J Dreams

J Dreams ခံယူချက်တွေ တိုက်ဆိုင်နေရင် Share ခဲ့ကြနော်ငယ်ချင်းတို့😊

 #ကဲပရိတ်သတ်တို့အချစ်‌ေတာ်Van🇲🇲🇲🇲အလှည့်ရောက်တော့မယ် မာlink👌
07/12/2025

#ကဲပရိတ်သတ်တို့အချစ်‌ေတာ်Van
🇲🇲🇲🇲
အလှည့်ရောက်တော့မယ်

မာlink👌

06/12/2025

#သင့်ဘ၀ထဲ.........
သူ့အလိုလိုရောက်လာတဲ့ပြသာနာတွေကို
မရောက်လာပါစေနဲ့လို့
တားလို့မရပေမယ့်✋
#အဲ့ဒီမဖိတ်‌ေခါ်ပဲရောက်လာတဲ့ပြသာနာတွေကို..
ဘယ်လိုနည်းနဲ့တုန့်ပြန်ပြီ
ဖြေရှင်းရမလဲဆိုတာကိုတော့
သင်ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်🤝🫵👌
Make the right decision 💥🌿🌼

 #ပြတ်ပီးသား ရည်းစားနဲ့ပြန်မပတ်သတ်သင့်တော့တဲ့ အကြောင်း....။ #မချစ်လို့ လမ်းခွဲလိုက်တာဘဲ ဖြစ်ဖြစ်ချစ်လျှက်နဲ့ လမ်းခွဲလိုက...
06/12/2025

#ပြတ်ပီးသား ရည်းစားနဲ့ပြန်မပတ်သတ်သင့်တော့တဲ့ အကြောင်း....။

#မချစ်လို့ လမ်းခွဲလိုက်တာဘဲ ဖြစ်ဖြစ်
ချစ်လျှက်နဲ့ လမ်းခွဲလိုက်တာဘဲ ဖြစ်ဖြစ်
အကြောင်းတခုခုကြောင့် လမ်းခွဲလိုက်ရတာဘဲ ဖြစ်ဖြစ် ပေါ့

#ဘာကြောင့်ဘဲ လမ်းခွဲခဲ့ လမ်းခွဲခဲ့
ပျက်ပြီးသား ရည်းစားကိုတော့ ဘယ်တော့မှ ပြန်မတွဲမိစေနဲ့

#တချိန်က ချစ်ခဲ့ကျတာတွေရှိမယ် အမှတ်တရတွေရှိမယ်
လွမ်းဆွေးစရာလေးတွေရှိမယ် နာကျည်းစရာလေးတွေရှိမယ်ပေါ့

#ပြန်လွမ်းပါ ရှော့မရှိဘူး ကွိုင်မတတ်ဖူး
ဒါမဲ့ ပြန်ဆက်ဖို့တော့မကြိုးစားနဲ့

ပြန်လက်ခံဖို့လဲ မစဉ်းစားနဲ့ နလပိန်းတုန်းကြီးလို လုပ်မနေနဲ့တော့
မနူးမနပ် ရည်းစားစထားတဲ့ ကလေးအရွယ်လဲမဟုတ်တော့ဘူး

#တော်လောက်ပြီ ရူးတာတွေလဲ ရပ်သင့်ပြီ
#တကယ်လို့ ပြန်တွဲခဲ့ရင် အဆင်ပြေမယ်ရောထင်လို့လား

#ပျက်ပြီးသားကြိုး နှစ်ခုပြန်ဆက်သလို အထုံးလေးတော့ပါလာမှာဘဲ

#လမ်းခွဲခဲ့တယ်ဆိုကတည်းက သူနဲ့ကိုယ်က နားလည်မှုမတူလို့ စိတ်ခြင်းမတူလို့ ခံယူချက်ခြင်းမတူလို့ လိုအပ်မှုခြင်းမတူလို့ လမ်းခွဲခဲ့ကျတာဘဲမလား

#ပြန်ဆက်တော့ရော ဒါတွေကပြောင်းလဲသွားမှာမို့လို့လား
ပိုဆိုးသွားလိမ့်မယ်

#ပြန်ဆက်ပြီးတဲ့နောက် ပြသနာတွေတတ်လာတိုင်း
ကို့ မာနတွေချနင်းခံရမယ်
ကို့ သိက္ခာတွေပျက်ရယ်ပြုခံရမယ်
ကို့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရမယ်

#ဟာ...သူက ငါ့ကိုမပျက်နိုင်လို့ ပြန်လာတာ ငါဘာမှဂရုစိုက်စရာမလိုဘူး....ငါဘာမှ အလေးထားနေစရာမလိုဘူး....သူ ငါ့ကိုမှ မပျက်နိုင်တာဘဲ ဆိုတဲ့ အမြင်တွေ ကို့အပေါ်အထင်ခံရမယ်

#ကို့ဘက်က ဘယ်လောက်ပေးဆပ်နေပါစေ သူအမြင်မှာတော့ အပိုလို့ဘဲ ထင်မှာ
ကိုယ် မျက်ရည်ကျပြလို့လဲ သူပြန်နှစ်သိမ့်နေမှာမဟုတ်ဖူး

အောင်နိုင်သူကြီးတယောက်လို ပြုံနေမှာဘဲ
ကို့ စိုးရိမ်မှုတိုင်းကလဲ သူ့အတွက် အချစ်လို့ထင်မှာမဟုတ်တော့ဘူး
ချုပ်ခြယ်မှုတခုလို့ဘဲ သူမြင်မှာ

#အဲ့ဒိတော့ ကိုယ့် သိက္ခာ မာန မျှော်လင့်ချက်တွေကို
ကိုယ် နဲ့မကိုက်ညီလို့ လမ်းခွဲလိုက်တဲ့လူတယောက်အတွက်
ဘာလို့ အပွန်းအပဲ့ခံအုံးမှာလဲ

#ပျက်ပြီဆိုမှတော့ ဘဝထဲကပါ အပြီးအပိုင် ထုတ်ပြီး မြေပါမြှုပ်ပြစ်လိုက်ပါ ပြန်ပြီး မတူးဆွပါနဲ့တော့

#ပြန်တူးလဲ အရင်လို အသက်ပြန်ဝင်လာမှာမှမဟုတ်တာ
ပုတ်စော်နံတာဘဲ အဖက်တင်တယ်
#နားလည်ဆင်ခြင်နိုင်ကြပါစေ😊
🙏

သိပ်သနားစရာကောင်းလွန်းတဲ့ လူသားတွေပေါ့ ဘာမဆို သူတို့အမှား ... 😌🥀🥀
28/06/2025

သိပ်သနားစရာကောင်းလွန်းတဲ့ လူသားတွေပေါ့
ဘာမဆို သူတို့အမှား ... 😌🥀🥀

တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေးပါ )----------------------------------ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံး...
27/06/2025

တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေးပါ )
----------------------------------
ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။

နေမယ်ဆို ...အမှန်တရားနဲ့ အနီးဆုံးမှာနေပါ။
ရှာမယ်ဆို...နှလုံးသားထဲက အလှတရားကိုရှာပါ။

ချည်မယ်ဆို...သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင်ပါ။
သိမ်းမယ်ဆို ...ကျေးဇူးတရားကို သိမ်းထားပါ။

စွန့်မယ်ဆို...မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ။
ပေးမယ်ဆို...တန်ဖိုးဖြတ်မထားတဲ့ မေတ္တာကို ပေးပါ။

ပျော်မယ်ဆို...ဘောင်မကျော်ခင်အထိပဲ ပျော်ပါ။
တွေးမယ်ဆို...စိတ်ညစ်စရာ မရောက်ချိန်အထိပဲ တွေးပါ။

မှားမယ်ဆို... နောက်လှည့် ပြန်ခွင့်ရှိတဲ့အထိပဲ မှားပါ။
နောင်တရမယ်ဆို...ဘာမှမလုပ်ခင် အရင်စဉ်းစားပါ။

with respect - Crd - မူရင်းရေးသားသူ

07/06/2025

အချိန်တွေက ကုစားသွားရင် အရာအားလုံး အဆင်ပြေသွားမယ်လို့ ထင်ခဲ့မိတာ ... 🥀🥀

31/05/2025

ပင်ပန်းလားလို့မေးရင် ...
ပင်ပန်းနေပါပြီ
ဒါပေမယ့်
ပြိုတော့ မလဲသေးပါဘူး ။

ကိုယ့်မှာ ...
ငဲ့စရာ ဘ၀တွေရှိသေးသလို
ကိုယ့်ကို
မှီထားတဲ့ တက်လှမ်းတွေ
ရှိနေသေးတာမို့

သိပ်ပင်ပန်းနေတဲ့ရက်တွေကျရင်
ခဏနားပြီး ...
ပြီးရင်တော့
ဆက်လျှောက်ရတာပါပဲ ။

#ကျေးကို

" ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ "အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ပါဘူး။ ...
28/05/2025

" ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ "
အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ပါဘူး။ ကိုယ့်တွက်တော့နေ့ရက် တိုင်းက တူတူပါပဲ။
ဧည့်သည်
လောကကြီးကို ရောက်လာတဲ့ ကိုယ် ကိုယ်တိုင်လည်း ဧည့်သည် ဖြစ်သလို...
ကိုယ့် အတွေးထဲကို ရောက်လာတဲ့ မျှော်လင့်ချက်တွေ ကိုယ့် ဘဝ ထဲကို ရောက်လာတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ကလည်းဧည့်သည် တွေပါပဲ...
ကိုယ် ပိုင်ဆိုင်ထားတဲ့နုပျို ခြင်း ဆိုတဲ့ ခြုံထည် ဆိုတာလည်း အချိန်တန်ရင် သူ့အလိုလို ဟောင်းနွမ်း သွားပါလိမ့်မယ်...
ကိုယ်နဲ့ ထိုက်တန် သလောက်လည်း ပိုင်ဆိုင်ခဲ့ရ ဘူးပြီး ကိုယ် မရ ထိုက်တာတွေ ကိုလည်း လက်လွှတ် ခဲ့ရ ပြီးပြီ...
ကိုယ် လိုချင်တာတွေရတိုင်းလည်း အများကြီး မပျော်ပါနဲ့ ကိုယ် မ ဖြစ်ချင်တာတွေ ရောက်လာတိုင်းလည်းအများကြီး ဝမ်းနည်း မနေ ပါနဲ့
ကျော်ဖတ်ခွင့် မရှိတဲ့ ဘဝ စာမျက်နာ တွေကို တစ်ရွက်ပြီး တစ်ရွက် ဖတ်ပြီး သွားတဲ့အခါ... ပျော်စရာတွေပဲ ဖြစ်ဖြစ် စိတ်ညစ်စရာတွေ ပဲ ဖြစ်ဖြစ် အချိန်တန်ရင်အရာရာ အားလုံးက သူ့အလိုလိုပြီးဆုံးသွားမှာပါ...။.
ဘဝဆိုတာ
မကြုံချင်လဲ ဆုံခဲ့ရတဲ့ လူတချို့ ရှိတယ်....
ကြုံချင်ပေမယ့် မဆုံလိုက်ရတဲ့ လူတချို့လဲရှိတယ်... ကံတရားကို တော့ လက်ခံရမှာပဲ။
မယုံချင်လဲ ပုံပြင်မဟုတ်တဲ့ ခံစားချက်တွေရှိတယ်.... ယုံချင်ပေ မယ့် ယုံလိုမရတဲ့ ခံစားချက်တွေလဲရှိတယ်.... အမှန်တရားကိုတော့ လက်ခံရမှာပဲ...။
ပြောချင်ပေမယ့် မပြောဖြစ်လိုက်တဲ့ စကားတချို့ ရှိတယ်. မပြော ချင်ပဲနဲ့ ပြောနေရတဲ့ စကားတွေလဲရှိတယ်... သတိထားပြောမှ အမှားနဲမှာပဲ။
ကိုယ့်အမှားမဟုတ်ပဲ ရင်ဆိုင်ဖြေရှင်းရတဲ့ ကိစ္စတွေ ရှိတယ်. ဝတ္တရားကိုတော့ အလေးထားရမှာပဲ.။
စိတ်မပါလဲ လုပ်လိုက်ရတဲ့ အလုပ်တွေရှိတယ်.. တာဝန်ကိုတော့ ကျေပွန်ရမှာပဲ။
လိုချင်ပေမယ့် မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်တွေ ရှိတယ် စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမှာပဲ..။
ဖြစ်ချင်ပေမယ့် မဖြစ်သင့်တဲ့ဆန္ဒတွေရှိတယ် မဖြစ်ချင်ပေမယ့် လက်ခံလိုက်ရတဲ့ အခြေအနေတွေလဲ ရှိတယ်... ကိုယ့်စိတ်ကို ကိုယ် ဆုံးမရမှာပဲ...။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့... အချိုပေါ့ပေါ့ အခါးကျကျ ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကိုတောင် ကြိုက်တတ်သေးတာပဲ အပျော်ကျဲကျဲ ဝေဒနာကဲကဲ ဘဝဆိုတာကိုလဲ ချစ်တတ်ရဦးမယ်လေ


#ဘဝ

ဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်တစ်ခုမှာ ဓားပြကနေအော်ပြောလိုက်တယ်  အားလုံး ငြိမ်ငြိမ်နေကြ. ပိုက်ဆံ ဆိုတာ အစိုးရပိုင်တာ အသက်ဆိုတာ...
24/05/2025

ဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်တစ်ခုမှာ ဓားပြကနေအော်ပြောလိုက်တယ် အားလုံး ငြိမ်ငြိမ်နေကြ. ပိုက်ဆံ ဆိုတာ အစိုးရပိုင်တာ အသက်ဆိုတာ မင်းတို့ပိုင်တာ. ဘဏ်ထဲမှာရှိတဲ့ လူတွေ အားလုံးဟာ မြန်မြန်ဆန်ဆန်ပဲ ကြမ်းပြင်ပေါ်ကို ဝပ်လိုက်ကြပါတယ်။
သမားရိုးကျ ပြောမယ်ဆိုရင်တော့ ခုခံချင်တဲ့ စိတ်တွေ ဘဏ်ဝန်ထမ်းတွေမှာ ရှိပါလိမ့်မယ် ဒါပေမယ့် ဓားပြတိုက်တဲ့လူ ပြောလိုက်တဲ့ စကားကြောင့် လူတွေ မြန်မြန်ဆန်ဆန် ကြမ်းပြင်ပေါ် ဝပ်ကျသွားတယ်.
#ဒါကိုအတွေးအခေါ်တွေပြောင်းလဲပြစ်လိုက်တဲ့နည်းလို့ခေါ်ပါတယ်.
# # # # # # # # # # # # # # #

အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ကတော့ မပေါ်တပေါ် မြူဆွယ်သလို ပုံမျိုးနဲ့ စားပွဲပေါ်မှာ လှဲနေပါတယ်တဲ့။
အဲဒီအချိန်မှာ ဓားပြက အဲဒီအမျိုးသမီးကို အော်ပြောလိုက်တယ်
သိက္ခာရှိရှိနေစမ်းပါ. ဒါဓားပြတိုက်နေတာ မုဒိန်းကျင့်နေတာ မဟုတ်ဘူး
အဲဒါကို Professional ဆန်တယ်. လို့ခေါ်ပါတယ် #ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပဲအောင်မြင်အောင်အာရုံစိုက်တာမျိုးပေ့ါ
# # # # # # # # # # # # # # # # #

နောက်တော့ ဓားပြတွေ အိမ်ပြန်ရောက်သွားကြတယ်။
အဲဒီမှာ MBA ဘွဲ့ရ ဓားပြ လူငယ်တစ်ယောက်က ခြောက်တန်းပဲ အောင်တဲ့ အသက်ကြီးဆုံး ဓားပြကြီးကို ပြောတယ်

အစ်ကိုကြီး ငါတို့ ပိုက်ဆံတွေ ဘယ်လောက် ရခဲ့သလဲဆိုတာ ရေတွက်ကြည့်ရအောင်

အဲဒီမှာ အသက်ကြီးတဲ့ ဓားပြက ပြန်ပြောတယ်
မင်းတော်တော် သောက်သုံးမကျတာပဲ ဒီလောက် ပိုက်ဆံတွေ အများကြီးကို ရေဖို့ ဘာလို့ အချိန်တွေ အများကြီး အကုန်ခံနေမှာလဲ
ဒီည TV သတင်းကို စောင့်ကြည့်လိုက် ငါတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက် ယူလာတယ်ဆိုတာ သတင်းမှာ ကြေငြာလိမ့်မယ်

#အဲဒါကိုအတွေ့အကြုံလို့ခေါ်ပါတယ်
#ယနေ့မျက်မှောက်ခေတ်မှာအတွေ့အကြုံဟာဘွဲ့လက်မှတ်တွေထက်ပိုပြီးအရေးကြီးပါတယ်

# # # # # # # # # # # # # # # # #

ဓားပြတွေဘဏ်ကနေ ဓားပြတိုက်ပြီး ပြန်သွားတဲ့ အချိန်မှာ ဘဏ်မန်နေဂျာနေ ကြီးကြပ်သူကို လှမ်းပြီး ပြောတယ်. ရဲတွေ မြန်မြန်ခေါ်ဖို့ပါ

ဒါပေမယ့် ကြီးကြပ်သူက မန်နေဂျာကို ပြန်ပြောပါတယ်..
နေဦး ဘဏ်ထဲက ဒေါ်လာ ဆယ်သန်းကို ငါတို့ဘာသာ ငါတို့ ခိုးထားရအောင် နောက်ပြီးတော့ ငါတို့ အရင်က အလွဲသုံးစား လုပ်ထားလို့ ကုန်သွားတဲ့ ဒေါ်လာ သန်း ခုနစ်ဆယ်ကိုလည်း တစ်ခါတည်း ပေါင်းထည့်လိုက်တာပေ့ါ

အဲဒါကိုတော့ ချော်လှဲရောထိုင်လို့ ခေါ်ပါတယ် #အကျပ်တည်းတစ်ခုကိုကိုယ့်ရဲ့အခွင့်အရေးအဖြစ်ပြောင်းလည်းအသုံးချလိုက်တာပါ.

# # # # # # # # # # # # # # # # #

ကြီးကြပ်သူက ဘာပြောလဲဆိုတော့
ဒီလို သာ လတိုင်း ဘဏ်ဓားပြ လာတိုက်နေရင်တော့ သိပ်ကောင်းမှာပဲ
ဒါကတော့ ပျင်းရိငြီးငွေ့စရာ ဒါမှမဟုတ် ဘေးကြပ် နံကြပ် ဖြစ်နေချိန်မှာ.. အပြောင်အပျက် ပြောလိုက်တာပါ

#ဘဝမှာတကိုယ်ရေပျော်ရွင်မှုဆိုတာအလုပ်ထက်ပိုပြီးအရေးကြီးပါတယ်.

# # # # # # # # # # # # # # # # #

နောက်နေ့ရောက်တော့
TV သတင်းမှာပါလာတယ်. ဘဏ်ဓားပြတွေဘဏ်ကနေ ဒေါ်လာ သန်းတစ်ရာ ယူသွားကြတယ်တဲ့လေ

ဓားပြတွေက သူတို့ ယူလာတဲ့ ပိုက်ဆံတွေကို အကြိမ်ကြိမ် အပြန်ပြန်လှန်လှန် ရေတွက်ကြည့်တော့ သူတို့ ယူလာတဲ့ ပိုက်ဆံက ဒေါ်လာ သန်းနှစ်ဆယ်ပဲရှိပါတယ် အဲဒီမှာ ဓားပြတွေက တော်တော်လေး ဒေါသထွက်သွားတယ်

ငါတို့က အသက်နဲ့ ရင်းပြီး ဓားပြတိုက်တာ ဒေါ်လာ သန်းနှစ်ဆယ်ပဲရတယ် ဘဏ်မန်နေဂျာကတော့ လက်ဖျောက်လေး တစ်ချက်တီးလိုက်တာနဲ့ သန်းရှစ်ဆယ်ရသွားတယ် ပညာတတ်တဲ့လူက သူခိုးထက်သာလွန်ပြီး ပိုကောင်းတယ်

ဘဏ်မန်နေဂျာကတော့ ဘဏ်ဓားပြတိုက်မှုကို စဉ်းစားရင်း ပြုံးနေပါတယ်. ဘာဖြစ်လို့လဲဆိုတော့ အစုရှယ်ရာတွေထဲမှာ သူရှူံးခဲ့တဲ့ ပိုက်ဆံတွေဟာ ဘဏ်ဓားပြတိုက်ခံရတဲ့ စားရင်းထဲကို ထည့်လိုက်ရလို့ပါ

ကဲ ဒီပုံပြင်မှာ တကယ့် ဓားပြက ဘယ်သူပါလဲ..?ဒို့တိုင်းပြည်မှာရော ဒီလိုပညာတတ်သူခိုးတွေမရှိနိုင်ဘူးလား?

crd to owner
နော်ဂဲလယ်ထူး (စာပေပရဟိတ)

#လူငယ်များအတွက်ဗဟုသုတစာပေများ #ဗဟုသုတ

24/05/2025
ဖြူတယ် ဆိုတိုင်းချိုမယ် မထင်ရဘူး တချို့က ဆားတွေ ။ ။
22/05/2025

ဖြူတယ် ဆိုတိုင်း
ချိုမယ် မထင်ရဘူး
တချို့က ဆားတွေ ။ ။

Address

Delhi

Alerts

Be the first to know and let us send you an email when J Dreams posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to J Dreams:

Share