Roman Catholic Church

Roman Catholic Church Informazioni di contatto, mappa e indicazioni stradali, modulo di contatto, orari di apertura, servizi, valutazioni, foto, video e annunci di Roman Catholic Church, Chiesa cattolica, Rome.

24/04/2022

ဂရုဏရှင်ယေဇူး တနင်္ဂနွေနေ့
Holy Mass of Pope on Divine Mercy Sunday

ရဟန်းတာ (Saint) ဆိုသည်မှာ- သူလိုကိုယ်လိုလူသားတစ်ဦး၊ - သာမန်လူသားထက်ပါရမီကိုကျင့် ကြံအားထုတ်နိုင်သူ၊- သာမန်လူသားထက်စွန်လွှ...
22/04/2022

ရဟန်းတာ (Saint) ဆိုသည်မှာ

- သူလိုကိုယ်လိုလူသားတစ်ဦး၊
- သာမန်လူသားထက်ပါရမီကိုကျင့် ကြံအားထုတ်နိုင်သူ၊
- သာမန်လူသားထက်စွန်လွှတ်နိုင်သူ၊
- သာမန်လူသားထက်ဆက်ကပ်နိုင်သူ၊
- သာမန်လုသားထက်လူသားများကိုချစ်တတ်သူ၊
- သာမန်လူသားထက်ဘုရားကိုချစ်တတ်သူ၊
- သာမန်လူသားထက်ကိုယ်အလိုကိုငြင်းတတ်သူ၊
- သာမန်လူသားထက်အများ၏လို အင်ကိုစဉ်းစားတတ်သူ၊
- သာမန်လူသားထက်သေခြင်းကိုမကြောက်သူ၊
- သာမန်လူသားထက်အသက်ကိုမြတ်နိုးသူ၊
- သာမန်လူသားထက်တရားမွှေ့သူ၊
- သာမန်လူသားထက်ဘုရားကိုချစ် သူ၊
- သာမန်လူသားထက်ကျေးဇူးတော်ကိုသိနားလည်ပြီး၊ အသုံးချတတ်သူ၊
- သာမန်လူသားထက်ခြိုးခြံတတ်သူ၊

ီတာခိုင်

12/10/2021
12/10/2021
အောက်တိုဘာ (၄) ရက်နေ့ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်အစီစီမြို့မှစိန်ဖရန်စစ် (Saint Francis)  သူ့၏အတ္ထုပတ္တိမွေး - (၁၁၈...
03/10/2021

အောက်တိုဘာ (၄) ရက်နေ့
ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်
အစီစီမြို့မှစိန်ဖရန်စစ် (Saint Francis) သူ့၏အတ္ထုပတ္တိ

မွေး - (၁၁၈၂)၊ ပျံလွန် - ပျံလွန် - (၁၂၂၇၊ အောက်တိုဘာလ၊ ၃)
ယနေ့အမိကက်သလစ်သာသနာတော်အနေဖြင့်၊ အစီစီမြို့မှစိန်ဖရန် စစ်၏ ပွဲနေ့ ကို ကျင်းပပါသည်။ သူ သည်၊ အီတလီလူမျိုးဖြစ်ပြီး၊ ဦးပဉ္စင်းဘ ဝြဖင့်သာ၊ မိမိ၏၀ကိုဆက်ကပ်အသက် ရှင်ခဲ့ပါသည်။ သူသည်အသင်း တော် အား၊ ပြုပြင်ပြောင်းလဲမူကြီးတစ်ခုကိုဆောင်ယူပေး နိုင်ခဲ့သူ ဖြစ် ပါ သည်။ သူသည် ငါ့နောက်သို့လိုသောသူသည်၊ မိမိ ကိုယ်ကိုငြင်းပယ်၍၊ မိမိလက်ဝါး ကားတိုင်ကို ထမ်းကာ၊ ငါ့သို့လိုက်လော့ ဟုသခင်ခရစ် တော်သွန်သင်ခဲ့သကဲ့သို့၊ လုံးဝထပ်တူကျအောင်လိုက် ခဲ့သူဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ကိုယ်တစ်ခုတည်းဖြင့်၊ ခရစ်တော်နောက် လိုက်ဖြစ်လာခဲ့ပါသည်။
တစ်နေ့သူတော်စင်ဖြစ်လာမည့်၊ ဖရန်စစ်အား (၁၁၈၀) ၀န်းကျင် လောက်တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ သူ သည်ကုန်သည်ကြီး Pietro Bernardone နှင့် ဇာနီး Pica တို့၏သား သမီးများစွာအနက်၊ တစ်ဦးဖြစ် ပါသည်။ သူ့အား ဂျွန်ဗားနီ (ဂျွန်) ဟုမှည့်ခဲ့သော်လည်း၊ နောက်ပိုင်း ၌ဖ ခင်ဖြစ်သူက၊ ဖရန် စစ်ကို (ဖရန်စစ်) ဟုဖခင်၏သဘောဆန္ဒအရ ပြောင်လဲ မှည့်ခေါ်ခဲ့ပါသည်။

သူ၏လူမူရေးနောက်ခံ

ဖရန်စစ်သည်၊ အလယ်ခေတ်ကာလဍ်ပေါ်ထွန်းခဲ့သော၊ သူတော်စင် များကဲ့သို့၊ ပညာရေး ကိုခုံမှင်သူ၊ ဘာသာ ရေးအလွန်ကိုင်းရှိုင်းသူ မဟုတ် ခဲ့ပေ။ ဖခင်ဖြစ်သူ၏ဥစ္စာသည်၊ သူအားအထက်တန်းလွာအစားထဲသို့ဝင် ရောက် သွား အောင်၊ သွပ်သွင်းခဲ့ပါသည်။ ထို့ကြောင့်လောကဆန်ဆန်၊ အ၀တ်အစာ များ၊ သီချင်းသီဆိုခြင်းများဖြင့် သာ၊ အချိန် ကုန်စေခဲ့သူဖြစ်ပါ သည်။ နောက်ပိုင်းဍ်မူ၊ ထူးခြားစွာဖြင့်ငြိမ်း ချမ်းရေးကိုလိုလားသူများအား၊ မှိုင်းမသောသူ တော်စင် အဖြစ်ဂုဏ်ပြုခံရပါသည်။ အမှန်ဆိုသော်တစ်နေ့ စစ်သူကြီးဖြစ်လာပြီး၊ ပြည်နယ်အားနယ်ချဲ့ရန်မူလာသော၊ ရန်သူများ ကိုချေ မှုန်းရန်၊ ရန်ရည်မှန်းထားသူဖြစ်ပါသည်။
ထိုမတည်မငြိမ်ဖြစ်နေသော၊ နိုင်ငံရေးအရှုပ်အယှက်ဂယှက်သည်၊
သူ့အားလေး နက်သောအတွေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုအတွေး မှာ၊ သူ၏စစ်တပ်သည်၊ လောကနှင့်မ ဆိုင်။ ထိုအတောအတွင်း၊ နေထိုင် မကောင်း၍၊ သူ၏ဇာတိမြို့သို့ပြန်သွားခဲ့ပါသည်။ နေထိုင်မ ကောင်းဖြစ်နေ စဉ်၊ ချို့တဲ့ခြင်းအသက်တာအ ကြောင်းကိုအတွေးနယ်ချဲ့ လာပါတော့သည်။

ပျော်တတ်သူဖရန်စစ်

သူသည်ပင်ကိုယ်ဗီဇအရလည်းပျော်ပျော်နေတတ်သူဖြစ်သည်။ တောင်တောင်သဘာဝကို လည်းကောင်း၊ တောင်ရှိုင်းတိရစ္ဆာများကို လည်းကောင်းချစ်တတ်၊ သနားတတ်၊ စောင့်ရှောက်တတ်ပြီး၊ သူတရားအား ထုတ်ခဲ့သော နေရာကိုဘောမဲ့တောအဖြစ် သတ်မှတ်ကာတိရ စ္ဆာများ၏ အသက်ကိုကာကွယ်စောင့်ရှောက်ခဲ့သည်။ များ မကြာမည် နှစ်ကရဟန်း မင်းကြီးဖရန်စစ်ထုတ်ဝြေဖန်ချီခဲ့သော Laudato Si စာအုပ် ခေါင်းစဉ်သည် ရှင်ဖရန်စစ်အစီးစီ၏ ဘုရားသ ခင်၏လက်ရာတော်ကိုချီးမွှမ်းခန်းဖွင့်ထား သော တေးဆုတောင်းမှဝါကျကိုထုတ်ယူထား ခြင်းဖြစ် သည်။

ဖခင်၏ပိုင်ဆိုင်မူအားလုံးကိုငြင်းဆန်ခဲ့

ဖရန်စစ်သည်ဝါကျတစ်ကြောင်းဖြင့်ဘဝပြောင်းခဲ့သူဖြစ်သည်။ သူ့ အားဘဝပြောင်းစေ ခဲ့သောဝါကျမှာ သင် သည်စုံလင်ခြင်းသို့ ရောက်လို လျှင်သွား၍သင်၌ရှိ သည့်ဥစ္စာကိုရောင်းချပြီးလျှင်ဆင်းရဲသားတို့အားပေး ကမ်းလော့။ ဤသို့ပြုလျှင်သင် သည်ကောင်းကင်ဘုံ၌ဘ ဏ္ဍာကိုရလိမ့် မည်။ ထို့နောက်ငါ့နောက်သို့လိုက်လော ဟူ သည့်ကျမ်း ချက်ဖြစ်သည်။ (ရှင်မာတေဦး ၁၉း၂၁) ထို့ကြောင့်ဖခင်၏ ပိုင်ဆိုင်ရာ များ၊ ဆင်ထားပေး သောအဆင်တန်ဆာများအား လုံးကိုချန်လှပ်ထားခဲ့ကာ၊ အာစီးစီမြို့၏ချို့တဲ့ သူအဖြစ်ရှင်သန်ခဲ့သည်။ သူဌေးသားသည်ဧဝံ ဂေလိတရား တော်ကြောင့် လုံးဝမွှဲတေသူ တစ်ဦးအဖြစ်ကျင့်ကြံနေထိုင်ခဲ့သည်။ သူဆုံးဖြတ်ခံယူထား သည့်အတိုင်းထူးခြားစွာကျင့် ကြံအား ထုတ် နိုင်ခဲ့သူဖြစ်သည်။

သူ၏အပေါင်းအဖော်များ
ဖရန်စစ်၏မဆုတ်မနစ်သောဇွဲလုံ့လ၊ ခံယူချက်ပြင်းထန်ခြင်းကြောင့် သူ့ကိုအားကျသူများ၊ နောက်လိုက်လို ကြသူများပေါ်လာပါ သည်။ သူသည်ဧဝံဂေလိတ ရားကိုအခြေခံသောချိုးခြံခြင်း (ဆင်းရဲခြင်း) ပါရမီကိုကျင့်ဆောက် တည်ရင်းသာသနာ တော်အားထောက်ပံ့ခဲ့ သည်။

ထူးခြားသောသူ၏ကျင့်စဉ်တစ်တစ်ပါး

(၂၀၁၀) ခုနှစ်၊ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) က၊ စိန်ပီတာရင်ပြင် သို့ရောက်ရှိနေသော၊ ကမ္ဘာအရပ်ရပ်မှ ဘုရားဖူးများအား၊ စိန်ဖရန်စစ်အ စီစီသည်၊ သန့်ရှင်းခြင်းကိုရရှိခဲ့သော၊ လူသန်ကြီး၊ ပျော်ရွှင်စွာနေ ထိုင် တတ်သူ၊ အသင်းတော်အား၊ ပျော်ရွှင်ခြင်း ၏လျှို့ဝှက်ချက် များကိုသင် ကြားပေးခဲ့သည့်၊ ကြီးမြတ်သောသူတော်စင်၊ ဘုရားရှင် နှင့်နီးစပ်သူ ဟု ဂုဏ်ပြုမိန့်ဆိုခဲ့ပါသည်။

ဖရန်စစ်၏ဘ၀ကိုပြောင်းလဲစေခဲ့သောအကြောင်းတရား (၃) ချက်

ဖရန်စစ်၏ဘ၀ကိုပြောင်းလဲစေခဲ့သောအကြောင်းတရား (၃) ချက်ရှိခဲ့ပါသည်။
(၁) အစီစီဍ်၊ အရေပြားရောဂါ သည်များရှိပြီး၊ ၄င်းတို့၏လက် ဆွဲနုတ်ဆက် ၍၊ နမ်းရန်ဖရန် စစ်ရွံရှာ သူဖြစ်ပါသည်။ ထိုရွံသောစိတ်ကို၊ နောက်ပိုင်း၌ ကျော်လွှားနိုင်ခဲ့ပါသည်။ (၂) ထို့အခက်အခဲကိုကျော်လွှားပြီးနောက်၊ ဖရန်စစ်သည်၊ ရောမသို့ဘု ရားဖူးသွားခဲ့ပါသည်။ ထိုဘု ရားဖူးခရီးစဉ်တွင်၊ သူ၌ပါသွားသောငွေစ၊ ကြေး စများအားလုံးကို၊ စိန်ပီတာ၏ဂူ၌လှူဒါန်းခဲ့ပြီး၊ ၀တ် ဆင်ထားသောသူ ၏ ၀တ်ကောင်း စား လှကိုလည်း၊ သူဖုန်းစားတစ်ဦးနှင့်လဲလှယ်ဝတ်ဆင်ခဲ့ပါ သည်။ (၃) ထိုမှပြန်လာသောအခါ၊ ဖရန်စစ်၊ မင်းတွေ့တဲ့အတိုင်း၊ ယိုယွင်းယှိုင်နှဲ့ နေတဲ့ငါ့ရဲ့အိမ်ကို၊ သွားပြီး၊ ပြင်လိုက်ပါ ဟုမိန့်သောသခင်ခရစ်တော်၏ စကားသံကိုကြားခဲ့ရပါသည်။

ထိုအချိန်မှစ၍၊ ဖရန်စစ်သည်၊ ဖခင်ဖြစ်သူ၏ဥစ္စာများကို၊ ဘုရား ကျောင်းပြုပြင်မွှမ်း မံရန်အတွက်အသုံး ပြုခဲ့ပါ သည်။ ထို့အတူ၊ ပိတ်ကုန် သညသူဌေးကြီး၏သားသည်၊ ဘုရားသခင်မှအ ပသူ၌မည်သည့် ဖခင်မျှ မရှိဟု၊ လူသိ ရှင် ကြားပြောကြားသောကြောင့်၊ အံ့အားသင့်စရာ၊ ငြင်းခုံစရာ များဖြစ်လာပါသည်။ ဆင်းရဲခြင်းပါရမီတည်းဟူသောအ မျိုး သမီးလေးနှင့် လက်ထပ်ထားသူအဖြစ်ခံ ယူထားပါသည်။ ထို့အတူကြီးမြတ်သောဘု ရင် ဖြစ်သော၊ ခရစ်တော်၏ သ တင်းကောင်းဆောင်သူအ ဖြစ်ခံယူအစေ ခံခဲ့ ပါသည်။

ဖရန်စ္စကင်အသင်းစတင်မွေးဖွားလာခဲ့ခြင်း

(၁၂၀၈) ခုနှစ်တွင်၊ ဖရန်စ္စကင်အသင်းဖြစ်ပေါ်လာစေမည့်၊ လုပ် ဆောင်ချက်များစ တင်လုပ်ဆောင်လာ ခဲ့ပါ သည်။ မစ္ဆာတရားပါဝင် ပူ ဇော်နေသောတစ်မနက်ဍ်၊ ဖတ်ရူပူဇော်သောဧဝံ ဂေလိကျမ်း စာတော်မြတ် သည်၊ သူ့အားလုံး ဝပြောင်းလဲသွားရန်၊ အကြောင်းတရားဖြစ်စေခဲ့ပါသည်။ ထိုကျမ်းချက်ဍ်၊ ခရစ်တော်သခင်သည်၊ မိမိကြွရောက် မည့် ရွာများသို့၊ တ ပည့်တော်နှစ်ပါးစီစေ လွှတ် မည်ဖြစ်ပါသည်။ မစေလွှတ်မည်ငွေစ၊ ကြေးစ၊ ဖိနပ်များ၊ အ၀တ်အစား အပိုများ ဆောင် မသွားရန်မှာ ကြားသည့်ကျမ်းချက် ဖြစ်ပါသည်။ ဤကျင့်စဉ်သည်၊ ဖရန်စစ်နှင့်အပေါင်းအပါများအတွက်၊ လိုက် နာရ မည့်ဥပဒေဖြစ်လာခဲ့ပါသည်။ ခေတ်ကာလ၏လူနေမူစရိုက်နှင့်၊ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော်လည်း၊ ဖရန်စစ်သက်ရှိထင်ရှားနေစဉ်ချိန်၌ပင်၊ လူ အများအားဆွဲဆောင်နိုင်ခဲ့သောကျင့်စဉ်တစ်ခုဖြစ်ခဲ့ပါ သည်။

ခရစ်တော်အားအနီးကပ်ပုံတုယူခဲ့သူ

ဖရန်စစ်၏ ခရစ်တော်အားပုံတုယူခြင်းအသက်တာသည်၊ ခရစ်တော် ၏ ဒုက္ခခံ ခြင်း၌လည်းပါဝင်ခဲ့ပါသည်။ ထို့ကြောင့်ထူးဆန်းစွာဖြင့်၊ သခင် ခရစ်တော်၏ဒဏ်ရာတော် (၅) ချက်ကိုလည်း (၁၂၂၄) ခုနှစ်ဍ်၊ သူ၏ခနွာ ကိုယ်ပေါ် တွင် ဆွဲကပ်လာခဲ့ပါသည်။ ထိုဒဏ်ရာတော် (၅) ချက်ရ ရှိပြီး နောက်၊ နှစ်နှစ် တာအတွင်း သူ၏ကျမ်းမာရေး သည်၊ တ ဖြည်း ဖြည်းယို ယွင်းလာ ခဲ့ပါ တော့သည်။ ထိုနှစ်နှစ်တာသည် ရှင်သန်နေသောပူဇော်ခြင်း အသက်တာဖြစ်ခဲ့ပါ သည်။ သူသည်၊ နှစ်ပေါင်း (၂၀) ခန့်တရားဟော ကြား ခြင်းနှင့်၊ အပြစ်ဒဏ်ဆပ်ဖြေခြင်းများဖြင့်၊ သာသနာပြုခဲ့ပါသည်။ ဖရန် စစ် သည်၊ (၁၂၂၆) ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့၌ပျံလွန်သွားခဲ့ပါ သည်။ သူ၏မိတ် ဆွေလည်းဖြစ်ပြီး၊ လေး စားကြည်ညိုသူလည်းဖြစ်၊ ရဟန်း မင်းကြီးလည်းဖြစ်သော၊ ရဟန်းမင်းကြီးဂ ရေဂေါရီ (၉) မှ၊ ဖရန်စစ်အား (၁၂၂၈) ခုနှစ်တွင် သူတော်စင်အဖြစ်တင်မြောက်ခဲ့ပါသည်။

Fr. Cle Pike

Crd(Fr. Cle Pike)

ဗုဒ္ဓဟူးနေ့(၂၃)ကြိမ်းမြောက်သာမန်သီတင်းပတ်။Sep/15/ဝမ်းနည်းကြေကွဲခြင်း မယ်တော်။ Our Lady of Sorrows (M) ငါတို့ဘာသာတရား၏နက်...
14/09/2021

ဗုဒ္ဓဟူးနေ့(၂၃)ကြိမ်းမြောက်သာမန်သီတင်းပတ်။
Sep/15/ဝမ်းနည်းကြေကွဲခြင်း မယ်တော်။
Our Lady of Sorrows (M)

ငါတို့ဘာသာတရား၏နက်
နဲရာအချက်။ The Mystery of our Religion.
ပ၊ တီမောသီဦး။ ၃:၁၄-၁၆။

၁၄။ငါသည် သင့်ထံသို့ မကြာမီလာရောက်နိုင်မည်ဟု
မျှော်လင့်ပါ၏။ သို့သော် ဤသွန်သင်ချက်များကို သင့်ထံသို့ ရေးရသောအကြောင်းရင်းမှာ၊

၁၅။အကယ်၍ ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာခဲ့ပါလျှင် ဘုရားသ္ခင်၏အိမ်ထောင်စုအတွင်း၌ လူတစ်ဦးသည် မည်ကဲ့သို့နေထိုင်ကျင့်ကြံရမည့်အကြောင်းကို သင်သိစေရန်ဖြစ်၏။ ဘုရားသ္ခင်၏အိမ်ထောင်စုသည်ကား အသက်ရှင်သော ဘုရားသ္ခင်၏အသင်းတော်နှင့် သမ္မာတရား၏မဏ္ဍိုင်နှင့် ကျောထောက်
နောက်ခံဖြစ်သတည်း။

၁၆။ငါတို့ ဘာသာတရား၏နက်နဲရာအချက်သည် အမှန်စင်စစ်ကြီးမြတ်လှကြောင်းကို ငါတို့ယုံကြည်ဝန်ခံပါ၏။ ကိုယ်တော့်ကို လူအဖြစ်၌ ထင်ရှားစေပြီးလျှင် ကိုယ်တော်သည် ဖြောင့်မတ်ကြောင်းကို ဝိညာဉ်တော်က သက်သေထူတော်မူ၏။ ကောင်းကင်တမန်တော်တို့သည် ကိုယ်တော့်ကို ဖူးမြင်ကြရ၏။ သတင်းတော်ကို လူမျိုးအပေါင်းတို့အလယ်တွင် ကြေညာ
ဟောပြောကြ၍ ကမ္ဘာအနှံ့ယုံကြည်ခဲ့ကြသည်။ ကိုယ်
တော်သည် ဘုန်းဂုဏ်တော်နှင့်အထက်သို့ဆောင်ယူခြင်းခံရတော်မူပြီ။

ဤသည်ကားဘုရားသခင်၏နှုတ်ကပါဌ်တော်ပေတည်း။

ဧဝံဂေလိကျမ်း။
ရှင်ယောဟန်။ ၁၉-၂၅-၂၇။

၂၅။စစ်သူရဲတို့သည်လည်း ဤကဲ့သို့ခွဲဝေယူကြ၏။ ထိုအချိန်၌ ယေဇူး၏လက်ဝါး ကပ်တိုင်အနီးတွင် ရပ်နေကြသောသူတို့သည်ကားကိုယ်တော်၏မယ်
တော်၊ မယ်တော်၏ညီမဖြစ်သော ကလေအိုဖ၏ဇနီး မာရိယာနှင့်မာရိယာမာဒလေးနာတို့ဖြစ်ကြ၏။

၂၆။ယေဇူးသည် မယ်တော်နှင့်သူမအနီးတွင်ရပ်နေသည့် မိမိချစ်တော်မူသော တပည့် တော်ကိုမြင်လျှင် မယ်တော်အား အချင်းအမျိုးသမီး၊ သင်၏သားကိုကြည့်ပါဟု မိန့်တော်မူ၏။

၂၇။ထို့နောက် ကိုယ်တော်သည် တပည့်တော်ကိုလည်း သင်၏အမိကိုကြည့်ပါဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ၏အိမ်သို့
ခေါ်ဆောင်ထားလေ၏။

ဤသည်ကားဘုရားရှင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း။

သန့်ရှင်းသော ကားတိုင်တော်၏ အောင်နိုင်ခြင်းပွဲနေ့။ Feast of the Exaltation of the Holy Cross.   (Sep 14. 2021)ပထမကျမ်း။ မ...
14/09/2021

သန့်ရှင်းသော ကားတိုင်တော်၏ အောင်နိုင်ခြင်းပွဲနေ့။
Feast of the Exaltation of the Holy Cross.
(Sep 14. 2021)

ပထမကျမ်း။
မြွေကိုက်ခံရသူက ကြေးဝါမြွေကို ကြည့်ရှုသောအခါ
အသက်ချမ်းသာရကြ၏။
တောလည်ရာကျမ်း။၂၁:၄-၉။

၄။ဟောရတောင်မှထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊

၅။သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သော စားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။

၆။ထိုအခါ ထာဝရဘုရားသည်၊ ဣသေရသာအမျိုး
သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့် သေကြ၏။

၇။ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ ကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့်ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့လက်မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။

၈။ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

၉။မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်
ပေါ်မှာ မြှောက်ထားပြီးလျှင် မြွေကိုင်သော သူမည်သည်ကား ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပါဌ်တော်ပေတည်း။

ဆာလံ-သံပြိုင်။
ဆာလံ။၇၈:၁၊၂၊၃-၃၈။လ/၇။

သံပြိုင်။ ကိုယ်တော်၏အမူတော်တို့ကို မမေ့လျှော့ကြနှင့်။

အိုငါ၏လူမျိုး၊ ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါ၏နှုတ်မှမြွက်ဆိုသောစကားတို့ကို အာရုံ
စိုက်ကြလော့။ ငါသည် ငါ၏နှုတ်ကိုဖွင့်၍ ပုံဥပမာစကားဖြင့် မြွက်ဆိုမည်။ ရှေုးကာလမှ နက်နဲသောစကားများကို ငါဖွင့်ဟပြောဆိုမည်။ သံပြိုင်။

ကိုယ်တော်သည် သူတို့ကို ကွပ်မျက်တော်မူသောအခါ
သူတို့သည် ကိုယ်တော့်ကိုရှာကြ၏။ သူတို့သည် နောင်
တရကြပြီးနောက် ကိုယ်တော့်ကို စိတ်အားထက်သန်စွာ ရှာဖွေကြ၏။ ဘုရားသ္ခင်သည် သူတို့၏ခိုလှုံရာကျောက်ဆောင်၊ သူတို့၏ကယ်တင်ရှင်၊ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သူတို့သတိရကြ၏။ သံပြိုင်။

သို့သော် သူတို့သည် နှုတ်အားဖြင့် ကိုယ်တော့်ကို မြှောက်ပင့်ပြောဆိုကြပြီးလျှင် လျှာအားဖြင့် ကိုယ်တော့်ကို လိမ်လည်ကြ၏။ သူတို့၏စိတ်နှလုံးသည် ကိုယ်တော်၏ရှေ့တော်၌ တည်ကြည်ခိုင်မာမှုမရှိပေ။ သူတို့သည် ကိုယ်တော်နှင့် ပြုလုပ်ထားသော ပဋိညာဉ်တော်အပေါ်တွင် သစ္စာမရှိကြပေ။ သံပြိုင်။

ကိုယ်တော်မူကား ကရုဏာမေတ္တာစိတ်နှင့်ပြည့်ဝသောအရှင်ဖြစ်၍ သူတို့၏မိုက်မှားမှုများကို ခွင့်လွှတ်ပြီး သူတို့ကိုဖျက်ဆီးတော် မမူခဲ့ပေ။ ကိုယ်တော်သည် မိမိ၏ဒေါသကို မကြာခဏချုပ်တည်း၍ အမျက်တော်လည်း ထွက်တော်မမူခဲ့ချေ။ သံပြိုင်။

ဒုတိယကျမ်း။
ခရစ်တော်၏နှိမ့်ချခြင်း။ ဖိလိပိ။ ၂:၆-၁၁။

၆။ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ရှိသော်လည်း
ဘုရားသ္ခင်နှင့်တန်းတူညီတူအဖြစ်ကို ရယူအပ်သည်ဟု ထင်မှတ်ခြင်းမရှိဘဲ၊

၇။မိမိ၌ရှိသမျှကိုစွန့်လွှတ်ပြီးလျှင်အစေခံဘဝကိုယူ၍ လူတို့၏ပုံသဏ္ဍာန်အတိုင်း မွေးဖွားခြင်းကိုခံတော်မူ၏။

၈။ကိုယ်တော် သည် လူ့အဖြစ်ကိုယူပြီးလျှင် သာမညသေခြင်းမျိုးမဟုတ်ဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည့်တိုင်အောင် နာခံလျက် မိမိကိုယ်ကိုနှိမ့်ချတော်မူ၏။

၉။ထို့ကြောင့် ဘုရားသ္ခင်သည် ကိုယ်တော်အား ထူးကဲစွာချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမတော်ကို အပ်နှင်းတော်မူ၏။

၁၀။ဤသို့ဖြင့်ကောင်းကင်၊ မြေကြီးနှင့်မြေကြီးအောက်၌ရှိကြသော သတ္တဝါအပေါင်းတို့သည် ယေဇူး၏နာမတော်၌ ရိုသေပျပ်ဝပ်ကြလျက်၊

၁၁။ယေဇူးခရစ်တော်သည် အရှင်သ္ခင်ဖြစ်တော်မူသည်ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသဖြင့် အဖဘုရားသ္ခင်၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေကြလိမ့်မည်။

ဤသည်ကားဘုရားသခင်၏နှုတ်ကပါဌ်တော်ပေတည်း။

ကြွေးကြော်သံ။
အာလေလူယား။ အိုခရစ္စတူးသခင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်၍ ကောင်းကြီးပေးကြပါသည်။အကြောင်း
မူကား ကိုယ်တော်၏ ကားတိုင်တော်အားဖြင့် တပည့်တော်တို့ကို ကယ်တင်တော်မူခဲ့ပြီ။ အာလေလူယား။

ဧဝံဂေလိကျမ်း။
လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။
ရှင်ယောဟန်။၃:၁၃-၁၇။

၁၃။ကောင်းကင်မှ ဆင်းသက်လာသောလူသားမှတစ်
ပါး မည်သူမျှကောင်းကင်သို့မတက်ဖူးကြ။

၁၄။မိုးဇက်သည် တောကန္တာရ၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။

၁၅။ဤသို့ဖြင့် သူ၌ယုံကြည်သောသူဟူသမျှသည် ထာဝရအသက်ကို ရလိမ့်မည်။

၁၆။သားတော်ကို ယုံကြည်သောသူဟူသမျှကို ပျက်
စီးခြင်းသို့မရောက်စေဘဲ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသ္ခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာလောကသားတို့ကို ချစ်တော်မူ၏။

၁၇။အကြောင်းမူကား ဘုရားသ္ခင်သည် ဤလောက
ကိုအပြစ်စီရင်ခြင်းငှါ သားတော်အား လောကထဲသို့စေ
လွှတ် တော်မူသည်မဟုတ်။ သားတော်အားဖြင့် ဤလောကသည် ကယ်တင်ခြင်းခံရစေရန် စေလွှတ်တော်မူခြင်းသာဖြစ်၏။

ဤသည်ကားဘုရားရှင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ဇွန်လ(၄)ရက်နေ့ နေ့လည်တွင် ဆေးရုံတင်ခွဲစိတ်ခြင်းမှာ  အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း ဗာတီက...
05/07/2021

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ဇွန်လ(၄)ရက်နေ့ နေ့လည်တွင် ဆေးရုံတင်ခွဲစိတ်ခြင်းမှာ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း ဗာတီကန်ဆိုင်ရာသတင်းတွင် အတည်ပြုကြေညာခဲ့ပါတယ်။
အမိအသင်းတော်ကြီးအား လမ်းညွန်၊ ဦးဆောင်ပေးနေသော အရှင်သူမြတ်အတွက် ဆက်လက်ဆုတောင်းပေးကြပါစို့။

https://www.vaticannews.va/en/pope/news/2021-07/pope-francis-doing-well-after-surgery.html

(၁၄)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့။                      #ပထမကျမ်း။ပုန်ကန်တတ်သောလူမျိုးဖြစ်၍ သူတို့၏အလယ်တွင် ပရောဖက်တစ်ပါ...
03/07/2021

(၁၄)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့။


#ပထမကျမ်း။
ပုန်ကန်တတ်သောလူမျိုးဖြစ်၍ သူတို့၏အလယ်တွင်
ပရောဖက်တစ်ပါးရှိကြောင်းသိကြပါစေ။
ယေဇကျေလ။ ၂:၂-၅။

ထိုကာလ၌ ဝိညာဉ်တော်သည် ကျွန်ုပ်ထံသို့ကွှလာ၍
ကျွန်ုပ်ကို မတ်တက်ရပ်စေပြီးနောက် ကျွန်ုပ်အား ပြော
သောစကားကို ကြားရသည်ကား အချင်းလူသား၊ ငါ့ထံမှ ထွက်ခွာသွားကြ၍ ပုန်ကန်သောလူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့ထံသို့ သင့်ကို ငါစေလွှတ်၏။ ထိုသူတို့၏ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်ကြ၏။ သင့်ကို ငါစေလွှတ်သော ထိုသူတို့ သည် အလွန်ခေါင်းမာသောအမျိုးသားများဖြစ်ကြ၏။ ဘုရားသ္ခင်သည် ဤကဲ့သို့ မိန့်တော်မူကြောင်း သူတို့အားပြောကြားလော့။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်၍ နားထောင်သည်ဖြစ်စေ၊ နားမထောင်ဘဲ ရှုတ်ချကဲ့ရဲ့သည်ဖြစ်စေ၊ သူတို့ ၏အလယ်တွင် ပရောဖက်တစ်ပါးရှိခဲ့ကြောင်း သိ
ကြပါစေ။

ဤသည်ကားဘုရားသခင်၏နှုတ်ကပါဌ်တော်ပေတည်း။

ဆာလံ-သံပြိုင်။
#ဆာလံ။ ၁၂၃:၁-၄။လ/၂။

သံပြိုင်။ ကျွန်ုပ်တို့အား သနားတော်မူသည်တိုင်အောင်
ကြှနျုပျတို့သညျ သ္ခင်ဘုရားကို မျှော်လင့်ကိုးစားလျက်နေကြပါ၏။

ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ စိုးစံတော်မူသော ကိုယ်
တော်အရှင်ထံတော်သို့ မျှော်ကြည့်လျက်ရှိပါ၏။ ကျွန်အစေခံတို့၏မျက်လုံးသည် မိမိတို့အရှင်သ္ခင်၏လက်များကို မျှော်ကြည့်နေဘိသကဲ့သို့ဖြစ်ပေ၏။ သံပြိုင်။

ကျေးကျွန်မ၏မျက်လုံးများသည် မိမိအရှင်သ္ခင်မ၏လက်များကို မျှော်ကြည့်သကဲ့သို့ ကျွန်ုပ်တို့အား သနားတော်မူသည်တိုင်အောင် ကျွန်ုပ်တို့၏မျက်လုံးများသည် ကျွန်ုပ်တို့၏အရှင်ဘုရားသ္ခင်ထံတော်သို့ မျှော်ကြည့်လျက်ရှိပါ၏။ သံပြိုင်။

အိုသ္ခင် ကျွန်ုပ်တို့ကို သနားတော်မူပါ။ ကျွန်ုပ်တို့ကို
သနားတော်မူပါ။ အကြောင်းမူကား ကျွန်ုပ်တို့သည် များစွာရှုတ်ချကဲ့ရဲ့ခြင်း ခံရကြပါသည်။ အကြောင်း
မူကား ကျွန်ုပ်သည် သူဌေးသူကြွယ်တို့၏ ရယ်မောခြင်းကိုလည်းကောင်း၊ မာနထောင်လွှားသောသူတို့ ၏ ရှုတ်ချကဲ့ရဲ့ခြင်းကိုလည်းကောင်း များစွာခံရပါသည်။ သံပြိုင်။

#ဒုတိယကျမ်း။
ခရစ္ဆတူးသ္ခင်၏တန်ခိုးတော်သည် ကျွန်ုပ်အပေါ်သက်
ရောက်စေခြင်းငှါ၊ ကျွန်ုပ်၏အားနည်းချက်များကိုပင်
ဂုဏ်ယူပါမည်။

ဒု၊ ကော်ရိန့်သု။ ၁၂:၇-၁၀။

၇။ငါခံယူရရှိသည့် များပြားလှသော ဗျာဒိတ်တော်များ
ကြောင့် ငါသည် ဘဝင်မမြင့်စေခြင်းငှာ စာတန်နတ်ဆိုး
၏စေတမန်နှင့်တူ သည့် ဆူးငြောင့်တစ်ခုကို ငါ၏ခန္ဓာ
ကိုယ်ထဲတွင် ထားပေးတော်မူ၏။ ထိုဆူးငြောင့်သည် ငါ့အား အစဉ်နာကျင်စေ၍ ငါဘဝင် မမြင့်စေရန် တားဆီးပေး၏။

၈။ထိုဝေဒနာကို ဖယ်ရှားပေးတော်မူပါရန် သ္ခင်
ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းခံခဲ့၏။

၉။သို့ သော် ကိုယ်တော်က ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ သင်အားနည်းသောအခါ ငါ၏တန်ခိုးတော်မှာ ပြည့်စုံလာလေသည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ငါ့အပေါ်၌ ခရစ်တော်၏တန်ခိုးတော် ကိန်းဝပ်စေရန်အလို့ငှာ ငါသည် ငါ၏အားနည်းချက်များကို ပို၍ပင် ဝမ်းမြောက်စွာဂုဏ်ယူကြွားဝါမည်။

၁၀။သို့ဖြစ်၍ ငါသည် အားနည်းခြင်းများ၊ ကဲ့ရဲ့စော်
ကားခြင်းများ၊ အခက်အခဲများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ဘေးဒုက္ခများကို ခရစ်တော်အတွက် ခံထမ်းရခြင်းကြောင့် အားရကျေနပ်မိ၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ ခွန်အားနှင့်ပြည့်စုံလာကြောင့်ဖြစ်၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပါဌ်တော်ပေတည်း။

#ကြွေးကြော်သံ။
အာလေလူယား။ သ္ခင်ဘုရား၏ဝိညာဉ်တော်သည် ငါ့
အပေါ်၌ရှိ၏။ ဆင်းရဲသောသူတို့အား ဝမ်းမြောက်ရာ
သတင်းကို ဟောပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ
၏။ အာလေလူယား။ ရှင်လုကာ။ ၄:၁၈။

#ဧဝံဂေလိကျမ်း။
ပရောဖက်သည် မိမိမြို့၊ မိမိအိမ်၊ မိမိအမျိုးရှိရာမှတစ်ပါး အဘယ်အခြားသောအရပ်၌ အသရေမရှိဘဲမနေရ။ ရှင်မာကု။ ၆:၁-၆။

၁။ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ မိမိ၏
နေရင်းမြို့သို့ကြွလာတော်မူ၏။ တပည့်တော်တို့သည်
လည်း ကိုယ်တော်၏ နောက်တော်မှလိုက်ပါလာကြ၏။

၂။ဥပုသ်နေ့၌ကိုယ်တော်သည် တရားဇရပ်တွင်သွန်သင်တော်မူ၍ များစွာသောသူတို့သည် ကိုယ်တော်
၏သွန်သင်ချက်ကိုကြားကြသောအခါ အလွန်အံ့သြကြကုန်၏။ သူတို့ကသူသည် ဤပညာအလုံးစုံကို အဘယ်က ရသနည်း။ သူရရှိထားသောဥာဏ်ပညာမှာမည်သည့်အရာဖြစ်သနည်း။ သူ၏လက်ဖြင့်ပြုသောအံ့ဖွယ်အမှုများကား အဘယ်သို့ နည်း။

၃။သူသည် မာရိယာ၏သားဖြစ်၍ ယာကုပ်၊ ဂျိုးဇက်၊ ဂျုဒနှင့်စီမွန်တို့၏အစ်ကို လက်သမားမဟုတ်လော။ သူ၏နှမများသည်လည်း ဤအရပ်တွင်ငါတို့နှင့်အတူရှိကြသည်မဟုတ်လောဟု ဆိုကြ၍ ကိုယ်တော်ကို လက်မခံကြချေ။

၄။ထိုအခါ ယေဇူးက ပရောဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာအရပ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ်သရေမဲ့သည်ဟူ၍မရှိဟု သူတို့အား မိန့်တော်မူ၏။

၅။ကိုယ်တော်သည်လည်း မကျန်းမာသောသူအနည်းငယ်အပေါ်တွင် မိမိ၏လက်တော်ကိုတင်၍ ကုသပျောက်ကင်းစေခြင်းမှတစ်ပါး ထိုအရပ်၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှပြတော်မမူ။

၆။ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကို အံ့သြတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည်အနီးအနား၌ရှိသောရွာများတွင်လှည့်လည်၍ သွန်သင်တော်မူလေ၏။

ဤသည်ကားဘုရားရှင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း။

 #ဇွန်လ(၂၀)ရက်နေ့ (၁၂)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ဧဝံဂေလိကျမ်း။ရှင်မာကု ၄:၃၅-၄၁ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ က...
19/06/2021

#ဇွန်လ(၂၀)ရက်နေ့
(၁၂)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ဧဝံဂေလိကျမ်း။
ရှင်မာကု ၄:၃၅-၄၁

ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊ (Mar 4:35)

တပည့်တော် တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။ (Mar 4:36)

ထိုအခါ ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့်ပြည့်လေ၏။ (Mar 4:37)

ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍ နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်ဆီးခြင်း သို့ ရောက်သည်ကို လျစ်လျူသော စိတ်ရှိတော်မူသလောဟု လျောက်ကြသော်၊ (Mar 4:38)

ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။ (Mar 4:39)

ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်း စိတ်နှင့်ကင်းသနည်း ဟု မေးတော်မူလျှင်၊ (Mar 4:40)

သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။ (Mar 4:41)


ကချင်ပြည်နယ် ဗန်းမော်သာသနာက ကက်သလစ်ရဟန်း Fr. Columban La Di ကို အကြမ်းဖက်စစ်အုပ်စုက ဒီကနေ့ဖမ်းဆီးသွားကြောင်း ကြားသိရပါတ...
14/05/2021

ကချင်ပြည်နယ် ဗန်းမော်သာသနာက ကက်သလစ်ရဟန်း Fr. Columban La Di ကို အကြမ်းဖက်စစ်အုပ်စုက ဒီကနေ့ဖမ်းဆီးသွားကြောင်း ကြားသိရပါတယ် ၊
ဆုတောင်းပေးကြပါ။

Copied from RVA

မေလ (၁၃)ရက်နေ့   #ဖာတီမာမယ်တော်သခင်မပွဲနေ့1917ခုနှစ်၊ May 13ရက်နေ့၌ ပေါ်တူဂဲလ်(Portugal)ပြည်၊ ဖာတီမာ(Fatima)ရွာကလေးတွင်(1...
12/05/2021

မေလ (၁၃)ရက်နေ့ #ဖာတီမာမယ်တော်သခင်မပွဲနေ့

1917ခုနှစ်၊ May 13ရက်နေ့၌ ပေါ်တူဂဲလ်(Portugal)
ပြည်၊ ဖာတီမာ(Fatima)ရွာကလေးတွင်(10)နှစ်အရွယ်
ရှိသော လူဆီယား (Lucia)သည် သူ၏တစ်ဝမ်းခွဲမောင်
နှမနှစ်ယောက်ဖြစ်သော(9)နှစ်အရွယ်ရှိ ဖရန်စစ္စကို
(Francisco)နှင့် (7)နှစ်အရွယ်ရှိ ဂျာဆင်းတာ(Jacinta)
တို့အား ကိုဗာ(Cova)ဟုခေါ်သောအရပ်တွင် သိုးများကို
ထိန်းကျောင်းနေကြစဉ် မယ်တော်မာရီယားသည် ဝက်
သစ်ချပင်ကလေးအပေါ်မှာ တောက်ပနေသောမိုးတိမ်
အလယ်၌ထင်ရှားပြလေသည်။ သ္ခင်မသည် ဖြူဆွတ်
သောအဝတ်ကို ဝတ်ဆင်ထား၍ ရွှေရောင်ဝတ်ရုံကြီးကို
ဦးခေါင်းမှ တစ်ကိုယ်လုံးခြုံထားလျက် မတ်တပ်ရပ်နေ
လေသည်။ လက်နှစ်ဖက်ကိုယှက်ထားလျက် လက်ယာ
လက်မောင်းပေါ်မှာ ဖြူစင်သောစိပ်ပုတီးတစ်ကုံးကို ပတ်
ဆွဲထားလေသည်။ မယ်တော်သည် ထိုကလေး(3)
ယောက်တို့အား မိမိသည် မိုးကောင်းကင်မှဆင်းလာ
ကြောင်းပြောပြလေသည်။ ထိုနေရာသို့ လတိုင်း(13)
ရက်နေ့တွင် အောက်တိုဘာလ (October 13)ရက်အ
ထိလာဖို့ရန် ကတိထားခိုင်းလေသည်။ အနောက်ဆုံး၌
မိမိသည် ဘာကြောင့်ကြွလာသည်ကိုလည်းကောင်း၊
သူတို့အား ဘာကိုပြုစေချင်သည်ကိုလည်းကောင်း ဖေါ်
ပြမည်ဟု ကတိထားလေသည်။ ထိုကတိအတိုင်းလည်း
အားလုံးပြည့်စုံခဲ့လေသည်။ မယ်တော်သည် ထိုနေရာ၌
မထင်ရှားပြမီ တစ်နှစ်မှာ သိကြားတစ်ပါးသည် ထိုအတူ
တူသောကလေး(3) ယောက်တို့အား ထင်ရှားပြခဲ့လေ
သည်။ သူတို့အား မေတ္တာတိုကလေးတစ်ပုဒ်ကို သင်
ထားပေးလေသည်။ ၎င်းကား “ အိုဘုရားသ္ခင် ကိုယ်
တော်ကိုယုံကြည်ပါ၏။ ရှိခိုးကိုးကွယ်ပါ၏။ မျှော်လင့်
တောင့်တပါ၏။ ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်ကို မယုံ
ကြည် မရှိခိုး၊ မမျှော်လင့်မချစ်ခင်သောသူများအစား အ ခွင့်တောင်းပါသည်။” ဤမေတ္တာကိုသင်ပေးပြီး (3)ကြိမ်
ရွတ်ဆိုပြီးလျှင် သိကြားသည် ကွယ်ပျောက်သွားလေ
သည်။ မယ်တော်ထင်ရှားပြသောအခါ လူဆီယားသည်
မိမိသေရင် “မိုးကောင်းကင်ရောက်မည်လား” ဟုမေးရာ၊
မယ်တော်က “ဟုတ်တယ်သွားရမယ်” ဟုပြော၏။ “ဂျာ
ဆင်းတာလေးရောသွားရမလား” ဟုမေးရာ “သူလဲသွား
မယ်” ဟုပြန်ဖြေ၏။ “ဖရန်စစ္စကိုရောသွားရမလား” ဟု
မေးရာ မယ်တော်သည် အတန်ကြာစွာဘာမျှပြန်မပြော
ဘဲ စဉ်းစားနေသကဲ့သို့ပြုပြီးလျှင် “သူလည်းသွားရမယ်၊
သို့ရာတွင် သူသည် စိပ်ပုတီးအများကြီးစိပ်ရမယ်” ဟု
ပြောလေ၏။ ဤမယ်တော်၏စကားကြောင့် ဖရန်စစ္စကို
သည် အမြဲသန့်ရှင်းစွာနေ၍ အားတိုင်းအားတိုင်း စိပ်ပု
တီးကိုစိပ်တတ်၏။ သူသည် တစ်နေ့လျှင် စိပ်ပုတီး(8)
ကုံး (9)ကုံး စိပ်ခဲ့ကြောင်းသိရလေသည်။ ၎င်းပြင် မယ်
တော်သည် သူတို့အား စိပ်ပုတီး(10)စိပ်ပြီးတိုင်း ဆိုရန်
မေတ္တာတိုကလေးတစ်ပုဒ်ကိုသင်ပေးလေသည်။ ထို
မေတ္တာကလေးကို သူတို့(3)ယောက်အမြဲဆိုကြသည်
အပြင် မိဘများကိုလည်း သင်ပေး၍ ဆိုခိုင်းကြလေ
သည်။ ၎င်းမေတ္တာကား...
“ အိုယေဇူး ကျွန်ုပ်တို့၏အပြစ်များကို အခွင့်ချမ်းသာပေး
သနားတော်မူပါ။ ငရဲမီးလျှံမှကျွန်ုပ်တို့ကိုကယ်တော်မူပါ။
ဝိညာဉ်အားလုံး၊ အထူးသဖြင့်ကိုယ်တော်၏သနားခြင်း
ကို အလိုရှိသောဝိညာဉ်များကို မိုးကောင်းကင်သို့ ခေါ်
ဆောင်တော်မူပါ။”
ဟူ၍ဖြစ်လေသည်။ မယ်တော်သည် သူတို့အား လောက အပြစ်ရှိသူများအတွက်ဆုတောင်းပေးဖို့၊ ခြိုးခြံကျင့်ပေး
ဖို့နှိုးဆော်၍ သွန်သင်လေ၏။ ဤလောက၌ အပြစ်ရှိသူ
များအဖို့ ဆုတောင်းပေးရန်နှင့်ခြိုးခြံခြင်းကျင့်ပေးရန် လူ
များစွာငရဲအိုးကြီးထဲမှာကျကြ၏။ ၎င်းငရဲအိုးကြီးထဲမှာ
အပြစ်ရှိသူ မည်မျှများပြားကြသည်ကို သိရအောင် က
လေး (3)ယောက်တို့အား ငရဲအိုးကြီးကိုဖွင့်ပြလေသည်။
ကလေးတို့သည် အလွန်ကြောက်ရွံ့ကြ၍ ငရဲအိုးကြီးထဲ
၌ ဤမျှလောက်သူများစွာရှိသည်ကို အံ့သြကြလေ
သည်။ ဤရူပါရုံထင်ရှားခြင်းအဖြစ်အပျက်သည် တစ်နေ့
တခြား သတင်းပျံ့နှံ့သွားသောကြောင့် လူအမြောက်အ
များ ထိုနေရာသို့စုရုံးလာကြလေသည်။ စက်တင်ဘာလ
(13)ရက်နေ့တွင် ထိုနေရာ၌ လူပေါင်း(30,000)ခန့်စု
သွားကြလေသည်။ ဤကဲ့သို့ လူများ၏စုရုံးမှုကြောင့် ဒုက္ခဖြစ်မည်ဟုစိုးရိမ်ကြသော အစိုးရတို့သည် ကလေး
(3) ယောက်စလုံးကိုခေါ်သွားကြ၍ မေးခွန်းအမျိုးမျိုး
ထုတ်၍မေးမြန်းကြပြီးလျှင် နောင်ကိုထိုနေရာသို့မသွားဖို့ ခြိမ်းချောက်ထားကြလေသည်။ ဤကဲ့သို့နည်းမျိုးမျိုးဖြင့်
ခြိမ်းချောက်ဒုက္ခပေးကြသော်လည်း အချည်းနှီးသာဖြစ်၍
နောက်ဆုံး၌ သူတို့လက်လျော့၍ အခွင့်ပေးရလေသည်။
အောက်တိုဘာလ October(13)ရက်နေ့ နောက်ဆုံးအ
ကြိမ် ထင်ရှားပြခြင်း၌ လူပရိတ်သတ်ပေါင်း(70,000)ခန့် စုရုံးသွားကြလေသည်။မယ်တော်သည် ကတိတော်ထား
ရှိသည့်အတိုင်း ထိုနေ့မှာ အံ့ဖွယ်ရာတစ်ခုကိုပြုလေ
သည်။ ထိုအံ့ဖွယ်ရာကား နေမင်းကြီးသည် (10)မိနစ်အ
တွင်း လည်ပတ်နေသည်။ ထိုအချင်းအရာကိုမြင်ကြ
သောလူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၍ ငို
ကျွေးကြလေသည်။ ဤသူတို့သည် ယုံကြည်ကြ၍သက်
သေခံကြသည်။ ဤအခါ၌ လူဆီးယားသည် မယ်တော်
အား မည်သူဖြစ်ပါသနည်း။ ဘာကြောင့်ကြွလာတော်မူ
သနည်းဟုမေးကြည့်ရာ၊ သ္ခင်မက “ ကျွန်ုပ်စိပ်ပုတီးသ္ခင်
မဖြစ်သည်။ ကျွန်ုပ်သည် ဘာသာသူတို့အား အကျင့်
ပြောင်းလဲ၍ မိမိတို့အပြစ်များကို ဘုရားသ္ခင်ထံ နောင်တ
ရအခွင့်တောင်းဖို့လာ၍ သတိပေးပါသည်။ဤမျှလောက်
ဒုက္ခခံရသော ကျွန်ုပ်၏သားတော်ကို နောက်နောင်မထိ
ခိုက်တော့ရအောင်လည်းကောင်း၊ စိပ်ပုတီးကို စိပ်ကြရ
အောင်လည်းကောင်း၊ ကျွန်ုပ်၏သန့်ရှင်းသောနှလုံး
တော်ကို အားကိုးခိုလှုံ၍ မိမိတို့၏ကိုယ်ကို ကျွန်ုပ်၏စိတ်
နှလုံးတော်အား အပ်နှံရအောင်လည်းကောင်း၊ ပထမလ
စဉ် စနေနေ့များတို့ကို အဆက်မပြတ်(5)ကြိမ်ခံယူ၍
ကိုယ်တော်မြတ်ကို ပင့်ယူသောအခါ ကျွန်ုပ်နှင့်အတူ
ဒုက္ခခံခြင်း၊ သားတော်နှင့်အတူ ဒုက္ခခံခြင်းအကြောင်းကို
စဉ်းစား၍ မိမိတို့အပြစ်ဒဏ်ဆပ်ဖြေရအောင်လည်း
ကောင်း၊ ကျွန်ုပ်သည်လူတို့အားလာ၍သတိပေးပါသည်။ ဤသတိပေးချက်အားလုံးကို လူဆီယားအား ဆက်
လက်၍ပြုဖို့ မှာထားလေသည်။ ဖရန်စစ္စကိုနှင့်ဂျာဆင်း
တာတို့ကို ငယ်ငယ်ကပင်ပြန်၍ သိမ်းပိုက်သွားလေ
သည်။ ဖရန်စ္စကိုအား(1919)ခု ဧပြီလ April မှာ သိမ်း
ပိုက်သွား၏။ သူ၏ညီမလေး ဂျာဆင်းတာအား (1920)
ခု၊ ဖေဖော်ဝါရီ(February)လမှာ ဘုရားသ္ခင်ပြန်လည်
သိမ်းပိုက်သွားလေသည်။ သူတို့မောင်နှမနှစ်ယောက်
ကို မယ်တော်သည် ကောင်းကင်နိုင်ငံတော်သို့ စောစော
ခေါ်ဆောင်မည်ဟု ကတိထားခဲ့လေသည်။ လူဆီယား
ကိုတော့ ဤမြေကြီးပေါ်မှာ ခေတ္တနေရစ်၍ မိမိ၏နှလုံး
တော်ကို သဒ္ဒါကြည်ညိုခြင်းပျံ့နှံစေလေသည်။ သူတို့(3)
ဦးအနက် အကြီးဆုံးနှင့်အသက်အရှည်ဆုံးဖြစ်သူ လူဆီ
ယားသည် အသက်(97)နှစ်အရွယ်၌ လွန်ခဲ့သည့်(2005)
ခုနှစ် ဖေဖော်ဝါရီလ (February 13)ရက်နေ့က ကွယ်
လွန်သွားခဲ့ပြီဖြစ်သည်။ သူမသည် ပေါတူဂဲလ်ပြည် ကာ
မယ်လိုက် (Carmelites) ဂိုဏ်းဝင် စစ္စတာရ်တစ်ပါးဖြစ်
လေသည်။ မယ်တော်၏အလိုတော်ရှိသည်အတိုင်း
လောကကို မိမိ၏နှလုံးတော်အား အပ်နှံထားပြီး၊ အလို
တော်အတိုင်း ထင်ရှားပြသောနေရာ၌ မိမိ၏နာမည်နှင့် ဘုရားရှိခိုးကျောင်းကြီးတစ်ဆောင်ကို ဆောက်လုပ်ထား
ခဲ့ပါသည်။

အမိဖာတီမာ ငြိမ်းချမ်းခြင်း၏သခင်မ
သားသမီးတို့ အဖို့ငှာ
ဆုတောင်းပေးတော်မူပါ။
Our Lady of Fatima , pray for us !

Indirizzo

Rome

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando Roman Catholic Church pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Condividi