Dominican Kodaw

Dominican Kodaw I am a Catholic priest, belonged to the Dominican Order, specializing in the Patristic studies or the Fathers of the Church.

τί γὰρ ὠφελεῖ ἄνθρωπον κερδῆσαι τὸν κόσμον ὅλον καὶ ζημιωθῆναι ⸃ τὴν ψυχὴν αὐτοῦ (Mk 8:36)
လူသည် စကြဝဠာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ် ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။

သောကြာနေ့ကြီး (Good Friday) ခရစ်တော်သခင်ရဲ့ ဒုက္ခစရိယာ ကျင့်ခံတော်မူသောနေ့ကြီး ဖြစ်ပါတယ်။ ဒီလိုနေ့ကြီးရဲ့ နံနက် မှုံရီမှ...
02/04/2026

သောကြာနေ့ကြီး (Good Friday)
ခရစ်တော်သခင်ရဲ့ ဒုက္ခစရိယာ ကျင့်ခံတော်မူသောနေ့ကြီး ဖြစ်ပါတယ်။

ဒီလိုနေ့ကြီးရဲ့ နံနက် မှုံရီမှုံဝါးအချိန်မှာတော့ သစ္စာဖောက် ဂျူဒရဲ့ အနမ်းနဲ့အတူ အာဏာပိုင်တွေထံ အပ်နှံခြင်း ခံခဲ့ရပါတယ်။

ပြီးတော့ သူ့အပေါ် မတရားစွပ်စွဲထားတဲ့ အချက်တွေနဲ့ တရားစီရင်ခြင်း ခံခဲ့ရပါတယ်။

ရောမအာဏာရှင် ပီလာတူးမင်းက သူ့ဆီမှာ ပြစ်မှုတစ်စုံတစ်ရာမှ မရှိတာကို တွေ့ရှိခဲ့တာတောင် ဂျူးဘာသာရေးခေါင်းဆောင်တွေက သူ့ကို သေဒဏ်ကျအောင် အတင်းအဓမ္မ ဖိအားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

နောက်ဆုံး ခိုးဆိုးလုနိုက်နေတဲ့ ဘာရာဘကိုသာ လွှတ်ပေးစေခဲ့ပြီး ခရစ်တော်ကိုတော့ အဆုံးထိ ရက်ရက်စက်စက် စီရင်ခဲ့ကြတယ်။

ခရစ်တော်ကို ကိုယ့်ကားတိုင်ကိုယ်ထမ်းပြီး လူသတ်ကုန်း ဂေါဂါတထိ ဒုက္ခစရိယာခံထမ်းခိုင်းပြီးမှ ကားတိုင်ပေါ် တင်သတ်ခဲ့ကြတယ်။

အပြစ်လုံးဝမရှိတဲ့ ဘုရားဟာ သူကယ်တင်လိုတဲ့ လူတွေရဲ့ လက်ထဲမှာပဲ မတရားမှု၊ ရက်စက်မှု၊ လူသားမဆန်မှုနဲ့ အမုန်းတရားတွေကို ခံယူခဲ့ပါတယ်။

ဒီဒုက္ခစရိယာနဲ့ ကားတိုင်ဆီက အမြတ်ရသူတွေက ကျွန်ုပ်တို့ အပြစ်လွတ်ခြင်းချမ်းသာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Good Friday လို့ ခေါ်ဝါ်သမုတ်ကြပါတယ်။

ဒိုမီနီကန်ကိုယ်တော်

ကြာသပတေးနေ့ကြီး (Maundy Thursday)ဒီနေ့ သန့်ရှင်းသော ရက်သတ္တပတ်ရဲ့ ရက်ကြီး အခါကြီး ၃ ရက်ကို စတင်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ကို...
02/04/2026

ကြာသပတေးနေ့ကြီး (Maundy Thursday)

ဒီနေ့ သန့်ရှင်းသော ရက်သတ္တပတ်ရဲ့ ရက်ကြီး အခါကြီး ၃ ရက်ကို စတင်တဲ့နေ့ဖြစ်ပါတယ်။
ဒီနေ့ကို မြန်မာလိုကြာသပတေးနေ့ကြီးလို့ ခေါ်ဆိုကြပေမယ့် အင်္ဂလိပ်လိုတော့ Maundy Thursday လို့ခေါ်ဆိုပါတယ်။ “ငါသည် သင်တို့ကို ပညတ်သစ် ပေးမည် (ယောဟန် ၁၃:၃၄-၃၅) အတိုင်း “ညွှန်ကြားခြင်း” လို့ အဓိပ္ပာယ်ရတဲ့ လာတင်ဘာသာ Mandatum မှ ကောက်နှုတ်ထားပါတယ်။

ဒီနေ့ ကြာသပတေးနေ့ကြီးမှာ ခရစ်တော်ဟာ တပည့်တော်ကြီးတွေနဲ့ နောက်ဆုံးညစာ စားပွဲ (ပါစကားပွဲတော်) ကျင်းပခဲ့ပါတယ်။

ညစာစားပွဲ မစခင် ခေါင်းဆောင်တစ်ဦးရဲ့ နှိမ့်ချခြင်းနဲ့ အစေခံခြင်းကို ပြသခဲ့ပါတယ်။ ဒါ့ကြောင့် တပည့်တော်ကြီးတွေရဲ့ ခြေကို ဆေးပေးခဲ့ပါတယ်။ သံမာတေဦး ၂၀:၂၅ မှာ မိန့်ဆိုသလို သင်တို့ထဲက ပထမဆုံးဖြစ်လိုသောသူသည် နောက်ဆုံးသောသူဖြစ်ရမည်၊ အားလုံးကို အစေခံရမည် ဆိုတာကို ထင်ဟပ်စေပါတယ်။

ညစာစားပွဲမှာတော့ ခရစ်တော်ဘုရားရှင်က အဖဘုရားသခင်ကို ကျေးဇူးတင်မြွတ်ဆို၍ ပေါင်မုန့်ယူဖဲ့ကာ “သင်တို့အားလုံး စားကြလော့။ ဤသည်ကား ငါ၏အသားတော် ဖြစ်၏” လို့ မိန့်ဆိုပေးဝေခဲ့ပါတယ်။

နောက်၊ ဖလားတော်ကို ယူတော်မူ၍ တပည့်တော်ကြီးတို့အား ပေးလျက်မြတ်ဆိုသည်ကား “ဤဖလားတော်ကို ယူ၍သောက်ကြလော့။ ဤသည်ကာ သင်တို့နှင့် လူအများ၏ အပြစ်ခွင့်လွှတ်ခြင်းခံရဖို့ သွန်းလောင်းခံရမည့် ထာဝရပဋိညာဉ်သစ်ဆိုင်ရာ ငါ၏အသွေးတော်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှါ ဤအမှုကို ပြုကြလော့။” ဆိုပြီး ကိုယ်တော်မြတ်စက္ကရမင်တူးကို တည်ထောင်ပေးခဲ့ပါတယ်။

ညစာစားပွဲအပြီးမှာတော့ ဂျေစမာနီဥယျာဉ်ဘက်သွားပြီး မနက်ဖြန် ကြုံလာမယ့် ဒုက္ခစရိယာခံထမ်းနိုင်ဖို့ ဆုတောင်းခြင်းနဲ့ ခွန်အားယူနေခဲ့ပါတယ်။

သစ္စာဖောက် တပည့် ဂျုဒကတော့ ထွက်ခွါသွားပြီး ခရစ်တော်ကို မုန်းတီးသူများနဲ့ အပေးအယူလုပ်ကာ ဆရာသခင်ကို ငွေသား (၃၀) နဲ့ ရောင်းစားခဲ့ပါတယ်။

ဒိုမီနီကန်ကိုယ်တော်

06/01/2026

၂၀၂၆ ခုနှစ် ပါစကားပွဲတော်နေ့ ကြေငြာခြင်း

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊
ဘုရားသခင်၏ ဘုန်းဂုဏ်တော်သည် ကျွန်ုပ်တို့ရှေ့သို့ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သလို ခရစ်တော်ဘုရားရှင်၏ ဒုတိယအကြိမ် ဘုန်းဂုဏ်တော်ဖြင့် ကြွလာသည့်တိုင်အောင် အစဉ်အမြဲ ထုတ်ဖော်ပြသနေဦးမည် ဖြစ်သည်။

အသင်းတော်ကြီး၏ ဝတ်ပြုကိုးကွယ်ခြင်းဗဟိုတွင် ခရစ်တော်ဘုရားရှင်၏ ဒုက္ခစရိယာခံတော်မူခြင်း၊ သင်္ဂြိုလ်မြုပ်နှံခံတော်မူခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းဟူသော နက်နက်ဖွယ်ရာ သုံးမွှာပင် ဖြစ်သည့်အလျောက် ၂၀၂၆ ခုနှစ်၏ ပါစကားပွဲနေ့ရက်ကြီး တနင်္ဂနွေနေ့ကြီးသည် ဧပြီလ ၅ ရက်နေ့တွင် ကျရောက်သည်။

သို့ဖြစ်ပါ၍ ဝါကြီးဝင်သည့် ဗုဒ္ဓဟူးနေ့ကြီးသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည်။ ယေဇူးသခင် ကောင်းကင်ဘုံသို့ တက်ကြွခြင်းပွဲတော်ကြီးသည် မေလ ၁၇ ရက်နေ့တွင် ကျရောက်သလို သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းကြွခြင်း ပွဲတော်ကြီးသည် မေလ ၂၄ ရက်နေ့တွင် ကျရောက်ပါသည်။ ပထမ အာဝင်ဒူးလ် တနင်္ဂနွေမူကား နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်ပါသည်။

အချိန်၊ သမိုင်းတို့၏ အရှင်ဖြစ်တော်မူသော ယေဇူးခရစ်တော်အား ချီးမွမ်းထောပနာပြုခြင်းသည် ယခင်၊ ယခု၊ နောင်အဆက်ဆက် အစဉ်အမြဲ ရှိပါစေသော်။ အာမင်။

ခရစ်သက္ကရာဇ် ၂၀၂၆
ဒိုမီနီကနိကိုယ်တော်

အမှောင်ထုတွေကို ကျော်ပြီး ကယ်တင်ရှင် ခရစ်တော် မွေးဖွားပြီ ဖြစ်ကြောင်း သတင်းကောင်းကို ထပ်မံကြွေးကြော်ကြပါစို့။"ခရစ်တော်သခ...
23/12/2025

အမှောင်ထုတွေကို ကျော်ပြီး ကယ်တင်ရှင် ခရစ်တော် မွေးဖွားပြီ ဖြစ်ကြောင်း သတင်းကောင်းကို ထပ်မံကြွေးကြော်ကြပါစို့။

"ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင်သည် ဒါဝိဒ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင် ဖွားမြင်တော်မူပြီ (လု ၂း၁၁)။ ကောင်းကင်တမန်တော်တို့ ကြွေးကြော်ကြတဲ့ သတင်းကောင်းလို - အမြင့်ဆုံးသော အရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ မြေကြီးပေါ်၌လည်း ဘုရားသခင် နှစ်သက်မြတ်နိုးသောသူတို့အား ငြိမ်းချမ်းခြင်းရှိစေသတည်း (လု ၂း၁၄)။

ဒီနေ့ ဒီသတင်းကောင်းကိုပဲ ထပ်မံဝေမျှချင်ပါတယ်။ ငြိမ်းချမ်းသော၊ စာနာသော၊ မေတ္တာဝေမျှသော ခရစ္စမတ်ပွဲတော် ဖြစ်ပါစေ။

ခရစ္စမတ်ဟာ အလင်းရဲ့သတင်းကောင်း၊ ငြိမ်းချမ်းခြင်းရဲ့ သတင်းကောင်း၊ မေတ္တာတရားရဲ့ သတင်းကောင်းပေးခြင်း၊ ဘုရားကိုယ်တိုင် လူ့အဖြစ်ကို ယူပြီး ကျွန်ုပ်တို့နှင့်အတူ စာနာ၊ နားလည်၊ ခွင့်လွှတ်ခြင်းတို့ပေးသော အချိန်အခါသမယ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းကောင်းကို အမှောင်ဖုံးချင်သူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ၎င်းတို့ရဲ့ အတ္တ၊ လောဘ၊နဲ့ အာဏာရစ်မူးပြီး လူအချင်းချင်း ဗိုလ်ကျ အနိုင်ယူ အုပ်စိုးဖို့ ကြိုးစားနေသူတွေ။ ဒါ့ကြောင့် လောကကို အမှောင်ဖုံးစေပြီး အလင်းရမှာ သူတို့ ကြောက်နေကြပါတယ်။

ခရစ်တော်မွေးဖွားချိန်ကပင် ၎င်းပုဂ္ဂိုလ်မျိုးတွေ ရှိနေခဲ့တာပါပဲ။ ဥပမာ- ဟေရုဒ်ကဲ့သို့သောပုဂ္ဂိုလ်တွေပေါ့။ ၎င်းရဲ့ လောဘ၊ အတ္တနဲ့ အဏာလိုချင်မှုကြောင့် ငြိမ်းချမ်းခြင်းရဲ့ ဘုရင်မွေးဖွားလာကြောင်းကို သိလျက်နဲ့ သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနေ့ မြန်မာပြည်နဲ့ ကမ္တာနေရာအချို့မှာလည်း တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို အမှောင်ချဖို့ ကြိုးစားနေကြပါတယ်။ မတရားမှုတွေ၊ ဝရုန်းသုန်းကားဖြစ်အောင် အမျိုးမျိုးဖန်တီးပြီး အမှောင်ချဖို့ ကြိုးစားနေပါတယ်။

ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေဟာ ၎င်းတို့ရဲ့ အမှောင်ချခြင်းနဲ့ အတ္တ၊ လောဘ၊ အာဏာတပ်မက်မှုတို့ရဲ့ သားကောင်းဖြစ်နေရပါတယ်။ ဒါ့ကြောင့် ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းနေရပါတယ်။ အိပ်မက်တွေပျောက်၊ မျှော်လင့်ချက်တွေ ကင်းမဲ့ပြီး ဘဝအသက်ရှင်ရတာ ပင်ပမ်းနေကြပါတယ်။

ဒီနေ့ အဲဒီအမှောင်ထုတွေကို ကျော်ပြီး ကယ်တင်ရှင် ခရစ်တော် မွေးဖွားပြီ ဖြစ်ကြောင်း သတင်းကောင်းကို ထပ်မံကြွေးကြော်ကြပါစို့။ ကောင်းကင်တမန်တော်တို့ ကြွေးကြော်တဲ့ သတင်းကောင်းဟာ ပိတ်စို့မှု အမျိုးမျိုးကို ကျော်လွန်ပြီး ပို၍ ပို၍ ပြန်ပွားခဲ့ပါတယ်။

အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။ (ယောဟန် ၁း၅)

အမှောင်ထုတွေကျော်လွန်ပြီး ငြိမ်းချမ်းခြင်းရောင်ခြည်ထွန်းလင်းသော ခရစ္စမတ်ကာလ ဖြစ်ပါစေ။ အချင်းချင်း စာနာခြင်းဖြင့် ခရစ္စမတ်သတင်းကောင်းများ သာ၍ ပြန့်ပွားပါစေ။

ဒိုမီနီကန်ကိုယ်တော်

15/11/2025

၃၃ ကြိမ်မြောက်တနင်္ဂနွေနေ့ -
တရားမှတ်စု တစ်ခု။

ဒီလောကကြီးမှာ အရာရာက လှည့်စားနေတယ်လို့ပြောရင် လွန်ရာတော့ကျလိမ့်မယ်။ ဒါ့ပေမယ့် အတိုင်းအတာတစ်ခုထိအောင် မှန်နေပြန်တယ်ဆိုတာ ငြင်းဖို့ မလွယ်ပြန်ဘူး။ တစ်ခုပဲ ရှိတာက - ကျွန်ုပ်တို့တတွေဟာ ဒီလှည့်စားခြင်းဆိုတာကို သတိထားမိတဲ့အချိန်က ကျွန်ုပ်တို့ကိုယ်တိုင်က လှည့်စားခံခဲ့ရတုန်းက ပျော်ခဲ့ဖူးကြတယ်လေ။ ကျေနပ်ခဲ့ကြတယ်လေ။ သာယာမက်မောခဲ့ကြတယ်လေ။ ဒါ့ကြောင့်လည်း အမှန်တရားက ခါးတယ်လို့ ဆိုကြတာ မဟုတ်လား။

ဒီနေ့ ခရစ်တော်ရဲ့ တရားစကားထဲမှာဆိုရင် တန်ဆာများစွာနဲ့ လှပအောင် ပြင်ဆင်ခြယ်သထားတဲ့ ဘုရားကျောင်းတွေ၊ ဗိမာန်တွေတောင် ပျက်စီးတဲ့နေ့ ရှိတယ်ဆိုတာကို ဖော်ပြထားတယ်။ ဆိုတော့ ကျန်တဲ့အရာတွေဆို ပြောမနေပါနဲ့ - နေ့မြင်ညပျောက်တွေမဟုတ်လား။
ဒီလို လောကရဲ့ လှည့်စားခြင်းထဲမှာ လှည့်ဖြားခြင်းမခံရအောင် သတိပြုပါတဲ့။ ဒါ့ကြောင့် တရားဓမ္မကို အတိုချုပ်နဲ့ ပြောရရင်တော့

တရားရှိပါ။
သတိရှိပါ။
မေတ္တာပွားပါ။
သင်ဟာ လှည့်ဖြားခြင်းကင်းတဲ့ ပျော်ရွှင်ခြင်းသုခနဲ့အတူ ထာဝရအသက်ရဲ့ မျှော်လင့်ခြင်းကို ပိုင်ဆိုင်နေမှာ ဖြစ်ပါတယ်။

ဒိုမီနီကန်ကိုယ်တော်

ဒိုမီနီကန်အသင်းဂိုဏ်းမှ ကွယ်လွန်သွားပြီဖြစ်သော ဝိညာဉ်များအားလုံးအတွက် ဆုတောင်းခြင်းပြု ရောမမြို့။
15/11/2025

ဒိုမီနီကန်အသင်းဂိုဏ်းမှ ကွယ်လွန်သွားပြီဖြစ်သော ဝိညာဉ်များအားလုံးအတွက် ဆုတောင်းခြင်းပြု

ရောမမြို့။

ဗာတီကန်ရှိ စိန့်ပီတာရဲ့ အုပ်ဂူမှာ ကွယ်လွန်သူ ဝိညာဉ်များအတွက် အထူးဆုတောင်းပေးခဲ့ကြပါတယ်။ ရောမမြို့ရောက် မြန်မာကက်သလစ် ဘုန...
09/11/2025

ဗာတီကန်ရှိ စိန့်ပီတာရဲ့ အုပ်ဂူမှာ ကွယ်လွန်သူ ဝိညာဉ်များအတွက် အထူးဆုတောင်းပေးခဲ့ကြပါတယ်။

ရောမမြို့ရောက် မြန်မာကက်သလစ် ဘုန်းကြီး၊ သီလရှင်များနဲ့ လူပုဂ္ဂိုလ်များ စုပြီး ဗာတီကန်ရှိ တမန်တော်ကြီး စိန့်ပီတာရဲ့ အုပ်ဂူမှာ ကွယ်လွန်သူများအတွက် ရည်စူး၍ မစ္ဆားတရားပူဇော် ဆုတောင်းခဲ့ကြပါတယ်။

ဒိုမီနီကန်ကိုယ်တော်

စိန့်ဂျွန်းလာထရမ်ဘာစီလီကာကျောင်းတော်ကြီးအား ဆက်ကပ်အပ်နှံခြင်းပွဲနေ့ဘုရားကျောင်းဗိမာန်တော်ဆိုတာ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်ပ...
09/11/2025

စိန့်ဂျွန်းလာထရမ်ဘာစီလီကာကျောင်းတော်ကြီးအား ဆက်ကပ်အပ်နှံခြင်းပွဲနေ့

ဘုရားကျောင်းဗိမာန်တော်ဆိုတာ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်ပြီး ဆုတောင်းမေတ္တာပြုရာ၊ ဖူးမျှော်ရာနေရာဖြစ်တဲ့အတွက် စျေးရောင်းစျေး၀ယ်ပြုလုပ်ဖို့ လုံး၀မဟုတ်ကြောင်း၊ လူတို့ရဲ့စီးပွားအကျိုးရှာရာနေရာမဟုတ်ကြောင်း လုံး၀သီးမခံနိုင်သည့်ပုံစံနဲ့ ခရစ်တော်ဘုရားရှင်က သွန်သင်ပါတယ်။ ဒါ့အပြင် လူတို့ရဲ့ခန္တာကိုယ်ဟာလည်း ဘုရားသခင်ကိန်းအောင်းရာ ဖြစ်ကြောင်း မိန့်ဆိုရင်း မိမိရဲ့ခန္တာနဲ့နှိုင်းယှဉ်ကာ သုံးရက်အတွင်း ပြန်လည်တည်ဆောက်မယ်လို့အာမခံခဲ့ခြင်းဖြစ်ပါတယ်။

သံပေါလူးကလည်း - ကျွန်တော်တို့တတွေဟာ ဘုရားသခင်၏အဆောက်အဦးများ ဖြစ်ကြပြီး ယေဇူးခရစ်တော်ဟူသော အုပ်မြစ်ပေါ်တွင် အုပ်မြစ်တည်ထားကြောင်း မိန့်ဆိုဟောပြောပါတယ်။ ဒါ့ကြောင့် ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့တတွေဟာ အဲဒီအုပ်မြစ်ပေါ်အခြေတည်ပြီး မိမိအဆောက်အဦးကို မိမိကိုယ်တိုင် ဆက်ဆောက်ရမှာ ဖြစ်ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကိန်းအောင်းရာ ကျွန်တော်တို့၏ခန္တာကိုယ်တိုင်းအား လေးစားတန်ဖိုးထားတတ်ကြပါစေ။

ဒီနေ့ ကမ္ဘာတဝှမ်းလုံးရှိ အသင်းတော်များရဲ့ စည်းလုံးခြင်းအမှတ်လက္ခာဖြစ်တဲ့ စိန့်ဂျွန်းလာထရမ်ဘာစီလီကာကျောင်းတော်ကြီးအား ဆက်ကပ်အပ်နှံခြင်းပွဲနေ့ဖြစ်ပါတယ်။ ဒီဘာစီလီကာကြီးကို ရောမမြို့နှင့် ကမ္ဘာတဝှမ်းရှိသာသနာစုတိုင်း၏ မိခင်နှင့် ဦးခေါင်းကြီးဟု တင်စားခေါ်ဆိုကြပါတယ်။

ဒိုမီနီကန်ကိုယ်တော်

သည်းထိတ်ရင်ဖိုရသော အရိုးစုတို့ဘုရားကျောင်းငယ်----------------------------------------------------Évora, Portugal၂၀၁၉ ခုန...
04/11/2025

သည်းထိတ်ရင်ဖိုရသော အရိုးစုတို့ဘုရားကျောင်းငယ်
----------------------------------------------------
Évora, Portugal

၂၀၁၉ ခုနှစ်၊ ရောမမြို့မှာ ကျောင်းတက်အပြီး၊ ပေါတူဂီကို ခေတ္တအလည်ရောက်တုန်း Lisboa မြို့တော်ကနေ ၁၃၅ ကီလိုမီတာအဝေးမှာရှိတဲ့ Évora ဆိုတဲ့မြို့လေးဆီ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီမြို့လေးမှာ အဲဒီဘက်ဒေသ Alentejo ဒေသရဲ့ ယဉ်ကျေးမှုတွေ၊ ဗိသုကာတွေ၊ ရှေးကျမှုတွေနဲ့အတူ စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတာပါ။ ဒီလိုစိတ်ဝင်စားစရာတွေထဲမှာမှ ဒီနေ့ခရီးသွားဧည့်သည်တွေကို ဖမ်းစားနေတာက သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဘုရားကျောင်းလေးတစ်ခုလည်း ပါဝင်နေပါတယ်။ သည်းထိတ်ရင်ဖိုစရာကောင်းဆို ဘုရားကျောင်းလေးရဲ့ အမည်ကိုက “Capela dos Ossos” ဆိုပြီး အရိုးစုတို့ဘုရားကျောင်းငယ်လို့ ပေးထားတယ်လေ။ ပြီးတော့ တကယ့်ကို လူရိုးစု အစစ်တွေနဲ့ တည်ဆောက်ထားတာလေ။ ဒီဘုရားကျောင်းငယ်လေးဟာ စိန်ဖရန်စစ်ဘုရားရှိခိုးကျောင်းကြီးဘေးမှာ ကပ်လျက်ရှိပါတယ်။ ဖရန်စစ္စကန်ဘုန်းတော်ကြီးကျောင်းနဲ့ တွဲလျက်ရှိနေတာပေါ့။

ဒီအရိုးစုတို့ဘုရားကျောင်းငယ်လေးကို ၁၄၆၀-၁၅၁၀ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က Évora မြို့မှာရှိတဲ့ သင်္ချိုင်းနှစ်ခုဟာ ပြည့်လျှံလာလို့ နေရာမလောက်ဖြစ်လာနေခဲ့ပါတယ်။ နောက်ထပ် အသုဘအသစ်တွေကို သင်္ဂြီုလ်ဖို့ နေရာမရှိဖြစ်လာတာမို့ ဂူဟောင်းတွေကို ရှင်းပစ်ဖို့ လိုလာပြီလို့ မြို့ခံတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီသင်္ချီုင်းတွေမှာ သင်္ဂြီုလ်ထားတဲ့သူတွေရဲ့ ဝိညာဉ်တွေကို အဲဒီၤလိုမစီရင်ချင်တဲ့ ဖရန်စစ္စကန်ကိုယ်တော်သုံးပါးက ဒီအရိုးစုတွေနဲ့ ဘုရားကျောင်းငယ်လေးတစ်ခုဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

တစ်ချိန်တည်းမှာပင် မြို့ရဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့အတူ လူတွေဟာ မောဟဒေါသလောဘတွေနဲ့ ရှင်သန်နေချိန် ဒီဘုရားကျောင်းငယ်လေးက သူတို့ကို သံဝေဂရစရာနဲ့သတိပေးနေတဲ့ တရားမှတ်စရာနေရာလေးအဖြစ်ပါ ဖန်တီးနိုင်ခဲ့တာပေါ့။ တရားမှတ်စရာဆိုလို့ ဘုရားကျောင်းငယ်လေးရဲ့ ဝင်ပေါက်မှာ ရေးထားတဲ့စာသားကိုက - Nós ossos que aqui estamos, pelos vossos esperamos,” - ငါတို့ ဒီမှာရှိတဲ့အရိုးစုတွေဟာလည်း မင်းရဲ့(အရိုးစု)အလာကို စောင့်မျှော်နေပါတယ်တဲ့။

ဒီဘုရားကျောင်းလေးကို ဆောက်တဲ့အခါ စုစုပေါင်းအရိုးစု ၅၀၀၀ ခန့်ပါဝင်တယ်လို့ ဆိုပါတယ်။ဒီအထဲမှာ အဖြူရောင်အခေါင်းနဲ့ ဘုရားစင်ပေါ်မှာရှိနေတဲ့ အရိုးစုတွေကတော့ အဲဒီဖရန်စစ္စကန်ဘုန်းတော်ကြီးကို စတင်တည်ထောင်ခဲ့တဲ့ ဖရန်စစ္စကန်ဘုန်းကြီးသုံးပါးရဲ့ အရိုးစုတွေပါ။

ကျနော်ကတော့ ဒီဘုရားကျောင်းလေးထဲကို ဝင်လိုက်တဲ့အခါ ဝါကြီးဝင်တဲ့ဗုဒ္ဓဟူးနေ့ (ပြာခံပွဲ)နေ့ကို သတိရမိသွားတယ်။ သင်သည်မြေကြီးမှလာ၍ မြေမှုန့်သို့ပြန်သွားရမည်ကို သတိပြုလော့ (ကမ္ဘာဦးကျမ်း ၃း၁၉)အတိုင်း ဘုရားကျောင်းဝင်ပေါက်ရဲ့ တံခါးက ရောင်ပြန်ဟပ်လို့ သတိပေးနေတာမဟုတ်လား။

ဒီကျောင်းလေးနဲ့ပတ်သက်ပြီး ကဗျာဆရာ ဘုန်းတော်ကြီး Fr. Antonio da Ascencao ကလည်း ဒီလိုရေးထားပြန်တယ်လေ။

"ဒီလောက် လောလော လောလောနဲ့ ဘယ်ကိုဦးတည်ပြီး သွားနေတာလဲ၊ အို လောကဧည့်သည်။ ရပ်ပါဦး . . . သင့်ခရီးကို မဆက်ပါနဲ့ဦး၊ သင့်မှာ ဒီ့ထက်အရေးကြီးတဲ့ ဦးစားပေးရမယ့်အရာရှိဦးမလား။- သင့်ရဲ့အမြင်ကို သင်အာရုံစိုက်ပါဦး။

ကဲ- မိတ်ဆွေရေ... ဒီလောကကြီးထဲမှာ သင် ဘယ်လောက်ခရီးနှင်ပြီးနေပြီလဲ။ ဒီအရိုးစုတွေလိုပဲ အဆုံးသတ်ရဦးမယ်ဆိုတာ စဉ်းစားကြည့်ပါဦးလား။ အားလုံး ဒီလိုပဲ စဉ်းစားကြတယ်ဆိုရင်တော့ အလားတူအဆုံးသတ်ကို စဉ်းစားကြည့်တာ တန်ပါတယ်။

ဒီလောကမှာ ကျနော်တို့ အရေးပေးစဉ်းစားတဲ့အရာတွေအများကြီးရှိပေမယ့် ကိုယ့်သေခြင်းတရားကို ကိုယ်စဉ်းစားတာတော့ နည်းလွန်းမှာပါ။
အကယ်၍များ ဒီအရိုးစုတို့ဘုရားကျောင်းငယ်လေးကို လမ်းကြုံလို့ သင်ကြည့်မိသွားတယ်ဆိုရင်ဖြင့် ... ခေတ္တခဏ ရပ်ပါဦး။ သင့်ခရီးရှည်အတွက်ပါ။ သင်ကောင်းကောင်း နားလေလေ သင်ခရီးရှည်ရှည်သွားနိုင်လေပေါ့။

အကယ်လို့များ သေခြင်းတရားက သင့်ကိုစိတ်ဓါတ်ကျစေမယ်ဆိုရင်တော့ ဒီဘုရားကျောင်းလေးရဲ့အဆုံးရှိ ဘုရားစင်လေးအပေါ်မှာ လာတင်လိုရေးထားတဲ့ စာကျောင်းလေးကို ဖတ်ကြည့်ပါဦး ...ရေးထားသည်က "အလင်းထဲမှာ ငါသေဆုံးခဲ့သည်" နဲ့ "ငါသေတဲ့နေ့ဟာ ငါမွေးတဲ့နေ့ထက် ပိုကောင်းမြတ်လှသည်"တဲ့။

မိတ်ဆွေ၊ သင်နဲ့ကျွန်ုပ်လည်း အလင်းထဲမှာ ရှင်သန်ခဲ့ပြီး နောက်ဆုံး "ငါသေတဲ့နေ့ဟာ ငါမွေးတဲ့နေထက် ပိုကောင်းမြတ်ရမည်"လို့ သံဓိဌာန်ချနိုင်ပြီလား။

ဒိုမီနီကန်ကိုယ်တော်

ကွယ်လွန်သူများအတွက် အထူးဆုတောင်းပေးရတဲ့ နိုဝင်ဘာလအတွင်း ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့ ညနေခင်းမှာပဲ ပုပ်ရဟန်းမင်းကြီး လေအို (၁၄...
03/11/2025

ကွယ်လွန်သူများအတွက် အထူးဆုတောင်းပေးရတဲ့ နိုဝင်ဘာလအတွင်း ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့ ညနေခင်းမှာပဲ ပုပ်ရဟန်းမင်းကြီး လေအို (၁၄) ကိုယ်တိုင် ၎င်းအရိုက်ရာ ဆက်ခံသော ပုပ်ရဟန်းမင်းကြီး ဖရန်စသ်ရဲ့ အုပ်ဂူမှာ သွားရောက်ဆုတောင်းခြင်း ပြုခဲ့ပါတယ်။

ကွယ်လွန်သူဝိညာဉ်များအဖို့ အထူးဆုတောင်းခြင်းနေ့နိုဝင်ဘာ ၂ရက်နေ့အသင်းတော်တစ်ခုတည်းမှာပဲ ဖြစ်တည်မှုသုံးခု/သုံးပိုင်းရှိတယ်လ...
01/11/2025

ကွယ်လွန်သူဝိညာဉ်များအဖို့ အထူးဆုတောင်းခြင်းနေ့
နိုဝင်ဘာ ၂ရက်နေ့

အသင်းတော်တစ်ခုတည်းမှာပဲ ဖြစ်တည်မှုသုံးခု/သုံးပိုင်းရှိတယ်လို့ ဆိုပါတယ်။ ပထမဖြစ်တည်မှုအပိုင်းက သန့်ရှင်းမြင့်မြတ်သော ကောင်းကင်နိုင်ငံတော်ရှိ အသင်းတော်၊ ဒုတိယအသင်းတော်ဖြစ်တည်မှုအပိုင်းမှာ ဤကောင်းကင်နိုင်ငံသို့ ခရီးပြုနေသော လောကရှိအသင်းတော်၊ နဲ့ တတိယအသင်းတော်ဖြစ်တည်မှုအပိုင်းကတော့ ငရဲငယ်လို့ခေါ်တဲ့ အခြေအနေမှာ ကောင်းကင်ခရီးပြုနိုင်ဖို့ လိုအပ်တဲ့ သန့်ရှင်းစင်ကြယ်ခြင်းခံယူနေသော အသင်းတော်တို့ ဖြစ်ကြပါတယ်။ ဒီသုံးပိုင်းလုံးဟာ ခရစ်တော်ကိုယ်တိုင်ဦးခေါင်းအဖြစ်ရှိနေသော အသင်းတော်ကြီးတစ်ခုတည်းမှာပဲ တည်ရှိကြပါတယ်။ ဒါ့ကြောင့် ကောင်းကင်အသင်းတော်ရှိ ဘုရား၏မယ်တော် ကညာစင်မာရီအပါအဝင်၊ ပရော်ဖက်ကြီးတွေ၊ ရဟန္တာသူတော်စင်တွေက ကျွန်ုပ်တို့ လောကခရီးသွားအသင်းတော်နဲ့ ငရဲငယ်အသင်းတော်ရှိ ကောင်းကင်ခရီးသွားများအတွက် ကယ်တင်ခြင်းရရှိဖို့ ဆုတောင်းပေးနေကြပါတယ်။ အလားတူ ဒီလောက ကမ္ဘာရှိ ကျွန်ုပ်တို့တတွေလည်း ငရဲငယ်အသင်းတော်အပိုင်းမှာ ရှိတဲ့ သန့်ရှင်းစင်ကြယ်ခြင်းပြုနေတဲ့ ဝိညာဉ်များအားလုံးအတွက် အထူးဆုတောင်းပေးကြပါတယ်။

ဒါ့ကြောင့် ကက်သလစ်အသင်းတော်ကြီးအနေနဲ့ ကောင်းကင်နိုင်ငံ ရောက်ရှိပြီးဖြစ်တဲ့ ရဟန္တာသူတော်စင်များအားလုံးကို သဒ္ဓါကြည်ညိုခြင်းပေးသလို ငရဲရှိ ဝိညာဉ်များအားလုံးအတွက်လည်း မစ္ဆားတရားတော်ကြီးနဲ့တကွ ကျင်းပဆုတောင်းကြဖို့ တိုက်တွန်းသတ်မှတ်ပေးထားပါတယ်။

ဒီဝိညာဉ်တွေဟာ ၎င်းတို့ရဲ့အပြစ်လေးတွေကို ဆေးကြောဖို့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းမေတ္တာများနဲ့ ကောင်းမှုကုသိုလ်ပြုပေးခြင်းများမှ လွဲလို့ အခြားဖြစ်နိုင်ချေ နည်းလမ်းမရှိဘူးလို့ ယုံကြည်တာကြောင့် အခုလို အခါသင့် အချိန်သင့်မှာ ဒီဝိညာဉ်များအားလုံးအတွက် ဆုတောင်းပေးကြဖို့၊ မမေ့ကြဖို့ ဒီလို နေ့ကြီးကို သတ်မှတ်ပေးထားတာပဲ ဖြစ်ပါတယ်။

ရှေးဦးကာလတုန်းကဆို ကွယ်လွန်သွားသူတွေရဲ့ အမည်နာမများကို ဘုရားကျောင်းထဲမှာ ကပ်ထားလေ့ရှိကြပါတယ်။ ဒီလိုနည်းနဲံ သူတို့အားအမှတ်ရပြီးဆုတောင်းပေးကြဖို့ ဖြစ်ပါတယ်။ ၆ရာစုခန့်က ဘက်နက်ဒင်းဘုန်းတော်ကြီးကျောင်းတွေမှာဆို ကွယ်လွန်သူအဖွဲ့ဝင်များအတွက် အထူးဆုတောင်းပေးကြသလို။ စပိန်နိုင်ငံမှာလည်း စိန်အီစီဒေါက အာဝင်ဒူးကာလ ဒုတိယအပတ်မတိုင်ခင် စနေနေ့မှာ ဆုတောင်းပေးကြောင်း မှတ်သားရပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ၉ရာစုနှစ်မှာ ကောဗေးကျောင်းထိုင်ဘုန်းတော်ကြီးမှ သေလွန်သူဝိညာဉ်များအတွက် အထူးဆုတောင်းပေးခဲ့ကြောင်းတွေ့ရပြန်တယ်။ ဒါ့ပေမယ့်လည်း ၁၀၄၈ခုနှစ်မှာတော့ ကလူးနစ်ဘုန်းကြီးကျောင်းများအားလုံးတွင် ငရဲငယ်ရှိဝိညာဉ်များအတွက် နိုဝင်ဘာ ၂ ရက်နေ့ကို သတ်မှတ်ခဲ့ကြရာ၊ နောက်ပိုင်းတွင် အသင်းတော်တစ်ခုလုံးမှာ အဲဒီနေ့ကို သေလွန်သူဝိညာဉ်များ အတွက်ဆုတောင်းပေးရန် သတ်မှတ်လာခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ၁၅ရာစုမှာဆိုရင် ဒေါမီနီကန်အသင်းဂိုဏ်းမှာ ကွယ်လွန်သူဝိညာဉ်များပွဲနေ့မှာ ရဟန်းတော်တိုင်းဟာ ဝိညာဉ်များအတွက် မိစ္ဆားတရားပူဇော်ပေးဖို့ ဥပဒေတစ်ခုနဲ့ သတ်မှတ်ခဲ့ကြပါတယ်။ ၁၇၄၈ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၄)က အဲဒီအလေ့အထကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒီနောက် အဲဒီအလေ့အထဟာဆိုရင် စပိန်နိုင်ငံတလျှောက်လုံးမှာ လျှင်လျှင်မြန်မြန် ပြန့်နှံ့လာခဲ့သလို ပေါ်တူဂီနှင့် လာတင်အမေရိကတို့မှာလည်း ပြန်နှံ့လာခဲ့ပါတယ်။

ပထမကမ္ဘာစစ်အတွင်း သေလွန်သူတွေ အများကြီးကိုတွေ့ရလို့ အလွန်ဝမ်းနည်းခဲ့ရသလို၊ မိစ္ဆားတရားပူဇော်ရန် ဘုရားကျောင်းတွေ အများကြီး ပျက်စီးဆုံးရှုံးခဲ့ရတာကို မြင်ရလို့လည်း ဝမ်းနည်းခဲ့ရတာကြောင့် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၅)က အဲဒီဝိညာဉ်တွေအတွက် ပူဇော်တဲ့ မိစ္ဆားတရား- ပထမမိစ္ဆားမှာ မိမိတို့၏ရည်ရွယ်ချက်များအတွက်လည်းကောင်း၊ ဒုတိယမိစ္ဆားမှာ သေလွန်သူဝိညာဉ်များအတွက်သော်လည်းကောင်း၊ တတိယမိစ္ဆားတရားမှာ ကျွန်တော်တို့၏ သန့်ရှင်းသောဖခင်ကြီး ပုပ်ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်များအတွက်ဆုတောင်းပေးရန် စသဖြင့် ခွင့်ပြုပေးခဲ့ပါတယ်။

ကွယ်လွန်သူတို့၏အသက်ဝိညာဉ်တို့သည် ဘုရားသခင်၏သနားကရုဏာတော်ဖြင့် ငြိမ်သက်ချမ်းသာစွာ ရှိစေသော်။ အာမင်။

ဒိုမီနီကန်ကိုယ်တော်

Indirizzo

41, Via Dei Condotti
Rome
00187

Notifiche

Lasciando la tua email puoi essere il primo a sapere quando Dominican Kodaw pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta Il Luogo Di Culto

Invia un messaggio a Dominican Kodaw:

Condividi