Ven Pannasiri - ပခုက္ကူ

Ven Pannasiri - ပခုက္ကူ ဓမ္မစာပေ တရားတော်များ မျှဝေမည် Jayathilakaramaya Temple,Dutugamunu Mawatha

ရည်မှန်းချက်တော့ထားတယ်ကြိုးစားအားထုတ်မှု မရှိဘူးဆိုလျှင်အဲ့ဒီရည်မှန်းချက်က အလကားပဲရည်မှန်းချက်အောင်မြင်ဖို့ဆိုတာ ကြိုးစာ...
15/03/2023

ရည်မှန်းချက်တော့ထားတယ်
ကြိုးစားအားထုတ်မှု
မရှိဘူးဆိုလျှင်
အဲ့ဒီရည်မှန်းချက်က
အလကားပဲ

ရည်မှန်းချက်
အောင်မြင်ဖို့ဆိုတာ
ကြိုးစားအားထုတ်မှု
လုံ့လဝီရိယလိုအပ်တယ်။
ချမ်းမြေ့ ဇေယျာ ဆရာတော်
15.3..2023

ချစ်တဲ့ မျက်လုံးနဲ့ ကြည့် ရင် အရာ အားလုံး လှ နေ မှာ ပါ ..     မုန်းတဲ့ မျက်လုံးနဲ့ ကြည့် ရင် အရာအားလုံး အကျည်းတန် နေ မှာ...
27/12/2022

ချစ်တဲ့ မျက်လုံးနဲ့ ကြည့် ရင်
အရာ အားလုံး လှ နေ မှာ ပါ ..

မုန်းတဲ့ မျက်လုံးနဲ့ ကြည့် ရင်
အရာအားလုံး အကျည်းတန် နေ မှာပါ ...

ပြုသူအသစ် ဖြစ်သူအဟောင်း သံသရာ ထဲ မှာ
စိတ်ကောင်း နှလုံးကောင်းလေး ထားပေးပါ ...

ကံကြွေး ရှိရင် လည်း ပေးကို ပေး ရ တယ်
ကံပေးလာရင်လည်း .. ယူ ကို ယူ ရတယ်...

ရေစက်ရှိ လို့ ဆုံ ရ တယ်
ရေစက် ကုန်ရင် ခွဲ ရ မယ် ...

အကုန် မမြဲ ကြ လို့ ..
ဆုံဆဲ ခဏ .. မှာ
တစ်ဦး နဲ့ တစ်ဦး ကြား
အပြုံး မတတ်ရင် နေပါ ..
အမုန်းဓာတ် နဲ့ တော့ အဆုံးသတ်မသွားစေ
လို ပါ ...

စီနီယာကြီးတွေရဲ့ လမ်းပြမှု၊ လက်တွဲ၍ ခေါ်ဆောင်မှုကြောင့်ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတာတော့ အမှန်ဘဲ။ #ဘဝဆိုတာကျော်ကြားသူ...
20/08/2022

စီနီယာကြီးတွေရဲ့ လမ်းပြမှု၊ လက်တွဲ၍ ခေါ်ဆောင်မှုကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတာတော့ အမှန်ဘဲ။

#ဘဝဆိုတာ
ကျော်ကြားသူဖြစ်ဖို့ထက်
အရည်အချင်းပြည့်သူ ဖြစ်အောင်
ကြိုးစားရမယ်လေ။

အရာအားလုံးအတွက် ကျေးဇူးပါဘုရား။

 #ဘဝတန်ဖိုး_________ #ကျော်ကြားသူဖြစ်ဖို့ထက်အရည်အချင်းပြည့်သူ ဖြစ်အောင် ကြိုးစားရမယ်။ #အပြောကောင်းသူဖြစ်ဖို့ထက် အကောင်းေ...
26/07/2022

#ဘဝတန်ဖိုး
_________

ကြိုးစားရမယ်။

#အပြောကောင်းသူဖြစ်ဖို့ထက်
အကောင်းပြောသူဖြစ်အောင်
ကြိုးစားရမယ်။

#အလုပ်ပြသူဖြစ်ဖို့ထက်
အလုပ်လုပ်သူဖြစ်အောင်
ကြိုးစားရမယ်။

ဒါမှ ဘဝတန်ဖိုး မြင့်လာမှာ ဖြစ်ပါတယ်။
ဘဝတန်ဖိုးမြင့်မှလည်း လူဖြစ်ကျိုးနပ်မှာ
မဟုတ်လား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________

#အင်ကြင်းမြိုင်ဆရာတော်
#သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ

👉 ဖတ်စေချင်လို့ ကော်ပီယူလာတာ 👈 #သူ့ထမင်းထုပ်နဲ့သူလာတာပါ    ==================🍂 ကျွန်မသူငယ်ချင်း တစ်ယောက်ရှိတယ်၊      အစက...
19/06/2022

👉 ဖတ်စေချင်လို့ ကော်ပီယူလာတာ 👈

#သူ့ထမင်းထုပ်နဲ့သူလာတာပါ
==================

🍂 ကျွန်မသူငယ်ချင်း တစ်ယောက်ရှိတယ်၊
အစကတော့ သာမန်ပါပဲ ၊
နောက်တော့...အိမ်ထောင်ကျတယ်၊
စီးပွားရေးလေး အဆင်ပြေလာတယ်။

🍂 မိဘတွေက ၀န်ထမ်းဆိုတော့...
ပင်စင်ယူတဲ့အခါ
နေစရာ,စားစရာ မရှိ။

တစ်သက်လုံးက ၀န်ထမ်းဘ၀မှာ
စိတ်ဖိစီးလာခဲ့တဲ့ ဒဏ်တွေနဲ့
ကျန်းမာရေးက ချူချာ ။

🍂 အားလုံးထက်စာရင်...
သားရဲ့အိမ်ထက်စာရင်
နည်းနည်းပါးပါး အဆင်လည်း ပြေ၊
သမီးအိမ်က နေရတာ ပိုအဆင်ပြေမယ်၊
ချွေးမနဲ့ကျ ငြူစူမှာစိုးလို့ဆိုပြီး
သူမအိမ်ကို ရောက်လာကြတယ်။

🍂 သူမက...
စီးပွားရေးက ခုမှ အဆင်ပြေစဆိုတော့
အဝေးကပဲ ထောက်ပံ့ချင်တယ်။

အတူနေတဲ့ သားသမီးက
ငရဲပိုကြီးတယ်၊
ပြောမှားဆိုမှား ဖြစ်တတ်တယ်ပေါ့လေ။

🍂 ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်လည်း
မိဘအရိပ်နေတုန်းကလို သတိထားပေါ့အေ၊
အပြော မမှားစေနဲ့ပေါ့ -လို့
ကျမက ပြောလိုက်ပါတယ် ။

🍂 အသက်ကြီးလာတော့-
စကားများလာတာ ရှိတာပေါ့လေ။

ကျန်းမာရေးက မကောင်းတော့-
စိတ်တိုင်းက မကျ၊

လူကြီးဆိုတော့လည်း-
ဟိုလို,ဒီလို ဇီဇာလေးတော့ ကြောင်တာပေါ့။

🍂သူမက ဘာပြောလည်းဆိုတော့-
သားသမီးဆယ်ယောက်ကို
မိဘ၂ပါးက ကျွေးနိုင်တာ
သားသမီးလို ကျွေးရလို့ပါ ။

ဝန်ထမ်း သားသမီးဘ၀မှာ-
မောင်နှမသားချင်းများတော့
ဘဲဥတစ်ခြမ်းဆို...တစ်ခြမ်း၊
အကြော်တစ်ခုဆို...တစ်ခု ၊
ဝက်အူချောင်း လက်တစ်ဆစ်ဆို...တစ်ဆစ်၊
ပန်းကန်ထဲ ထမင်းခူး၊
ဟင်းကို ဝေပုံကျနဲ့ စားခဲ့ရပေမယ့်-

မိဘကိုတော့-
သားသမီး ထားသလို
ထား မရဘူး​လေ..တဲ့ ။

ပြီးပြီးရော
ထမင်းထဲ ဘဲဥတစ်ခြမ်းထည့် ၊
အင့်...စား ဆိုလို့ မရဘူးတဲ့။

အဲ့လိုလုပ်ရင်...
ငရဲက အော်တိုကြီးတယ်။

🍂 ကိုယ်က အလုပ်ရှုပ်တယ်လေ။
သူတို့က-
ထမင်းခူး မပေးရင်လည်း မစားဘူး။

အားတဲ့အချိန်လေး-
ခူးပေးတော့လည်း မဆာသေးဘူး။

မအားချိန်ကျမှ-
ထမင်းစားမယ်.. ဆိုတော့
ငြိုငြင်မိပါတယ်။

ကျမမှာ-
အမေနဲ့အဖေ ရောက်ကတည်းက
ငရဲ ၀ယ်နေရသလိုပဲ..တဲ့။

🍂 တစ်လ,တစ်လ... ဆေးဖိုးကလည်း
၁၅သိန်းထက် မနည်းဘူး၊
ဆေးကလည်း ဈေးကြီးချက်၊
ငွေနဲ့ အသက်ဆက်နေရတယ်။

ပိုက်ဆံနှမြောလို့ ပြောတာ-
မဟုတ်ပါဘူး။
တခြားမောင်ဆီမှာ သွားနေရင်
ဒီထက်မက ပိုက်ဆံကုန်ရင်တောင်
အလုပ် မရှုပ်တော့ဘူးပေါ့- တဲ့။

ကုန်ကျစရိတ်တွေ အကုန်ကို
ကျမက ထောက်ပံ့မှာပါ-တဲ့။

🍂 သမီးဖြစ်သူနဲ့
မသေခင် နွေးနွေးထွေးထွေး
နေချင်ရှာလို့ နေမှာပါညီမရယ်..ဆိုတော့

🍂 အမ မသိဘူးနော်၊
တစ်ခါတစ်ခါ ရောဂါဖောက်ရင်
ကျမအလုပ်တွေ အကုန်ဖျက်ပစ်ရတာ။

တအိမ်လုံး ဆိုင်ထမင်းဟင်းပဲ
စားရတော့တယ်။
ဝဋ်ကြီးပါတယ်အမရယ်-တဲ့။

{ #ဘာဝဋ်ကြီးနေတာပါလိမ့် ? ။
သေချာဆန်းစစ်ကြည့်ကြပါ။ }

🍂 ဒီလိုနဲ့- သူမ အဖေဆုံးတယ်။

အဖေ့စိတ်နဲ့.
အမေလုပ်သူလည်း
လပိုင်းပဲ ခြားတယ်၊ ဆုံးပါးသွားပါတယ်။

သူမလည်း..
မိဘဆိုတော့ ငိုတာပေါ့လေ။

🍂 ရက်လည်ပြီး နောက်ပိုင်း-
ကျမအမြင်...
သူမက ခါတိုင်းထက် ပိုသွက်လက်
ပေါ့ပါးနေပုံပါပဲ။
အိမ်သန့်ရှင်းရေးတွေ လုပ်၊
ဘုရားပန်းတွေ လဲ၊
ဖွယ်ဖွယ်ရာရာတွေ ချက်ပြုတ်။

🍂 အမရေ-
အရင်ကတော့ အိမ်ဆို ညစ်ပတ်နေတာပဲ၊
ဘုရားပန်းတောင် မလဲဖြစ်ဘူး၊
ချက်ဖို့ဝေး...မီးဖိုချောင်နားတောင်
မကပ်ရတာ၊
ဘုရားတောင် မကန်တော့ဖြစ်တဲ့
ရက်တွေ ရှိတယ်။

🍂 ခုတော့-
အချိန်လည်း ရ၊
ဘာသာရေးလည်း လုပ်ဦးမှ ၊
စီးပွားရေးပဲ...
ဇောက်ချတော့မယ် အမရေ..။

{ မိဘကို ပြုစုလုပ်ကျွေးရတာကို
ကုသိုလ်မဖြစ်၊ အချိန်ကုန်
အကျိုးမရှိလို့ ယူဆ,
နှလုံးသွင်းခဲ့ ပုံပါပဲ။ #🤔}

🍂 ဒီအရွယ်က-
စီးပွားရှာရမယ့် အရွယ်လေ၊
ကျမမိဘတွေ ကြည့်ပါလား ?

ပင်စင်လည်းယူရော နေစရာမရှိ။
ကျမ အဲ့လိုဖြစ်မှာ...
ကြောက်တယ် သိလား ၊

ကိုယ့်တုန်းက..
အမွေ မရခဲ့ဘူးလေ။
ဒုက္ခတွေပဲ ရခဲ့လို့...
ကိုယ့်သားသမီးကျ
အမွေပေးနိုင်အောင်
ကြိုးစားရမယ် အမရေ။

{ #ခက်ခဲတဲ့ကြားထဲက-
လူလားမြောက်အောင်
ကျွေးမွေးခဲ့ရင်း
ပညာအမွေပေးခဲ့တဲ့ ကျေးဇူး
မမြင်မိရှာပါလားနော်။ 😢 }


🍂 အဲ့လို ပြောပြီး မကြာပါဘူး၊
ကလေးကို ကျောင်းသွားကြိုတာ
ကားကို ဒီဘက်မှာရပ်၊
သူ့ကလေးက
ကျောင်းပေါက်က အထွက်၊
လမ်းကူးလာမှာ စိုးရိမ်ပြီး
သား- အဲ့ဒီဖက်မှာပဲနေ
အမေ လာခေါ်မယ်ဆိုပြီး
ရုတ်တရက် လမ်းဖြတ်အကူး၊
အရှိန်ပြင်းတဲ့ ကျောင်းသားဆိုင်ကယ်က
ဝင်တိုက်ပြီး ခြေသလုံး ၃ပိုင်း ကျိုးပြီး
အရိုးပါ နည်းနည်းကြေသွားတယ်။

🍂 စတီးရိုး ထည့်လိုက်ရတယ်၊
အထဲမှာ မူလီနဲ့ စုပ်ပြီး
ပြန်ခွဲရတယ်...ဆိုလား ?
အိပ်ရာထဲ လပေါင်းများစွာ။

🍂ဆေးရုံက ဆင်းတော့ ..
ဂျိုင်းထောက်က ကူရ ၊
စိတ်သွားတိုင်း ကိုယ်က မပါ။

သူ့လုပ်ငန်း
သူက သွက်တော့ ဦးစီး။
ယောက်ျားက နောက်လိုက်။

ဆေးရုံတက်တဲ့ကာလမှာ-
မိတ်က ပျက်၊
စီးပွားရေးက...
ဇောက်ထိုးပြန်ကျလာတော့
သူမျှော်လင့်တာတွေနဲ့ လွဲ။

ကျမကိုက ကံဆိုးပါတယ် အမရယ်..တဲ့။

🍂 စိတ်က ကျတော့
ခွန်အားလျော့ပြီး
ဘာမှ အဆင်မပြေတော့-

ယောက်ျားလုပ်သူကလည်း
သူဆေးရုံတက်တုန်း
နောက်ပိုင်းက သူငှါးထားတဲ့
စာရင်းကိုင်နဲ့ ထင်တိုင်းကျဲ ။

🍂 ကျမလည်း မြင်ရော...
အော်ငိုပါလေရော။

အမရေ....အမရဲ့။
အမေကလေ...
ကျမကို ပိုက်ဆံသာ မပေးခဲ့တာ၊
နှလုံးရောဂါ အမွေတော့...
ပေးခဲ့တယ်တော့..တဲ့။

🍂ဘာဆိုင်လို့တုန်းအေ..။
သေတဲ့အမေကို ဆွဲမထည့်ပါနဲ့။

သူက...
သူ့ထမင်းထုပ်နဲ့သူ လာတာပါ။
ညည်းဆီက ဘာမှ မယူပါဘူး..ဆိုတော့

'ဘယ်လိုအမ ??? ' တဲ့ ။

🍂 လူဆိုတာ-
ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်
လာတာပါညီမ​ရယ်၊
အမြင်မှာတော့...
ညည်းက ကျွေးထားရတယ်.. ဆိုပေမယ့်

သူ့ဆေးဖိုး...သူ့ကံပါသလောက်
ညည်းတို့ အဆင်ပြေခဲ့တာပဲလေ။

သူ...ဒီအိမ်မှာနေတုန်းက
ညည်းပိုက်ဆံရှာရ မခက်ဘူး။

သူ့ကုသိုလ်နဲ့သူ...
သူ့ကုသိုလ်ကံကို မှီပြီး
ညည်းအဆင်ပြေခဲ့တာကို
စိတ်ကြီးဝင်နေတာကိုး..။

နှလုံးစက်ထည့်ဖို့၊
စားဖို့၊ ဆေးကုဖို့...ဆိုတာ
သူတို့ အတိတ်က ပြုခဲ့တဲ့...
ဒါနကုသိုလ် ပါလာလို့
ညည်းအိမ်မှာ နေသခိုက်
ညည်းကိုပါ ကျေးဇူးပြုသွားတာ။

သူ့ဆန် သူစား..
ကုန်တဲ့နေ့ ပြန်တော့၊
ညည်း ခုလက်ချည်း ကျန်ခဲ့တာ။
ညည်းဒါန အတိတ်က ပါမလာလို့ပေါ့အေ။

🍂 ဪ....အမ
သူ့ဆန် သူစား..
သူ့ထမင်းထုပ်နဲ့ သူ လာတာ၊

ကျမ မသိခဲ့ဘူး..အမရယ်...တဲ့။

တအိအိနဲ့.ငို...။

🍂 ကျမလည်း...
ဒီထက်ပိုပြီး
မနှစ်သိမ့်တတ်ပါလေတော့-။

♦️ဘယ်မိဘကမှ...
အတူနေရင်းလည်း
သားသမီးလုပ်စာ...
အလကားမစားပါဘူး..ညီမလေးရယ်..လို့။

✍ MYA Nan Thida Nwe

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

♦️ဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို
ရေးသားသူက...
ကလောင်စွမ်းလည်း~ ထက်၊
တင်ပြပုံလည်း~ ကောင်း၊
စာရေးလည်း ~ပိုင်တာမို့

စီးမျောလိုက်ပါ ဖတ်ရှုပြီးတာနဲ့
ဒီဖြစ်ရပ်ကို ဓမ္မမိတ်ဆွေများကို
ထပ်ဆင့် သုံးသပ်ပြချင်တာနဲ့
မျှဝေပေးလိုက်တာပါ ။

🤔 #ထပ်ဆင့်သုံးသပ်တင်ပြချင်မိပါတယ်။

♦️ဒါမျိုးဖြစ်ရပ်မျိုးဟာ
မိဘနဲ့ သားသမီးကြားမှာ
များစွာ ရှိနေကြပါတယ်။

🔖 အဓိက,ကတော့-
ယောနိသောမနိကာရဆိုတဲ့
မှန်ကန်တဲ့ နှလုံးသွင်း မရှိခဲ့တာ
အဓိက အချက်ပါ။

🔖ယောနိသော မနသိကာရ ရှိနိုင်ဖို့-
ကလျာဏမိတ္တဆိုတဲ့
ဆရာကောင်း, မိတ်ကောင်း
လိုအပ်ပါတယ်။

🔖ဆရာကောင်းများထံက-
ဆုံးမသြဝါဒ ဆိုတဲ့
အကြားအမြင် ဗဟုသုတများစွာ
နာယူထားခဲ့ဖို့ လိုအပ်ပါတယ်။

🔖ကြားနာခဲ့ရုံမက
လိုက်နာကျင့်သုံးဖို့လည်း
အလွန်လိုအပ်လှပါတယ်။

♦️ဗဟုသုတလည်း ပြည့်​စုံ၊
ယောနိသောမနသိကာရလည်း ရှိထား၊
လက်တွေ့လည်း ကျင့်သုံးတတ်သူဆိုရင်-

အခုလို မိဘကို တစ်လှည့်ပြုစုခွင့်
ရတဲ့အပေါ် အပြစ်မြင် ငြိုငြင်မိမှာ
မဟုတ်ပါဘူး။

♦️ ကိုယ့်ကို ရွေးချယ်ခဲ့တာကိုက...
မိဘကို ကြွေးဟောင်းဆပ်ခွင့်၊
ကျေးဇူးဆပ်ခွင့်နဲ့ စိတ်ထားတတ်ရင်
ဒါန,သီလ,ဘာဝနာ ကုသိုလ်ရိက္ခာထုပ်
ရွှေအိုးပေါင်းများစွာ ထုပ်ခွင့်, မြှုပ်ခွင့်
ရလိုက်မှာပါ။

♦️ကံအလွန်ကောင်းသူများမှ-
ခုလို ပြုစုခွင့်ကို ရကြတာမို့
ဝဋ်ကြီးတယ်ဆိုတာ~
သူထင်ထားသလို ဒုက္ခဆင်းရဲ ၀ိပါကဝဋ်
မျိုးမဟုတ်ပါဘူး။
ယူတတ်မယ်ဆိုရင်~
တန်ဘိုးမဖြတ်နိုင်တဲ့ ကုသိုလ်ကမ္မဝဋ်ကြီး
ပြုခွင့်ရလိုက်တာပါ။

♦️ ကျေးဇူးလည်း- မမြင်၊
တန်ဘိုးလည်း- မသိ၊
မိမိကိုယ်ကို ကျေးဇူးရှင်ကြီးပမာ
အထင်ရောက်။
စုံလုံး ကန်းခဲ့တာမို့-

ဒိဋ္ဌဓမ္မ၀ဒေနီယ အကုသိုလ် ပထမဇောကံ
တွေရဲ့ ဘ၀မခြား အကျိုးပေးမှုရလဒ်ကို
ခုလို ရခဲ့တာ သံဝေဂဥာဏ်နဲ့ သင်ခန်းစာ
ယူတတ်ကြစေချင်ပါတယ်။

♦️ အရှိန်အဟုန်ပြင်းလှတဲ့
မိဘ​ကျေးဇူး စုန်ရေကို...
ပြန်လည် တုန့်ပြန် ကျေးဇူးမဆပ်နိုင်၊
ဆန်မတက်နိုင်ခဲ့ကြတဲ့- ဆန်ရေတို့ရဲ့
နှောင်းနောင်တ ဖြစ်ရပ် သာဓက
တစ်ခုပါပဲ။

♦️ ပကတူပနိဿယသတ္တိနဲ့ အားကြီးလှတဲ့
ကုသိုလ်များ ရယူတတ်ကြစေဖို့
ကျေးဇူးပြုနေတဲ့ ဒီဖြစ်ရပ်ကို အထပ်ထပ်
ဆင်ခြင်နှလုံးသွင်းကြရင်း~
မကောင်းမှု-ရှောင်၊
ကောင်းမှု -ဆောင်တတ်ကြပါစေကြောင်း
ဆန္ဒပြု ဆုမွန်တောင်းအပ်ပါတယ်ရှင်။

⚜🔸️⚜🔸️⚜🔸️⚜🔸️⚜🔸️⚜🔸️⚜ 🔸️⚜

ကြာပန်းက ရွှံ့နဲ့ ရန်မဖြစ်ဘူး။ ရွှံ့ကို ရွှံ့မဖြစ်အောင်လည်း သူက မလုပ်ဘူး။ ရွှံ့ကို ရွှံ့အတိုင်းပဲထားတယ်။ ဒါပေမယ့် သူကတော့ ရွှံ...
10/06/2022

ကြာပန်းက ရွှံ့နဲ့ ရန်မဖြစ်ဘူး။

ရွှံ့ကို ရွှံ့မဖြစ်အောင်လည်း သူက မလုပ်ဘူး။
ရွှံ့ကို ရွှံ့အတိုင်းပဲထားတယ်။
ဒါပေမယ့် သူကတော့ ရွှံ့မပေအောင် နေတယ်။

ရွှံ့မပေအောင် နေတဲ့နေရာမှာ ရွှံ့မရှိတဲ့နေရာကို
သူက ထွက်ပြေးတာမဟုတ်ဘူးနော်။

"ဒုက္ခ" မရှိတဲ့ "နေရာ"ကို ထွက်ပြေးမယ်ဆိုရင်
ထွက်ပြေးစရာ "နေရာ"မရှိဘူး။

"ဒုက္ခ"တွေကြားထဲမှာပဲ
အဆင်ပြေပြေဖြစ်သွားအောင် နေတတ်ရတယ်

 #ငါးကြီးကြီး လိုချင်ရင် ပင်လယ်ထဲကို သွားပါ ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။ဘဝကို ကြက်တူရွေးလို မနေဘဲ  သိန်းငှက်လ...
03/06/2022

#ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ
ဒါပေမယ့်
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ဘဝကို
ကြက်တူရွေးလို မနေဘဲ
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက
စကားတတ်ပေမဲ့
အမြင့်မပျံနိုင်ဘူး
သိန်းငှက်က
နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့်
အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
လူ့သက်တမ်းက
အကန့်သတ်ရှိတာ
မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု
ရလဒ်ကတော့
အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ်
ဖြစ်ပြီးမှ
နောင်တရနေရင်
အလကားဘဲ ။

ဘောပင်က ပြောတယ်
မှင်ကုန်ရင်
လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက်
အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့ ။

တံခါးပေါက်က
ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု
လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

မီးသီးကပြောတယ်
ဘဝကို တောက်ပအောင်
လုပ်ပါတဲ့ ။

ပြတင်းပေါက်က
မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို
မြင့်မြင့်ထားတဲ့ ။

ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့
ရက်စွဲတွေက
နောက်ပြန်လှည့်လို့
မရဘူး ။

စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့
မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

ဓားတစ်လက်က
ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ။

နာရီလေးက ပြောတယ်
အချိန်ဆိုတာ
နောက်ပြန်မရနိုင်ဘူး ။

ရေသန့်ဘူးက ပြောတယ်
စိတ်ကို
ကြည်လင်အောင်ထား
ဘဝကို
သန့်ရှင်းအောင်နေတဲ့ ။

ပိုက်ဆံလေးက
ပြောတယ်
များများ သုံးချင်ရင်
များများရှာတဲ့ ။

အားလုံးဘဲဘဝမှာ
အဆင်ပြေကြပါစေ။

“၂-ဘက်မြင်ရမယ်”••••••••••••••••••• ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ“ဒွိစက္ခု” မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပုဂ္ဂိုလ...
29/05/2022

“၂-ဘက်မြင်ရမယ်”
•••••••••••••••••••
ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ“ဒွိစက္ခု”
မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကို
အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။
မျက်စိ ၂-လုံးဆိုတာ လူတိုင်းလူတိုင်းမှာ
မျက်စိ ၂- လုံးရှိကြတယ်ပေါ့။
ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခုရှိရမယ်။

၂-ခု ရှိရမယ်ဆိုတာ ၂-ဘက်မြင်ရမယ်။တစ်ဘက်တည်း
မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။
အဲဒီတော့ ၂-ဘက်မြင်ရမယ်ဆိုတာကိုမြတ်စွာဘုရားက ရှင်းပြတယ်။

■လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ
-မရသေးတဲ့စည်းစိမ်ဥစ္စာတွေကို ရဖို့၊
-ရလာတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့ ၊
-တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ ၊
သိမြင်တတ်တဲ့ “အသိဉာဏ်”ဆိုတဲ့မျက်စိတစ်လုံးလည်း
ရှိဖို့လိုတယ်တဲ့။
ဒါက ဒီဘဝ ကောင်းကျိုးအတွက် ဖြစ်တယ်။

■နောင်ဘဝ ကောင်းကျိုးအတွက်လည်းပဲကုသိုလ် အကုသိုလ်၊
အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ဓမ္မအရေးနဲ့ပတ်သက်ပြီး
သိတဲ့မျက်စိမျိုးဟာလည်း နောက်ထပ်လိုအပ်တယ်တဲ့။

ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခုထိန်းညှိပြီးတော့နေရမယ်။
“လောကအကျိုး”ချည်းပဲ ကြိုးစားမယ်ဆိုရင်
“သံသရာအကျိုး”က လွတ်သွားမယ်။ဒါကြောင့် လောကအကျိုး၊
သံသရာအကျိုး ၂-မျိုးစလုံး
ရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။
အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရတယ်။ ဒီလိုဆိုလိုတာ။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်
လူတွေမှာ စီးပွားဥစ္စာတွေတိုးတက်လာသော်လည်း
ကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင်
ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်းဆုတ်ယုတ်
သွားနိုင်တာပါပဲ။

ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။
ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင်လုပ်ရမယ်။
ဒီလိုဆိုလိုတာနော်။၂မျိုး ၂-စား တိုးတက်ကြီးပွားအောင်
ကြံဆောင်သိမြင်နိုင်တဲ့အသိဉာဏ် ၂-ခုကို ဒီနေရာမှာမျက်စိ
၂-လုံးလို့ခေါ်တာ။စီးပွားရေးလည်း တိုးတက်အောင်လုပ်နိုင်ရမယ်။
စီးပွားရေးမျက်စိရှိရမယ်။ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့
မျက်စိရှိရမယ်။ ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေးတိုးတက်လာမှုကို
အကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေ တိုးတက်ကောင်းမွန်
လာအောင် ထိန်းညှိပြီးတော့ နေရမယ်။

စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင်
ဘာဖြစ်တတ်သလဲဆိုရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့အတွေးအခေါ်တွေ ဝင်လာတတ်တယ်။
အဲဒါကို ထိန်းထားရမယ်။အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင်
ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ စီးပွားရေးလည်း
ကျဆင်းလာတတ်တယ်။ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့
ရလာတဲ့စီးပွားဥစ္စာဟာတည်မြဲမှုနဲ့တည်ငြိမ်မှု မရှိဘူး။
ကြည့်လေ - လောကမှာ တချို့ စီးပွားဥစ္စာတွေတော့
တိုးတက်လာပါတယ်။ ဒါပေမယ့်အကျင့်စာရိတ္တကျတော့
ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာ စီးပွားဥစ္စာလည်း ပျက်စီးပြီး
သွားတတ်တယ်။ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progres ၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။

ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင်စီးပွားတိုးတက်မှုလည်း
ခိုင်မြဲတယ်၊ တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။
စီးပွားနဲ့ကိုယ်ကျင့်တရားကို ထိန်းမယ်။
ကိုယ်ကျင့်တရား နဲ့စီးပွားကို ပြန်ထိန်းမယ်။၂-ဘက် ၂-တန်
ရှုမြင်တတ်တဲ့ပညာမျက်စိ ရှိရမယ်လို့
မြတ်စွာဘုရားက အဲဒီသုတ္တန်မှာဟောထားတယ်။
ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲ
ချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေ
ဆောင်ရွက်နိုင်မှ ရတာကိုး။ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏

Credit

အင်္ဂုလိမာလ လို မိုက်ပြလို့ရပေမဲ့အင်္ဂုလိမာလ လို နိဗ္ဗာန်ရမယ် မထင်နဲ့ ဗုဒ္ဓကို အချစ်ဆုံး ရဟန်းက"အရှင်အာနန္ဒာ"ဗုဒ္ဓကို အမုန်းဆုံး...
28/05/2022

အင်္ဂုလိမာလ လို မိုက်ပြလို့ရပေမဲ့
အင်္ဂုလိမာလ လို နိဗ္ဗာန်ရမယ် မထင်နဲ့

ဗုဒ္ဓကို အချစ်ဆုံး ရဟန်းက
"အရှင်အာနန္ဒာ"
ဗုဒ္ဓကို အမုန်းဆုံး ရဟန်းက
"အရှင်ဒေဝဒတ်"

အတွေးအမှားလေး တစ်ခုကြောင့်
ဒေဝဒတ်" ..ငရဲကျသွားခဲ့တယ် ။

ဗိမ္မိသာရ အချစ်ဆုံးက
"အဇာတသတ်"

အဇာတသတ် အချစ်ဆုံးက.
"နန်းပလ္လင်"

အလိုကြီးမိတာ တစ်ခုလေးကြောင့်
အဇာတသတ်" ငရဲကျသွားခဲ့တယ်.. ။

အဖေတော်လို့ လမ်းမှန်ပြီး
လိမ္မာခဲ့တာက "ဝိသာခါ"

ဆရာမြှောက်လို့
ကကြိုးမှားခဲ့တာက "စိဉ္စမာဏ"

ပြောတိုင်းနားယောင်မိတာလေး
တစ်ခုကြောင့်
စိဉ္စမာဏ" ငရဲကျသွားခဲ့တယ်..။

"ဥပ္ပလဝဏ်ထေရီမ"
တောင်းပန်တဲ့ကြားက
"နန္ဒလုလင်ဟာ"
သူ့အလိုပြည့်ဖို့ ဖြည့်ခဲ့တယ်

အားကြီးတိုင်း နင်းခြေတက်တဲ့
စိတ်တစ်ခုကြောင့်
" နန္ဒလုလင်"
ငရဲကျသွားခဲ့တယ်...။

သုပ္ပဗုဒ္ဓ ငရဲက် တာ
ဘုရားအမွား မဟုတ္ဘူး

ဘုရားႂကြတဲ့
အများပိုင်လမ်းကို ပိတ်တားခဲ့တယ်

ဘာတတ်နိုင်သေးလည်း ဆိုတဲ့
မထေမဲ့မြင် စိတ်ကြောင့်
ဦးရီးတော် "သုပ္ပဗုဒ္ဓ"
ငရဲကျသွားခဲ့တယ် ..။

အဲတော့ဗျာ..

ဒေဝဒတ်လို " .....
အတွေးမှားသူတွေ

အဇာတသတ်လို" ..
အလိုကြီးသူတွေ

စိဉ္စမာဏလို"......
နားယောင်လွယ်သူတွေ

နန္ဒလုလင်လို" ....
ယုတ်မာနေသူတွေ

သုပ္ပဗုဒ္ဓလို" .......
မထေမဲ့မြင်လုပ်နေသူတွေ

သိနေဖို့က..

အင်္ဂုလိမာလလို"မိုက်ပြလို့ရပေမယ့်
အင်္ဂုလိမာလလို..
နိဗ္ဗာန်ရမယ် လို့ ထင်မနေကြနဲ့နော်..

Crd: ဗုဒ္ဓ၏ စာပေများ
🙏

* #ရင်ဆိုင်ပါ ထွက်မပြေးပါနဲ့ကြောက်ရင် ၂ခါရှုံးတယ်* #ကျော်ဖြတ်ပါ လှည့်မထွက်ပါနဲ့ သတ္တိမရှိရင်   လူညွန့်တုံးတယ်* #ပြုံးပါ  ...
28/05/2022

* #ရင်ဆိုင်ပါ ထွက်မပြေးပါနဲ့
ကြောက်ရင် ၂ခါရှုံးတယ်

* #ကျော်ဖြတ်ပါ
လှည့်မထွက်ပါနဲ့
သတ္တိမရှိရင် လူညွန့်တုံးတယ်

* #ပြုံးပါ
မာန နဲ့အသက်မရှင်ပါနဲ့
အထီးကျန်ရင် သေလူ လိုဘဲ

* #ချစ်ပါ
သိုဝှက်မခံစားပါနဲ့
မျိုသိပ်လွန်းရင် နောင်တမျက်ရည် နဲ့သံသရာလည်နေမှာဘဲ

* #ယုံကြည်ပါ
သံသယကို ဆုပ်ကိုင်မထားပါနဲ့
စိုးထိတ်လွန်းရင် သင်နေရတဲ့ ကမ္ဘာ
ကျောက်ခေတ်ဖြစ်နေမယ်

* #ငိုပါ
ဝမ်းနည်းမှု့ကိုကြိတ်မှိတ်မျိုမချ ပါနဲ့
ဟန်ဆောင်ရင်းနဲ့
သင် စက်ရုပ်ဖြစ်သွားလိမ့်မယ်

* #တည်ဆောက်ပါ
ဖြစ်သလိုမနေပါနဲ့
နေတတ်သလိုနေရင်းနဲ့
ဘဝ က ဖြစ်ချင်သလိုဖြစ်သွားလိမ့်မယ်

* #တန်ဖိုးထားပါ
မေ့ပျောက်မထားပါနဲ့
မရှိလည်းဖြစ်တယ်ဆိုခဲ့ရင်
နောင်တစ်ချိန်မှာသင်ကိုယ်တိုင် အစားထိုးခံသတ္တဝါ ဖြစ်နေလိမ့်မယ်

* #စွန့်ပစ်ပါ
အလေးမခံထားပါနဲ့
ဒါကို ပဲ သင် ဆက်လက် တွယ်ဖက်ထားမယ်ဆိုရင်
သင့်ဘဝ ရေစုန်မျောလိမ့်မယ်

* #ရုန်းထွက်ပါ
အတိတ်ကို ရူးသွပ်မနေပါနဲ့
သိမ်ငယ်စိတ်ဆိုသော ချည်နှောင်တဲ့ ပင့်ကူအိမ်က
သင့်အနာဂတ်ကို ပိတ်ဆို့ထားလိမ့်မယ်။ ။

မေတ္တာဖြင့်…

#စာပေဗဟုသုတ
____________________________________.

ဘဝတန်ဖိုးမြှင့်တင်ပါ________________လူဘ၀ နေတဲ့အခိုက် ရောဂါနည်းရမယ်၊ စားဝတ်နေရေး ပြည့်စုံရမယ်၊ ပတ်ဝန်းကျင်နှင့်လည်း အဆင်ေ...
27/05/2022

ဘဝတန်ဖိုးမြှင့်တင်ပါ
________________

လူဘ၀ နေတဲ့အခိုက် ရောဂါနည်းရမယ်၊ စားဝတ်နေရေး ပြည့်စုံရမယ်၊ ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေရမယ်၊ လူရာဝင်သည့် စကားလဲ ပြောတတ်ရမယ်၊ စိတ်ဓာတ်တည်ငြိမ်ပြီး သိက္ခာရှိရှိလည်း နေတတ်ရမယ်။ ဒါမှ လူစဉ်မီမယ်။

ဒါဆိုရင် လူစဉ်မီဖို့အတွက် ဘာလိုလဲ၊ သီလ လိုတယ်။ ဒါကြောင့် သီလကို ဖြည့်ကျင့်ရမယ်။ သီလဆိုတာ အခြေခံကျင့်ဝတ်ဖြစ်တဲ့ ငါးပါးသီလပါ။

ဒါကြောင့် ကာယဒုစရိုက်ကိုလည်း ရှောင်ကြဉ်ရမယ်။ မကောင်းတဲ့အလုပ် မလုပ်ဘူး။ ၀စီဒုစရိုက်ကိုလည်း ရှောင်ကြဉ်ရမယ်။ မကောင်းတဲ့စကား မပြောဘူး။ ဒါဆိုရင် သီလစင်ကြယ်သွားပြီ။

မဖြစ်စလောက်လေးပါ.......................

တချို့က ``ဒါလေးက နည်းနည်းလေးပါ၊ ဒါကတော့ မပြောပလောက် ပါဘူး´´ဆိုပြီး ဆင်ခြေပေးပြီး မကောင်းမှု လုပ်ကြတယ်။
တစ်တက်စားလဲ ကြက်သွန်ပဲ၊ နှစ်တက်စားလဲ ကြက်သွန်။

ဒါကြောင့် ဘယ်လောက် သေးတဲ့ အပြစ်ပဲ ဖြစ်ဖြစ် ရှောင်ကြဉ်ရမယ်။ ကျောက်တုံးကြီးကို ရေထဲချလိုက်ပါ၊ နစ်သွားမယ်။ ကျောက်ခဲလေး ရေထဲချလိုက်ရင်ကော နစ်တာပဲ။ သေးသေးကြီးကြီး ရေထဲ နစ်တယ်။

ဒီလိုပဲ၊ အကုသိုလ်ဆိုတာ နည်းနည်းများများး အပါယ်ကို ချတတ်တယ်တဲ့။ လူသတ်မှ အပါယ်ကျတာ မဟုတ်ဘူး၊ လိမ်ညာတဲ့စကားလေး တစ်ခွန်းလောက်ပြောလဲ အပါယ်ကျနိုင်တာပဲ။

``ငါးပါးသီလ´´................

လူ့ဘဝမှာ အရေးကြီးဆုံးကတော့ ငါးပါးသီလပဲ။ ငါးပါးသီလထဲကတော့ တစ်ပါးတလေမှ ချိုးဖောက်လို့ မရဘူး။

ချိုးဖောက်လိုက်တာနဲ့ ဘဝအရည်အသွေးဟာ ကျဆင်းသွားတယ်။ ဘဝအရည်အသွေးကျဆင်းရင် လူစဉ်မမီတဲ့ဘဝကို ရောက်ရှိသွားပါတယ်။

လသားအရွယ်သေရခြင်းရဲ့
အကြောင်း...............

သူ့အသက်သတ်ရင် အသက်တိုတယ်။ တချို့ လူ့ဘ၀တော့ ရောက်လာတာ မှန်တယ်။

ဒါပေမဲ့ ရက်သား လသားလေးနဲ့ သေရတယ်။ လူဖြစ်လာတယ် ဆိုရုံလေးပါပဲ။ အဲဒါ သူ့အသက်သတ်ခဲ့လို့။

တချို့ကလေးတွေဆိုရင် ရောဂါကပေါလိုက်တာ။ မွေးကထဲကစ ဆေးရုံတက်ရတယ်။ တချို့ကလေးတွေကျတော့ အင်္ဂါမစုံဘူး။ မျက်လုံး မမြင်ရဘူး၊ နားမကြားရဘူး၊ လက်မပါဘူး၊ ခြေမပါဘူး။ အဲဒါ သူ့အသက် သတ်ခဲ့လို့။

ပစ္စည်းချို့တဲ့ခြင်းရဲ့ အကြောင်း.....................

သူ့ဥစ္စာခိုးရင် ဝှက်ရင် စီးပွားရေးအဆင်မပြေဘူး၊ ဘာပဲလုပ်လုပ် အရှုံးပဲ ပြတယ်။ အကယ်၍ အဆင်ပြေရင်လည်း ခဏပဲ။ လုပ်ငန်းတွေ အဆင်ပြေလို့ အိမ်လေး ဆောက်လိုက်တယ်။ မကြာပါဘူး၊ မီးထဲပါသွား တယ်။ အဆင်ပြေတယ်လို့ကို မရှိဘူး။

တခါတရံ ပစ္စည်းတွေ အခိုးခံရတယ်။ ဒါလဲ ခိုးယူခဲ့လို့ပါပဲ။ လယ်တီဆရာတော်ကြီး ခရီးသွားရင်း ပစ္စည်းခိုးခံရတယ်။ ကပ္ပိယက ရဲတိုင်မယ်ဆိုတော့ ``မတိုင်ပါနဲ့ကွာ၊ ငါတို့သူခိုးမှန်း လူသိသွားလိမ့်မယ်၊ အခိုးခံရတယ်ဆိုတာ အတိတ်က သူများပစ္စည်းခိုးခဲ့လို့ပဲ´´ဆိုပြီး မိန့်တယ်။

ဟုတ်ပါတယ်။သူ့ဥစ္စာခိုးခဲ့သည့်အတွက် ကိုယ့်ပစ္စည်း အခိုးခံရတယ်။ သူ့ဥစ္စာ လုခဲ့သည့်အတွက် ကိုယ့် အလုခံရတာပဲ။

လူမုန်းများခြင်းရဲ့ အကြောင်း....................

သူတပါးသားမယား စော်ကားရင် လူမုန်းများတယ်။ ပတ်ဝန်းကျင်နဲ့နေတဲ့အခါ အဆင်ပြေဖို့လိုတယ်။ မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေဆိုတာ ကိုယ့်ပေါ်မှာ မေတ္တာရှိနေလို့။

အခုကျတော့ မြင်တဲ့သူတိုင်းက ကိုယ့်ကို မုန်းတီးနေတယ်၊ အမြင် မကြည် ဖြစ်နေတယ်ဆိုတာ ကာမေသုမိစ္ဆာစာရ လွန်ကျူးခဲ့လို့ပဲ။

တချို့လူတွေဆိုရင် ယောကျာ်း မပီသဘူး၊ မိန်းမ မပီသ။ ကြားလူဖြစ်နေတယ်။ အမှန်က ယောက်ျားဆိုရင်လဲ ယောကျာ်း ပီသရမယ်။ မိန်းမဆိုရင်လည်း မိန်းမပီသရမယ်။ အခုတော့ တောင်မရောက် မြောက်မရောက်။ ဒီတော့ အဆင်မပြေတော့ဘူး။ အဲဒါ သူ့သားမယားစော်ကားလို့၊ ဇနီးခင်ပွန်း အချင်းချင်း သစ္စာမရှိလို့ပါ။

သူစွံ့ဖြစ်ရခြင်းရဲ့ အကြောင်း..................

လိမ်ညာလှည့်စားတဲ့စကားကို ပြောရင်
စကားမပြောတတ်တဲ့ အစွန့်အအလေး ဖြစ်တတ်တယ်။ လူတော့ ဖြစ်လာပါရဲ့၊ ဒါပေမဲ့ စကား မပြောတတ်ဘူး။ စွန့်အနားမကြားတို့ကို ကြည့်လိုက်ပေါ့။ စကားမပြောတတ်တော့ လက်ဟန်ခြေဟန်နဲ့ စကားပြောရတယ်။ လူစဉ်မမီဘူးလေ။
အဲဒါ မုသာဝါဒလွန်ကျူးခဲ့လို့။

တချို့လူတွေ နေရင်းထိုင်ရင်းနဲ့ အစွပ်စွဲခံရတယ်။ မပြောဘဲနဲ့ ပြောပါတယ်၊ မလုပ်ဘဲနဲ့ လုပ်ပါတယ်ဆိုပြီး စွပ်စွဲ ခံရတယ်။ မုသာဝါဒကြောင့်ပဲ။ ဒါကြောင့် မြတ်စွာဘုရားက လိမ်ညာတဲ့စကားဆိုရင် ရီစရာတောင် မလုပ်နဲ့ဆိုပြီး ဟောခဲ့တယ်။

စိတ္တဇရောဂါ
ဖြစ်ရခြင်းရဲ့ အကြောင်း.................

အရက်သေစာ မူးယစ်ဆေးဝါး သုံးစွဲရင်လည်းကောင်း၊ ထုတ်လုပ်ရင်လည်းကောင်း
စိတ္တဇရောဂါသည် ဖြစ်တတ်တယ်တဲ့။

တချို့ကျတော့ ဥာဏ်ရည်နိမ့်ကျတယ်။
စာသင်လို့ မရဘူး။ အရှေ့အနောက် တောင်မြောက် မသိဘူး။ အဲဒါလဲ သုရာမေရယကြောင့်ပဲ။

ကျောင်းသားလေးတစ်ယောက် စာအလွန်တော်တယ်။ လိမ္မာတယ်။ ဆရာဆရာမတွေက သဘောကျတယ်။ ဆယ်တန်း စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးထွက်တယ်။ဆေးကျောင်းတက်ခွင့်ရတယ်။

တက္ကသိုလ်တက်နေချိန်မှာပဲ စိတ်တွေ ဖောက်သွားတယ်။ ဘယ်လိုမှမဖြစ်လို့ဆိုပြီး ကျောင်းထွက်လိုက်ရတယ်။ အဲသလိုဖြစ်ရခြင်းဟာ သုရာမေရယဆိုတဲ့ အရက်သေစာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲခဲ့ခြင်းကြောင့်ပါ။

ဘဝတန်ဖိုး............

ဒါကြောင့် ငါးပါးသီလထဲက တစ်ပါးတစ်လေမှ ချိုးဖောက်လို့ မရဘူး။ ချိုးဖောက်လိုက်တာနဲ့ လူစဉ်မမီတဲ့အဆင့်ကို ရောက်သွားတယ်။

လူ့ဘဝလေးကို ရတုံးရခိုက်မှာ ငါးပါးသီလကို စောင့်စည်းရမယ်။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားကိုလည်း တတ်စွမ်းမျှ ကျင့်သုံးရမယ်။ ဒါမှ ကိုယ့်ဘဝ ကိုယ့်တန်ဖိုး မြင့်တက်လာမှာ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
______________________

#အင်ကြင်းမြိုင်ဆရာတော်
#သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ

 Time does justice to everybody, providing them with only 24 hours a day. Just as time is of value to one who values it,...
27/05/2022


Time does justice to everybody, providing them with only 24 hours a day. Just as time is of value to one who values it, time makes life wrecked for one who squanders it.

Address

DUTUGAMUNU MAWATHA
Colombo

Website

Alerts

Be the first to know and let us send you an email when Ven Pannasiri - ပခုက်ကူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share