Satori Vihara

Satori Vihara ဆာတိုးရီဝိဟာရ မြန်မာကျောင်း
悟り寺 
住所  埼玉県東松山市上唐子1330-1
電話  0493-88-9567 / 080-7653-2377

10/06/2026

ထေရဝါဒဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ကြသော ဘင်္ဂါလီတို့၏နေအိမ်သို့ ကြွရောက်စဉ်ကအိန္ဒိယ/ဘင်္ဂါလီဆရာတော်များ၏ ပရိတ်ရွတ်ဖတ်ပူဇော်ဟန်

ဘဝမှာ တကယ်ပျော်ရွှင်ချင်တယ်ဆိုရင် အရေးအကြီးဆုံးက(၁) ကိုယ်/စိတ်ကျန်းမာရေး (၂) လူမှုပေါင်းသင်းဆက်ဆံရေး (၃) ငွေကြေးပြည့်စုံ...
05/06/2026

ဘဝမှာ တကယ်ပျော်ရွှင်ချင်တယ်ဆိုရင် အရေးအကြီးဆုံးက
(၁) ကိုယ်/စိတ်ကျန်းမာရေး
(၂) လူမှုပေါင်းသင်းဆက်ဆံရေး
(၃) ငွေကြေးပြည့်စုံမှု ဖြစ်ပါတယ်။

အများစုက အရေးအကြီးဆုံးထင်တဲ့ငွေကြေးနောက်လိုက်ရင်း ကျန်းမာရေးတွေ ဆုံးရှုံးတော့ ပျော်ရွှင်မှုမဲ့ကြရပြန်တယ်။

ညာဘက်လက်မောင်းလျှပ်စိီးလက်သလို ကိုက်နေတာ တစ်နှစ်ကျော်သည်းခံပြီးနောက် တိုကျိုက အရိုးအထူးကုဆေးခန်းကို ရောက်သွားတယ်။ ဆရာဝန်လေးက အရမ်းတော်လို့ထင် လူနာတွေကြိတ်ကြိတ်တိုးသမှ ပွဲတော်ကြီးအလားပါပဲ။

ရောဂါက ကျောရိုးနဲ့လည်ပင်းကိုဆက်ထားတဲ့ အရိုးအဆစ် disc လေးကျွံထွက်သွားလို့ လက်မောင်းတစ်လျှောက်ကအကြောမျှင်တွေကို ဖိမိရင်းနာတာပါပဲ။ ဂျပန်လိုတော့ 頚椎椎間板ヘルニアလို့ခေါ်ပါတယ်။

သေချာအောင် MRI ရိုက်ပါတယ်။ ဘဝမှာ ပထမဆုံး တစ်ကိုယ်လုံးကိုစက်ထဲထည့်ပြီးစစ်ဖူးတာမို့
အတွေ့အကြုံသစ်ပါပဲ။ မိုးဦးကျဖားအော်သံလို စက်သံက ညံနေပါရော။ ခန့်မှန်း(၁၅) မိနစ်လောက် ပါးစပ်မလှုပ် လက်မလှုပ်နေရင်း အတွေးပေါ်လာတာက စက်တစ်ခုခု error ဖြစ်လို့ အသက်ဆုံးရှုံးရမယ်ဆို အဆင်သင့်ဖြစ်ပြီလား? ဆိုတဲ့မေးခွန်းပါ။ Yes/No တိတိကျကျအဖြေထွက်ပါတယ်။

တကယ်ပျော်ရွှင်ကျေနပ်ချင်တယ်ဆိုရင် ကျန်းမာရေးဟာ မရှိမဖြစ်မိုးပဲဆိုတာ အရွယ်ရလေလေ ပိုပိုနားလည်တန်ဖိုးထားရလေလေပါပဲ။

အလှပြင်တာပဲဖြစ်ဖြစ်၊တရားထိုင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ကိုယ်တကယ်နှစ်သက်သဘောကျလို့လုပ်တာပဲဖြစ်ပါစေ။တစ်ယောက်ယောက်ကို မြင်စ...
31/05/2026

အလှပြင်တာပဲဖြစ်ဖြစ်၊
တရားထိုင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊
ကိုယ်တကယ်နှစ်သက်သဘောကျလို့လုပ်တာပဲဖြစ်ပါစေ။

တစ်ယောက်ယောက်ကို မြင်စေချင်လို့၊
ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုတာခံချင်လို့ဆိုရင်
သင့်ဘဝက အမှန်တကယ် မလွတ်လပ်သေးပါဘူး။

ဂျပန်စကားလေးတစ်ခုရှိတယ်။

脚下照顧
(Kyakashoko)
“အဝေးက တရားကို မရှာနဲ့။
အခု ဒီအခိုက်အတန့်မှာ ကိုယ့်စိတ်ကို ပြန်ကြည့်။”

 #ကာယကံရှင်ခွင့်ပြုချက်ဖြင့်တင်ပါသည်မင်္ဂလာဆွမ်းအပါအဝင် ဘယ်အလှူပွဲမဆို ဒီနေ့လိုမျိုးလေး အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ...
29/05/2026

#ကာယကံရှင်ခွင့်ပြုချက်ဖြင့်တင်ပါသည်

မင်္ဂလာဆွမ်းအပါအဝင် ဘယ်အလှူပွဲမဆို ဒီနေ့လိုမျိုးလေး အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် ကျင်းပကြရင် ဘယ်လောက်ကုသိုလ်ရလိုက်မလဲနော်။

#မြတ်ဗုဒ္ဓအလိုတော်ကျ။
#မိမိပြုချင်တဲ့ကုသိုလ်ဆန္ဒလည်းပြည့်ဝ။
#တက်ရောက်လာတဲ့_ဂျပန်တွေကိုလည်း_မြန်မာလူမျိုးဆိုတာ_ဒီလိုယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ပြသပြီးသားဖြစ်ပါတယ်။

မိမိစကားတစ်ခွန်း၊ မိမိလုပ်ရပ်ကြောင့် ဘယ်သူတွေ ထိခိုက်နစ်နာသွားမလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးက ကုသိုလ်ရတာပါ။ကိုယ့်ကို ထိ...
23/05/2026

မိမိစကားတစ်ခွန်း၊ မိမိလုပ်ရပ်ကြောင့် ဘယ်သူတွေ ထိခိုက်နစ်နာသွားမလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးက ကုသိုလ်ရတာပါ။

ကိုယ့်ကို ထိခိုက်နစ်နာအောင် ပြောဆိုတဲ့ပတ်ဝန်းကျင်ကို ဖက်တွယ်မထားခြင်းဟာလည်း လွတ်လပ်တဲ့စိတ်ပါပဲ။

စိတ်ကလေးကို ကြည်လင်သန့်ရှင်းစွာစောင့်ရှောက်ပြီးကျက်သရေမင်္ဂလာရှိသော နေ့တစ်နေ့ကို အစပြုနိုင်ကြပါစေ။ 歩いているときも、座っているときも、寝てい...
18/05/2026

စိတ်ကလေးကို ကြည်လင်သန့်ရှင်းစွာစောင့်ရှောက်ပြီးကျက်သရေမင်္ဂလာရှိသော နေ့တစ်နေ့ကို အစပြုနိုင်ကြပါစေ။

歩いているときも、座っているときも、寝ているときも、立っているときも、ただ気づいているだけで十分だと思います。

တစ်နေ့မှာ  မြတ်စွာဘုရားထံ တပည့်တစ်ဦးက မေးလျှောက်ပါတယ်။ある時、お釈迦様に弟子の一人がたずねました。ဆာတိုးရီကို မျက်မှောက်ပြုဖို့ (တရားရဖို့) အပ...
15/05/2026

တစ်နေ့မှာ မြတ်စွာဘုရားထံ တပည့်တစ်ဦးက မေးလျှောက်ပါတယ်။
ある時、お釈迦様に弟子の一人がたずねました。

ဆာတိုးရီကို မျက်မှောက်ပြုဖို့ (တရားရဖို့) အပြင်းအထန်ကြိုးစားနေပါတယ်။
ဘယ်အရာကအရေးအကြီးဆုံးပါလဲဘုရား?
「私たちは悟りを得るために一生懸命修行しておりますが、その中で何が最も大切なのでしょうか。」

မြတ်စွာဘုရားက ဒီလိုဖြေတော်မူပါတယ်။
すると、お釈迦様は、

"မိတ်ဆွေကောင်းသာ အရေးအကြီးဆုံးပါ"
「善友(ぜんゆう)が大切です。」
とお答えになりました。

ဗုဒ္ဓဘာသာနယ်ပယ်မှာတော့

သင့်ဆရာက ဘယ်သူလဲ?
ဘာတရားတွေ လေ့လာသင်ယူနေသလဲ? က
အင်မတန်အရေးကြီးပါတယ်။
仏教の世界では、
「あなたの師は誰ですか。」
「どのような教えを学んでいますか。」
ということがとても大事にされています。

ဒီနေရာမှာ မိတ်ဆွေဆိုတာ သူငယ်ချင်းမျှသာမဟုတ်ပါ။
ここでいう善友とは、単なる友人のことではありません。

ဆရာနဲ့မိဘ၊ ပြီးတော့ ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်းကို ညွှန်ပြပေးသူအားလုံးပါဝင်ပါတယ်။
師匠や親、そして人生を正しい方向へ導いてくれる、優れた人々すべてを含めた存在のことです。

နေဝင်ဆည်းဆာတွင် ဘုရားဝတ်ပြုခြင်း၏ ငြိမ်းအေးမှုသန္တိရသကို ခံစားရသည်။ လူသံကားသံ ဆိတ်သုဉ်းသော လမ်းမသည် အိပ်မောကျနေပြီ။"ချစ်...
12/05/2026

နေဝင်ဆည်းဆာတွင် ဘုရားဝတ်ပြုခြင်း၏ ငြိမ်းအေးမှုသန္တိရသကို ခံစားရသည်။ လူသံကားသံ ဆိတ်သုဉ်းသော လမ်းမသည် အိပ်မောကျနေပြီ။

"ချစ်သားတို့
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ.....
သမေ စိတ္တေ သမံဖလံ.....။

"ငါဘုရားရှိနေသလို စိတ်ကအောက်မေ့ရင်
သက်မဲ့ဖြစ်စေ၊ သက်ရှိဖြစ်စေ
ငါဘုရားနဲ့ မဝေးတော့ပြီ"

ထိုခဏ "အာလောကော ဥဒပါဒိ စေတီတော်မြတ်ကြီး"ရဲ့ ဆည်းလည်းသံကို ကြားရသည်။ ရွှေရောင်ပိတ်ရက်များတွင် အပန်းဖြေခရီးထွက်ကြသကဲ့သို့၊ တရားထိုင်ခြင်းဖြင့် စိတ်ကို အနားပေးသင့်သည်။

ဘာဝနာစခန်းဟူသည် လောကမှထွက်မြောက်ရေးထက် လောကနှင့် သဟဇာတဖြစ်အောင် လေ့ကျင့်ပြင်ဆင်ခြင်းသက်သက်သာ။မြတ်ဗုဒ္ဓ၏ ရင်ခွင်ကား အေးမြပေစွ။

photo@Jung Phang Khamlum

ဆာတိုးရီဝိဟာရကျောင်းတိုက်တည်(၁၀) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နှင့် " ရတနာဃရ အာရုံခံတန်ဆောင်း" ဖွင့်ပွဲသိက္ခာထပ်ကံဆောင်...
07/05/2026

ဆာတိုးရီဝိဟာရကျောင်းတိုက်တည်(၁၀) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နှင့် " ရတနာဃရ အာရုံခံတန်ဆောင်း" ဖွင့်ပွဲသိက္ခာထပ်ကံဆောင်အမှတ်တရ။ သစ္စာရွှေစည်တရားစခန်းမှတ်တမ်းဓာတ်ပုံများ

05/05/2026

ဂျပန်နိုင်ငံ၊ ဆာတိုးရီဝိဟာရ၊ သစ္စာရွှေစည်တရားစခန်း ( ဒုတိယနေ့အစီအစဉ်) ၀၆-၀၅-၂၀၂၆

၉:၀၀-၁၀:၃၀ - သီလပေး တရားနာရန်

၁၀:၃၀-၁၂:၃၀ - ထမင်းသုံးဆောင်ရန်

၁:၀၀-၂:၀၀ - တရားထိုင်

၂:၃၀-၃:၃၀ - ညနေပိုင်း တရားနားယူချိန်နှင့်

၄:၀၀- ၄:၃၀ - တရားစခန်းသိမ်း

မှတ်ချက်/ မနက်ဖြန်ကားဖြင့် လာရောက်ကြမည့်ဧည့်သည်တော်များအနေဖြင့် မီးပွိုင့်ထောင့်ရှိ ( ယနေ့ရပ်နားရာ) ကားပါကင်သည် ကုမ္ပဏီစက်ရုံများအလုပ်ပြန်ဆင်းပြီဖြစ်ပါသဖြင့် ရပ်နား၍ မရနိုင်ပါကြောင်း။ ( ဘူတာအနီးရှိ coin parking များကိုသာ အသုံးပြုကြပါရန်)

住所

埼玉県東松山市上唐子1330番地1
Higashimatsuyama-shi, Saitama
355-0077

電話番号

+818080153943

ウェブサイト

アラート

Satori Viharaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー