12/04/2026
ယနေ့ ဗုဒ္ဓဂယာမြန်မာကျောင်း၌ သီတင်းသုံးနေထိုင်ကြသည့် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများနှင့် ဘုရားဖူး ဧည့်သည်တော်များအား-
ဦးကုသလနှင့် ဦးပညာတို့၏ ရဟန်းခံအလှုအဖြစ် သံမှူးကြီးမိသားစု(မြန်မာသံရုံး၊ နယူးဒေလီ)မှ အရုဏ်ဆွမ်း အဟာရဒါန ဆက်ကပ်လှူဒါန်းပါသည်။
ဤသို့ လှူဒါန်းရသော အကျိုးအားကြောင့် အလှူရှင်မိသားစုအပေါင်းတို့သည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံပြီးလျှင် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🙏🙏🙏
#မြန်မာကျောင်း #ဗုဒ္ဓဂယာ