

Lunch Donation
*********
Today, with deep and sincere devotion to Triple Gems, the QNK family from Vietnam, our esteemed monthly donors, offered lunch to the members of Sangha—who are studying at various universities in Sri Lanka—at Makutarama Myanmar temple.

Through the powerful lunch donation merits, may all the members of the QNK family be blessed with good health, peace of mind and continuous prosperity!

May all beings rejoice and obtain this merit!

May all beings be free from unsatisfactoriness!

ဂုဏ်ယူဝမ်းမြောက်ခြင်း@@@@@@@@@@@ဆရာတော်ဒေါက်တာစန္ဒာဒီပသည် သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်၌ “An Annotated Translation ...
13/07/2026

ဂုဏ်ယူဝမ်းမြောက်ခြင်း
@@@@@@@@@@@

ဆရာတော်ဒေါက်တာစန္ဒာဒီပသည် သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်၌ “An Annotated Translation of the Samantapāsādika from Pācittiyavaṇṇanā to Adhikaraṇasamathavaṇṇanā with a Critical Analysis” ကျမ်းကို တင်သွင်းပြီး ၁၃-ရက်၊ ၇-လ၊ ၂၀၂၆-ခုနှစ်တွင် နောက်ဆုံး နှုတ်ဖြေ (Viva Voce)စာမေးပွဲကို အောင်မြင်သည့်အတွက် ဒေါက်တာဘွဲ့ကို ထိုက်တန်စွာ ရယူဆွတ်ခူးနိုင်ခဲ့သောကြောင့် သီရိလင်္ကာရောက် မြန်မာကျောင်းသားများကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဆရာတော်ဒေါက်တာစန္ဒာဒီပသည် သီရိလင်္ကာရောက် ဒေါက်တာဘွဲ့ရ မြန်မာကျောင်းသားရဟန်းတော်များတွင် (၆၄)ပါးမြောက် ဖြစ်ပါသည်။

ဆရာတော်ဒေါက်တာစန္ဒာဒီပ၏ မွေးဖွားရာဇာတိမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မကျည်းကုန်းရွာ ဖြစ်ပါသည်။

ဆရာတော်ဒေါက်တာစန္ဒာဒီပသည် သက်ရှည်ကျန်းမာစွာ ဘာသာ,သာသနာအကျိုး၊ လူမှု့ကောင်းကျိုးများကို ဆက်လက်ထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

နေ့ဆွမ်းအလှူတော်*********၁၃၈၈-ခု၊ ပထမဝါဆိုလဆုတ်(၁၃)ရက်၊ (12/07/2026) တနင်္ဂနွေနေ့တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ...
12/07/2026

နေ့ဆွမ်းအလှူတော်
*********
၁၃၈၈-ခု၊ ပထမဝါဆိုလဆုတ်(၁၃)ရက်၊ (12/07/2026) တနင်္ဂနွေနေ့တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမမြန်မာကျောင်းတိုက်၌ သီတင်းသုံးပြီး တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေကြကုန်သော သံဃာတော်များအား ကေလနိယတက္ကသိုလ်၌ ပညာသင်ယူနေသော အရှင်ကုမာရာလင်္ကာရသည် From MPhil to PhD Upgrade Presentation အောင်ခြင်းအထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။ ဆရာတော်သည် ကြွရောက်ဘုဉ်းပေးကြသော သံဃာတော်များအား စာရေးတံမဲများလည်း လှူဒါန်းခဲ့သည်။

ဤသို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံကြောင့် ဆရာတော်အရှင်ကုမာရာလင်္ကာရသည် လျှောက်လှမ်းနေသော ပညာရေးခရီးလမ်းကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေ။ ဆရာတော်အား လှူဒါန်းထောက်ပံ့နေကြသော ဒကာဒကာမများသည်လည်း ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး စီးပွါးရေးလုပ်ငန်းများလည်း အဆင်ပြေကြပါစေ။ ဝေနေယျသတ္တဝါအပေါင်းတို့သည်လည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

မွေးနေ့ဆုတောင်း*****************ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးဒေါ်သက်သက်နွယ်သည် ၂၈၊ ၀၆၊ ၂၀၂၆၊ တနင်္ဂနွေနေ့တွင် အသက် (၈၉)...
28/06/2026

မွေးနေ့ဆုတောင်း
*****************
ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးဒေါ်သက်သက်နွယ်သည် ၂၈၊ ၀၆၊ ၂၀၂၆၊ တနင်္ဂနွေနေ့တွင် အသက် (၈၉)နှစ်ပြည့်ပြီဖြစ်သည်။

မယ်တော်ကြီးဒေါ်သက်သက်နွယ်သည် မယ်တော်ကြီးဒေါ်တင်တင်မြင့်နှင့်အတူ ကမ္ဘာအရပ်ရပ်ရှိ အလှူရှင်များကို ရှာဖွေကာ ၁၉၉၇-ခုနှစ်မှစပြီး ၂၀၂၀-ခုနှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင် သီရိလင်္ကာနိုင်ငံ၊ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူခဲ့သော ရဟန်းတော်များ၊ သီလရှင်ဆရာလေးများအား နှစ်စဉ် ပညာသင်ဆု ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ပညာသင်ဆုကို အလှူခံရရှိပြီး ပညာရေးခရီးလမ်းလျှောက်လှမ်းခဲ့သော ရဟန်းတော်များ ဆရာလေးများသည် မြန်မာပြည်တွင်းသာမက ကမ္ဘာအရပ်ရပ်တွင် သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို မယ်တော်ကြီး ဒေါ်သက်သက်နွယ်သည် မုဒိတာပွားများနိုင်ပါသည်။

ဒါနသီရိလင်္ကာအသင်းသည် အခြေအနေ အကြောင်းကြောင်းကြောင့် ၂၀၂၀-ခုနှစ်နောက်ပိုင်းတွင် သံဃာတော်အားလုံးကို မထောက်ပံ့နိုင်သော်လည်း ယနေ့အချိန်အထိ မကုဋာရာမမြန်မာကျောင်းတိုက်ရှိ သံဃာတော်များအသုံးပြုသော ရေမီတာနှင့်တကွ ကျောင်းတိုက်အထွေထွေအသုံးပြုနိုင်ရန် အခွင့်အခါသင့်သလို လှူဒါန်းနေဆဲဖြစ်သည်။

ဒါနသီရိလင်္ကာအသင်း၏ အတွင်းရေးမှူးဖြစ်သော မယ်တော်ကြီးဒေါ်သက်သက်နွယ်သည် ဤသို့နှစ်ပရိစ္ဆေဒများစွာ ကိုယ်စိတ်နှစ်ပါး ထက်ထက်သန်သန် ပြုလုပ်ခဲ့သော ဒါနကောင်းမှုများကို အဖန်အဖန်အထပ်အထပ် နှလုံးသွင်းကာ စာဂါနုဿတိပွားများနိုင်ပါစေ။ ယနေ့အခါသမယတွင် ကျရောက်သော မွေးနေ့မွေးရက်မှစပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ဘဝခရီးလမ်းကို ဖြတ်သန်းနိုင်ပါစေဟု သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များကိုယ်စား မကုဋာရာမမြန်မာကျောင်းတိုက် နာယကဆရာတော်များမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

စာမေးပွဲအောင်စာရင်း*********၂၀၂၅-ခုနှစ်တွင် ကေလနိယတက္ကသိုလ်၌ အမ်အေဖြေဆိုထားသော ညီတော်နောင်တော်များနှင့် ဆရာလေးများသည် အေ...
24/06/2026

စာမေးပွဲအောင်စာရင်း
*********
၂၀၂၅-ခုနှစ်တွင် ကေလနိယတက္ကသိုလ်၌ အမ်အေဖြေဆိုထားသော ညီတော်နောင်တော်များနှင့် ဆရာလေးများသည် အောက်ပါလင့်ကို နှိပ်၍ မိမိတို့ရဲ့ ကျောင်းသားနံပါတ်ကို ထည့်သွင်းကာ အောင်စာရင်းကို ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

https://pgipbs.kln.ac.lk/results/24june2026?fbclid=IwY2xjawSorZdleHRuA2FlbQIxMABicmlkETFhTFJXTWUyaXlTRUp1ZkR4c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHgRju3_SB3_dLlpmbK79qRtR7tfVqQRcS14QXaQQCKR-f24-DPXtx_lMB1Td_aem_OmCFAe-E2iNQJf3AAfrNuA

Scholarship News*****************"ပြည်ပပညာတော်သင်ဆု လျှောက်လွှာများ စတင်လက်ခံပါပြီ"ကျပ်သိန်း (ငါးထောင်) မတည်၍ တည်ထောင်သေ...
23/05/2026

Scholarship News
*****************

"ပြည်ပပညာတော်သင်ဆု လျှောက်လွှာများ စတင်လက်ခံပါပြီ"

ကျပ်သိန်း (ငါးထောင်) မတည်၍ တည်ထောင်သော
“ပြည့်သာပညာရေး” ဖောင်ဒေးရှင်းက ရဟန်းတော်များနှင့် သီလရှင်ဆရာလေးများအတွက် ပြည်ပတက္ကသိုလ်များတွင် ဗုဒ္ဓဘာသာဆိုင်ရာ အထူးပြုမေဂျာဖြင့် M.A. တန်းတက်ရောက်နိုင်ရန် ပြည်ပပညာတော်ဆု-Full Scholarship လှူဒါန်းမည်သောကြောင့် လျှောက်လွှာများ စတင်လက်ခံပြီဖြစ်ပါကြောင်း ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

💢တည်ထောင်သူ💢

မန္တလေးမြို့၊ “ပြည့်သာခြံ" နေ သာသနာ့မိခင်ကြီး အဖွားဒေါ်ကြည်ဆိုင် မိသားစုတို့သည် ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းတိုက်များ၊ သီလရှင်ကျောင်းတိုက်များရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ဆရာလေးများကို အစဉ်တစိုက် အားသွန်ခွန်စိုက် ထောက်ပံ့လျှက်ရှိသည့်အပြင်-
(၂၀၊၁၂၊၂၀၂၅) တွင် အဖွား ဒေါ်ကြည်ဆိုင်၏ (၈၂) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ်သိန်း (၅,၀၀၀) ကို မတည်လှူဒါန်း၍ “ပြည့်သာပညာရေး” ဗုဒ္ဓသာသနာတော်ဆိုင်ရာ ပြည်ပပညာတော်သင် ထောက်ပံ့ရေး ဖောင်ဒေးရှင်းကြီးကို စတင်ဖွဲ့စည်းခဲ့ပါသည်။

ဒေါက်တာ ဘဒ္ဒန္တ ဇောတိက၊ ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသ၊ ဒေါက်တာ ဘဒ္ဒန္တတိလောက၊ဘဒ္ဒန္တဆန္ဒာဓိက၊ ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဓမ္မိဿရ ဆရာတော်များကလည်း ဩဝါဒါစရိယဆရာတော်များအဖြစ် အားပေးချီးမြှင့်တော်မူကြသည်။

🌅လျှောက်ထားနိုင်ရန် သတ်မှတ်ချက်များ🌅

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ရဟန်းတော် ၊ သီလရှင်ဖြစ်ရမည်။
၂။ (က) (သ၊စ၊သ၊အ)ဓမ္မာစရိယဘွဲ့တစ်ခုခု (သို့မဟုတ်)
(ခ) သာသနတက္ကသီဓမ္မာစရိယ B.A.(Buddhism)ဘွဲ့

ဂုဏ်ယူဝမ်းမြောက်ခြင်း@@@@@@@@@@@@ဆရာလေး ဒေါက်တာကလျာသိင်္ဂီသည် သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်၌ “A Critical Study of M...
22/05/2026

ဂုဏ်ယူဝမ်းမြောက်ခြင်း
@@@@@@@@@@@@

ဆရာလေး ဒေါက်တာကလျာသိင်္ဂီသည် သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်၌ “A Critical Study of Maraṇassati Based on Pali Buddhist Tradition with Special Reference to Myanmar” ကျမ်းကို တင်သွင်းပြီး ၂၂-ရက်၊ ၅-လ၊ ၂၀၂၆-ခုနှစ်တွင် နောက်ဆုံး နှုတ်ဖြေ (Viva Voce)စာမေးပွဲကို အောင်မြင်သည့်အတွက် ဒေါက်တာဘွဲ့ကို ထိုက်တန်စွာ ရယူဆွတ်ခူးနိုင်ခဲ့သောကြောင့် သီရိလင်္ကာရောက် မြန်မာကျောင်းသားများကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဆရာလေးဒေါက်တာကလျာသိင်္ဂီသည် သီရိလင်္ကာရောက် ဒေါက်တာဘွဲ့ရ မြန်မာကျောင်းသားရဟန်းတော်များတွင် (၆၃)ပါးမြောက် ဖြစ်ပါသည်။
ဆရာလေးဒေါက်တာကလျာသိင်္ဂီ၏ မွေးဖွားရာဇာတိမှာ နေပြည်တော်၊ လယ်ဝေးမြို့ ဖြစ်ပါသည်။

ဆရာလေးဒေါက်တာကလျာသိင်္ဂီသည် သက်ရှည်ကျန်းမာစွာ ဘာသာ,သာသနာအကျိုး၊ လူမှု့ကောင်းကျိုးများကို ဆက်လက်ထမ်းပိုးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Address

Colombo
00900

Website

Alerts

Be the first to know and let us send you an email when Yangon Group Sri Lanka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Yangon Group Sri Lanka:

Shortcuts

Share